သမီး မိန်းကလေးက ဒီလို အန္တရာယ်မျိုး ရှိတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

NZPK / iSchool-Myanmar ၏ သုတေသနပညာရှင် မ နော်ဇာဖြူခန့်

အဖိုးအရင်းက မုဒိမ်းကျင့်ထားတဲ့ အမှုပေါ့နော်။ ကျွန်မတို့က ဒီဘက်မှာ တိုင်ပေးနေပြီ။ လူ့အခွင့်အရေး ကော်မရှင် ကလည်း သွားကြည့်နေပြီ။ နောက်ဆုံး ကျတော့ လူမှုဝန်ထမ်း က ဆင်းကြည့်တော့ Case Manager က ပြောတာပေါ့။ မိသားစုက …

မြန်မာနိုင်ငံ၌ မသန်စွမ်းသူများအပေါ် ရာဇဝတ်ကျူးလွန်မှုများ၊ အကြမ်းဖက်မှုများ၊ ခွဲခြား ဆက်ဆံမှုများနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင်ကို အရပ်ဘက်လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် iSchool-Myanmar က ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။
စာမျက်နှာ (၈၃)မျက်နှာပါဝင်သော အဆိုပါ အစီရင်ခံစာကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လအထိ (၁၀)လတာ အတွင်း လေ့လာစစ်တမ်းကောက်ယူချက်များကို အခြေခံ၍ ပြုစု ထားခြင်း ဖြစ်ပြီး စုစုပေါင်း (၄၆)မှု အနက် မုဒိမ်းကျူးလွန်ခံရမှုမှာ (၂၅) မှုဖြင့် အများဆုံး ရှိနေသည်။
မသန်စွမ်း အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှု အခြေအနေများနှင့် ပတ်သက်၍ iSchool-Myanmar ၏ သုတေသန ပညာရှင် မဒေးဒေး (ခ) နော်ဇာဖြူခန့် ကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – အစီရင်ခံစာအတွက် လေ့လာမှုတွေအရ မသန်စွမ်း အဓမ္မပြုကျင့် ခံရမှုတွေမှာ ဘာထူးခြားတာတွေ့ရလဲ။

မဒေးဒေး – ထူးခြားတာကတော့ ဉာဏ်ရည် မသန်စွမ်း၊ အသက် ၁၆၊ ၁၇၊ ၁၈ ကလေးတွေ ကျူးလွန်ခံရတာများတယ်။ ကျွန်မတို့က ဘာဖြစ်လို့ ပြုကျင့်ခံရတာလဲ၊ ကလေးကို တစ်ယောက် တည်း ထားခဲ့ရလား၊ သူ့အနား မှာ မရှိဘူးလားလို့ မေးရင် အရမ်းဆင်း ရဲတော့ ကလေးကို တစ်ယောက်တည်း ထားခဲ့ရတယ်။ ပြီးရင် သူတို့နေတဲ့ ဒီဒေသမှာ တစ်ခါမှ အဲဒီလို မဖြစ်ခဲ့ ဘူးပေါ့။ အရမ်း ထူးဆန်းတာက ဒီ Awareness ကို ရှိမထားလို့ပဲ။ သူတို့ပြောတဲ့ စကားရှိတယ်။ အိမ်က ခွေးလေး၊ ကြောင်လေးတွေ တောင် မပျော က်ဘူးပေါ့။ ဟုတ်တာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကိုယ်ဝန်က (၅) လ၊ (၆) လ နေမှ အမှုက ပေါ်တာပေါ့နော်။ အဲဒီအချိန် တရားခံက မပြေးလို့ တော်သေး တာပေါ့။ မိသားစုက အပြန်အလှန် စကားပြောမှု ပျောက်ဆုံးနေ တာ တွေ့ရ တယ်။အရမ်းစိတ်ချ လက်ချ ထားခဲ့တဲ့ သဘောမျိုးမှာ တွေ့ရတယ်။ တစ်ခါ …

လူတစ်ယောက် က ပျောက်သွားဖို့ ကတော့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ အန္တရာယ် ရှိတယ်ဆိုတဲ့ဟာ ကို မစဉ်းစား မိဘူး။ မွေးထားတဲ့ သမီး မိန်းကလေးက ဒီလို အန္တရာယ်မျိုး ရှိတယ်ဆိုတာ မသိတာပေါ့နော်။ Generally ပြောရရင် (၂၅) မှုလုံးမှာ အမှုရှင်တွေရဲ့ မိသားစုဝင်တွေက အဲဒီလိုမျိုးတွေ စဉ်းစားပြီး အန္တရာယ်ကို ကြိုမတွေးနိုင်ကြဘူး။

ငြမ်းမီဒီယာ – အဲဒီတော့ အဲဒါတွေကို ကာကွယ်နိုင်ဖို့ မသန်စွမ်းမိန်းကလေးရဲ့ မိသားစုဝင်တွေအနေနဲ့ ဘာတွေကို သတိထားသင့်လဲ

