သမိုင်းကို ဖျောက်တာလည်းမကြိုက်ဘူး။ ဖျက်တာလည်း မကြိုက်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဒီနေရာကြီးက အစဉ်အလာကြီးတယ်။ဗိုလ်ချုပ်တို့ကျဆုံး ခဲ့တဲ့နေရာကြီး

ဒေါ်ဒေဝီသန့်စင်((သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်၊မြန်မာအစိမ်းရောင်ကွန်ရက်တာဝန်ခံ)

ဝန်ကြီးများရုံးဆိုတာ သမိုင်းမှာ အဓိကအထင်ကရနေရာ။ ဒီလိုနေရာမျိုးမှာ ဒါတွေ လုပ်တာ ကျနော်စိတ်မကောင်းဘူး

ဦးစိန်ဝင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊မအူပင်)

 

အောက်တိုဘာ(၃၀)၊၂၀၁၉၊ရန်ကုန်

The Nyang News

နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိပြီဖြစ်သည့် ရှေးဟောင်း အဆောက်အဦဖြစ်သည့်အပြင် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံးအတွင်းတွင် အနှိပ်(massage) ဝန်ဆောင်မှု ပါဝင်သည့် SPA ဆိုင်ဖွင့်လှစ်ခြင်းအပေါ် အများပြည်သူများကြားတွင် ဝေဖန်လျက်ရှိသည်။ သမိုင်းဝင် အဆောက်အဦတစ်ခုတွင် ယခုကဲ့သို့ ဆိုင်ဖွင့်လှစ်ခြင်းအား အပြင်းအထန်ကန့်ကွက်သူများလည်း ရှိပေသည်။အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ လူပုဂ္ဂိုလ်တချို့၏ အမြင်များကို ငြမ်းမီဒီယာ က စုစည်းဖော်ပြလိုက်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

▪️တစ်တိုင်းပြည်လုံးကလည်းကြိုက်မှာ မဟုတ်ဘူး။ကျမလည်း မကြိုက်ပါဘူး။

ဂျူး(စာရေးဆရာမ)

▪️သမိုင်းကို ဖျောက်တာလည်းမကြိုက်ဘူး။ ဖျက်တာလည်း မကြိုက်ဘူး။ လိမ်တာလည်းမကြိုက်ဘူး။ သမိုင်းဟာ သမိုင်း အတိုင်းပဲ ရှိရမယ်။ဒီနေရာကြီးက အစဉ်အလာကြီးတယ်။ ဗိုလ်ချုပ်တို့ကျဆုံးခဲ့တဲ့နေရာကြီး ။ အတွင်းဝန်ရုံး လည်းဖြစ်တယ်။ ရှေးလက်ရာ အဆောက်အဦ ကြီးလည်းဖြစ်တယ် မျိုးချစ်စိတ် ပေါက်ဖွားရာနေရာအနေနဲ့ ဒီဟာကိုထားသင့်တယ်။ အစား အသောက်တွေ၊အပျော်အပါးတွေ၊SPA တို့၊ အနှိပ်ခန်းတို့ ထားပါတော့ ဈေးရောင်းတဲ့ နေရာတောင် ကျမတို့ မဖြစ်စေချင်ပါဘူး။ တည်တည်တံ့တံ့နဲ့ တကယ့်ခန့်ခန့်ညားညား သမိုင်းတွေကို ဖော်ထုတ်တဲ့ နေရာပဲ ကျမတို့ ဖြစ်စေချင် ပါတယ်။ဒါက ဈေးရောင်းရမယ့် နေရာမဟုတ်ဘူးလေ။ ကမ္ဘာမှာဆိုရင် ဒီနေရာဟာ အင်မတန်မှ အထွတ်အထိပ် သမိုင်းကြောင်းနဲ့ပတ်သက်တဲ့ဟာတွေပဲ ပြည်သူ လေ့လာ ဆည်းပူးဖို့၊အတုယူဖို့ နေရာကြီး ထားမှာလေ။ ဈေးရောင်းဖို့နေရာတွေက အများကြီးပါ။ ဈေးရောင်းတာတောင်မှ ကျမ သိပ်ပြီးလက်မခံချင်ဘူး။အဲဒီတော့ SPA ဆိုတာကတော့ ဝေးရောပေါ့။Bar တို့၊ SPA တို့ ဆိုတာဝေးရောပေါ့။

