သာသနာအဆောက်အဦ မဖျက်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ အကြောင်းကြားထားတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KBB / ဦးဇော်မင်း(ခ)ဦးဘောင်းဘောင်း

ဆရာတော်ကတော့ အများသူငါ ရေစက်ချလှူဒါန်းထားတဲ့ သုဓမ္မာဂိုဏ်းပိုင်ဖြစ်တဲ့ကျောင်းရဲ့ ဘယ်အစိတ်အပိုင်းမှ ဖျက်ပေးမှာ မဟုတ်သလို ဒါယကာ၊ ဒါယိကာမ တွေလည်း ဆရာတော်နဲ့ ထပ်တူပါ…

ပဲခူးတိုင်းဒေသကြီး ဥသာမြို့သစ်၊(၈) ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ မြေနေရာ ပေါ်တွင် အများသူငါ အလှူဖြင့် သာသနိက အဆောက်အဦ များနှင့် သိမ်တို့အား တည်ထား ခဲ့ပါသည်။အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား           ဝန်ကြီး ဌာနတွင် တာဝန် ထမ်းဆောင် နေသည့်အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် (အငြိမ်းစားဗိုလ်မှူးကြီး)သည်၎င်း ရရှိပြီး ဖြစ်သော မြေချပါမစ်ကို ကိုင်စွဲလျှက် ကိုယ်စားလှယ်ဖြင့် ကျောင်းထိုင်ဆရာတော်အားတရားစွဲခဲ့သည်။အဆိုပါ သာသနိက အဆောက်အဦ တို့သည် သုဓမ္မာဂိုဏ်းသို့ လှုုဒါန်းထားပြီးဖြစ် ပါသည်။သို့သော် ကျောင်းထိုင် ဆရာတော်၏ မြေတရားဝင် မှုဆိုင်ရာ အားနည်းချက်ကြောင့် ဖျက်သိမ်းဖယ်ရှားခံရဖွယ် အခြေအနေသို့ရောက် ရှိနေပါသည်။အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး လိုက်လံ ကူညီဆောင်ရွက် ပေးနေသူ မဟော်သဓာဥပဒေထောက်ကူပြုအဖွဲ့ (ပုသိမ်)       ရုံးအဖွဲ့မှူး ဦးဇော်မင်း(ခ) ဦးဘောင်းဘောင်း ကို  ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – အခုဖြစ်နေတဲ့မြေကိစ္စနဲ့ပတ်သက်ပြီး အကျဉ်းချုပ်လေးပြောပြပေးပါလားခင်ဗျ။

KBB – ဆရာတော်ဦးသုမင်္ဂလ က ဒီမြေကို ၂၀၀၅မှာစ ပြီးကျောင်းဆောက် ထိုင်ဖြစ်တယ်။ အဲဒီတုန်းက ခုလိုလမ်း မပေါက် သေးဘူး။ တောကြီးကို ရှင်းပြီး၊မီးမရှိ၊ ရေမရှိ သီတင်း သုံးတယ်။ (၂၀၀၉)ကစလို့ ကျောင်းကို ရပ်ကွက်မှ တိုင်းထိ သံဃာ့နာယက အဆင့်ဆင့်က အသိအမှတ်ပြုတယ်။ ဒါပေမဲ့ ဆရာတော်က သာသနာ့မြေ လျှောက်တာ မရှိထားဘူး။(၂၀၁၂)မှာ နိုင်ငံတော် သဃာ့ မဟာနာယကအဖွဲ့က ကျောင်းကို ပြန်တမ်းဝင်အသိအမှတ် ပြုထားတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးမျိုးအောင်ဆီကိုလည်း မေတ္တာရပ်ခံစာ ပို့ထားတယ်။စိုးရိမ်တာက ဝရမ်းကျပြီး ပဲခူးမှာဖြစ်လေ့ရှိတဲ့ လူမိုက်တွေ ည အချိန်မတော် အပြီးရှင်းလိုက်မှာ …

ငြမ်းမီဒီယာ – အဲဒီတော့ ဗိုလ်မှူးကြီးမျိုးအောင် (အငြိမ်းစား)က ဘုန်းတော်ကြီးကျောင်းတည် ထားတဲ့ဒီမြေကို ဘယ်လိုကြောင့် ပါမစ်ရ သွားတာလဲ။

KBB – ၂၀၁၄မှာ ပဲခူး မြို့ရှောင် လမ်းဖေါက်၊ စက်မှုဇုန်လုပ်တော့ မြေကွက်တွေရဲ့ ပကတိ မြေပြင်တည်ရှိမှုကို မျက်ကွယ်ပြုပြီး ချထား တယ်။အဲဒီတုန်းက တိုင်းဒေသကြီးအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သန်း ကမြေကွက်တွေ စိတ်ကြိုက် ချပေးတယ်။ အဲဒီမှာ ဒီကျောင်းရှိတဲ့နေရာကို ဦးမျိုးအောင် ပါမစ်ရသွားပြီး ၂၀၁၅မှာ ဆရာတော်ကို တရားစွဲတာကနေ အခုအခြေအနေထိ ဖြစ်လာတာ။

