သာသနာရေးဝန်ကြီး အခြေအနေမကောင်း ဆိုတဲ့ သတင်းအမှားဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဟော…ဖြစ်ပြန်ပြီ နောက်တစ်ယောက် မျိုးတုံးတော့မယ် ခေါင်းစဉ်နဲ့ အစချီထားတဲ့ သာသနာရေးဝန်ကြီး အကြောင်း ဖြန့်ချိထားတဲ့ သတင်းတစ်ပုဒ် အကြောင်း ပြောပြလိုပါတယ်။

သည်သတင်းကို အောင်အောင် လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် က ” ထမိန်ခြုံများအား နှိပ်ကွပ်ရေး မျိုးချစ်တပ်ပေါင်းစု ” ဆိုတဲ့ ဂရုထဲမှာ ဖြန့်ချိထားတာပါ။ (သည်နေရာမှာ ကြည့်နိုင်ပါတယ်) (web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်)

သည်သတင်းကို ပြန်လည် မျှဝေသူ၊မှတ်ချက်ပေးသူ နဲ့ React ပြုသူတွေ ရှိတာကိုလည်း တွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည် သတင်းနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က သတင်း အမှား၊ အမှန် အချက်အလက်စစ်ဆေးခဲ့ရာမှာ သည်သတင်းမှာ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ ၂၀၁၅၊ ဇူလိုင်လ(၂၅) ရက်နေ့က မြန်မာသံတော်ဆင့် သတင်း ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံ ကို ပြန်လည် ဖြတ်တောက်ပြီး အသုံးပြုထားတာကိုတွေ့ရပါတယ်။ (မြန်မာသံတော်ဆင့် သတင်းဖော်ပြချက်ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်) (web archive ကို သည်နေရာမှာ  ကြည့်နိုင်ပါတယ်)

 

SS/ မြန်မာသံတော်ဆင့် သတင်းဖော်ပြချက်

” အဲဒီ သတင်းက လုံးဝမှားပါတယ်။ သာသနာရေးဝန်ကြီး က အခုလက်ရှိ ရုံးမှာ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ လှုပ်ရှားမှုသတင်းတွေကို သတင်းစာထဲမှာ၊ ဝက်ဘ်ဆိုဒ်မှာ ကျနော်တို့တင်ပါ့မယ်။ အခု ဖြန့်နေကြတာ က သတင်းအမှားတွေပါ ” လို့ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်း က ငြမ်းမီဒီယာ ကို အတည်ပြု ပြောကြားပါတယ်။

သာသနာရေး တာဝန်ရှိသူရဲ့ အတည်ပြုချက် အချက်အလက်တွေ အပြင် လုပ်ငန်းစဉ်တွေနဲ့အညီ ဖော်ပြတဲ့ သတင်းဌာနတွေမှာလည်း သာသနာရေးဝန်ကြီး ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းတစ်စုံတစ်ရာ ဖော်ပြတာမျိုးလည်း မရှိပါဘူး။ ဒါကြောင့် သည် သတင်းဟာ သတင်းအမှား (အမှား) သာ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,