သာမန်အချိန်မှာတောင် ကူးစက်ရောဂါတွေကို အကျဉ်းထောင် ထဲမှာ မတားဆီးနိုင်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KAMK / AAPP ၏ ပြည်တွင်းတာဝန်ခံ ဦးအောင်မျိုးကျော်

အကျဉ်းထောင်၊အကျဉ်းစခန်း နှင့် အချုပ်ခန်းများတွင် COVID – 19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရန် နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုင်ငံတော်အစိုးရ အား အလေးအနက် အကြံပြုတိုက်တွန်းသည့် ကြေညာချက် တစ်စောင် ကို ယနေ့ ထုတ်ပြန်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အကျဉ်းထောင်များ တွင် အကျဉ်းသားဦးရေ ထူထပ်လျက်ရှိခြင်း သည် အလွန်စိုးရိမ်ရ သည့် အချက်ဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရခြင်း၊ အာဟာရမပြည့်ဝခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အတွက် လုံလောက်သည့် ဝန်းကျင် မရှိခြင်းတို့ကြောင့် တစ်စုံတစ်ဦး ကူးစက်ခံရပါက အခြားသူများကို မကူးစက်ရန် အတွက် ကာကွယ် ရန် အလွန်ခဲယဉ်းမည် ဖြစ်ပြီး တမဟုတ်ချင်း ကူးစက် ပျံ့ပွား သွားမည် ဖြစ်ကြောင်း အေအေပီပီ ၏ ကြေညာချက် တွင် ဖော်ပြထားသည်။ အဆိုပါအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ ပြည်တွင်းတာဝန်ခံ ဦးအောင်မျိုးကျော်ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်း ခဲ့ပါသည်။

ငြမ်းမီဒီယာ – အကျဉ်းထောင်တွေမှာ COVID – 19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အစိုးရကို အကြံပြုတိုက်တွန်းတဲ့ ကြေညာချက် ကို AAPP က ဒီနေ့ ထုတ်ပြန်တာတွေ့ရပါတယ်။ အဲဒီတော့ အခုအကြံပြုတိုက်တွန်းချက်တွေကို အကျဉ်းဦးစီး ဌာနတွေကရော လုပ်ကိုင်ဆောင်ရွက်နိုင်ပါ့မလား။

UAMK – ကျနော်တို့ကတော့ လုပ်ဖို့အတွက် ကျနော်တို့က တိုက်တွန်း တာလေ။ ကျနော်တို့ တိုက်တွန်းတဲ့အချက် က မလုပ်နိုင် စရာ အကြောင်းတော့ မရှိပါဘူး။ လုပ်ခြင်း၊မလုပ်ခြင်းကတော့ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့ပဲ ဆိုင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – နိုင်ငံရဲ့ အခြေအနေအရရော၊ နောက်ပြီးတော့ အကျဉ်းထောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု မှာ အားနည်းချက် အများကြီး ရှိတော့ အခုဖြစ်နေတဲ့ အခြေအနေတွေကို ၊မဖြစ်အောင် ရော ကာကွယ်နိုင်မယ် လို့ ယူဆသလား။

UAMK – တကယ်ဖြစ်လာပြီဆိုရင် အကျဉ်းထောင်ထဲမှာ ကာကွယ်မှုတွေ မလုပ်နိုင်မှာ စိုးတဲ့ အတွက် ကျနော်တို့ က အကြံပြု တိုက်တွန်းတဲ့ စာ ထုတ်လိုက်တာ။ သာမန်အချိန်မှာတောင် ကူးစက်ရောဂါတွေကို အကျဉ်းထောင်ထဲမှာ တားဆီးနိုင်တယ် ဆိုတာ မရှိသလောက်ပဲ။ မတားဆီးနိုင်ဘူးပေါ့။ အခုလို ကမ္ဘာ့ ကပ်ရောဂါနဲ့ ဖြစ်လာမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ အကျဉ်းထောင် ထဲမှာ တားဆီးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ အကျဉ်းသားတွေ အတွက် စိုးရိမ်တယ်။ ဒီလိုစိုးရိမ်တဲ့ အတွက်ကြောင့် လည်း ဒီကြေညာချက် ကို ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – လူစုလူဝေး မလုပ်ဖို့ အစိုးရက ထုတ်ပြန်ကြေညာ တာတွေ ရှိတယ်။ ဒါပေမယ့် အကျဉ်းထောင် ထဲမှာ လူတွေ အများကြီး နေရတဲ့ အဆောင်တွေ ရှိမယ်။ တိုက်တွေက တော့သီခြား နေရတာပေါ့။ အဆောင်မှာ ရှိတဲ့ လူဦးရေက တော်တော် များများ ရှိတော့ ထောင်အပြင်ဘက် သက်ဆိုင်ရာ ရုံးထုတ်တွေကို သွားရတာမျိုးမှာ ဖြစ်လာရင် ကူးစက်နိုင်ခြေ က တအားများ တော့ ဒီအပေါ်မှာ ရော ဘာများ ပြောချင်လဲ။