ငြမ်းမီဒီယာ – ဟုတ်ကဲ့ခင်ဗျ။ အခုတရာစွဲခံထားရ တော့ ကျောင်းတည်ရှိမှုအခြေအနေကရော ဘယ်လိုဖြစ်လာမလဲဗျ။

KBB – ခရိုင်တရားသူကြီးက ဇာရီမှုဆိုတော့ မလွဲမသွေဖျက်သိမ်းဖယ်ရှားဖို့ဆုံးဖြတ်မှာ။ဥပဒေအတိုင်း ခံယူဖို့ အသင့်ပြင်ထား ပါတဲ့။ (၂၀)ရက်နေ့အမိန့်ချမယ်။နောက်ပိုင်း ဝရမ်းကပ်ဖယ်ရှားဖြစ်စဉ်ပေါ့။

ငြမ်းမီဒီယာ – ကိုဇော်မင်း(ကိုဘောင်းဘောင်း)က ဒီဖြစ်စဉ်မှာ ဘာတွေကူညီဆောင်ရွက် ပေးနေတာလဲ။

KBB – ကျွန်တော်ကတော့ပကတိအခြေ အနေကို တိုင်းဒေသကြီးအစိုးရလွှတ်တော် သိအောင် မေတ္တာရပ်ခံစာပို့ပေးတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီမြေက ဦးမျိုးအောင် အတွက် essential မှ မဟုတ်တာ။ဒါကိုပဲ သဘောပေါက်အောင် တွေ့သမျှ တာဝန်ရှိသူတွေကို ရှင်းပြနေ ပါတယ်။ နိုင်ငံရေးအရမကောင်းဘူးလို့။ ခုပဲကြား …

သာသနာ့အဆောက်အဦမဖျက်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ အကြောင်းကြား ထားတယ်။ဦးမျိုးအောင်ဆီကိုလည်း မေတ္တာရပ်ခံစာ ပို့ထားတယ်။စိုးရိမ်တာက ဝရမ်းကျပြီး ပဲခူးမှာဖြစ်လေ့ရှိတဲ့ လူမိုက်တွေ ည အချိန်မတော် အပြီးရှင်းလိုက်မှာကိုပါ။

ငြမ်းမီဒီယာ – မြေကွက်တွေရဲ့ပကတိမြေပြင် တည်ရှိမှုကိုမျက်ကွယ်ပြုပြီးမြေကွက်တွေကို ချထားပေးခဲ့တယ်လို့ ကိုဘောင်းဘောင်း အနေနဲ့မှတ်ချက်ပြုထားတော့ ဒါဟာ မတရားတဲ့ ပြုမူဆောင်ရွက်ချက်လို့ဆိုချင်တာ လားခင်ဗျ။

KBB – ဒါပဲခူးမှာဖြစ်နေတဲ့လက်ရှိကို မျက်ကွယ်ပြု ပြီးမြေပေးမိန့်တွေချပေးတဲ့ လုပ်ရပ်တွေရဲ့အစိတ်ပိုင်းပါ။ ဒါဟာ အစိုးရ မြေစစ်က အမြန်ဆုံးပြန်လည်စစ်ဆေး ဆုံးဖြတ်သင့်တဲ့ကိစ္စပါ။သေချာတာကတော့ ဦးမောင်မောင်သန်း အဂတိပေါ်ပြီးအမှုတွေ မစစ်နိုင် သေးတဲ့ ကိစ္စပါ။ဒါ အဓိကပါ၊အစိုးရက ဒါကို အမြန်ဆုံးလုပ်ရမှာပါ။

ငြမ်းမီဒီယာ – ဆရာတော်ကရော ဒီအပေါ်ဘယ်လို သဘောထားလဲဗျ။ဒေသခံတွေကရော ဒီအခြေအနေအပေါ်ဘယ်လို သဘောထားကြလဲဗျ။

KBB – ဆရာတော်ကတော့ အများသူငါ ရေစက်ချလှူဒါန်းထားတဲ့ သုဓမ္မာဂိုဏ်းပိုင် ဖြစ်တဲ့ကျောင်းရဲ့ ဘယ်အစိတ်အပိုင်းမှဖျက် ပေးမှာမဟုတ်သလို ဒါယကာ၊ ဒါယိကာမ တွေလည်း ဆရာတော်နဲ့ထပ်တူပါ။

ငြမ်းမီဒီယာ – မေတ္တာရပ်ခံစာမှာ “လူကြီးမင်း အတွက် မရှိမဖြစ်လိုအပ်ချက်မဟုတ်သော်လည်း” လို့ ရေးထားတာတွေ့ ရတယ်ဗျ။ ဗိုလ်မှူးကြီး မျိုးအောင်(အငြိမ်းစား)အနေနဲ့ ဒီကိစ္စပေါ်မှာ တုံ့ပြန်မှုက ဆရာတော်၊ဒါယကာ၊ ဒါယိကာမတွေ မျှော်လင့်သလို ဖြစ်လာမယ် လို့ထင်လားဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

