သူ(ဦးခင်ညွှန့်)ကိုယ်တိုင် ဝန်ချမတောင်းပန်ဘဲ ကျွန်တော်တို့ ဟာ ဘယ်စင်မြင့်မှာမှ လက်ခံလို့ မရပါဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

NT / ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကဗျာဆရာ (ဦး) ငြိမ်းသစ်

အမျိုးသားနိုင်ငံရေး လုပ်မယ်ဆိုပြီး အမျိုးသားရေး အဓိကရုဏ်း ဖြစ်အောင်လို့ ဖန်တီးနေ တယ်လို့ မြင်ပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို စာပေစင်မြင့်ထက်မှာရော ဘယ်လို စင်မြင့်ထက်မှာမှ မတွေ့ချင် ပါဘူး။ဘယ်ပြည်သူက မှလည်း လက်ခံမှာ မဟုတ်ပါ ဘူး။ နောက် ဒီပုဂ္ဂိုလ်ရဲ့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေ …

ရန်ကုန်မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ သက်ကြီးစာပေ ပညာရှင်များ ကန်တော့ပွဲ မှာ စစ်ထောက်လှမ်းရေးဟောင်း ဦးခင်ညွန့်ကို သက်ကြီး စာပေပညာရှင်အဖြစ် ထည့်သွင်းခဲ့သလို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ကန်တော့ခဲ့တာနဲ့ ပတ်သက်ပြီး မဟာအောင်မြေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကဗျာဆရာ (ဦး) ငြိမ်းသစ် ကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်း ထားပါတယ်။

ငြမ်းမီဒီယာ- ဦးခင်ညွန့်ကို သက်ကြီးစာပေ ပညာရှင် အဖြစ် ထည့်သွင်း ကန်တော့တဲ့ အပေါ် ဘာများပြောချင်ပါသလဲ။

ဆရာငြိမ်းသစ် – သူဟာ ဘဝတလျှောက်လုံး စာရေးတဲ့သူ မဟုတ်ဘူး။ စာရေးတဲ့ လုပ်ငန်းနဲ့ အသက်မွေး ဝမ်းကျောင်းပြုပြီး တကယ့်ကို အနုပညာ ရသ ပါတဲ့ စာပေတွေ ရေးခဲ့တယ်။ စာပေ တစ်ခေတ်မှာ ထွန်းကားအောင် လုပ်ခဲ့တယ်။စာပေနဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူ နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ထဲမှာ သူ မပါ ပါဘူး။ဒါကြောင့် သူ့ကို သက်ကြီး စာပေပညာရှင် အဖြစ် လုံးဝ လက်မခံနိုင် ပါဘူး။သူက ဘယ်တုန်းကမှ ဘယ်စာမှ ဖန်တီးခဲ့တာ မဟုတ်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စာပေသမားတွေ အပေါ်မှာ နှိပ်ကွပ်တယ်။ နှစ်ရှည် ပြစ်ဒဏ်တွေ ပေးတယ်။ အတွေးအခေါ်အယူအဆသစ်တွေ မထွန်းကားအောင် ပြုလုပ်တယ်။ဒီလို ပုဂ္ဂိုလ် က စာပေစင်မြင့်ပေါ်မှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ အဲဒီလိုပုဂ္ဂိုလ်ကို ဖိတ်ပြီး ကန်တော့ခံ အဖြစ် ပါဝင်လာတာက အင်မတန် စက်ဆုပ်ဖွယ် ကောင်းတယ်။ အင်မတန် …

ဒီဘက်ကျမှ ပြောရရင် နေရာတစ်နေရာ ရပ်တည်နိုင်ဖို့ အတွက် ကြိုးစားတဲ့ အဆင့်ပဲ ရှိပါတယ်။ ဒီအတွက်သူ့ကို စာရေးဆရာ အဖြစ်နဲ့လည်း မမှတ်ယူဘူး။ သက်ကြီး စာပေပညာရှင် အဖြစ်နဲ့ ဆိုတာကတော့ လုံးဝ ဝေးလာဝေးပဲ။ ကျွန်တော်တို့ လက်မခံပါဘူး။

ငြမ်းမီဒီယာ- ဦးခင်ညွှန့်ကို သက်ကြီး စာပေပညာရှင်အဖြစ် ထည့်သွင်းရုံနဲ့ မပြီးဘဲ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ကိုယ်တိုင် ထိုင်ကန်တော့တယ် ဆိုတော့ အခု ပြောဆိုနေကြတဲ့ အမျိုးသား ရင်ကြားစေ့ရေး ကြောင့်လား။ ဒီအပေါ်မှာ ဘာများ မှတ်ချက်ပေးချင်လဲ။

