ရှမ်းပြည်နယ်မြောက်ပိုင်း၊သီးပေါမြို့၊ပန်းတိမ်တောင်ရပ်ကွက်၊ဘိုးးတော်ကျောင်းအနီး၌ စက်တင်ဘာ(၁)ရက်နေ့ညတွင် ရွာသားတစ်ဦး သေနတ်ပစ်ခံရ
စက်တင်ဘာ(၁)၊၂၀၁၉၊ရန်ကုန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊သီးပေါမြို့၊ပန်းတိမ်တောင်ရပ်ကွက်၊ဘိုးးတော်ကျောင်းအနီး၌ စက်တင်ဘာ(၁)ရက်နေ့ညတွင် ရွာသားတစ်ဦး သေနတ်ပစ်ခံရသည်။
သေနတ်ပစ်ခံရသည့်လူနာအား သီးပေါဆေးရုံအရေးပေါ်မှ လားရှိုးဆေးရုံသို့ပိုဆောင်ပေးခဲ့ပြီး ဖြစ်စဉ်ကိုမူသေသေချာချာ မသိရသေးကြောင်း နယ်စည်မခြားပရဟိတ(သီပေါ) လူမှု ကူညီရေးအသင်း ဥက္ကဌ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသား ထားသည်။
သြဂုတ်လ(၃၁)ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ(၅)ဦး သေဆုံးခဲ့ပြီး(၃)ဦးဒဏ်ရာရရှိခဲ့သည်။
လက်နက်ကြီးကျည်ထိမှန်သေဆုံးမှုတွင်လေးလသားအရွယ်ကလေးငယ်တစ်ဦး၊ကိုးနှစ်အရွယ်ကလေးငယ်တစ်ဦး၊၁၄ နှစ်အရွယ်ကလေးငယ် တစ်ဦးတို့ပါဝင်သည်။
အပြစ်မဲ့ပြည်သူများထိခိုက်သေဆုံး၊ဒဏ်ရာရခြင်းနှင့်ပတ်သက်ပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ကြေညာချက်တစ်စောင်ကို စက်တင်ဘာလ(၁)ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် လက်နက်ကိုင်အချင်းချင်းတိုက်ခိုက်ခြင်းမဟုတ်ဘဲ အပြစ်မဲ့ပြည်သူများ ကိုရည်ရွယ်ချက်ရှိရှိဖြင့် ဦးတည် တိုက်ခိုက် လာခြင်းမှာ လူမဆန်သည့် လုပ်ရပ်ဖြစ်သည်သာမက အပြည်ပြည် ဆိုင်ရာစစ်ဥပဒေ ကိုလည်း ထိပါးစော်ကားရာရောက်ကြောင်းနှင့် ထိုကဲ့သို့သောလုပ်ရပ်ကို လုံးဝကန်ကွက်ရှုတ်ချသည်ဟု ဆိုသည်။
ယင်းအပြင် လူမဆန်သည့်လုပ်ရပ်ကို ဆက်လက်ကျူးလွန်နေမည်ဆိုပါ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမဆို နိုင်ငံတကာစစ်ခုံရုံးသို့ ရောက်အောင် နိုင်ငံတကာနှင့်ပူးပေါင်း၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင်ရေးသားထားသည်။
ဓာတ်ပုံ – နယ်စည်းမခြားပရဟိတ(သီပေါ)
စက်တင်ဘာလ(၁)ရက်နေ့ညက သေနတ်ထိမှန်ခဲ့သူအား လူနာတင်ယာဉ်ပေါ်တွင် ကူညီစောင့်ရှောက်ပေးနေစဉ်