KBB – သူက ကိုယ်စားလှယ်ထားပြီး တရားစွဲတာ။တစ်ခါမှသူကိုယ်တိုင် မလာဘူး။ကျွန်တော်တို့ သီးခြားအဆက် အသွယ်ရဖို့ ကြိုးစားတယ်၊မရဘူး။ မှန်းရခက်ပါတယ်။

ငြမ်းမီဒီယာ – အကယ်၍ မျှော်လင့်ထားသလို ဖြစ်မလာဘူးဆိုရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ။ဒီအပေါ်မှာရော ကိုဇော်မင်းတို့ ဘယ်လိုဆောင်ရွက် ဖို့စီစဉ်ထားလဲ။

KBB – ကျွန်တော်တို့ကတော့ ဖျက်တာ ရုပ်ပျက်တယ်ဆိုတာ အစိုးရသိအောင် လုပ်တယ်။ တရားရုံးကို မနှောင့်ယှက်ဘူး။ ဝရမ်းတိုင်းမှာမဖျက်သင့်ကြောင်းတိုင်းဒေသ ကြီးအစိုးရသိအောင်တိုးလုပ်သွားမှာပဲ။ကျန်တာကတော့ အစိုးရသိပြီး ဆုံးဖြတ်ပါ လိမ့်မယ်။ ဒီကြားမှာလည်း သူ့ရှေ့နေကတဆင့် လက်တွေ့ကျတဲ့ညှိနှိုင်းမှုလုပ်ဖို့ ကြိုးစားသွားမယ်။

ငြမ်းမီဒီယာ – NLD အစိုးရလက်ထက်မှာ တည်ဆောက်ပြီးသားဘုန်းတော်ကြီးကျောင်းတစ်ခုအဖျက်ခံရ ဖွယ်ရှိတဲ့ အခြေအနေက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဘယ်လောက်ထိ ရိုက်ခတ်သွားနိုင်မယ်လို့ ထင်သလဲ။ စိုးရိမ်စရာမကောင်းဘူးလား။

KBB – ကျနော်အရမ်းစိုးရိမ်တယ်။ဒါကြောင့် မဖြစ်စေချင်တာ။စဉ်းစားကြည့်ဗျာ။ဒီမြေက ဦးမျိုးအောင် အတွက် essential မှ မဟုတ်တာ။ဒါကိုပဲ သဘောပေါက်အောင် တွေ့သမျှ တာဝန်ရှိသူတွေကို ရှင်းပြနေ ပါတယ်။ နိုင်ငံရေးအရမကောင်းဘူးလို့။ ခုပဲကြားနေရတယ်။ ဒါမဖြစ်ကောင်းတဲ့ ကိစ္စဆိုပြီး အရပ်ဆန်ဆန်တုံ့ပြန်လိုသူတွေ လည်းကြားနေရတယ်။ ဒါကြောင့်တိုင်း ဒေသကြီးအစိုးရအနေနဲ့ဒါကို အချိန်မီသိရှိပြီးဖြစ်သင့်ဖြစ်ထိုက်တာ အကောင်အထည် ဖေါ်နိုင်ပါစေလို့ပဲ ဆန္ဒပြုလိုက်ပါတယ်။

ငြမ်းမီဒီယာ

ဦးဇော်မင်း(ခ)ဦးဘောင်းဘောင်း ကိုယ်ရေးအကျဉ်း

ဦးဇော်မင်း(ခ)ဦးဘောင်းဘောင်းသည် ဒီမိုကရေစီအရေး၊လူ့အခွင့်အရေး အတွက် တက်ကြွစွာ လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး စစ်အစိုးရ လက်ထက်တွင် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည်။ ထောင်မှပြန်လွတ်လာ ချိန်တွင်88မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း စတင်တည်သော၂၀၁၂မှ ၂၀၁၇ မေလထိ ရုံးအဖွဲ့မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့စဉ်ကာလအတွင်းနေ့စဉ် ရောက်ရှိလာသည့် ဥပဒေတရားမျှတမှုဆိုင်ရာ နစ်နာသူများအား အကြံဉာဏ်ပေးခြင်း၊ သက်ဆိုင်ရာသို့ စာရေးပေးခြင်း၊ဥပဒေ အကူအညီပေးနိုင်ရေးဆောင်ရွက်ပေးခြင်းများ တာဝန်ယူခဲ့သည်။ ယခုအခါ မဟော်သဓာ ဥပဒေထောက်ကူပြုအဖွဲ့(ပုသိမ်)တွင် ရုံးအဖွဲ့မှူးအဖြစ် ဆောက်ရွက်လျှက်ရှိသည်။

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,