သမီး တစ်ယောက်လုံး ဆုံးရှုံးခဲ့ရတာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / သေဆုံးသူ မမေဇင်နွယ်၏ဖခင် ဦးတင်မြင့်

သူတို့ဘက်က ဝမ်းနည်းပါတယ်ဆိုတဲ့ စကားလေး တစ်လုံးတောင် မရခဲ့ဘူး။ မှားပါတယ် ဆိုတဲ့ စကားတစ်ခွန်း မရခဲ့ဘူး။ နောက်ပြီးတော့ …

Sulphur နှင့် မတည့်ကြောင်း ပြောကြားထားခဲ့သော် လည်း Sulphur ပါဝင်သည့် ဆေးအလုံး (၈၀)ကျော် တိုက်ကျွေးခဲ့ သဖြင့် သမီးဖြစ်သူ မမေဇင်နွယ် သေဆုံးခဲ့ရမှု အပေါ် ကုသမှုပေးခဲ့သည့် ဆရာဝန်ကြီး ဦးရဲမြနှင့် တာဝန်ယူ ကြီးကြပ်မှု အားနည်းခဲ့သော SSC (ရွှေဂုံတိုင် အထူးကု ဆေးရုံကြီး)ဆေးရုံတို့အား စစ်ဆေး အရေးယူ ပေးပါရန် နိုင်ငံတော် သမ္မတ၊ ကျန်းမာရေး ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ဆေးကောင်စီ တို့ထံ တိုင်ကြားခဲ့သည့် မမေဇင်နွယ်၏ဖခင် ဦးတင်မြင့် ကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်းထားသည်။

ငြမ်းမီဒီယာ – ဆေးကုသရင်း သမီးဖြစ်သူ သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ ဆေးကောင်စီ အပါအဝင် နိုင်ငံတော်သမ္မတ ဆီကိုပါ တိုင်ကြားထားတယ်လို့ သိရ ပါတယ်။ ဘယ်အချိန် မှာ SSC ဆေးရုံ ကို သွားရတာလဲ၊ ဘယ်လိုကြောင့် သွားရတာလဲ၊ အဲဒီ ဖြစ်စဉ်ကို အရင်ပြောပြပါလား။

