သမ္မတ(ငြိမ်း)ဦးသိန်းစိန် အား ဂါရဝပြုပွဲတွင် ရိုဟင်ဂျာလက်မခံ၊ဂမ်ဘီယာ လှည့်ပြန် ထုတ်ဖော်မှုပြုလုပ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် အား ဂါရဝပြုပွဲတွင် တက်ရောက်လာသူများက ရိုဟင်ဂျာလက်မခံ၊ ဂမ်ဘီယာလှည့်ပြန် လက်ကြက်ခြေခတ်အမူအရာဖြင့် ထုတ်ဖော်မှုတစ်ရပ်ကိုပြုလုပ်ခဲ့သည်။

USDP / သမ္မတ(ငြိမ်း)ဦးသိန်းစိန် ဂါရဝပြုပွဲအခမ်းအနား

လက်ကြက်ခြေခတ်ထုတ်ဖော်မှုသည် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်းအား တုံ့ပြန်ခြင်း အပြင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဟု သုံးနှုန်းသည်ကိုလက်မခံခြင်းနှင့် ဂမ်ဘီယာနိုင်ငံ၏လုပ်ရပ်အား ရပ်တန့်ရန် တုံ့ပြန်သည့်အနေဖြင့် ယင်းထုတ်ဖော်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

USDP / ရိုဟင်ဂျာလက်မခံ၊ ဂမ်ဘီယာလှည့်ပြန် လက်ကြက်ခြေခတ်ထုတ်ဖော်မှုလုပ်

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် အား ဂါရဝပြုပွဲကို နေပြည်တော်၊ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် ယနေ့ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ (၃၂၀၀) တက်ရောက်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်က ဆိုသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

USDP / သမ္မတ(ငြိမ်း)ဦးသိန်းစိန် ဂါရဝပြုပွဲအခမ်းအနား

အဆိုပါ ပွဲတွင် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် က ၂၀၂၀ တွင် အထွေထွေရွေးကောက်ပွဲရှိပြီး မဲပေးသည့် အခါတွင် ပါတီ၏မူဝါဒအပြင် လူပုဂ္ဂိုလ်ကိုလည်း ကြည့်ရမည်ဖြစ်ပြီး ကိုယ်ကျင့်တရား၊ထိုက်သင့်သည့် ပညာအရည်အချင်း၊ တိုင်းပြည် အကျိုး၊ကိုယ့်ဒေသအကျိုး သယ်ပိုးနိုင်သူ ဖြစ်ဖို့လိုကြောင်းနှင့် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာနှင့် ကိုယ့်တပ်မတော်ကို ကာကွယ်စောင့်ရှောက်လိုစိတ် ရှိသူဖြစ်ဖိုလိုကြောင်း တိုက်တွန်းပြောကြားသွားသည်။

USDP / ရိုဟင်ဂျာလက်မခံ၊ ဂမ်ဘီယာလှည့်ပြန် လက်ကြက်ခြေခတ်ထုတ်ဖော်မှုလုပ်

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် အား ဂါရဝပြုပွဲကို ၂၀၁၆ ခုနှစ်တွင်စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် လေးကြိမ်မြောက်ဖြစ်သည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,