မဒေးဒေး – မိသားစုဝင်တွေသာမက အနီးအနားမှာရှိတဲ့ ရပ်ကွက်ထဲ၊ ဆွေမျိုးသားချင်းတွေပါ သိထားသင့်တယ်။ အဓိကကတော့ (၂) ပိုင်းတွေ့ရတယ်။ ပထမတစ်ပိုင်းကတော့ ကိုယ်ဝန် ရှိပြီးမှ သိရတယ်။ သူတို့ရဲ့ လူနေမှုပုံစံက မနက်ပိုင်း အပြင်ထွက်တယ်။

မသန်စွမ်းမှုကို အသုံးချပြီးေ တော့ ကြောက်က လည်း ကြောက်တယ်ဆိုတော့ အလိုတူလို့ လက်ခံ တာ လား၊ ကြောက်လို့ လက်ခံတာလား၊ ဘာမှမေးလို့မရဘူးပေါ့။ အဲလိုမျိုး နဲ့ ကောင်မလေးတွေ က ကိုယ်ဝန် ရှိသွားပြီးတော့ …

ညနေ ပြန်လာ တယ်။ လက်လုပ်လက်စား သမားတွေ ဖြစ်တော့။ ဒီနေ့ အိမ်ကို ဘယ်သူလာလဲ ကိုယ့်ကလေး ကို မမေးဘူး။ လာတဲ့သူ ကရော အိမ်ထဲဝင်တာ လား၊ အပြင်က စကားပြောတာလား။ အဲဒီလိုမျိုး မဖြစ်တော့ ပြဿနာ ပူပူနွေးနွေးကို မသိရဘူး။ မသိရတော့ ကိုယ်ဝန်က (၅) လ၊ (၆) လ နေမှ အမှုက ပေါ်တာပေါ့နော်။ အဲဒီအချိန် တရားခံက မပြေးလို့ တော်သေး တာပေါ့။ မိသားစုက အပြန် အလှန် စကားပြောမှု ပျောက်ဆုံးနေ တာ တွေ့ရ တယ်။အရမ်းစိတ်ချ လက်ချ ထားခဲ့တဲ့ သဘောမျိုးမှာ တွေ့ရတယ်။ တစ်ခါ ဘေးနား မှာ ရှိတဲ့ ရပ်ကွက်ထဲမှာ ရှိတဲ့ သူတွေက စောင့်ရှောက်ပေး ဖို့ လိုတာပေါ့နော်။ အဲဒီလိုမမေးဘဲ ဒီအတိုင်း ထားတယ်။ အကြည့် အရှု လေးတွေ က အစ မရှိတာပေါ့။ နံပါတ် (၁) ကတော့ မိသားစုဝင်။ နောက်တစ်ခု က ရပ်ကွက်၊ ကျေးရွာထဲမှာ ရှိတဲ့ လူတွေရဲ့ တွေးခေါ်မြော်မြင်နိုင်မှု အားနည်းတာ ပေါ့လေ။

သွေးသားတော်စပ်တဲ့ မုဒိမ်းမှုပေါ့။ အဖိုးအရင်း ပါတယ်၊ အဖိုးဝမ်းကွဲ ပါတယ်။ အများစုက ကျူးလွန်တဲ့သူက ဒီရွာထဲမှာပဲ၊ ဒီရပ်ကွက်ထဲမှာပဲ နေတယ်။ အိမ်ကြည့်မယ်ဆိုလည်း ခြေရင်း၊ ခေါင်းရင်း အနီးမှာ နေတဲ့သူ များတယ်။ နောက်တစ်ခုက တဆင့်ခံ တော်စပ်တာပေါ့။ ခဲအိုကနေ မုဒိမ်းကျင့်တာပေါ့။ အားလုံးကို ကြည့်ရင် …

ငြမ်းမီဒီယာ – အစီရင်ခံစာမှာပါတဲ့ အဓမ္မ အမှုတစ်ခုမှာ ဖြစ်စဉ်ကို နနွင်းထောင်း နေတဲ့ အိမ်နီးနား ချင်းတွေက သိလျက်နဲ့ မသိချင်ယောင်ဆောင်ခဲ့ တာ လည်း တွေ့ရတယ်။ အဲ ဒါကရော ဘယ်လိုကြောင့်လဲ။

မဒေးဒေး – အမှုပတ်မှာကြောက်တာ။ ရဲစခန်းရောက်မှာ၊ တရားရုံးတက်ရမှာ ကြောက်တာ။ ပြသနာနဲ့ ဝေးဝေးနေချင်တာ။ အဲဒီဟာမျိုးက အရိုးစွဲ နေတာပေါ့။ ကျေးရွာတွေမှာက။ တရား လား၊ မတရားလား ဆိုတာ မစဉ်း စားနိုင်ဘူး။ အဖွားတစ်ယောက်ကို မုဒိမ်းကျင့်နေတယ်၊ ဘေးနား မှာ လည်း လူတွေ ရှိတယ်၊ အမျိုးသမီးကြီးတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ဟာ သူတို့ပဲ နေလိုက်ကြတယ်။ တာဝန်သိမှု အားနည်းတဲ့ အပိုင်း ပေါ့နော်။ အဲဒီဟာ က လည်း တော်တော် စိုးရိမ်စရာ ရှိနေတယ်။ အမှုပတ်မှာ ကို ကြောက်တာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မသန်စွမ်း အဓမ္မပြုကျင့်ခံရမှုတွေ မှာ အသက်အရွယ်အပိုင်းအခြား၊ ပတ်သက်မှု အနေအထားကရော ဘယ်လိုမျိုး တွေ့ရလဲ။