ဦးတင်မြင့် – ဧပြီ (၅) ရက်။ ပထမ နီနီမှာ ပြတယ်၊ ဆေးရုံ တက်ရမယ့် နမိုးနီးယား။ အန်ကယ်က ဒီမှာ မရှိဘူး။ ရန်ကုန်မှာ မရှိဘူး။ နမိုးနီးယားနဲ့ ဆေးရုံတက်ရမယ်ဆိုတော့ တက်တယ်။ ဧပြီ (၅) ရက် ကနေ (၁၀) ရက် အထိ SSC မှာ တက်တယ်။ ကောင်းလာတယ်၊ ပေါင်ချိန်တွေ ဘာတွေ တက်လာတယ်။ သူတို့ရဲ့ ခွင့်ပြုချက်နဲ့၊ ဦးရဲမြ ရဲ့ ခွင့်ပြုချက်နဲ့ (၁၀) ရက်နေ့ မှာ ဆင်းလာတယ်။ သို့သော် သင်္ကြန် ပြီးရင်တော့ နမိုးနီးယား အတွက် မနက်တစ်လုံး၊ ညတစ်လုံး သွားသွားပြီးတော့ ချိတ်ရတယ်။ တစ်လုံးကို (၈၀၀၀၀) လား မသိဘူး။ အဲဒါက (၇) ရက်။ သူက နဂို ကတည်း က မှာထားတယ်။ တစ်လပြည့်ရင် ပြန်လာပြပါ ဆိုပြီးတော့။ ဧပြီ (၁၀) ရက်မှာ ဆင်းလာတယ်။ မေ(၈) ရက်လား၊ (၉) ရက်လား တစ်လပြည့်လို့ ချိန်းတော့ နီနီမှာ သွားပြန်ပြတယ်။ မဟုတ်ဘူး၊ SSC မှာ ပြန် တက်ရမယ်။ နမိုးနီးယားနဲ့ ပဲ တက်ရမယ်။ သူက ဘာပြောလဲ ဆိုတော့ သူ့ရဲ့တောင်းဆိုမှု က သူ Treament ပေးတဲ့ အတိုင်းပဲ တစ်သေ၀ မတိမ်း လုပ်ရမယ်။ နောက်ပြီး လိုအပ်တဲ့ ဆေးဝါး မှန်သမျှ အတွက် ကုန်ကျစရိတ် ကို တာဝန်ယူ ပေးရမယ်။ အဲဒါဆိုရင် နမိုးနီးယား ကို ပျောက်ဖို့ လုံး၀ တာဝန်ယူတယ်။ ဆေးရုံတက်ပါ။ သူ့ရှေ့မှာပဲ ထားမယ်။ ဆေးရုံမှာ အချိန်ပြည့်ပေါ့။ သူ့ရဲ့ Treatment အတိုင်းနေမယ်၊ လိုအပ်တဲ့ ဆေးဝါး မှန်သမျှ ဝယ်ပေး၊ အဲဒီလို ကုရမယ်ဆို ကုမယ်။ ပျောက်မယ်။ တာဝန်ယူတယ်။ အဲဒီအချိန်မှာ သွေးစစ်တော့ သွေးဖြူဥက (7.8) သို့မဟုတ် (8.7)။ အဲလောက်ပဲ အန်ကယ် မှတ်မိတယ်။ ဆေးမှတ်တမ်း တွေက သူတို့ဆီမှာ။ အခုဆို ဆေးကောင်စီက အကုန် သိမ်းပြီနဲ့တူတယ်။ နောက်တစ်ပတ်ခြားတော့ မေ(၁၈) ရက်နေတော့ စစ်တော့လည်း ဒီအတိုင်းပဲ။ အဲဒီမှာ ဘာတွေဖြစ်လာပြီလဲ ဆိုတော့ သူက အစာ မစားနိုင် တော့ဘူး။ အန်တယ်။ နောက်တစ်ခါ ဆီးမသွား နိုင်တော့ဘူး။ နောက်တစ်ခါ သွေးနီစက်တွေ ထွက်လာပြီ။ ယားလာပြီ။ ဆရာကြီးက တစ်နေ့တစ်ခေါက် Round လုပ်တယ်။ Round လုပ်ရင် သူ့လက်ထောက် ဆရာဝန်ပါတယ်။ ဘာဖြစ်သလဲ၊ ဒီလို ဒီလို ဖြစ်တယ်။ အဲဒါဆိုရင် ဒီဆေးပေး လိုက်။ သူ့ဟာနဲ့သူ မှာသွားတယ်။ သူ့လက်ထောက် တွေကို။ အဲဒီမှာ ဘာထပ် ဖြစ်လာလဲဆိုတော့ ဝမ်းပျက်ပြီ။ ပထမက ဝမ်းလျှော တယ်။ စားသမျှအစာ ပြန်သွားတယ်။ နောက်တစ်ခါ ကျတော့ ဘာထပ်ဖြစ်လာလဲဆိုတော့ ဝမ်းကိုက်တာ ဖြစ်လာတယ်။ သူက နေ့တိုင်း Round လုပ်တယ်။ ဟိုဆေး ဒီဆေး ညွှန်တယ်။ အဲဒီအချိန်မှာ(၂၆) ရက်နေ့မှာ သွေးဖြူဥက (ဝ.၈) ပဲ ကျန်တော့တယ်။ (0.8) ဆိုတာ မရှိသလောက် ဖြစ်သွားပြီ။ သူကတော့ ဆေးတွေ ပေးပေးသွားတာပဲ။ တိုတိုပြောရင် (၂၈) ရက်နေ့ကျတော့ အခြေ အနေက တော်တော် ဆိုးနေပြီ။ ဒီမှာလည်း မျိုးစုံ၊ ဆေးကလည်း (၃) လုံးလောက် တစ်ပြိုင်တည်း ချိတ်ထားရတယ်။ အောက်ဆီဂျင် ရှူနေတာလည်း ကြာပြီ။ အဲဒီအချိန်မှာ အခြေအနေက မကောင်းတဲ့ အတွက်ကြောင့် Grand Hantha ဆေးရုံကို ပြောင်းချင်တော့။ Grand Hantha ဆေးရုံ အကြောင်းကြားဖူးတယ်။ သူက အထူးကြပ်မတ် ကုသဆောင် Up to Date ဖြစ်တော့ ဆရာကြီး ကို တိုင်ပင် တယ်။ သူစိတ်ဆိုးမှာ လည်း ကြောက်တယ်။ သူကလည်း ပြောတယ်။ အခြေအနေ မကောင်းတော့ဘူး ဆိုတာ သူပြောတယ်။ ပြောင်းချင်တယ် ဆရာကြီး ဆိုတော့ ပြောင်းပါ။ ဒီက SSC ဆေးရုံက ICU က နှစ်ပေါင်းများစွာ ကြာနေပြီ။ ရောဂါပိုးမွှားတွေ က ဘယ်လောက် ရှင်းတယ်ပြောပြော အနည်းနဲ့ အများ အထိုက်အလျောက် ကျန်မယ်။ ဒီလောက် အားနည်းနေတဲ့၊ အစားလည်း မဝင်တော့တဲ့ သူတစ်ယောက် ကို ICU ထဲ မထည့်တာ က အဲဒီ ပိုးမွှားတွေဝင်ရင် ပိုပြီး အန္တရာယ် ဖြစ်မှာစိုးလို့ သူမထည့်တာ။ Grand Hantha ဆိုရင် Up t၀ Date လည်းဖြစ်တယ်။ အရမ်း ကောင်းတယ်။ မြန်မာပြည်မှာ အကောင်းဆုံး ICU Unit ဖြစ်တယ်။ ဟိုမှာ တာဝန်ယူတာ က Specialist တစ်ယောက် က တာဝန်ယူတယ်။ သူကိုယ်တိုင်ပြောတာ။ SSC မှာက မေ့ဆေး ဆရာဝန် တစ်ယောက်က ပဲ တာဝန်ခံ လုပ်တာ။ သဘောကျတယ်၊ အရမ်းကောင်းတယ်၊ ပြောင်း။ သူကိုယ်တိုင် တရားဝင် ပြောင်းခွင့် ပေးတာ။ ဒါပေမဲ့ အဲဒီကျတော့ အန်ကယ်တို့ ကပြောတာက ဆရာကြီးနဲ့ပဲ အပြီးအစီး လုပ်ချင်တယ်။ ဆရာကြီးက ဟိုဆေးရုံမှာ မထိုင်ဘူး ကိုး။ ကျွန်တော်တို့က ဖြစ်နိုင်ရင် မပြောင်းချင် ပါဘူး ဆရာကြီး။ အဲဒါဆိုရင် ကျုပ်လိုက်ကြည့်ပေးမယ်။ နေ့တိုင်း လာကြည့်ပေးမယ်။ လာတယ်။ (၂၈) ရက်ကတော့ ည (၁၀း၀၀) နာရီကျော် သွားတော့ သူ မလိုက်တော့ဘူး။ တရားဝင် လွှဲပြောင်းစာတွေ အကုန်လုံး Hand Over လုပ်ပေးတယ်။ ICU Unit က Specialist ကိုယ်တိုင် လိုက်လာတယ်။ Ambulance နဲ့။ သူတို့ပဲ လွှတ်ပေးတာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မတည့်တဲ့ ဆေးကို ပေးထားတယ်။ ဒီဆေးရုံရဲ့ ကြီးကြပ် ကွပ်ကဲမှု လုံး၀ ပေါ့လျော့ တယ်။ နောက် ဦးရဲမြကို ရော နှစ်ဦးစလုံး ကို အရေးယူ ပေးပါလို့ ပြောခဲ့တယ်။ ကံအဆိုးဆုံးက ကျွန်တော့်သမီး၊ ပြီးရင် ကျွန်တော်၊ နောက်ပြီးရင် ဆရာကြီးလို့ ပြောခဲ့တယ်။ တကယ်ဆို …

