သမီးမှားရင်လည်း သမီးခံသွားမယ်၊ သူတို့မှားရင် သူတို့ခံရမယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် မအေးမြတ်သူ

ကလေးအဖေက ကိုမင်းဆွေ ဘောက်လုပ် တယ်။ ပန်းရံလုပ်တယ်လို့ ဖြေခဲ့ တာ။ အဓမ္မပြုကျင့်ခံရတယ်လို့ ဘယ်သူ့ ကိုမှ မပြောဖူးဘူး။ ဆေးရုံမှာတောင် နင်က (၁၅) နှစ်ဆို နင့် ယောက်ျားက (၁၃) နှစ်ပေါ့လို့ စကြသေးတယ်။ သူတို့ အိမ်မှာ နေတုန်းက သူတို့မိသားစု ဆရာဝန်ဆီ နေမကောင်း ခဏခဏ ဖြစ်လို့ သွားရသေးတယ်။ ဆေးတွေတိုက်တယ်။ နောက်နှစ်လ လောက် နေတော့…

အဓမ္မပြုကျင့်ခံရပြီး အသက် (၂) လ ဝန်းကျင် ရှိသေးသည့် ကလေးကို မွေးဖွားထားရသည်ဟုဆိုကာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် ဖျာပုံမြို့နယ်မှ အသက် (၁၅)နှစ် ဝန်းကျင်ရှိ မအေးမြတ်သူ ကို ငြမ်းမီဒီယာ က တွေ့ဆုံ မေးမြန်းထားခြင်းဖြစ် သည်။

ငြမ်းမီဒီယာ – အခုပြောနေကြတဲ့ အဖြစ်အပျက်ဟာ ဘယ်အချိန်က ဖြစ်ခဲ့တာလဲ။

MAMT – ဒီကနေသွားတာက (၄) လပိုင်း၊ (၃၀) ရက်နေ့ သွားတယ်။ (၅) လပိုင်း၊ (၁) ရက်နေ့မှာ စော်ကားခံရတယ်။ (၂) ရက်နေ့မှာ လည်း ထပ်စော်ကားတယ်။ ဆောက်နေတဲ့ တိုက်ရဲ့ နှစ်ထပ်မှာ စော်ကားတာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အဲဒီအချိန်က မအေးမြတ်သူတို့ နှစ်ယောက်တည်း ရှိတာလား။

MAMT – (၃) ယောက်ရှိတာကို အဘဦးမင်းဆွေက အကုန်လုံးကို အောက်ဆင်းခိုင်းတာ။ အကုန် အောက်ဆင်းသွားတာကို သမီး လည်း မသိလိုက်ဘူး။ သမီးအနားကို ဦးမင်းဆွေ ရောက်လာ တာကို သိတယ်။ အဘအခန်း မပြောင်လို့လားဆိုတော့ အေးဆိုပြီး ခေါ်ခိုင်း တယ်။ အဲဒီအချိန်မှာ သမီးကို စော်ကားတယ်။ ထမီကို သူ့ဘာသာ ချွတ်တယ်။

သမီးတို့ကို စဖမ်းသွားတဲ့နေ့မှာ ရဲတစ်ယောက်က ခေါ်စစ်တယ်။ အဘ ဦးမင်းဆွေလို့ သုံးခါတိတိ ပြောခဲ့တယ်။ မျက်လုံးပြူးပြူးနဲ့ ရဲတစ်ယောက်က ခေါ်စစ်တယ်၊ အဲဒီနာမည် မကြား ချင်ဘူးလို့ ခုံကို အကျယ်ကြီး ပုတ်လိုက်တယ်။ အဲဒီမှာ လန့်ပြီး မဟုတ်တဲ့ သိန်းစိုးနိုင်ကို ဆွဲထည့် ခဲ့တယ်။ စစ်ပြီး တစ်ရက် အကြာမှာ …

ငြမ်းမီဒီယာ – အဲဒီကျောင်းမှာ အရင်တုန်းကလည်း အလုပ်လုပ်ခဲ့ဖူးတယ်လို့ သိရတယ်။

MAMT – သမီး အသက် (၁၂) နှစ် ကတည်းက လုပ်ခဲ့တာ။

ငြမ်းမီဒီယာ – တစ်ဖက်က သားကြောဖြတ်ထားတယ်လို့ အခိုင်အမာ ပြောတယ်။ ဒီဖက်က စွပ်စွဲသလို မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီအပေါ် ဘာများပြောချင်ပါသလဲ။

MAMT – DNA စစ်စေချင်တယ်။ အဲဒါမှ အမှန်တရားပေါ်မယ်။ သမီး (၉) လပိုင်း (၄) ရက်နေ့က ဖြစ်တော့ ဖုန်းဆက်တယ်။ သူတို့ဘက်က ဖုန်းဆက်တာ၊ သမီး တီချယ်တို့နဲ့ စကားမပြောချင်ဘူး။ အဘနဲ့ ပြောချင်တယ် ဆိုတာ သူ့သမီးတွေက ပေးမပြောဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မအေးမြတ်သူမှာ ရည်းစားရှိလား။ လျော်ကြေးတွေ၊ သိက္ခာ ကျစေချင်တာတွေကြောင့် တခြားမှာ ဖြစ်ခဲ့တဲ့ကိစ္စ၊ သူတို့ကို စွပ်စွဲတယ်လို့ ပြောကြတယ်။