မဒေးဒေး – ကျူးလွန်တဲ့သူတွေက အသက် (၂၂) နဲ့ (၃၅) ကြားတွေ များတယ်။ ဒုတိယတန်း လိုက်တာ ကတော့ အသက်ကြီးတဲ့သူတွေ။ အသက် (၇၀) အထက်တွေ ဖြစ်တာများတယ်။ တော်စပ်မှု အနေနဲ့ ကြည့်မယ် ဆိုရင်တော့ တဆင့်ခံ သွေးသားတော်စပ်တဲ့ ဟာ လည်း များ တယ်။ နောက် အဖေက သမီးအရင်းကို မုဒိမ်းကျင့်တာ တစ်မှုတွေ့ရ တယ်။ နောက်တစ်ခုက အဖိုးဝမ်းကွဲတို့၊ တခြားတော်စပ်တဲ့ သူတွေ ဆိုတာလည်း ဒီမိသားစုရဲ့ အနီးအနားမှာပဲ ရှိနေ တာ။ ခြေရင်း ခေါင်းရင်းပေါ့။ အသက်အရွယ်အရ ဆွေမျိုးလည်း တော်နေ တာပဲ၊ မဖြစ် တန် ပါဘူး ဆိုပြီး မိသားစုဘက်က ထားခဲ့တာပေါ့။ မထင်ထားတဲ့ အသက်အရွယ်တွေပေါ့။

ငြမ်းမီဒီယာ – မသန်စွမ်းတွေကို ကျူးလွန်တဲ့ မုဒိမ်းမှုတွေမှာ ဘယ်လိုလူမျိုးတွေ က၊ ဘယ်လိုနေရာတွေ မှာ ကျူးလွန်တာ တွေ့ရလဲ

မဒေးဒေး – များသောအားဖြင့်တော့ သွေးသားတော်စပ်တဲ့ မုဒိမ်းမှုပေါ့။ အဖိုးအရင်း ပါတယ်၊ အဖိုးဝမ်းကွဲ ပါတယ်။ အများစုက ကျူးလွန်တဲ့သူက ဒီရွာထဲမှာပဲ၊ ဒီရပ်ကွက်ထဲမှာပဲ နေတယ်။ အိမ်ကြည့်မယ်ဆိုလည်း ခြေရင်း၊ ခေါင်းရင်း အနီးမှာ နေတဲ့သူ များတယ်။ နောက်တစ်ခုက တဆင့်ခံ တော်စပ်တာပေါ့။ ခဲအိုကနေ မုဒိမ်းကျင့်တာပေါ့။ အားလုံးကို ကြည့်ရင် ကျူးလွန် တဲ့သူတွေ က အဝေးကြီးကနေလာပြီး ရောက်ရှိပြီး ကျူးလွန်တာ မဟုတ်ဘူး။ အစဉ်အဆက် နေခဲ့ပြီးတော့မှ မုဒိမ်းကျင့် သွားတာပေါ့။ ကိုယ့်အနီး အနားမှာ နေတဲ့သူက အများဆုံးပါပဲ။

ငြမ်းမီဒီယာ – စစ်တမ်းအရ ဘယ်ဒေသမှာ မသန်စွမ်းသူတွေ အဓမ္မပြုကျင့် ခံရမှုကို အများဆုံး တွေ့ရလဲ။ ပညာအရည်အချင်း ကရော ဘယ်လောက်အနေအထားတွေ ရှိကြလဲ။

မဒေးဒေး – ပညာအရည်အချင်းကတော့ သူတို့ကိုယ်၌လည်း စာမသင်နိုင်ဘူး။ အသိဉာဏ် အရ လည်း လူက အသက် (၂၀)၊ (၂၅) ရှိပေမယ့် သူတို့ အသိဉာဏ်က (၃)နှစ်၊ (၄) နှစ်မှာ ရပ်တန့် သွားတာပေါ့။ ဖြစ်ပွားတဲ့ ဒေသက ဧရာဝတီတိုင်းက အဖြစ်ဆုံး။ နောက်ပြီးတော့ ကချင်၊ မွန် ပြည်နယ်တွေပေါ့။ မသန်စွမ်းတွေ က သူတို့ကိုယ် သူတို့ ဖြစ်လို့ ဖြစ်လိုက်မှန်း လည်း မသိဘဲ ပြီးသွား တာတွေ လည်း ရှိတယ်။ များသော အားဖြင့် အတန်းပညာ မတက် လိုက်ရဘူး။ မရေး တတ်၊ မဖတ်တတ်၊ မပြောဆိုတတ်တွေပေါ့။ ပညာရေးတင် မရတာ မဟုတ်ဘူး။ ဒီစကားလုံး က နည်းနည်းတော့ ကြမ်းတာပေါ့နော်။ စကားပြောတာက အစ တစ်မသိ၊ နှစ်မသိတွေပေါ့။ မိသားစု ဝင်တွေ က လည်း များသောအားဖြင့် ဆင်းရဲပြီး အတန်းပညာ မတက်ရသူတွေ များပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မသန်စွမ်း အမျိုးသမီးတွေ အဓမ္မမှုတွေနဲ့ တွေ့ကြုံရတဲ့ အခါမှာ ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းလေ့ရှိကြတာ တွေ့ရလဲ။