အဲဒီမှာ သယ်သွားတယ်။ Grand Hantha ဆေးရုံ ရောက်သွားတယ်။ ရောက်သွားတဲ့ အချိန်မှာ ICU Unit က ဆရာဝန်လေး တွေက အန်ကယ့်ကို မေးတယ်။ လူနာနဲ့ ပတ်သက်လို့ ဘာဆေးနဲ့ မတည့်ဘူး လဲလို့ မေးတာ။ ရှိတယ်လို့၊ Sulphur။ ဟာ.. ဒီမှာ Megatrim ပေးထားတယ်။ အဲဒါတော့ မသိဘူး၊ ဆရာကြီး ပေးထား တာပဲ။ Megatrim ဆိုတာ အန်ကယ် ဘာမှန်း မသိသေးဘူး။ ကိုယ့်အပူနဲ့ ကိုယ်ဖြစ်နေတာ ဆိုတော့။ အဲဒီညက အစာအိမ်ထဲက ဖောက်ထုတ်တာ ပြည်လိုဟာတွေ ရေသန့်ဘူး တစ်ဗူးစာ ရတယ်။ နောက်တစ်နေ့ ကျတော့ ချွဲတွေ စုပ်ထုတ်တယ်။ သူတို့က အဲဒီအချိန်ကျတော့ ပြောပြီ။ (၂၉) ရက်နေ့ ကျတော့။ သမီးရဲ့ ကျောက်ကပ် တွေ က လည်း မကောင်းတော့ ဘူး။ သွေးဖြူဥ က လည်း မရှိသလောက် ကုန်နေပြီ။ နောက်တစ်ခါ သွေးကြောတွေ လည်း ပေါက်နေ ပြီ။ အဲဒီအချိန် ပါးစပ်ထဲ က တောင် သွေးထွက်နေပြီ။ သူတို့ရဲ့ Treament ကောင်းလို့သာ သမီးက စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော မခံစားရ ဘဲ သူ့ဟာသူ ငြိမ်ငြိမ်လေးနဲ့ ဆုံးသွားတာ။ အဲဒါက (၂၉) ရက်နေ့။ အဲဒီနေ့ကလည်း ဦးရဲမြ လာကြည့် တယ်။ (၃၀) ရက်နေ့ကလည်း သူ လာကြည့်တယ်။ ညနေ (၆း၀၀) နာရီ။ သမီးဆုံးတာက (၆း၅၅)။

