သတိမြဲပါ ရန်ကုန်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ခရီးသည်တင်ယာဉ်လိုင်းတစ်ခုတွင်တပ်ဆင်ပေးထားသည့် လက်ဆေးရည်ပုလင်း

ခရီးသည်ယာဉ်ပေါ်တွင်တွေ့ရသည့် လက်ဆေးရည်။ ခရီးသည်အနည်းစုလောက်သာ အဆိုပါ လက်ဆေးရည်ကို အသုံးပြုကြသည်။ ယာဉ်ပေါ်သို့တက်ချိန်တွင် လက်ဆွဲအိတ် သို့မဟုတ် ထီး ကိုင်ဆောင်လာခြင်းကြောင့် လက်ဆေးရည် အသုံးပြုရန် ခက်ခဲနိုင်ခြင်း တို့ကြောင့် ဖြစ်နိုင်ပြီး လက်တွေ့စမ်းသပ်မှုအရ ယာဉ်မောင်းနေချိန်တွင် ယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် လက်ဆေးရည်ကို အသုံးပြုရခြင်းမှာ အခက်အခဲ ရှိသည်ကိုတွေ့ရ သည်။ ယာဉ်ပေါ်မှ အဆင်းတွင်လည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန ၏ သတိပေးချက်အရ ဓာတ်ခွဲအတည်ပြုလူနာများအနက် ၆၂ % တွင် ရောဂါလက္ခဏာ ပြသခြင်းမရှိဘဲ ရောဂါပိုးရှိနေသည်ကို တွေ့ရပြီး ကျန်းမာရေး လမ်းညွှန်ချက်များအား တိကျစွာလိုက်နာရန် နှိုးဆော်ထားသည်။

ငြမ်း / နှာခေါင်းစည်းတပ်ရန်နှင့် လက်ဆေးရန် သတိပေးနှိုးဆော်ချက်

ရန်ကုန်တိုင်းဒေသကြီး၊မြို့နယ်တစ်ခုတွင် အများပြည်သူအား နှိုးဆော်ထားသည့် သတိပေးချက် တစ်ခု။ မြို့နယ်အချို့ ဈေးများတွင် ဈေးရောင်းဈေးဝယ်များ ခပ်စိတ်စိတ်ဖြစ်နေခြင်း၊ ဈေးရောင်းချသူအများစုအနေဖြင့် နှာခေါင်းစည်း အား မေးစေ့အောက်တွင်သာ ထား ရှိထားခြင်းကိုတွေ့ရှိရသည်။

ငြမ်း / နှာခေါင်းစည်းတပ်ဆင်၍ အလုပ်တာဝန်ထမ်းဆောင်နေသူများ

နိုင်ငံအချို့တွင် ရောဂါ ကူးစက်ဖြစ်ပွားမှု ကျဆင်းလာသဖြင့် ဖြေလျှော့မှုများ ပြုလုပ်ချိန်တွင် တစ်ကျော့ပြန် ရောဂါကူးစက် ဖြစ်ပွားမှု ပြန်လည်မြင့်မားနေသည်ကို တွေ့ရှိရသည်ဟု ကျန်းမာရေး ဝန်ကြီးဌာက သတင်းထုတ်ပြန်ထားသည်။ မေလ(၂၀)ရက်နေ့ သတင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID -19 ရောဂါပိုးတွေ့ရှိသူ (၁၉၉) ဦးရှိပြီဖြစ်သည်။ အများပြည်သူအနေဖြင့် နှာခေါင်း စည်းတပ်ဆင်ခြင်းကို အများစုက လိုက်နာကြသည်ကို တွေ့ရှိရသည်။ သို့သော် Social Distancing အပိုင်းတွင် အချို့နေရာ များ သည် အခြေအနေအရ လုပ်နိုင်ရန် မလွယ်ကူသော်လည်း အချို့နေရာများတွင် Social Distancing လုပ်နိုင်သည့် အခြေအနေ ပေးသော်လည်း သတိမမှု၊ဂရုမပြုမိကြသည်ကိုတွေ့ရသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း / ရန်ကုန်မြို့လယ်တစ်နေရာတွင်တွေ့ရသည့် နှာခေါင်းစည်းတပ်ရန် သတိပေးနှိုးဆော်ချက်

ရောဂါလက္ခဏာ မပြသော်လည်း ရောဂါရှိနေခြင်းကြောင့် ရောဂါကူးစက်မှု ဖြစ်ပွားခြင်း မရှိစေရန် ကျန်းမာရေး သတိပေးချက် များအား အလေးအနက်ထား၍ စနစ်တကျ လိုက်နာသင့်ပေသည်။ ပိုးတွေ့လူနာ (၁၉၉) ဦးအနက် (၁၅၆) ဦး မှာ ရန်ကုန်တိုင်း ဒေသကြီးမှဖြစ်သည်။ မဖြစ်မနေ အပြင်ထွက်ရသူများအနေဖြင့် ကျန်းမာရေးအသိ၊သတိ များဖြင့် သွားလာနေထိုင်ရန် အထူး လိုအပ်ပေသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,