UAMK – ကျနော်တို့ ကြေညာချက်မှာ လည်း ဒါကို အကြံပြု ထားပါတယ်။ အဓိက ကတော့ အကျဉ်းထောင် က အုတ်ရိုး ခတ်ထား၊ ကာထားတဲ့ အတွက် အကျဉ်းထောင်ထဲ က အကျဉ်းသားက နေ စပြီးတော့ ဖြစ်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့်လည်း နေ့တဓူ၀ ရုံးထွက်နေတဲ့ အချုပ်သားတွေ ရှိတယ်။ နောက် အကျဉ်းထောင်မှ မဟုတ်ဘူး ရဲစခန်း အချုပ်တွေ ၊တရားရုံး အချုပ်တွေမှာ နေ့တဓူ၀ ရုံးထွက်နေရတာတွေ ရှိတယ်။ အဲဒါတွေ အတွက်ကို အခုချိန်မှာ စနစ်တကျ ကာကွယ်တားဆီးရေး လုပ်ငန်းတွေ လုပ်ဖို့ လိုအပ်တယ်။ သူတို့ကို လက်ဆေး ခိုင်းတာ မျိုးတွေ ၊အပူချိန်တိုင်းတာမျိုးတွေ လုပ်ပေးဖို့ လိုအပ်တယ်။ ပြီးတော့ တရားရင်ဆိုင် နေရတဲ့ အချုပ်သားတွေမှာ အာမခံပေးနိုင် တဲ့ ကိစ္စတွေကို အမြန်ဆုံး အာမခံပေးပြီး အိမ်တွေကနေ တရားရုံး ရုံးချိန်လာဖို့ ကျနော်တို့ အကြံပြုထားတယ်။ အကျဉ်းထောင်ထဲမှာ ရုံးထွက်နေတဲ့ အချုပ်သားတွေ တင် မဟုတ်ဘူး၊ မိသားစုက ထောင်ဝင်စာလာတွေ့တာ တွေရှိတယ်။ ပြီးတဲ့ အခါကျတော့ အပြင်နဲ့ အတွင်းကို အမြဲတမ်းဝင်ထွက်နေတဲ့ အကျဉ်းထောင် ဝန်ထမ်းတွေ ရှိတယ်။

လွတ်ပေးသင့်တဲ့ အကျဉ်သားတွေ၊ အချုပ်သား တွေကို အမြန်ဆုံး လွတ်ပေးဖို့ ဒါတွေကို ကျနော်တို့ တိုက်တွန်းထားပါတယ်။ ဒါက နိုင်ငံတော်သမ္မတရဲ့ …

သူတို့တွေ ကို လည်း အဝင်ထောင်ဗူး၀ မှာကတည်းက လက်ဆေးခိုင်းတာ၊ အပူချိန်တိုင်းတာ ဒါတွေကို စနစ်တကျ ဆောင်ရွက်သင့် တယ်လို့ ကျနော်တို့ အကြံပြုထားတာ။ဒါမှသာ လျင် အကျဉ်းထောင်ထဲကို ကူးစက်ရောဂါ မရောက်သွားမှာဖြစ်တယ်။ ဒီအတွက် ကြောင့် ကျနော်တို့ က အတတ်နိုင်ဆုံး လုပ်နိုင်သလောက် ကြိုးစားပြီး အခုချိန်ကတည်းက ကာကွယ်ရေး စီမံချက်တွေကို ဆောင်ရွက်သင့် တယ်လို့ ကျနော်တို့ အကြံပြုထားတယ်။ ပြီးတဲ့ အခါကျတော့ ကပ်ရောဂါနဲ့ ပတ်သက်ပြီး အသိပညာပေးတွေကို အကျဉ်းထောင်တွေ ထဲမှာ လုပ်သင့်တယ်။ အကျဉ်းထောင်တွေတင် သာ မက တရားရုံးအချုပ်၊ ရဲစခန်းအချုပ်တွေမှာပါ ဒီကိစ္စတွေ ကို အမြန်ဆုံး ဆောင်ရွက်သင့်တယ်လို့ ကျနော်တို့ က အကြံပြု ထားတာပါ။