ငြမ်းမီဒီယာ – ဘယ်အချိန်လောက်မှာ ဒီ Sulphur နဲ့ ပတ်သက်ပြီး သတိထားမိလဲ။

ဦးတင်မြင့် – သူသေတော့ နှုတ်ခမ်းထောင့်မှာ သွေးတွေ ထွက်နေပြီ။ အန်ကယ်ကတော့ ကိုယ့်သမီးဆိုတော့ ကြောက်ဖို့၊ ရွံ့ဖို့ ဘာမှ အကြောင်း မရှိဘူး။ အဲဒီအချိန်ထိ ဒီလောက်နဲ့ပဲ ပြီးသွားတယ်။ ထိန်ပင်မှာ သဂြိၤုဟ်တယ်။ (၅) ရက်နေ့မှာ ရက်လည်ဆွမ်း ကျွေးတယ်။ အဲဒီ အထိလည်း ဒီတိုင်းပဲ။ ဆရာကြီးကိုတောင်မှ SSC မှာ ပြောင်းမယ့် နေ့ က ကျေးဇူးတင် ပါတယ် ဆိုပြီး သမီးက သူ့ Bed ပေါ်က ကန်တော့ သွားသေးတယ်။ အန်ကယ်တို့ က လည်း ထုံနေတဲ့ အခါကျတော့ ဆရာကြီး၊ ဒါတော့ မတတ်နိုင်ဘူး ပေါ့။ ကျွန်တော်တို့လည်း လက်ခံ ရမှာပဲ။ ဆရာကြီးတို့ အစွမ်းကုန် ကုတာပဲ။ ဒီလိုပဲ ပြောခဲ့သေးတယ်။ ဇွန်(၅) ရက်မှာ ရက်လည် သွားပြီးပြီ။ ဇွန် (၇) ရက်နေ့ကျတော့ အန်ကယ့် ညီဝမ်းကွဲ တစ်ယောက်က ပြောတယ်။ ဘာမှ မဟုတ်ဘူး။ သူက ပြောလိုက်တာ။ အစ်ကိုတဲ့၊ ဟိုတခါ မှတ်မိလားတဲ့၊ ကျွန်တော် မြွေအရေခွံ လဲသလို တစ်ကိုယ်လုံး ကျွတ်သွားတာ။ အဲဒါတဲ့၊ ကျွန်တော်က ဖြစ်တာ ဒီအပြင် ဟာတစ်ခု။ ဘာဆိုလည်း မသိဘူး သူပြောတယ်။ ဖြစ်တာက ရိုးရိုးပဲ နေမကောင်းဖြစ်တာ။ အဲဒါ Sulphur ကြောင့် ဖြစ်တာတဲ့။ Sulphur ပေးလို့၊ Sulphur နဲ့ မတည့်လို့ ကျွန်တော်ဖြစ်တာတဲ့။ မေဇင်ကရော Sulphur နဲ့ တည့်သလားတဲ့။ မတည့်ဘူးလို့။ အဲဒါများ ပေးထားသလား မသိဘူးတဲ့။ မပေးဘူးကွ လို့၊ Megatrim ဆိုတာတော့ ပေးတယ်လို့။ Megatrim – DS လားတဲ့။ အဲဒါ Sulphur လေတဲ့၊ Double Sulphur ဆိုတော့။ အန်ကယ်လည်း သူပြန်သွားတော့ မှ ဒီဆေးစာရွက်တွေ ကို သမီးရဲ့ အမှတ်တရ ဖြစ်မှာ စိုးလို့ အမှိုက်ပုံးထဲ ပစ်ဖို့ စုထားတယ်။ အဲဒါတွေကို လှန်ကြည့်တာ။ လှန်ကြည့်တော့ ဒုတိယ အကြိမ်တက်တဲ့ စာရွက်တွေ။ ပထမအကြိမ် တက်တုန်း က စာရွက်တွေ က အန်ကယ်တို့ ဆီမှာ မရှိတော့လို့ မသိဘူး။ သူ့ဟာသူ နောက်ကြောင်းပြန်လှန် စစ်ရင်တော့ မသိဘူး ပေါ့လေ။

ဆေးစာအုပ် မှာ ဆော့ပင်နဲ့ကို ဒီဆေးမတည့်ဘူး လို့ ထင်ထင်ရှားရှား ရေးထားတာ ဆိုတော့ အဲဒါကျွန်တော် ရေးတာမဟုတ်ဘူးလို့ ပြန်ပြောတယ်။ ဆရာကြီး လက်ရေးနဲ့ ဘောပင်နဲ့ ရေးထားတာ ရှိပါတယ်လို့ ပြလိုက်တော့ သူ မငြင်းတော့ဘူး။ ဝန်ခံတာလည်း မဟုတ်ဘူး။ တကယ်ဆို …

Megatrim – DS ကို မေ (၁၀)ရက်မှာ ပထမဆုံး (၂) ကတ် aပးထားတယ်။ အလုံး (၂၀)။ ဘယ်နှလုံး၊ ဘယ်နှကြိမ် တိုက်လဲတော့ မသိဘူး။ တစ်ကြိမ်တစ်လေ ပဲလားလို့။ (၂) ကတ်ပေးလို့ အန်ကယ် မျက်လုံးပြူး သွားတယ်။ နောက်ထပ်စာရွက် တွေလှန်တော့ တောက်လျောက် ပေးထားတာ။ အားလုံး အလုံး (၈၀)ကျော်သွားတယ်။ (၉) ကတ် ပေးထားတာ။ Refund လုပ် တာက (၆) လုံး။ အဲဒါကြောင့် (၈၀) ကျော်လို့ ပြောတာ။ အန်ကယ် အရမ်း စိတ်ဆိုးသွား တယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ ဒီမှာ ပါထား ပြီးသား။ SSC ဆေးစာအုပ်မှာ Sulphur မတည့်ဘူးဆိုတာ။ ဒီမှာ ဆော့ပင်နဲ့ ရေးထားတယ်။ ဦးရဲမြရဲ့ လက်ရေးနဲ့ ဘောလ်ပင်နဲ့ လည်း ရေးထား တယ်။ အန်ကယ် စိတ်ဆိုးသွား တယ်။ ဒီလောက်ကြီးတောင် ဖြစ်ရလား။ သူမတည့် ဘူး ဆိုတဲ့ဆေးကို သူဘာဖြစ်လို့ ပေးရသလဲ။ တခြား ဆရာဝန်လည်း မဟုတ်ဘူး။ ဘာဖြစ် လို့ ဒီလိုဖြစ်ရတာလဲ။ အန်ကယ် စိတ်ဆိုးသွားတယ်။ ဇွန် (၁၅) ရက်နေ့၊ ညနေ (၄း၀၀) နာရီ လောက် မှာ SSC ကို သွားပြီးတော့ အန်ကယ် ကိုယ်တိုင် ရေးထားတဲ့ စာသွားပေးတယ်။

ငြမ်းမီဒီယာ – ဒီအဖြစ်အပျက်အတွက် ရှင်းလင်းခိုင်းတဲ့ အခါမှာ SSC ဆေးရုံရဲ့ တာဝန်ရှိသူတွေ က အန်ကယ်ကို ဘယ်လိုတုံ့ပြန်လဲ။