မဒေးဒေး – အမှုမှန်ကို ပေါ်စေချင်တယ်။ တိုင်ကြားမယ် ဆိုရင်လည်း အရေးယူပေးဖို့ မျှော်လင့် တာပေါ့။ တချို့တလေဆိုရင် ကျေအေးချင်တဲ့ သဘောနဲ့ လာတောင်းဆိုတာ ရှိတယ်။ တစ်မှု ဆိုရင် ကျေအေးလိုက်တယ်။ အများစုကတော့ မုဒိမ်းမှုမှာ အမှန်တရားနဲ့ တရားဥပဒေရဲ့ အကာအကွယ်ပေးမှု ကို လိုချင်ကြတယ်။

ငြမ်းမီဒီယာ – အဲဒီတော့ တရားရင်ဆိုင်ရတဲ့အခါ ဘယ်လို အခက်အခဲတွေ တွေ့ရလဲ။

မဒေးဒေး – ကလေးမလေးတွေက သူတို့ကိုယ်တိုင် သွားတဲ့အခါမှာ တရားရုံးမှာ ဘယ်လိုမှ မေးလို့မရဘူးပေါ့။ မိခင်ကို မေးစေချင်တယ်။ မိခင်ကို ခွင့်ပြုတဲ့ ရုံးမျိုးလည်း ရှိတယ်။ ဒါပေမဲ့ မြို့နယ် တစ်မြို့နယ်နဲ့ တစ်မြို့နယ် လုပ်ဆောင်မှုလည်း မတူဘူး။ ကချင်ပြည်နယ်၊ ဟိုပင်က အမှုဆိုရင် မိခင်ကို ရှိရဲ့သားနဲ့ မမေးဘူး။ ဒါပေမဲ့ ကျောင်းကုန်းက အမှုကျတော့ ကောင်မလေး ရဲ့ အမေကိုပဲ မေးနေတာပေါ့။ သူတို့ရင်ဆိုင်ရတဲ့ အနေအထားကတော့ မတူဘူး။ မြို့နယ် အလိုက် ဆောင်ရွက်ပုံတွေလည်း ကွဲလွဲမှုတွေ ရှိတယ်။

ငြမ်းမီဒီယာ -ဒါဆို မသန်စွမ်းသူတွေနဲ့ပတ်သက်ပြီး လက်ရှိ တရားခွင်တွေမှာ အဓိက ဘာတွေ လိုအပ်နေလဲ။

မဒေးဒေး – အဓိက တွေ့ရတာကတော့ ဆေးစာ။ ဆေးစာသည် မပြည့်စုံဘူး။ အဓိက ကတော့ မသန်စွမ်း အမျိုးအစား ကို ဖော်ပြတဲ့ ဆေးစာမျိုး ပါသင့်တယ်။ ဆေးစာ က ဖြစ်ကတတ်ဆန်း ရေးတဲ့ဟာ ဖြစ်နေတယ်။ ပြီးရင် ဉာဏ်ရည် မသန်စွမ်းလား၊ မသန်စွမ်းမှုက တစ်ခုတည်း ရှိတာလား၊ တစ်ခုထက် ပိုတာလား။ ဆေးစာ အထောက်အထား မပြနိုင်ကြဘူး။ အခု မုဒိမ်းမှု တွေက ခရိုင်ကို တင်တာ ပေါ့။ ခရိုင်မြို့တွေမှာ စိတ်ကျန်းမာရေးဆရာဝန်တွေလည်း ရှိတာ ရှိပါတယ်။ ဒါပေမဲ့ ရွာသာကြီးသွားစစ်ပေါ့။ စရိတ်စကက တအား များ သွားပြီ။ အဲဒီဟာတွေ ကို မပြနိုင်ဘူး။ တချို့လည်း လက်လျှော့ လိုက်ချင်ကြတာပေါ့။ ဒီတရား စီရင်ရေးမှာ ဆေးစာလေး တစ်ခု တောင် ကောင်းကောင်းမွန်မွန် မှုခင်း ဆေးစာ ထွက်မလာဘူး။ တခြားဟာတွေကတော့ ပိုဆိုးတာပေါ့။

ငြမ်းမီဒီယာ – တရားဥပဒေအရ ရင်ဆိုင်တဲ့အခါမှာ မျှတတဲ့ တရားစီရင်မှုကိုရော ရကြလား။

မဒေးဒေး – ဒီ (၂၅) မှုမှာတော့ ပြီးပြတ်သွားတာတော့ အမိန့်ချပြီးတာ (၂) မှုရှိတာပေါ့။ တစ်မှုက ကျတော့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ဖြစ်တာပေါ့။ သူက ထောင်ဒဏ် (၁၀) နှစ်ချတယ်။ (၁၀) နှစ်ဆိုတဲ့ ဟာကို ကျူးလွန်ခံရတဲ့သူ ဘက်က လည်း သဘောတူတယ်။ မျှတ တယ်ပေါ့။ နောက်တစ်မှုက (၇) နှစ်ချတယ်။ အဲဒါကတော့ ကာယကံရှင် က မကျေနပ် ဘူး။ အထူးရုံး ကို ဆက်တက်ဖို့ ရှိတယ်ပေါ့။

