သရုပ်ဆောင် တွေရဲ့ ဓာတ်ပုံကို အသုံးပြုပြီး လုပ်ကြံထားတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သည်တစ်ခါ ပြောပြလိုတာကတော့ သရုပ်ဆောင်တွေရဲ့ ဓာတ်ပုံကို အသုံးပြုပြီး လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံ တစ်ပုံအကြောင်း ဖြစ်ပါတယ်။

သည်ဓာတ်ပုံမှာ ဒါရိုက်တာ/သရုပ်ဆောင် ကိုပေါက်အပါအဝင် အခြားနာမည်ကျော် သရုပ်ဆောင် အမျိုးသမီး၊အမျိုးသား တွေ လည်း ပါဝင်တာ တွေ့ရပါတယ်။

သည်ဓာတ်ပုံထဲမှာ သရုပ်ဆောင်တွေ ကိုင်ဆောင်ထားတဲ့ ပိုစတာမှာ ” ဆင်းရဲခြင်းလွတ်ကင်းအောင် ဒေါင်းစုတ် ရှောင်ပါမည် “ ဆိုတဲ့ စာသားဟာ သတင်းအမှား ဖြန့်ချိသူရဲ့ လုပ်ကြံဖန်တီးထားချက် သာ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည်ဓာတ်ပုံကို Htet Khon လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့် က အမျိုးဘာသာ၊သာသနာထွန်းတောက်စေဖို့ ဝိုင်းဝန်းကူညီကြပါစို့ ” ဆိုတဲ့ ဂရုထဲမှာ ဖြန့်ချိထားတာတွေ့ရပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

Htet Khon လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့် ဟာ လုပ်ကြံဖန်တီးထားတဲ့ သည်ဓာတ်ပုံကို ဇူလိုင်လ(၁) ရက်နေ့ ကတည်း က ဖြန့်ချိခဲ့တာဖြစ်ပြီး သည်နေ့အထိ သည် ဓာတ်ပုံကို ထပ်ဆင့်ဖြန့်ချိသူတွေ ရှိတာတွေ့ရပါတယ်။

သည် သတင်းဓာတ်ပုံ ဟာ မတ်လ(၁၅) ရက်နေ့က ရွှေတိဂုံဘုရားရင်ပြင်တော်မှာ ပြုလုပ်ခဲ့တဲ့ ဒါရိုက်တာကိုပေါက်ရဲ့ အပျိုရောင်ည ရုပ်ရှင် ကန်တော့ပေးပွဲ ဖြစ်ပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

Htet Khon ဖေ့စ်ဘွတ်အကောင့်ဟာ USDP ထောက်ခံသူ အကောင့်တစ်ခုဖြစ်ပြီး လူမျိုးရေး၊ဘာသာရေး လှုံ့ဆော်ထားမှုကို အခြေခံတဲ့ သတင်းအတု၊ သတင်းအမှားတွေကို တင်လေ့ရှိ တာကိုလည်း တွေ့ရှိရပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,