ဦးတင်မြင့် – (၁၅)ရက်နေ့ ညနေမှာ စာသွားပေးတော့ ညတွင်းချင်း ဖုန်းဆက်တယ်။ နောက်နေ့ မနက်(၁၀းဝဝ)နာရီ တွေ့ချင် ပါတယ်လို့ ပြောတော့ အန်ကယ်တို့ သွားတယ်။ အန်ကယ်ရယ်၊ သားရယ် အန်ကယ့် သူငယ်ချင်း အငြိမ်းစားအရာရှိရယ် သွားတယ်။ တွေ့တာ့ ဆရာဝန်ကြီးရဲ့ ဘိုင်အိုဂရပ်ဖီ ကို ပြောတာပေါ့ကွာ။ လူနာက ခဏခဏ လာမပြ ဘူးလို့ ပြောတယ်။ အန်ကယ် ကလည်း ပြန်ပြောတာပေါ့။ လူနာဆိုတာ ရောဂါရှိမှ ပြမှာပေါ့။ နေ့တိုင်း အားအားယားယား မပြနိုင် ဘူးပေါ့။ သူက ဆုံးသွားတဲ့ လူအပေါ် အပြစ်တွေ ပုံချတယ်။ ဒါက နမိုးနီးယား ဖြစ်တဲ့သူ တစ်သန်းမှာ မှ တစ်ယောက်ဖြစ်တတ်တဲ့ ရောဂါ၊ ဒါ အင်မတန် ပြင်းထန် တဲ့ ရောဂါ၊ ဒါကြောင့်သူ ဒီဆေးပေးတာလို့ ပြောတယ်။ နောက် ကျွန်တော့် စာထဲမှာက ဘာပါလဲဆိုရင် ဆရာကြီး က သေစေလိုသော ဆန္ဒနဲ့ ဒီဆေးပေးသလား လို့ တောင် ထင်မိပါတယ်လို့ ပါတော့ ဒါကို ကျွန်တော် ဝမ်းနည်းတယ်၊ စိတ်မကောင်း ဘူးလို့ ပြောတယ်။ ကျွန်တော် ဟိုက်ဒရို ကော်လီဒုန်း (အသက်ကယ်ဆေး) တွေ ထိုးပြီး အတတ်နိုင်ဆုံး ကုပေးတာ ပါလို့ပြောတယ်။ ကျွန်တော်က ဒါဆို ဆရာကြီးက အဆိပ်ကျွေးလိုက်၊ ဖြေဆေးပေးလိုက် လုပ်တာလားလို့ မေးတော့ အဲဒီလို မဟုတ်ပါဘူးတဲ့၊ ဆေးတိုင်းက အဆိပ်ပါလို့ ပြန်ပြောတယ်။ ဆေးစာအုပ် မှာ ဆော့ပင်နဲ့ကို ဒီဆေးမတည့်ဘူး လို့ ထင်ထင်ရှားရှား ရေးထားတာ ဆိုတော့ အဲဒါကျွန်တော်ရေးတာမဟုတ်ဘူးလို့ ပြန်ပြောတယ်။ ဆရာကြီး လက်ရေးနဲ့ ဘောပင်နဲ့ ရေးထားတာ ရှိပါတယ်လို့ ပြလိုက်တော့ သူ မငြင်းတော့ဘူး။ ဝန်ခံတာလည်း မဟုတ်ဘူး။ တကယ်ဆို ဆရာကြီးက ကျွန်တော်တို့ ကို တိုင်ပင်ရမှာ လို့၊ နမိုးနီးယားမှာ အခြားဆေးတွေနဲ့ ကုလို့ မရဘူးလား။ မရတော့လို့ ဒီဆေးကိုပေးရမယ်ဆိုရင် ကျွန်တော်တို့ မိသားစုဝင်တွေနဲ့ တိုင်ပင်သလား။ ဆရာကြီး ခွင့်ပြုချက် တောင်းသလား။ ဆရာကြီး အဲဒါကို ရှင်းပေးပါ။ မရှင်းရင် SSC အနေနဲ့ ပြေလည်အောင် ရှင်းပေးပါ။ မရှင်းပေးရင် သက်ဆိုင်ရာ ဌာနတွေကို တိုင်မယ်။ တရားစွဲမယ်။ မီဒီယာရှင်းလင်းပွဲ လုပ်မယ်လို့ ပြောလိုက် တယ်။ သွားတဲ့သူ ကလည်း သွားပြီ၊ SSC ရဲ့ ဂုဏ်သိက္ခာ၊ ဆရာကြီးရဲ့ ဂုဏ်သိက္ခာအတွက် ဒီအခန်းထဲမှာ ပဲ ပြေလည်အောင် ရှင်းပေးပါ လို့ ပြောတယ်။ ဆရာကြီး က သူ့ဘိုင်အိုဂရပ်ဖီ ပဲ ပြောနေတယ်။ ဆေးရုံအုပ်ချုပ်ရေး မဌေး ကလည်း ဘာပြောလဲဆိုတော့ ဆရာကြီး တာဝန်ယူပါတယ်။ ဆရာကြီး တာဝန်ယူပါလိမ့်မယ် လို့ မပြောဘူး။ ဆရာကြီး တာဝန်ယူပါတယ် လို့ပဲ ပြောနေတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – သက်ဆိုင်ရာ ဆရာဝန်ကြီးကရော၊ ဆေးရုံ အုပ်ချုပ်ရေးကရော တစ်စုံတစ်ရာ မှားယွင်းကြောင်းနဲ့ တောင်းပန်တာမျိုး မရှိခဲ့ဘူးလား။