ငြမ်းမီဒီယာ – ဥပဒေကို လက်တလုံးခြား လုပ်တာမျိုးတွေရော တွေ့ရလား။

မဒေးဒေး – တွေ့ရတယ်။ ကာမလိမ်လည်မှုနဲ့ ဖွင့်တယ်။ တချို့ဟာ ကျတော့ တစ်လင် တစ်မယား နဲ့ ဖွင့်တယ်။ ခုနက (၁၀) နှစ်ချတဲ့ အမှု ဆိုရင် တစ်လင်တစ်မယား ဥပဒေ နဲ့ ဖွင့်ထားတာ။ အဲဒီဟာကို ကာယကံရှင် ကလည်း မကျေနပ်တော့ အသင်းချုပ်ရော၊ ကျွန်မ တို့ရော ဝိုင်းပြီး အော်တော့ (၁၀) နှစ် ဖြစ်သွားတယ်။ အခု ဒီ (၇) နှစ်ချတဲ့ အမှုမှာ ကလေးမလေး က ဒီထက် ပိုပြီးတော့ ဖြစ်စေချင်တယ်။ (၇) နှစ်ဆိုတာ တောင် ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ ပြီးသွားမှာ ဆိုတော့ မကျေနပ်ဘူးပေါ့။ ဒီဟာ အပေါ် ဆက်လုပ်ဖို့တော့ ရှိတယ်။ ကျန်တဲ့ အမှုတွေ ကတော့ တစ်လင်တစ်မယားတွေ လည်း များတယ်။ စစွဲ ကတည်း က မုဒိမ်းမှု ပီပီပြင်ပြင် ဖြစ်လာတာ နည်းတယ်။

ငြမ်းမီဒီယာ – မုဒိမ်းမှုတွေ မှာ မသန်စွမ်း ဥပဒေ အရ အကာအကွယ်ပေးနိုင်တာ၊ ပြစ်ဒဏ် ချနိုင်တာမျိုး ရှိလား။

မဒေးဒေး – မရနိုင်ဘူး။ မေးကြည့်တော့ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ရှိပြီးသား ဆိုတော့ ရာဇသတ်ကြီးနဲ့ပဲ သွားဖို့ ပိုပြီး ဖြစ်သင့်ဖြစ်ထိုက်တယ်ပေါ့လေ။ မသန်စွမ်း ဥပဒေမှာလည်းပဲ မသန်စွမ်း အမျိုးသမီးတွေ ကို မုဒိမ်းမှု ကျူးလွန်ရင် ပြစ်ဒဏ်ချမယ့်ဟာတွေ ပြထားတာ မရှိဘူး။ ဒါပေမဲ့ ၃၇၆ နဲ့ ချပြီးတော့မှ သူ့ကိုထပ်ပြီး နာကျင်စေမှုတို့၊ တခြားနှိပ်စက်တဲ့ ဟာတွေ ပါတယ် ဆိုရင် အဲဒီဟာတွေ ထပ်ပေါင်းပြစ်ဒဏ် ကျခံစေဖို့၊ အဲဒီလိုမျိုးကတော့ ပိုဖြစ်သင့်တယ်ပေါ့။ အဲဒီလို ထောက်ပြတယ်။

တရားရုံးကတော့ တော်တော်ကြီးကို ယိုယွင်းတယ်။ နောက်ပြီးတော့ မသန်စွမ်း Awareness ကို မသိတဲ့အခါကျတော့၊ အများဆုံး ဖြစ်တာက လည်း ဉာဏ်ရည် မသန်စွမ်း က အများဆုံးဖြစ်တော့ Communication က အဆင်မပြေဘူးလေ။ မေးတာ စမ်းတာလည်း အဆင်မပြေဘူး။ အဲဒီ …

ငြမ်းမီဒီယာ – အဲဒီလိုမျိုး မသန်စွမ်းဥပဒေနဲ့ ထပ်ပေါင်းပြစ်ဒဏ်ချနိုင်ခဲ့တဲ့ အခြေအနေမျိုးရော ရှိခဲ့လား။

မဒေးဒေး – မသန်စွမ်းဥပဒေနဲ့လည်း လုပ်နိုင်ဖို့ မရှိသေးဘူး။ ၃၇၆ ထဲမှာလည်း တကယ် မုဒိမ်းမှု ဖြစ်တယ်ဆိုပြီး သေသေချာချာ အမှုတည်ဆောက်ဖြေရှင်းပေးတဲ့ အမှုမျိုးလည်း မရှိသေးဘူး။

ငြမ်းမီဒီယာ – တရားခွင်မှာရော မသန်စွမ်းသူတွေအတွက် ပြည့်စုံလုံလောက်တဲ့ အခြေခံ အဆောက်အဦ တွေ ဖန်တီးပေး ထားနိုင်ပြီလား။