ဒေါ်ဒေဝီသန့်စင် (သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်၊မြန်မာအစိမ်းရောင်ကွန်ရက်တာဝန်ခံ)

▪️ဝန်ကြီးများရုံးဆိုတာ သမိုင်းမှာ အဓိကအထင်ကရနေရာ။ ဒီလိုနေရာမျိုးမှာ ဒါတွေ လုပ်တာ ကျနော်စိတ်မကောင်းဘူး။ ကိုယ်တန်ဖိုးထားရမယ့်ဟာကို တန်ဖိုးထားရမယ် ။ကျောက်ကောင်း ကို ရွှေနဲ့ပဲ ကွပ်ရမယ်လေ။ကျောက်ကောင်းရှိပြီး ရွှေနဲ့မကွပ်ဘဲ ဒန်နဲ့ကွပ်တာတို့ဆိုတာ မလုပ်ရဘူး။အဲဒီတော့ SPA ဖွင့်တယ်ဆိုတာ တကယ်တမ်းက ဒီနေရာမှာ မလုပ်သင့်ဘူးလေ။ မလုပ်သင့်ဘူး ဆိုတာ ကိုယ်တန်ဖိုးထားတာလျော့တာပေါ့ဗျာ။ အာဇာနည်ေ ခါင်းဆောင်တွေ လုပ်ကြံခံရတဲ့နေရာဗျာ။ဒါကို သာမန် ပုံစံဖြစ်အောင်ဖန်တီးလိုက်သလိုပဲ ကျနော်တို့အဲလိုခံစားရတယ်။ စိတ်လည်းမကောင်းဘူး။ ဒီလိုဖွင့်တာ ဟုတ်လား၊မဟုတ်ဘူးလား ဆိုတာ မသိသေးလို့ ကျနော်တို့လည်း နားစွင့်နေတာ။ပတ္တမြားရပြီး၊ ပတ္တမြားကျောက်ကို ဒန်နဲ့ကွပ်သလိုခံစားရတယ်။ ပတ္တမြားကျောက်ကို တန်ဖိုးတက်ချင်ရင် ရွှေနဲ့ပဲ ကွပ်ရမယ်လေ။ဒီနယ်မြေ၊ဒီဧရိယာ၊ဒီအဆောက်အဦကြီးဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားတဲ့ နေရာကြီး။ ဒီနေရာကြီးကို တသသနဲ့ နိုင်ငံရေး စိတ်ဓာတ်ဖြစ်အောင် ပြတိုက်လိုဟာမျိုး ၊မိသားစု တစ်စုချင်းစီရဲ့ သူတို့ရဲ့ အကြောင်းအရာတွေကို တတ်နိုင် သလောက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ လေးလေးနက်နက်ထားပြီး ခင်းကျင်းြ ပသရင်ဗျာ တစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကိုပိုပြီးုတော့ တိုးပွားစေတာပေါ့။အဲဒီတော့ ကျနော် စိတ်မကောင်းဘူးလို့ပဲ ပြောပါရစေဗျာ။

ဦးစိန်ဝင်း( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊မအူပင်)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဓာတ်ပုံ (၁)- ttgasia

ဝန်ကြီးများရုံး

ဓာတ်ပုံ (၂)- ငြမ်း

စာရေးဆရာမ ဂျူး

ဓာတ်ပုံ (၃) – အစိမ်းရောင်ကွန်ရက်

သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးပညာရှင်ဒေါ်ဒေဝီသန့်စင်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဓာတ်ပုံ (၄) – USW Fb

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း

ဓာတ်ပုံ (၅)- ဝီကီပီဒီယား

ဝန်ကြီးများရုံး


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။