ဦးတင်မြင့် – တစ်ခုဆို တစ်ခုမှ မရှိခဲ့ဘူး။ ဆေးကောင်စီကိုလည်း ပြောခဲ့ တယ်။ သူတို့မှာ အသံဖိုင် ရှိပါတယ်၊ တောင်း နားထောင် ကြည့်ပါ လို့ ပြောခဲ့တယ်။

အတွင်းမှာ ရှိတဲ့ ကလီစာ တွေ အားလုံး ပျက်စီး ဆုံးရှုံးတယ်တဲ့။ နောက်တစ်ခုက နဂိုအခံ ရှိတာလို့ ပြော တယ်။ တကယ်ဆုံးတာက ဒါကြောင့်လို့ပြောတယ်။ အထဲမှာ ရှိတဲ့ အကုန်လုံး …

လူနာ အပေါ် အပြစ်တွေ ပုံချနေတယ်။ ဝမ်းနည်းကြောင်း တစ်ခုမှ မပြောခဲ့ဘူးလို့၊ ဆေးကောင်စီက ဆရာကြီးတွေ က မှ ဝမ်းနည်းကြောင်း ပြောသေးတယ်လို့ ပြောခဲ့တယ်။

ငြမ်းမီဒီယာ – စ တိုင်တာ က ဆေးကောင်စီ မဟုတ်ဘဲ SSC နဲ့ အရင်ညှိပြီးမှ အဆင်မပြေလို့ တိုင်တဲ့သဘောလား။

ဦးတင်မြင့် – (၁၅) ရက်နေ့ မှာ တရားဝင် စာပို့တယ်။ (၁၆)ရက်နေ့မှာ ဆေးရုံ အုပ်ချုပ်ရေး က မဌေးတို့၊ ဆရာဝန်ကြီး ဦးရဲမြတို့ ကို တွေ့တယ်။ နိုင်ငံတော် သမ္မတရယ်၊ ဝန်ကြီးဌာန ရယ်၊ ဆေးကောင်စီရယ် ကို ဇွန်လ (၂၁) ရက်နေ့မှ တိုင်တာ။ ကြား ကာလ (၆) ရက် ကြာတယ်။

ငြမ်းမီဒီယာ – ကြားကာလမှာရော ဆေးရုံ အနေနဲ့ အန်ကယ်တို့ ကို ဆက်သွယ်တာ တို့ တစ်ခုခုပြောတာတို့ ရှိသေးလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးတင်မြင့် – သွားတွေ့ပြီး ကျွန်တော်တို့ ဒီအတိုင်းပဲ ပြန်လာတာ။ သူတို့လည်း ဘာမှ မပြောဘူး။ နောက်ထပ်လည်း မဆက်သွယ် တော့ဘူး။ (၂၁) ရက်နေ့မှာ အမြန်ချောပို့နဲ့ ပို့လိုက်တယ်။ (၂၂)ရက်နေ့ (၁၁းဝဝ) နာရီကျော် မှာ သက်ဆိုင်ရာ ဌာနတွေ ကို ရောက် ပါတယ်။ ဟိုရောက်တယ်။ ဘယ်သူက လက်ခံတယ် ဆိုတာတွေကို အမြန်ချောပို့ ပို့ ပြီးတော့ ပေးလိုက်တဲ့ ကုဒ်နံပါတ်မှာ ကြည့်လို က်တော့ ရောက်နေပါပြီ။ နောက်ရက် ရောက်တော့ ပန်းဘဲတန်း ကျန်းမာရေး က သေဆုံးကြောင်း ထောက်ခံစာ ရတယ်။ ဘယ်လို ရေးထားလဲ ဆိုတော့ Multiple Organ Failure နဲ့ Other ရောဂါ တစ်ခုလို့ ရေးထားတယ်။ အန်ကယ်က ဆရာမတွေ ကို သေချာ အောင် မေးပါတယ်။ အန်ကယ် သိတော့ သိတယ်၊ ဒါပေမဲ့ ပိုသေချာအောင် အန်ကယ် က ဒါဘာဖြစ်တာလဲလို့ သေချာအောင် မေးပါတယ်။ မေးတော့ အတွင်းမှာ ရှိတဲ့ ကလီစာ တွေ အားလုံး ပျက်စီး ဆုံးရှုံးတယ်တဲ့။ နောက်တစ်ခုက နဂိုအခံ ရှိတာလို့ ပြော တယ်။ တကယ်ဆုံးတာက ဒါကြောင့်လို့ပြောတယ်။ အထဲမှာ ရှိတဲ့ အကုန်လုံး ပျက်စီး ဆုံးရှုံးတယ်လို့ ပြောတယ်။ (၂၅) ရက် နေ့မှာ သုံးနေရာစလုံး ကို ထပ်ပို့လိုက်တယ်။