မဒေးဒေး – တရားရုံးကတော့ တော်တော်ကြီးကို ယိုယွင်းတယ်။ နောက်ပြီးတော့ မသန်စွမ်း Awareness ကို မသိတဲ့အခါကျတော့၊ အများဆုံး ဖြစ်တာက လည်း ဉာဏ်ရည် မသန်စွမ်း က အများဆုံးဖြစ်တော့ Communication က အဆင်မပြေဘူးလေ။ မေးတာ စမ်းတာလည်း အဆင်မပြေဘူး။ အဲဒီအပေါ်မှာလည်း Awareness မရှိထားတော့ အမှုတွေကို နောက်တစ်ချိန်း၊ နောက်တစ်ချိန်း ခေါ်တယ်။ ဒါက ဒီနေ့ ဆက်မေးလို့ မရတော့ဘူး ဆိုပြီးတော့။ တရားရုံးမှာကိုယ်၌ ကိုက မသန်စွမ်းမှု ကို နားမလည်ဘူး။ တချို့ ဉာဏ်ရည် မသန်စွမ်းကျတော့ သာမန်လူလို့ ထင်ရတယ်။ အဲဒါမျိုးကျတော့ မသန်စွမ်း ဟုတ်၊ မဟုတ် ထောက်ခံစာ ပေးပါတို့၊ ဉာဏ်ရည် ချို့ယွင်းချက် ရှိတယ်ဆိုတာကို ဆေးစာပြပါတို့ ဆိုတာမျိုးပေါ့။ ဆေးရုံတစ်ခုခုက စိတ်ကျန်းမာရေး ဆရာဝန်က ထောက်ခံ ချက်ပေးတာမျိုးပေါ့။ အဲဒီလို မျိုးဆိုတော့ အမှုက တအားကြီးကို ခဲယဉ်းတာပေါ့နော်။ ဘာဖြစ်သွားလဲဆိုတော့ တရားရုံးစီရင်တာက ၃၇၆ မဖြစ်တော့ ဘဲ ကာမလိမ်လည်မှုထဲကိုပဲ ထည့်နိုင်တယ်။ တစ်လင်တစ်မယား ထဲကိုပဲ ထည့်နိုင် တယ်။ ပြီးရင် ပြီးရော စီရင် တာပေါ့လေ။ တရားစီရင်ရေးကတော့ လုံးဝ အဆင် မပြေဘူး။

ငြမ်းမီဒီယာ – နိုင်ငံတကာမှာရော မသန်စွမ်းနဲ့ပတ်သက်လို့ အမှုစီရင်တဲ့အခါ ဘယ်လို အထောက်အကူပစ္စည်းတွေသုံးပြီး စီရင်ကြလဲ။

မဒေးဒေး – ဖတ်ဖူးတဲ့၊ လေ့လာဖူးတဲ့ အရ ဆိုရင်တော့ မူခင်း ဆေးစာတွေ မှာလည်း ပြည့်ပြည့် စုံစုံ ဖော်ပြထားတာ ပါတယ်။ ပြီးတဲ့အခါ မသန်စွမ်းမှု ကို နားလည်တဲ့သူ၊ ဒါမှမဟုတ် မေးလို့ရတဲ့မိခင်၊ အုပ်ထိန်းသူ ကို တရားဝင်ထဲမှာ ထည့်ပြီးတော့ အကျုံးဝင်စေ တယ်။ အဲဒီဟာတွေ က သူတို့မှာ ပိုပြီး အဆင်ပြေတာပေါ့။ ကျွန်မတို့ ဆီမှာ ကတော့ သူ့ဟာသူ စကား ဘယ်လောက်ပဲ မပြောနိုင်တာပဲ ဖြစ်နေ ပါစေ၊ မိခင်ကို မမေးဘူး၊ အုပ်ထိန်းသူ ကို မမေးဘူး။ သူနဲ့ပဲ ရုံးချိန်းတွေ ကို နောက်ဆုတ်ဆုတ်သွားတယ်။

ငြမ်းမီဒီယာ – အဲဒီအချက်တွေကို ဖြည့်ဆည်းပေးဖို့ မသန်စွမ်း ဥပဒေမှာတော့ ထည့်သွင်းပြဌာန်း ထားတာ တွေ့ရတယ်။ ဒါဆိုရင် ဥပဒေက အခုထိ မကျင့်သုံးနိုင်သေးတာလား။

မဒေးဒေး – ဟုတ်တယ်။ မကျင့်သုံးနိုင်တာ။ ခုနက ပြောသလို မသန်စွမ်း သူ အများစု က လည်း သူတို့ အခွင့်အရေး ဘာရှိတယ် ဆိုတာကို လည်း မသိဘူး။ မတိုင်လို့ မဖြစ်လို့၊ အင်မတန် ခံပြင်းစရာ ဖြစ်မှသာ တိုင်ကြ တာ။ သာမန်သာ ဆိုလို့ရှိရင် မတိုင်ကြတာမျိုး ရှိတယ်။ သွားရေး၊ လာရေး၊ တခြား အခက်အခဲတွေကတော့ ရှိတာပေါ့။ ရွာထဲရှိတဲ့သူ၊ တခြားသော နားလည် သူတွေက ဝိုင်းဝန်း ပြီးတော့ တရားရေး သွားတဲ့ အခါ စီစဉ်ပေးရတာပေါ့။ ဥပဒေအရတော့ သူတို့လည်း ကိုယ်တိုင်မသိဘူး။ မသိတဲ့အခါကျတော့ ထောက်ပံ့မှုတွေလည်း မလုံလောက်ဘူး။