MAMT – သမီးမှာ ရည်းစား မရှိဘူး။ ဖျာပုံမှာရည်းစားလည်း မထားဘူး။ ကလေးလိုပဲနေတာ။ဖျာပုံမှာ (၄) လ နေသွားတဲ့ အချိန် မှာ ဘယ်ယောင်္ကျားနဲ့မှ မပတ်သက် ပါဘူး။ သူတို့ဆီကလည်း ပိုက်ဆံမလို ချင်ဘူး။ သူတို့ပြောသလို သိန်း(၅၀၀)ရရင် အကြွေး ဆပ်မယ်ဆိုတာက လည်း သမီးတို့မှာအကြွေးရှိပေမယ့် အဲဒီလောက်လည်း မများဘူး။ တစ်အိမ်တက်ဆင်းလည်း လိုက်မပြောဘူး။ သူတို့သိက္ခာမကျ စေချင်လို့ သမီးတို့ နေလာခဲ့တာ။ ကျစေချင်ရင် သမီးတို့ အစောကြီးကတည်းက အမှုဖွင့်မှာပေါ့။

ငြမ်းမီဒီယာ – ကလေးကိုရော ဘယ်လိုအခြေအနေနဲ့ မွေးဖွားခဲ့ရတာလဲ။

MAMT – (၁၂) လပိုင်း၊ (၄) ရက်နေ့မှာ ကလေးမွေးတယ်။ ဆေးရုံ (၃) ကြိမ် တက်ရတယ်။ သမီး သားဆိပ်တက်လို့ တစ်ခါ တက်ရ တယ်။ ကလေးမွေးတော့ တစ်ခါတက်ရတယ်။ ကလေး ဓာတ်ကင်ရ လို့ တစ်ခါတက်ရတယ်။ ကလေးအဖေက ကိုမင်းဆွေ ဘောက် လုပ် တယ်။ ပန်းရံလုပ်တယ်လို့ ဖြေခဲ့ တာ။ အဓမ္မပြုကျင့်ခံရတယ်လို့ ဘယ်သူ့ကိုမှ မပြောဖူးဘူး။ ဆေးရုံမှာတောင် နင်က (၁၅) နှစ်ဆို နင့် ယောက်ျားက (၁၃) နှစ်ပေါ့လို့ စကြသေးတယ်။ သူတို့အိမ်မှာ နေတုန်းက သူတို့မိသားစု ဆရာဝန်ဆီ နေမကောင်း ခဏခဏ ဖြစ်လို့ သွားရသေးတယ်။

သူကို့လည်း အမေက မသင်္ကာလို့ ဖုန်းဆက်တော့ ဒီကလေးကို မွေးပြီးတာနဲ့ DNA စစ်လိုက်တဲ့ ။စစ်မယ်ဆိုရင် ရန်ကုန်တက်လာခဲ့တဲ့၊ ကုန်ကျစရိတ် သူအကုန်ခံမယ်တဲ့၊ အဲဒီလို ပြော တယ်။ သူ …

ဆေးတွေတိုက်တယ်။ နောက်နှစ်လ လောက် နေတော့ နေမကောင်းလို့၊ ဗိုက်အောင့်လို့ ဆရာဝန်ဆီ တစ်ခါသွားရတယ်။ အူရောင်တာဆိုပြီး ဆေး တွေပေးလိုက်တယ်။ ကျောင်းသားတွေကိုတိုက်တဲ့ ဂျင်းနဲ့ထန်းလျှက် ကြိုတာလည်း သောက်ရတယ်။ ဖြစ်ချင်တော့ ကလေးက ပျက်မကျဘူး။

ငြမ်းမီဒီယာ – အခု မအေးမြတ်သူဘက်က ဘာဖြစ်စေချင်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

MAMT – ကလေးက မွေးစာရင်းလည်း ထုတ်မရဘူး။ အဖေ မှတ်ပုံတင်ထည့်မှ ထုတ်လို့ ရမယ်လို့ ပြောလိုက်တော့ သူတို့နာမည်နဲ့ မှတ်ပုံတင်လိုချင်တယ်။ ကျန်တာ ဘာမှမလိုချင်ဘူး။ သမီးတို့ကို လုပ်ထားတာ သမီးအမေရော၊ အစ်မပါ ခံရတယ်။ သူတို့လုပ်လို့ သမီးတို့ ပြန်လုပ်တာ၊ အမှုကတော့ ဖွင့်မှာပဲ။

ငြမ်းမီဒီယာ – အခြားတစ်ယောက်နဲ့ အမှားအယွင်း ဖြစ်တာကို သူတို့ကို စွပ်စွဲတယ်လို့ ပြောနေတာတွေ ရှိတော့ ဘာပြောချင်လဲ။