ငြမ်းမီဒီယာ – ဆေးကောင်စီကနေ ဘယ်ရက်မှာ ဘယ်လိုမျိုး တုံ့ပြန်သလဲ။

ဦးတင်မြင့် – Grand Hantha ကနေ မမေဇင် ကို ကုထားတဲ့ ဆေးမှတ်တမ်းတွေ တောင်းထား တယ်။ SSC ကို လည်း တောင်းထား တယ်တဲ့။ အရင် တစ်ကြိမ်တော့ ကျွန်တော်တို့မှာ မရှိ တော့ဘူး။ မေလ(၁၀) ရက်ကနေ မေလ(၂၈) ရက်ထိတော့ အထောက် အထားတွေ ရှိတယ်။ ယူထားမလား ဆိုတော့ ဟိုကပဲ တောင်းထားတယ် လို့ ပြောတယ်။ သူတို့ လူပုဂ္ဂိုလ် လည်း စစ်မှာပေါ့။ ဒါပေမဲ့ ဆရာကြီးက စင်္ကာပူ သွားနေတယ် ပြောတယ်။ ဘာကြောင့်သွားလဲ၊ ဘယ်တုန်းက သွားလဲ ဆိုတာတော့ အန်ကယ် မဝေဖန်လိုဘူး။

ငြမ်းမီဒီယာ – ဆေးကောင်စီက ဘယ်အဆင့် တာဝန်ရှိသူက လက်ခံ တွေ့ဆုံခဲ့လဲ။

ဦးတင်မြင့် – ဥက္ကဌရယ်၊ အတွင်းရေးမှူး ဒေါ်ကြည်ကြည်သင်းရယ်၊ နောက်တစ်ယောက် က မျက်နှာပဲ မှတ်မိတယ်။ ကျွန်တော်တို့ ဘက်မလိုက်ပါဘူး။ တရားသဖြင့် ဖြစ်ရပါစေမယ်။ ကျွန်တော်တို့ (၃) ယောက်က ပဏာမ စစ်ဆေးတာပါ။ ဒီ (၃) ယောက်နဲ့ စစ်ဆေးတာ လုံလောက်တယ် ဆိုရင်လည်း အဖြေကို အမြန်ဆုံး ပို့ပါမယ်။ မလုံလောက် သေးဘူးဆိုရင် EC အဖွဲ့ ဖွဲ့ပါမယ်။

အန်ကယ်တို့က လူတစ်ယောက် ဆုံးရှုံးထားတာပါ။ သမီး တစ်ယောက်လုံး ဆုံးရှုံး ခဲ့ရတာ။ လူ့ အသက်တစ်ချောင်း ဆုံးရှုံးမှု အတွက် ဒီတိုင်းပြည်မှာ ဘယ်ဆေးရုံက ဖြစ်ဖြစ် ပရမ်းပတာ မဖြစ်သင့်တာတွေကို အခြားသော လူတွေ …

ပိုမြင့်တာပေါ့။ အဲဒီ အဖွဲ့နဲ့ စစ်ပြီးရင် ဦးလေးတို့ ကို အကြောင်းပြန်မယ်။ ကာလ အပိုင်း အခြားတော့ မပြောလိုက်ဘူး။ သူတို့ရဲ့ အပြော အဆို က ကောင်းပါတယ်။ ဆရာဝန်ကြီး ဦးရဲမြ ကို အရေးယူ ပေးပါဆိုတော့ ဆေးရုံရောလို့ မေးတယ်။ ဟာ … ပါတာပေါ့လို့ အန်ကယ်က ပြောလိုက်တယ်။ ကျွန်တော့် ခံစားချက် ကျွန်တော့် မိသားစု ခံစားချက်တွေ ရာနှုန်းပြည့် ပါတယ်။ နှစ်အချက် အနေနဲ့ ဆေးရုံးဘုတ်အဖွဲ့ ရှိလျှက်နဲ့ တစ်ယောက်တည်း လုပ်တယ်။ လက်ထောက် ဆရာဝန်တွေ ကလည်း ထောက်မပြသလို ဆေးရုံ အုပ်ချုပ်ရေး က လည်း မပြောဘူး။ ရှိခဲ့ရင် ဒါမျိုး မဖြစ်ရဘူး။ ဆေးကြောင့် သေခြင်း မသေခြင်း ကို ကျွန်တော် မသိဘူး။ မတည့်တဲ့ ဆေးကို ပေးထားတယ်။ ဒီဆေးရုံရဲ့ ကြီးကြပ် ကွပ်ကဲမှု လုံး၀ ပေါ့လျော့ တယ်။ နောက် ဦးရဲမြကို ရော နှစ်ဦးစလုံး ကို အရေးယူ ပေးပါလို့ ပြောခဲ့တယ်။ ကံအဆိုးဆုံးက ကျွန်တော့်သမီး၊ ပြီးရင် ကျွန်တော်၊ နောက်ပြီးရင် ဆရာကြီးလို့ ပြောခဲ့တယ်။ တကယ်ဆို စာရွက်တွေကို ပစ်လိုက်ရင် ဆရာကြီးကို ကျေးဇူးရှင်အဖြစ် ဆက်တင်နေပြီး ကံတရားလို့ပဲ ယူဆနေမှာလို့ ပြောခဲ့တယ်။ နောင်ကို ပြည်သူတွေ အနေနဲ့လည်း ဆေးရုံတို့၊ ဆရာ ဝန်တို့ကို ပေါ့ပေါ့လျှော့လျှော့ မဟုတ်ဘဲ၊ ကြီးကြပ်ကွပ်ကဲ မရှိဘဲ လုပ်တာတွေကို ကြီးကြပ်ကွပ်ကဲမှု လုပ်ပါလို့။