ငြမ်းမီဒီယာ – အခုထိတော့ အကျဉ်းထောင်တွေမှာ၊ အချုပ်ခန်းတွေ မှာ ဒီလိုကာကွယ်မှုတွေ လုပ်လား၊ မလုပ် လား ဆိုတာ ကျနော်တို့ မတွေ့ရသေး၊မသိရသေးပါဘူး။ ကုမ္ပဏီတွေ၊စက်ရုံတွေမှာတော့ ဝန်ထမ်းတွေကို အဖျားတိုင်းတာ၊လက်ဆေးဖို့ သတိပေးတာတွေ တွေ့ရပါတယ်။ အဲဒီတော့ အခု အပြင်ကနေ အလွယ်တကူ ကူးစက် လာနိုင်တဲ့ အချုပ်သား ရုံးထွက်တွေကို အခုချိန်မှာ ခေတ္တ ရပ်နားလို့ မရနိုင်ဘူးလား။ ဘယ်လိုယူဆလဲဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UAMK – ရပ်နားဖို့ဆိုတာတော့ ကျနော်တို့ ပြောလို့မရတဲ့ ကိစ္စ။ ဒါက တရားစီရင်ရေးနဲ့ဆိုင်တယ်။ ပြီးတဲ့ အခါ ကျတော့ အာမခံ ပေးနိုင်တဲ့ အမှုတွေကို အမြန်ဆုံး အာမခံပေး၊ အပြင်ကနေ တရားရင်ဆိုင်တာ လုပ်ဖို့၊ တရားရုံး တွေမှာ၊ ရဲစခန်းတွေမှာ လက်ဆေး တဲ့ ကိစ္စ၊ အပူချိန်တိုင်းတဲ့ကိစ္စတွေ စီမံဆောင်ရွက်ဖို့ လိုအပ်တယ်။ ပြီးတဲ့ အခါကျတော့ နိုင်ငံတော်သမ္မတ ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အဲဒါတွေကို အမြန်ဆုံး စီစစ်ပြီးတော့ လွတ်ပေးသင့်တဲ့ အကျဉ်သားတွေ၊ အချုပ်သား တွေကို အမြန်ဆုံး လွတ်ပေးဖို့ ဒါတွေကို ကျနော်တို့ တိုက်တွန်းထားပါတယ်။ ဒါက နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်ထဲမှာရှိတယ်။ လွတ်ငြိမ်းချမ်းသာ ခွင့် ပေးလို့ရ တယ်။ ဒီဟာတွေကို အမြန်ဆုံးစီစစ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်မယ်ဆိုရင် COVID – 19 ကို ကာကွယ် တားဆီးတာ ဖြစ်သလို အကျဉ်းထောင်ထဲမှာ ဖြစ်နေတဲ့ လူဦးရေအဆမတန်များပြားနေတဲ့ ကိစ္စကို တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်မယ်လို့ ကျနော်တို့ အကြံပြုထားတာပါ။

ငြမ်းမီဒီယာ – အခုလောလောဆယ်တော့ COVID – 19 ကို ဒီနိုင်ငံ မှာ မတွေ့သေးဘူးပေါ့။ အခု AAPP ရဲ့ အကျဉ်းထောင်တွေ မှာ COVID – 19ကာကွယ်တားဆီရေး အကြံပြု တိုက်တွန်းချက် တွေကို သက်ဆိုင်တဲ့ အကျဉ်းဦးစီးဌာနတွေ အနေနဲ့ ဘယ်လောက် ထိ အမြန်ဆုံးဆောင်ရွက်သင့် သလဲ။ဘာပြောချင်သလဲ။

UAMK – အမြန်ဆုံးကို ဆောင်ရွက်သင့်ပါတယ်။ နေ့မဆိုင်း ၊နေ့မကူးဘဲ နဲ့ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သင့် တယ်။ ဒီကိစ္စက အချိန်ဆိုင်းနေရမယ့် ကိစ္စမဟုတ်ပါဘူး။ အကျဉ်သားတွေ ဆိုတာလည်း လူတွေ ဖြစ်တယ်။ အကျဉ်းထောင် ဝန်ထမ်းတွေ ဆိုတာလည်း လူတွေ ဖြစ်တယ်။ သူတို့အတွက်လည်း ကျနော်တို့စဉ်းစားပေးပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။

ငြမ်းမီဒီယာ – တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို အကျဉ်းသူ၊ အကျဉ်းသား အရေအတွက်ဘယ်လောက် ရှိမလဲဗျ။

UAMK – တစ်သိန်းဝန်းကျင်ရှိပါတယ်။ တစ်နိုင်ငံလုံးပါ။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

အကျဉ်းထောင်များတွင် COVID -19 ကြိုတင်ကာကွယ်နိုင်ရန် အကြံပြု တိုက်တွန်းချက်များ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,