ဆရာငြိမ်းသစ် – ဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးလို့ မယုံကြည်ပါဘူး။ အမျိုးသား ပြန်လည် သင့်မြတ်ရေးက ဒီလို အမှောင်ခေတ် တစ်ခေတ်ကို ဖန်တီးခဲ့တဲ့ လူကို လက်ဆွဲ နှုတ်ဆက်ရုံနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်ကြီးခင်ညွန့်က အမှောင်ခေတ် တစ်ခေတ်ကို ဖန်တီးခဲ့တဲ့ လူပါ။ သတင်းစာ ဆရာတွေ၊ စာရေးဆရာတွေ၊ ကဗျာ ဆရာတွေ၊ ကာတွန်း ဆရာတွေ အများကြီးကို ထောင်ချခဲ့တဲ့ သူပါ။ ထောင်ကို နှစ်ရှည်တွေ ချခဲ့ တာပါ။ သူ့ခေတ် တုန်းက စာမျက်နှာတွေကလည်း အမှောင်ဖုံးလွှမ်း နေခဲ့တာပါ။ အားလုံး ငွေမှင်သုတ်ခံ ရတယ်။ အဖြဲ ခံရတယ်။ အရေးယူ ခံရတယ်။ မဂ္ဂဇင်းတိုက်တွေ ပိတ်ပစ်တယ်။ သတိပေးချက် တွေ ထုတ်တယ်။

ဒီမိုကရေစီ အလင်းရောင် အားလုံး ကို မှေးမှိန်အောင် အမှောင် ခေတ်ကြီးထဲကို တွန်းပို့ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဒီပုဂ္ဂိုလ်နဲ့ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးနဲ့ လုံးဝ မထိုက်တန်ပါဘူး။ ဒီပုဂ္ဂိုလ်မျိုးကို ထိုင်ကန်တော့တဲ့ ကိစ္စ …

အဲဒီတုန်းက စာပေကင်ပေတိုင်က လက်စောင်း ထက်နေတဲ့ အချိန်၊ အဲဒီ ခေတ်ပါပဲ။ သူ ဖန်တီး ထားခဲ့တာပဲ။ စာပေကို ဘယ်တုန်းကမှ ကောင်းကျိုးပြုခဲ့တယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ စာပေသမားတွေ အပေါ်မှာ နှိပ်ကွပ်တယ်။ နှစ်ရှည် ပြစ်ဒဏ်တွေ ပေးတယ်။ အတွေးအခေါ်အယူအဆသစ်တွေ မထွန်းကားအောင် ပြုလုပ်တယ်။ဒီလို ပုဂ္ဂိုလ် က စာပေစင်မြင့်ပေါ်မှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ အဲဒီလိုပုဂ္ဂိုလ်ကို ဖိတ်ပြီး ကန်တော့ခံ အဖြစ် ပါဝင်လာတာက အင်မတန် စက်ဆုပ်ဖွယ် ကောင်းတယ်။ အင်မတန် ရယ်စရာ ကောင်းတဲ့ ပြက်လုံးတစ်ခု ဖြစ်ပါတယ်။ ဒီပွဲကို စီစဉ်တဲ့သူတွေ၊ သူ့ကို ကန်တော့ခံအဖြစ် ဖိတ်ကြား ခဲ့တဲ့ သူတွေကို ကျွန်တော် မထောက်ခံ ပါဘူး။ ရှုတ်ချပါတယ်။

ငြမ်းမီဒီယာ- ရှစ်လေးလုံး အရေးတော်ပုံကြီး က ပေါက်ဖွားလာတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ကန်တော့ခံထဲမှာ ဦးခင်ညွန့်ပါမှန်း သိနေတာတောင် မငြင်းဆန်ဘဲ၊ တစ်ခုခု မလုပ်ဘဲ ထိုင်ကန်တော့တဲ့ အပေါ်မှာရော ဘာများ ပြောချင်သလဲ။