ငြမ်းမီဒီယာ – အန်ကယ်တို့က ဒီကိစ္စမှာ ဘယ်လိုရလဒ်ကို လိုချင်တာလဲ။

ဦးတင်မြင့် – အဓိက က အန်ကယ်တို့က လူတစ်ယောက် ဆုံးရှုံးထားတာပါ။ သမီး တစ်ယောက်လုံး ဆုံးရှုံး ခဲ့ရတာ။ လူ့ အသက်တစ်ချောင်း ဆုံးရှုံးမှု အတွက် ဒီတိုင်းပြည်မှာ ဘယ်ဆေးရုံက ဖြစ်ဖြစ် ပရမ်းပတာ မဖြစ်သင့်တာတွေကို အခြားသော လူတွေလည်း မဖြစ်ရအောင်နဲ့ မိသားစု ခံစားချက် အနေနဲ့ဆိုရင် အန်ကယ်တို့ က ဒီကိစ္စကို ထိထိ ရောက်ရောက် အရေးယူ ပေးမယ်၊ လူတွေလည်း ဒီဟာတွေကို သိရတဲ့အတွက် လူနာတွေအပိုင်း က ဆင်ဆင်ခြင်ခြင်လုပ်ပြီး မဖြစ်သင့် တာတွေ မဖြစ်ရအောင် တားနိုင်တယ်ဆိုရင် သမီးဆုံးရှုံးသွားတာ အန်ကယ်တို့ အနည်းနဲ့အများ ဖြေနိုင်ပါတယ်။ ဒါကို သင်ခန်းစာလည်း ယူစေချင်တယ်။ ဆေးရုံတွေရော၊ ဆရာဝန်တွေရော၊ ပြည်သူရောပေါ့လေ။

ငြမ်းမီဒီယာ – အင်အားကြီးသူတွေ၊ အင်အားကြီးတဲ့ အဖွဲ့အစည်းတွေ က ငွေရေးကြေးရေးနဲ့ ဖြေရှင်းနေကြတာတွေ ရှိတယ်။ အန်ကယ်တို့အနေနဲ့ ဘယ်လို ဖြစ်စေချင်တာလဲ။

ဦးတင်မြင့် – သူတို့ကို တရားဝင်ပြောပြီးပြီ။ အန်ကယ်တို့ ဘက်က ဘာဖြစ်စေချင်လဲဆိုတာ ထားပါဦး။ သူတို့ဘက်က ဝမ်းနည်းပါတယ်ဆိုတဲ့ စကားလေး တစ်လုံးတောင် မရခဲ့ဘူး။ မှားပါတယ် ဆိုတဲ့ စကားတစ်ခွန်း မရခဲ့ဘူး။ နောက်ပြီးတော့ အများပြည်သူ ကို မီးမောင်း ထိုးပြချင်တာ။ လူနာသော် လည်းကောင်း၊ ဆေးရုံတွေ ဆရာဝန်တွေကို သော်လည်းကောင်း သိစေချင်တယ်။ ရလိုမှု အပိုင်းလား၊ သူ သိန်းတစ်သောင်း ပေးတော့ရော သေသွားတဲ့အသက်က ပြန်ရှင်မလား။ ဝမ်းနည်းပါတယ် ဆိုတဲ့ စကားတစ်ခွန်း၊ မှားသွားပါတယ် ဆိုတဲ့ စကားတစ်ခွန်း ကို လေ လေးနဲ့တောင် သူတို့မပြောနိုင်ဘူးလေ။ ဒီလို လူတွေဆီက ဘာကိုမျှော်လင့်ရမှာလဲ။ ဒါကတော့ Out Of Question လို့ပဲ ထင်တယ်။

ငြမ်းမီဒီယာ – နောက်ဆုံးအနေနဲ့ မိသားစု အနေနဲ့ ဘာများဖြည့်စွက်ပြောချင်လဲ။

ဦးတင်မြင့် – သူ့မှာ ကလေး တစ်ယောက်လည်း ကျန်ခဲ့ပါတယ်။ ဒါကတော့ သူ့အမေကို ပဲ ပြောစေချင်တယ်။

(သေဆုံးသူ မမေဇင်နွယ်၏ မိခင် ဒေါ်နွယ်နီအောင်) – အန်တီတို့ က မိသားစု အနေနဲ့ ပြောရ ရင်တော့ စိတ်ရော လူရော ပင်ပန်းတယ်။ ငွေလည်းကုန်၊ အရာလည်း မရောက်ဘူးပေါ့။ အန်တီ တို့ ဖြစ်သလို ပြည်သူတွေကို လည်း မခံစားစေချင်ဘူး။ မိဘတိုင်းကိုလည်း မခံစား စေချင်ဘူး။ မိဘမေတ္တာက အရေးကြီးတယ်လေ။ သေသွားသူကို အစား မရဘူးလေ။ အစား မရတော့ SSC ကို လည်း မကျေနပ်တာတော့ရှိတယ်။ ခံစားမှုကတော့ ကိုယ်က အားကိုးပြီး သွားအပ် တာလေ။ ဆရာကြီးကို အားကိုး တယ်။ SSC ကို အားကိုးတယ်။ အားကိုးသလောက် ဖြစ်မလာဘူး။ အန်တီတို့ မိသားစုက မိသားစုလိုက် အဲဒီမှာပြတာ။ ဘာမှ တုံ့ပြန်မှု မရတော့ အရမ်း ဝမ်းနည်းတယ်။ အများပြည်သူ အနေနဲ့ ကိုယ့်လို မခံစားစေချင်ဘူးလို့ပဲ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,