ငြမ်းမီဒီယာ – နည်းပညာတွေ၊ ဘဝနေထိုင်မှု ပုံစံတွေပြောင်းလဲ လာတယ်။ ခေတ်မီလာတယ်။ ဒီလိုပြောင်းလဲမှုတွေက မသန်စွမ်းတွေ အပေါ် ဘယ်လောက် အကျိုးပြုလဲ၊ ဆိုးကျိုးရော ရှိလား။

မဒေးဒေး – ဆိုးကျိုးလည်း ရှိတယ်။ ကောင်းကျိုးလည်း ရှိတယ်။ ဆိုးကျိုးကို နမူနာပြောရရင် အထူးသဖြင့် မသန်စွမ်းမိန်းကလေးတွေ အများစု ကျတော့ Community ထဲမှာလည်း ပစ်ပယ်ခံရတော့ အခု ဖုန်းတွေပေါ လာတော့ ဖုန်းသုံးကြတယ်။ ဒါပေမဲ့ တချို့ လူမှုရေးကိစ္စတွေ ကို နားမလည်ဘူး။ ဖုန်းထဲမှာ လာစကားပြောတယ်။ ချစ်တယ်၊ ကြိုက်တယ်ပေါ့နော်။ ပြီးလည်း ပြီးရော လက်ခံတယ်။ လက်ခံလည်းပြီးရော နောက်ဆုံး အဆင့်မှာ ကလေးမလေး က ကိုယ်ဝန်ရပြီးတော့ အဲဒီလူက ပျောက်သွားတယ်ပေါ့။ ဒါမျိုးက မကောင်းတာပေါ့။ အထူး သဖြင့် နားမကြားသူတွေပေါ့။ သူတို့က Text Message ကို တအား အသုံးပြုတယ်။ Text က သူတို့ရဲ့ အဓိက Language ပဲ။ အဲဒီမှာ လည်း Sexual Abuse တွေပေါ့။ အပြောအဆိုတွေပေါ့။ ဒါက မကောင်းတာ ပေါ့နော်။ ကောင်းတဲ့ဘက်ကလည်း ဘာရှိလဲဆိုတော့ Social Media တွေဖြစ် လာတဲ့ အခါကျတော့ တင်လိုက်ကြတယ်ပေါ့ သတင်း တွေ။ ဘယ်သူက ဘာဖြစ်တယ်ပေါ့။ မြန်မြန်ဆန်ဆန် လူသိ လွယ်သွားပြီး ကူညီပေးနိုင်တဲ့သူနဲ့ တွေ့တယ်ပေါ့။ ဒါက ကောင်းကျိုး။ ဒီနှစ်ခုကတော့ ဒွန်တွဲနေတယ်။

ငြမ်းမီဒီယာ – ဒါဆို မသန်စွမ်းတွေအတွက် လိင်အသိပညာပေးမှု၊ Social Media နဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေ လုပ်ဖို့ လိုပြီလား။

မဒေးဒေး – အဲဒီအခြေအနေ ရောက်ပါပြီ။လိင်ပညာပေးကို သေသေ ချာချာလည်း သိဖို့လိုလာပါပြီ။ဘာဖြစ်လို့လဲ ဆိုတော့ တချို့ မိန်းကလေး တွေ က သူ့ရဲ့ခံစားမှု က ဘာလဲဆိုတာ သေသေချာချာ မပြောနိုင်ဘူး။ ဖုန်းထဲမှာတွေ့ပြီးတော့မှ အပြင်မှာလက်ခံတယ် ဆိုတာ သူတကယ် သာယာ လို့လားပေါ့။ ကျွန်မတို့က ပွင့်ပွင့်လင်းလင်းပြောရရင် သူ့အတွက် အခွင့် အရေး နစ်နာလို့ လိုက်လုပ် ပေးတာလေ။ ဒါပေမဲ့ တချို့ တရားရေးမှာ တခြားရှုထောင့် က မေးတဲ့အခါ သူက စိတ်ပါလို့လား၊ သာယာ လို့လားဆိုတဲ့ ဟာမျိုး ဆိုလို့ရှိရင် မိန်းကလေးဘက် က ပိုပြီး နစ်နာတာပေါ့လေ။ လိင်ပညာပေးရေးကို သေသေချာချာ လုပ်သင့်တယ်။ သူတို့တွေ အတွက်ရနိုင်တဲ့ Information ကို အမြဲတမ်း ထည့်ပေးနေ တာမျိုး၊ ဒီလိုမျိုး Group လေးတွေ လုပ်ပေးဖို့ လိုတာပေါ့။

ငြမ်းမီဒီယာ – အစီရင်ခံစာထဲမှာတော့ ဆင်းရဲနွမ်းပါးသူနဲ့ ကျေးလက်ဒေသက များတယ်။ Social Media ကို အသုံးပြုပြီး ပြုကျင့်ခံရတာ မတွေ့ရဘူး။ တခြား ရထားတဲ့ အထောက်အထားတွေ အရရော အဲဒီလို အမှုတွေ ဘယ်လောက်များများ ရှိနေလဲ။