ဆရာငြိမ်းသစ် – ဒါကတော့ ဝန်ကြီးချုပ် ကိုဖြိုးမင်းသိန်းရဲ့ ညံ့တဲ့အကွက် တစ်ကွက်လို့ မြင် တယ်။ သူတို့ကို ထိုင်ကန်တော့တာ၊ လက်ဆွဲနှုတ်ဆက်တာ၊ ဒါဟာ အမျိုးသား ရင်ကြားစေ့ရေး မဟုတ်ပါဘူး။ နိုင်ငံရေးအရ ကိုဖြိုးမင်းသိန်းဟာ တခြားနည်းလမ်း တွေးခေါ်လို့ မရလို့ ယောင်ယောင်မှားမှား လုပ်ခဲ့တဲ့ အလုပ်လို့ပဲ မြင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒီကိစ္စက နိုင်ငံရေးအရ ဂျင်းထည့် ခံရတာလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဘာများ ပြောချင်ပါသလဲ။

ဆရာငြိမ်းသစ် – အဲဒါတွေ ဖြစ်နိုင်ပါတယ်။ ဂျင်းထည့် ခံရတာပါ။ ဒါကြောင့် ကိုဖြိုးမင်းသိန်းဟာ ထွက်ပေါက် မရဘဲ ယောင်ယောင်မှားမှား လုပ်ခဲ့တယ်လို့ မြင်ပါတယ်။

ငြမ်းမီဒီယာ- ဒီမိုကရေစီ အရေး လှုပ်ရှားခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားတွေ အပေါ် ဖိနှိပ်ခဲ့တဲ့ စစ်ထောက်လှမ်းရေးဟောင်း ခေါင်းဆောင် တစ်ဦးကို ပြည်သူ့တွေ ရွေးချယ်ထားတဲ့ အစိုးရ အဖွဲ့က ဒီမိုကရေစီ ဘက်တော်သား ဝန်ကြီးချုပ်တစ်ဦးက ထိုင်ကန်တော့ လိုက်တယ် ဆိုတဲ့ ပုံရိပ်က ဘယ်လို သက်ရောက်နိုင်မလဲ။

ဆရာငြိမ်းသစ် – ပြောရရင် ဒီမိုကရေစီ လှုပ်ရှားမှု အားလုံး၊ ဒီမိုကရေစီ အလင်းရောင် အားလုံး ကို မှေးမှိန်အောင် အမှောင် ခေတ်ကြီးထဲကို တွန်းပို့ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဒီပုဂ္ဂိုလ်နဲ့ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးနဲ့ လုံးဝ မထိုက်တန်ပါဘူး။ ဒီပုဂ္ဂိုလ်မျိုးကို ထိုင်ကန်တော့တဲ့ ကိစ္စကို မပြောတော့ ဘူး။ ဒီဖိတ်ကြားခဲ့တဲ့ ပုဂ္ဂိုလ်တွေက တရားခံတွေ ပါပဲ။ ဒီပုဂ္ဂိုလ်တွေမှာ ဘယ်လို အတွေ့ အကြုံမျိုးတွေ ရှိလို့၊ ဘယ်လို အယူအဆမျိုးနဲ့ ဒီပုဂ္ဂိုလ်ကို စင်ပေါ်ခေါ်တင် ရသလဲ ဆိုတာ သူတို့ကိုပဲ မေးသင့်ပါတယ်။

ငြမ်းမီဒီယာ – ဖြည့်စွက် ပြောစရာ ရှိရင်ပြောပေးပါ။

ဆရာငြိမ်းသစ် – ဒီပုဂ္ဂိုလ်ဟာ ထွက်လာကတည်းက နိုင်ငံရေး မလုပ်ပါဘူး ပြောတယ်။ နောက် အမျိုးသားနိုင်ငံရေး လုပ်မယ်ဆိုပြီး အမျိုးသားရေး အဓိကရုဏ်း ဖြစ်အောင်လို့ ဖန်တီးနေ တယ်လို့ မြင်ပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို စာပေစင်မြင့်ထက်မှာရော ဘယ်လို စင်မြင့်ထက်မှာမှ မတွေ့ချင် ပါဘူး။ဘယ်ပြည်သူက မှလည်း လက်ခံမှာ မဟုတ်ပါ ဘူး။ နောက် ဒီပုဂ္ဂိုလ်ရဲ့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို သူကိုယ်တိုင်က ဝန်ချ တောင်းပန်ရမှာ ဖြစ်တယ်။ သူကိုယ်တိုင် ဝန်ချ မတောင်းပန်ဘဲ ကျွန်တော်တို့ဟာ ဘယ်စင်မြင့်မှာမှ လက်ခံလို့ မရပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,