သိက္ခာတော်ရဆရာတော်အမှန်တရား ပြောဆိုသည့်ကိစ္စ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သိက္ခာတော်ရဆရာတော်အမှန်တရား ပြောဆိုသည့်ကိစ္စ အရေးယူရန်ပြင်ဆင်နေသည်မှာ နည်းလမ်း မှန်ကန်မှုမရှိဟုဆို

စက်တင်ဘာ(၆)၊၂၀၁၉၊ရန်ကုန်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်၏ အမှန်တရားကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခဲ့သည့်ကိစ္စအား ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူရန် ပြင်ဆင်နေ သည်မှာ နည်းလမ်းမှန်ကန်မှုမရှိဟု ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်(ကေဘီစီ)က ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြထားသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဌမှအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုပြောဆိုခဲ့သောအကြောင်းအရာများသည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အရေးကို မေတ္တာရှေ့ထားကာ အပြုသဘောဖြင့် ပြောဆိုခြင်း ဖြစ်သည်ဟုအဆိုပါကြေညာချက်တွင်ရေးသားထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ကျွန်တော်တို့ဒီနေ့အစည်းအဝေးမှာအားလုံးဆုံးဖြတ်ပြီးတော့ ကျွန်တော်တို့အနေနဲ့ စိုးရိမ်တဲ့အပိုင်းကို ဖော်ပြတာပါ “ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်သိက္ခာတော်ရဆရာဦးဖေါ်ရောင်တူးမိုင်က ယနေ့ ထုတ်ပြန်သည့်ကြေညာချက်နှင့်ပတ်သက်၍ ငြမ်းမီဒီယာသို့ပြောသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဌကို ဒုတိယဗိုလ်မှူးကြီးသန်းထိုက် (မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်)မှတရားလိုပြုလုပ်ကာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တရားရုံးသို့ ဦးတိုက်လျောက်ထားသည်ကို ကြားသိရ ပါသဖြင့် လွန်စွာစိတ်မကောင်းဖြစ်ရပါသည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်ကဆိုသည်။

ယင်းအပြင်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်နေသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ ပြည်သူလူထု၏ လွတ်လပ်စွာပြောဆို ဆန္ဒ ထုတ်ဖော် ခွင့်ကိုမြှင့်တင်ရန်လိုအပ်ပြီး ကေဘီစီဥက္ကဌမှ ဒေါ်နယ်ထရန့်ကို ပြောဆို ခဲ့သောအကြောင်းအရာများနှင့်ပတ်သက်၍ အရေးယူရန်စီစဉ် ဆောင်ရွက်နေခြင်းသည် မဖြစ်သင့်သောကိစ္စရပ်ဖြစ်ကြောင်းအဆိုပါ ထုတ်ပြန်ကြေညာချက်တွင်ရေးသာထားသည်။

“(၉)ရက်နေ့ကျမှသူတို့တရားရုံးဦးတိုက်လျောက်ထားတာဘာတွေဖြစ်လာမလဲသိရမှာဆိုတော့ လောလောဆယ်ပြောစရာတော့ မရှိသေးပါဘူး။”ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် သိက္ခာတော်ရဆရာ ဦးဖေါ်ရောင်တူးမိုင် က ငြမ်းမီဒီယာသို့ပြောသည်။

ဓာတ်ပုံ – KBC

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။