မဒေးဒေး – အပြင်မှာကတော့ အမှုလိုက်ရင်းနဲ့ တွေ့ခဲ့ရတဲ့ တစ်မှုပေါ့။ ဒါက သွားရင်းလာရင်းနဲ့ တွေ့ရတာပေါ့။ မတွေ့ဘဲ၊ မမြင်ရဘဲ ဖြစ်နေ တာတွေလည်း ရှိနေနိုင်တယ်။မသန်စွမ်းမှုကို အသုံးချပြီးတော့ ကြောက်ကလည်း ကြောက်တယ် ဆိုတော့ အလိုတူလို့ လက်ခံ တာ လား၊ ကြောက်လို့ လက်ခံတာလား၊ ဘာမှမေးလို့မရဘူးပေါ့။ အဲလိုမျိုး နဲ့ ကောင်မလေးတွေ က ကိုယ်ဝန် ရှိသွားပြီးတော့ ဘဝအခက်အခဲဖြစ်ကုန်ကြတာ။ တော်တော်များများ ရှိနေနိုင်ပါတယ်။ ဒီ (၂၅) မှုထဲမှာတော့ မပါဘူး။ သူက အမှု မဖွင့်ဘဲ ကျေအေးလိုက်တော့။

ငြမ်းမီဒီယာ – အစီအရင်ခံစာ တွေ့ရှိချက်တွေ ကို မူတည်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဘာတွေများ အကြံပြုချင်လဲ။

မဒေးဒေး – အဓိက အကြံပြုချက် ပေးချင်တာကတော့ အစိုးရဘက်ကိုပါ။လူမှုဝန်ထမ်းသည်မသန်စွမ်း သူတွေရဲ့ မိခင် အဖွဲ့အစည်း လို့တောင် ပြောလို့ ရပါတယ်။ လူမှုဝန်ထမ်းသည် မြို့နယ်တိုင်း မှာ ရုံးခွဲတွေရှိတယ်။ လူတွေ ရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်း မကြည့်နိုင် ဘူးပေါ့။ အခုဆိုရင် အဖိုးအရင်းက မုဒိမ်းကျင့်ထားတဲ့ အမှုပေါ့နော်။ ကျွန်မတို့က ဒီဘက်မှာ တိုင်ပေးနေပြီ။ လူ့အခွင့်အရေး ကော်မရှင်ကလည်း သွားကြည့်နေပြီ။ နောက်ဆုံး ကျတော့ လူမှုဝန်ထမ်း က ဆင်းကြည့်တော့ Case Manager က ပြောတာပေါ့။ မိသားစုက မတိုင်ချင်ဘူးပေါ့။ မိသားစုက မတိုင်ချင်ဘူးဆိုရင်တောင် ဒီအဖွဲ့အစည်းအနေနဲ့ Department to Department ပေါ့။ အများကြီး Power ရှိပါတယ်။ အဲလိုမျိုးတွေ မလုပ်သင့်ဘူးပေါ့။ တာဝန် ယူစေ့ချင်တယ်ပေါ့လေ။

ငြမ်းမီဒီယာ – တခြား ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

မဒေးဒေး – ကျွန်မက Rape Case တွေကို အထူးသဖြင့် ကိုင်တွယ်ရတာ ဖြစ်တဲ့အတွက် ဒီ Rape Case ကို လျှော့ချဖို့တော့ အားလုံး ဝိုင်းကြိုးစားမှပဲ ဖြစ်တော့မယ်။ ကျွန်မတို့ ဒီအစီရင် ခံစာကို အခြေခံပြီး တော့ ဆက်ပြီး သုတေသန လုပ်မယ့်သူတွေလည်း ပေါ်ထွက်စေ ချင်တယ်။ အခုက ကျွန်မတို့က ဘာလုပ်နေတာလဲဆိုတော့ ဖြစ်လာမှ ကျူးလွန် ခံရသူကို စောင့်ကြည့် ကူညီတာမျိုးပဲ လုပ်နေတာ။ တကယ်တမ်း လျှော့ချဖို့ဆိုတာက ကျူးလွန်တဲ့သူ၊ ဖြစ်တတ်တဲ့ အလေ့အထ တွေကို သိနိုင်အောင် သူတို့ သိနိုင်၊ မြင်နိုင်မယ့် နည်းလမ်းတွေနဲ့ ပြည်သူတွေရဲ့ အခြေခံ Knowledge တွေကို မြှင့်တင်ပေးဖို့ လိုပါတယ်။ ဖြစ်ပြီးတော့မှ သွေးဆူပြီး သတ်၊ ဘာညာထက် စာရင် မဖြစ်ခင်ကတည်းက ကြိုတင်ပြီး သိထားအောင်၊ ခွဲခြားနိုင်အောင် လုပ်ဖို့ လိုတယ်။ အဲဒီဟာကို စပြီး လုပ်ဖို့ လိုနေပြီ။ စပြီး အရှိန်ကောင်းကောင်းနဲ့ လုပ်ဖို့ လိုနေပါပြီ။ ဒါမှပဲ မုဒိမ်းမှုတွေကို လျှော့ချဖို့ ဖြစ်နိုင်မယ်။ ပျောက်သွားဖို့ကတော့ မဖြစ်နိုင်ပါဘူး။

ငြမ်းမီဒီယာ – အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,