သီတဂူဆရာတော် ကိုဗစ်ကူးစက်ခံရပြီ ဆိုတဲ့ သတင်းအမှားဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အဲဒီပုံက လွန်ခဲ့တဲ့နှစ်များစွာက အာရှတော်ဝင် မှာ နှလုံး စမ်းသပ်တဲ့ စက်ကြီးဝယ်လာလို့ သွားစစ်ဆေးပေး တာပါ။ပရိတ်ရွတ်ပေး တာပါ။ဒီဓာတ်ပုံကို …

သီတဂူဆရာတော်ကြီး ကိုဗစ် ကူးစက်ခံရတယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ် အကြောင်းပြောပြ လိုပါတယ်။

သည်သတင်းအမှားကို Zawthein လို့အမည်ရတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် က ဖြန့်ချိခဲ့တာ တွေ့ရပါတယ်။

သည်သတင်းအမှားပျံ့နှံ့ခဲ့ပြီးနောက် သီတဂူဆရာတော်ရဲ့ ဒါယိကာ၊ဒါယိကာမတွေ လည်း စိုးရိမ်ပူပန်မှုတွေ(သည်နေရာမှာ ကြည့်နိုင်ပါတယ်)ဖြစ်ပေါ် ခဲ့တယ်လို့ သီတဂူစတားဆရာတော် ဒေါက်တာကောဝိဒသိရီ က ငြမ်းမီဒီယာ ကို မိန့်ကြားပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည်သတင်းမှာ ဖော်ပြထားတဲ့ အချက်အလက်များနဲ့ ပတ်သက်ပြီး(သည်နေရာမှာ ကြည့်နိုင်ပါတယ်)သတင်း အမှား၊အမှန် အချက်အလက် စစ်ဆေးရန် သီတဂူစတားဆရာတော် ဒေါက်တာကောဝိဒသိရီ ထံ ငြမ်းမီဒီယာ လျောက်ထားမေးမြန်းခဲ့ရာ သတင်းအမှား သာ ဖြစ်တယ်လို့ သီတဂူစတားဆရာတော် ဒေါက်တာကောဝိဒသိရီ က အတည်ပြု မိန့်ကြားပါတယ်။

“ မဟုတ်မမှန် သတင်းဖြန့်တဲ့သူ ဒကာတော်မှာ တာဝန် ရှိသွားပြီ ။ အဲဒီပုံက လွန်ခဲ့တဲ့နှစ်များစွာက အာရှတော်ဝင် မှာ နှလုံး စမ်းသပ်တဲ့ စက်ကြီးဝယ်လာလို့ သွားစစ်ဆေးပေး တာပါ။ပရိတ်ရွတ်ပေး တာပါ။ဒီဓာတ်ပုံကိုပဲ သီတဂူဆရာတော် နေမကောင်း လို့ဆိုပြီး လွန်ခဲ့နှစ်က လျှောက်ဖွ နေတာ တွေ့ဖူး ပါတယ်။မဟုတ်မမှန် သတင်းဖြန့်တဲ့ ဒကာ တာဝန်ယူပါ။ သီတဂူ ဆရာတော်ကြီး အသက် (၈၄) နှစ်ဆိုပေမယ့် ကျန်းမာရေး က ဒေါင်ဒေါင်မြည်နေတာ ” လို့ သီတဂူစတား ဆရာတော် ဒေါက်တာကောဝိဒသိရီ က ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသား ထားပါတယ်။

သတင်းအမှားထဲမှာ ညွှန်းဆိုဖော်ပြထားတဲ့ ပြန်ကြားရေး တာဝန်ခံ ဒေါက်တာခင်မောင်ထွန်း ဆိုတဲ့ ပုဂ္ဂိုလ်မှာလည်း သီတဂူမှာ မရှိဘူးလို့ သီတဂူ စတားဆရာတော်က မိန့်ကြား ထားပါ တယ်။

” ဆရာတော်ဘာမှ မဖြစ်ပါဘူး။(သည်နေရာမှာ ကြည့်နိုင်ပါတယ်) ဒီနေ့ ရဟန်းခံရှင်ပြု အခမ်းအနားတောင် ရှိသေးတယ် ” လို့ သီတဂူ ဆရာတော် ကိုဗစ် ကူးစက် ခံရတယ်ဆိုတဲ့ သတင်းအမှား ထွက်ပေါ်လာ မှုနဲ့ ပတ်သက်ပြီး သီတဂူမောင်မောင် က ငြမ်းမီဒီယာ ကို ပြောပါတယ်။

“ သီတဂူကမ္ဘာ့ဗုဒ္ဓစစ်ကိုင်းမှာ ပညာသင်နေ ကြတဲ့ ဘင်္ဂလားဒေရှ့်နဲ့အိန္ဒိယနိုင်ငံသား ကိုရင်တွေ ရှိသေးတယ် ။အသက် ကတော့ ကြီးနေပါပြီး ။သူတို့တွေကို ဒီမနက် ၈နာရီ ၉ နာရီမှာ သီတဂူ ဆရာတော်ကြီးကိုယ်တိုင် ဥပဇ္ဈာယ် ပြုပြီး ရဟန်းခံပေးနေတာပါ ” လို့ သီတဂူ စတား ဆရာတော် ဒေါက်တာကောဝိဒသိရီက မိန့်ကြားပါတယ်။

ဆရာတော်ကြီးနဲ့ပတ်သက်ပြီးသတင်းအမှားတွေတော်တော်များများအဲဒီလိုရေးနေကြတယ်။တချို့ကြတော့လည်းမျက်စိဖွင့်၊နားပွင့်ဖို့လိုတယ် လို့ သီတဂူစတားဆရာတော်က မိန့်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ ဒီဒကာက ဒီလိုသတင်းတင်တာ ဘာရည်ရွယ်ချက်လဲတော့ မသိဘူး ” လို့ သီတဂူ စတား ဆရာတော် ဒေါက်တာ ကောဝိဒသိရီက သတင်းအမှား ဖြန့်သူရဲ့ ရည်ရွယ်ချက်ကို မေးခွန်းထုတ်ထားပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,