MAMT – သမီးတို့ကို စဖမ်းသွားတဲ့နေ့မှာ ရဲတစ်ယောက်က ခေါ်စစ်တယ်။ အဘ ဦးမင်းဆွေလို့ သုံးခါတိတိ ပြောခဲ့တယ်။ မျက်လုံး ပြူးပြူးနဲ့ ရဲတစ်ယောက်က ခေါ်စစ်တယ်၊ အဲဒီနာမည် မကြား ချင်ဘူးလို့ ခုံကို အကျယ်ကြီး ပုတ်လိုက်တယ်။ အဲဒီမှာ လန့်ပြီး မဟုတ်တဲ့ သိန်းစိုးနိုင်ကို ဆွဲထည့် ခဲ့တယ်။ စစ်ပြီး တစ်ရက် အကြာမှာ ဦးမျိုးကြီးကလည်း လာပြောတယ်၊ အခုလို နာမည် လွှဲပြောပေးတဲ့ အတွက် ဒီအမှုကိုလည်း ပိတ်ပေးမယ်။ ပိုက်ဆံလည်း ထောက်ပံ့ပေးမယ်။ ပြီးရင် ဒီနေရာကနေ ပြောင်းပေးလို့ ပြောသွားတယ်။

သမီးက ခံထားရတဲ့လူ။ သူတို့မှားရင် သူတို့ခံရမယ်။ သူတို့ မသင်္ကာ ရင် အစကတည်း က ခေါ်စစ်လို့ရတယ်။ အခုသမီး တို့ဘက်က အမှုဖွင့်လိုက်တော့ သူတို့ ခေါ်စစ်ချင်ရင် ခေါ်စစ်လိုက်ပါ။ သူတို့က …

ဒီကလေး မွေးတုန်းကလည်း ကိုမင်းဆွေ ဘောက်လုပ်တယ်ပဲ ပြော တာ။ ကလေးက (၇)လနဲ့ မွေးတာ ။ကလေးအသက်က မရဘူး၊ သူ့ယောက်ျားကို ခေါ်လာခဲ့လို့ ပြောတော့ အမေက ခရီးလွန်နေတယ်လို့ပဲ ပြောတာ။

ငြမ်းမီဒီယာ – အခုကိစ္စမှာ မအေးမြတ်သူဘက်က သက်သေ လိုက်ပေးနိုင် မယ့်သူ ရှိလား။

MAMT – မရှိဘူး။ သမီးကိုယ်တိုင်ပဲ ပြောမယ်။ ခံလည်း ခံရသေးတယ်။ အချုပ်အနှောင်လည်း ခံရ သေးတယ်။ သမီးကိုယ်တိုင်ပဲ လုပ်မယ်။ သမီးမှားရင်လည်း သမီးခံသွားမယ်။ သမီးကတော့ မှားမယ် လို့ မထင်ဘူး။ သမီးက ခံထားရတဲ့လူ။ သူတို့မှားရင် သူတို့ ခံရမယ်။ သူတို့ မသင်္ကာ ရင် အစကတည်း က ခေါ်စစ်လို့ရတယ်။ အခုသမီး တို့ဘက်က အမှုဖွင့်လိုက်တော့ သူတို့ ခေါ်စစ် ချင်ရင် ခေါ်စစ်လိုက်ပါ။ သူတို့က သိန်းစိုးနိုင်ဆိုတဲ့ နာမည်ကိုလိုချင်တာ။

ငြမ်းမီဒီယာ – သိန်းစိုးနိုင်ဆိုတာ ဘယ်သူ့ကို ပြောနေတာလဲ။

MAMT – ရွှေပြည်သာက အစ်ကိုကြီး၊ လျှပ်စစ်ပစ္စည်းတွေ လိုက်ပြင်တယ်။ သမီးက သူ့အမေကို သွား ပြုစုတာ၊ သူ့အမေ သေသွားလို့ ဒီရွာကို ပြန်ရောက်တာ။ ပြန်ရောက်ပြီး (၄) လ နေပြီးမှ အလုပ် ပြန် သွားလုပ်တာ။ သူကို့လည်း အမေက မသင်္ကာလို့ ဖုန်းဆက် တော့ ဒီကလေးကို မွေးပြီးတာနဲ့ DNA စစ်လိုက်တဲ့ ။စစ်မယ်ဆိုရင် ရန်ကုန်တက်လာခဲ့တဲ့၊ ကုန်ကျစရိတ် သူအကုန်ခံမယ်တဲ့၊ အဲဒီလို ပြော တယ်။ သူမဟုတ်တဲ့အတွက် ပြောတာ။ သမီးကလည်း အမေ သူမဟုတ်ဘူး။ ဖြစ်တဲ့လူက တစ်ယောက် သူတို့ လွှဲပြောခိုင်းလို့ ပြောလိုက်တာလို့ အမေ့ကို ပြောလိုက်တာ။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,