သီတဂူအစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူ တစ်ဦးတွင် COVID -19 ရောဂါပိုးတွေ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန ၏ ယနေ့နံနက် ခုနှစ်နာရီသတင်းထုတ်ပြန်ချက်တွင် ပါရှိသည့် COVID -19 ရောဂါပိုးတွေ့ ရှိသူ လူနာအမှတ်စဉ် (၁၄၅) ၊အသက်(၄၈) နှစ်အရွယ် လူပုဂ္ဂိုလ်မှာ သီတဂူအစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံမှ ပြန်လည် ခေါ်ဆောင်လာသူဖြစ်သည်။

Sitagu / ဆရာတော်များ၊ လူပုဂ္ဂိုလ်များ အား ပင့်ဆောင် / ခေါ်ဆောင်လာစဉ် စနစ်တကျပြင်ဆင်ထားမှု

အဆိုပါ လူပုဂ္ဂိုလ်အမျိုးသားသည် စစ်ကိုင်းမြို့၊သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် Quarantine ဖြင့် နေထိုင်သူတစ်ဉီး ဖြစ်သည်ဟု စစ်ကိုင်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတင်း ထုတ်ပြန်သည်။

သီတဂူဆရာတော်ကြီး ကြိုးပမ်းစီစဉ်မှုဖြင့် အိန္ဒိယနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ခဲ့သော သံဃာ၊ သီလရှင် နှင့် လူပုဂ္ဂိုလ်တို့ကို သီတဂူဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူဝိပဿနာ အကယ်ဒမီတို့တွင် Community based facility quarantine ထားရှိခဲ့သည် ဟု သီတဂူသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ထိုသို့ထားရှိရာတွင် သီတဂူဝိပဿနာအကယ်ဒမီတွင် သံဃာတော် (၂၁၁) ပါး၊ သီတဂူ ဗုဒ္ဓ တက္ကသိုလ် တွင် သီလရှင် (၅)ပါး နှင့် လူပုဂ္ဂိုလ် (၄၁) ဦး တို့ကို နှစ်နေရာခွဲထားခြင်းဖြစ်သည်။

Sitagu / ဆရာတော်များ၊ လူပုဂ္ဂိုလ်များ အား ပင့်ဆောင် / ခေါ်ဆောင်လာစဉ် စနစ်တကျပြင်ဆင်ထားမှု

Community based facility quarantine campus ဖြစ်သည့် သီတဂူ ဗုဒ္ဓတက္ကသိုလ်ကို ကျန်းမာရေးဌာန၏ စီစဉ် ညွှန်ကြားချက်များနှင့် အညီ ဂရုတစိုက်ဆောင်ရွက်လျက်ရှိသည်ဟု သီတဂူက သတင်းထုတ်ပြန်ထားသည်။

လေကြောင်လိုင်းများ ရပ်နားထားမှုကြောင့် အိန္ဒိယနိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့တွင် စာသင်သား ရဟန်းများ၊သီလရှင်များ နှင့် မြန်မာနိုင်ငံသား စုစုပေါင်း (၁၀၀၀) ကျော်မှာပိတ်မိနေခြင်း ဖြစ်သည်။

ထိုကဲ့သို့ ပိတ်မိနေသူများအနက် ပထမအသုတ်အနေဖြင့် သံဃာတော် (၂၁၀) ပါး၊ သီလရှင် (၆) ပါးနှင့် လူပုဂ္ဂိုလ် (၄၂) ဦး၊ စုစုပေါင်း ၂၅၈ ဦးသည် MAI လေကြောင်းလိုင်းမှ လေယာဉ် နှစ်စီးဖြင့် ဧပြီလ၊(၂၂)ရက်နေ့ တွင် အိန္ဒိယနိုင်ငံ၊ဂါယာမြို့မှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် လိုက်ပါလာခြင်း ဖြစ်သည် ဟု MAI လေကြောင်းလိုင်းက သတင်း ထုတ်ပြန် ထားသည်။

အဆိုပါခရီးစဉ်များ အား ကမ္ဘောဇဘဏ်နှင့် Myanmar Airways International တို့ပူးပေါင်း၍ စင်းလုံငှားလေယာဉ်များဖြင့် အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

Sitagu / ဆရာတော်များ၊ လူပုဂ္ဂိုလ်များ အား ပင့်ဆောင် / ခေါ်ဆောင်လာစဉ်

ကျန်နေရှိသည့် စာသင်သားရဟန်းတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသားများကို မေလအတွင်း ထပ်မံသွားရောက် ပင့်ဆောင် ခေါ်ယူသွားမည် ဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဧပြီလ(၂၆)ရက်နေ့၊နံနက်(၇)နာရီ သတင်း ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် COVID -19 ရောဂါပိုးတွေ့ရှိသူ (၁၄၆) ဦး၊ပိုးတွေ့ပြန်လည်သက်သာ (၁၀) ဦး၊သေဆုံး (၅)ဦး၊ ကုသဆဲလူနာ (၁၃၁)ဦး၊ စောင့်ကြည့်လူနာ (၂၆၅၁)ဦး၊ ဓာတ်ခွဲစစ်ဆေးသူ (၆၂၄၅) ဦးရှိသည်။

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,