SOL / ပရဟိတလူမှုကူညီရေးအသင်းဥက္ကဌ ဦးစိုးဦးလွင်
ဘယ်လိုပဲဖြစ်ဖြစ်ကျီးလန့်စာစား ဖြစ်နေရတယ်။ နယ်မြေ မငြိမ်းချမ်းတော့လည်း ဘယ်လိုခေါ်မလဲ သွားရလာရတာ ဘယ်နေရာမဆို နောက်ကျောမလုံဘူး …
မြန်မာစစ်တပ်နှင့်ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ တစ်ရက်ပြီးတစ်ရက် ပြင်းထန်လာနေပြီး တိုက်ပွဲ နေရာမှာလည်း ပိုမိုကျယ်ပြန့်လျက်ရှိသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က သြဂုတ်လ(၂၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ရှမ်းမြောက်တိုက်ပွဲများကြားတွင် စစ်ဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး ဆောင်ရွက် နေသည့်ပရဟိတလူမှု ကူညီရေး အသင်းတွေ ဘာတွေတွေ့ကြုံနေရသလဲ။ ဘယ်လိုအခက်အခဲတွေ ရှိသလဲ။ အကျိုးဆောင်လူငယ်(ကျောက်မဲ) ပရဟိတလူမှု ကူညီရေးအသင်းဥက္ကဌ ဦးစိုးဦးလွင် ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားပါသည်။
ငြမ်းမီဒီယာ – အခု တိုက်ပွဲဖြစ်နေတဲ့ကာလမှာ ကူညီ ကယ်ဆယ်ရေးလုပ်နေကြတာဆိုတော့ ဘယ်လိုအခက်အခဲတွေ ဖြစ်ကြလဲ။
USOL – သွားရေးလာရေးပေါ့။တစ်ခါတစ်လေကမောက်ကမဖြစ်ရတယ်။အဓိကကတော့လုံခြုံရေးပေါ့ဗျာ။
ပရဟိတအလုပ်ဆိုတော့ ဖြစ်ရင် တော့သွားရတာပေါ့ဗျာ။ သူတို့ကြေညာချက်ထုတ်တာ၊ မထုတ်တာတစ်ကဏ္ဍပေါ့။ ပြောလို့တော့ မရဘူးပေါ့။ ဘယ်လိုခေါ်မလဲ။ အန္တရာယ်ပေါ့ဗျာ။သတိထားပြီး သွားနေလာနေရတာပါပဲ …
ငြမ်းမီဒီယာ – သိပ်မကြာသေးခင်က ပရဟိတလုပ်ဆောင်နေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦး ကျည်မှန် သေဆုံးခဲ့တာ ရှိတယ်။အခု ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ လုံခြုံမှုကရော။အန္တရာယ်အခြေအနေ ဘယ်လောက်ရှိလဲ။
USOL -သေဆုံးသွားတဲ့သူကကျွန်တော့်ညီအစ်ကိုဝမ်းကွဲပါ။အန္တရာယ်ကတော့ ရှိပါတယ်။အဲဒီကြားထဲကိုကျွန်တော်တို့တွေ ဖြတ်သွားနေရတာကိုး။တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ သွားရတာမျိုး။တလောကဂုတ်တွင်းတံတားဖြစ်တုန်း ကလည်းသွားရတာပဲလေ။
ငြမ်းမီဒီယာ – အခုဖြစ်နေတဲ့တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့ကကြေညာချက် ထုတ်ထားတာ တွေ့ရပါတယ်။ အဲဒီကြေညာချက် အပေါ်ရောဘာများပြောချင်လဲခင်ဗျ။
USOL – သူတို့ကတော့ ကြေညာထားတာပေါ့လေ။တကယ့်တကယ်ပြောမယ်ဆိုရင်တော့ ကိုယ်က ပရဟိတအလုပ်ဆိုတော့ ဖြစ်ရင် တော့သွားရတာပေါ့ဗျာ။ သူတို့ကြေညာချက်ထုတ်တာ၊ မထုတ်တာတစ်ကဏ္ဍပေါ့။ ပြောလို့တော့ မရဘူးပေါ့။ ဘယ်လိုခေါ်မလဲ။ အန္တရာယ်ပေါ့ဗျာ။သတိထားပြီး သွားနေလာနေရတာပါပဲ။
ငြမ်းမီဒီယာ – အခုတိုက်ပွဲအခြေအနေကရော။
USOL – ကျွန်တော်တို့ ကျောက်မဲနယ်တစ်ဝိုက်ကတော့ငြိမ်တယ်။အခုကျွန်တော်တို့ ကျောက်မဲ ကားတွေကတော့ နားထားတယ်။ လားရှိုးနဲ့ သီပေါကားတွေကတော့သွားတယ်။
ငြမ်းမီဒီယာ – အခုကျောက်မဲဘက်က ကားတွေက အဲဒီလာရှိုးဘက်ကို မတက်ဘူးပေါ့။
USOL -ဟုတ်တယ်ဗျ။ကျွန်တော်တို့ကျောက်မဲဘက်က ပရဟိတယာဉ်တွေကတော့ ရပ်ထားတယ်။လာရှိုး၊ သီပေါဘက်ကတော့ ထွက်တယ်။သူတို့အရေးတကြီး ဆက်သွယ်ရင်တော့ ကျွန်တော်တို့အတူတူသွားကြတယ်။ယာဉ်တန်းလိုက်သွားကြတယ်။
ငြမ်းမီဒီယာ – အခုဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံသားတစ်ယောက် အနေနဲ့ ပရဟိတသမား တစ်ယောက် အနေနဲ့ ဘာများ ပြောချင်ပါသလဲ ခင်ဗျ။
USOL- အမြန်ဆုံးငြိမ်းချမ်းရင်တော့ကောင်းတာပေါ့ဗျာ။ အခုက ဘယ်လိုပဲဖြစ်ဖြစ်ကျီးလန့်စာစား ဖြစ်နေရတယ်။ နယ်မြေ မငြိမ်းချမ်းတော့လည်း ဘယ်လိုခေါ်မလဲ သွားရလာရတာ ဘယ်နေရာမဆို နောက်ကျောမလုံဘူး။
ငြမ်းမီဒီယာ