သေနတ်တစ်လက်နဲ့မိတာ သေဒဏ်ပေးခဲ့တယ်။သေနတ်တွေ အများကြီးကို ဘာအမှုနဲ့စွဲမလဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

URSA / တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်

လက်နက်တွေကို လေဆိပ်ကနေသယ်တယ်ဆိုတာ တော်တော်ကို မျက်နှာပြောင်တိုက်ပြီး တရားရေးကို စိန်ခေါ် တာပဲ။ သေနတ်တွေပြပြီး တရားရေးကို စိန်ခေါ်တာကို တရားရေးကဘယ်လိုလုပ်မလဲ စိတ်ဝင်စားတယ်။ ပြည်သူ ကလည်း စိတ်ဝင်စားတယ်။ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ဆိုတော့ လက်နက်မရှိတဲ့ ပြည်သူက ဒူးထောက် ပေးရ မှာလား …

လက်နက်များ၊မူးယစ်ဆေးဝါးများဖြင့်ဖမ်းဆီးခံထားရသည့် ဖြိုးကိုကိုတင့်ဆန်း၏အဖေ ဦးတင့်ဆန်း (ကြံခိုင်ရေး အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးဟောင်း) နှင့် အင်းစိန်ထောင်တွင် အတူနေခဲ့ ဖူးသလို ဖြိုးကိုကိုတင့်ဆန်းနှင့် အိမ်ထောင်ရေးကွာရှင်းရန် ၎င်း၏ဇနီးက ဥပဒေအကြံဉာဏ် တောင်းခံ သဖြင့် အကြံဉာဏ်ပေးခဲ့သူလည်းဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် အား လက်ရှိဖြစ်ပေါ်နေသေည့် လက်နက်များနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် အပေါ် ဥပဒေရှုထောင့်မှ အမြင်များကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – အခုလက်နက်တွေ မူးယစ်ဆေးဝါးတွေနဲ့ အဖမ်းခံခဲ့ရတဲ့ ဖြိုးကိုကိုတင့်ဆန်းရဲ့အဖေ ပြည်ထောင်စုဝန်ကြီးဟောင်းနဲ့ ဦးရောဘတ်ဆန်းအောင်တို့ ထောင်ထဲမှာအတူဆုံဖူးတယ်လို့ သိရပါတယ်။ ဘယ်လိုအခြေအနေလဲခင်ဗျာ။

URSA – ၁၉၇၅ခုနှစ်ဇွန်လမှာ ၁၉၇၄ခုနှစ် သွေးမြေကျအလုပ်သမား အရေးတော်ပုံ နှစ်ပတ်လည်ပွဲ ကျင်းပကြတဲ့အခါ ကျွန်တော် တို့ ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်တွေ ပါကြတယ်။ဒါကို စက်မှုတက္ကသိုလ် က မပါဘူးလို့ ကြေးမုံသတင်းစာက ဖော်ပြတော့ မကျေနပ်လို့ဆန္ဒသွားပြတာ ကျောင်းသား ကတ်ကျကျန်ခဲ့တာကနေစပြီး အဖမ်းခံရပြီး အင်းစိန်ထောင်ကို ရောက်လာ တယ်။ ကျွန်တော်လည်း အဖမ်းခံရတယ်။ထောင်ထဲမှာ အတူနေရတယ်။၁၉၇၅ခုနှစ် (၁၁)လပိုင်းမှာ ပြန်လွတ်တော့ ကျွန်တော် တို့ ပုဆိုးချင်းတောင် လဲဝတ် လာခဲ့သေးတယ်။အဲဒီနောက်ပိုင်းမှာ  ကျွန်တော် တို့လည်း တစ်ယောက်နဲ့တစ်ယောက် သိပ်မတွေ့ ဖြစ်ကြတော့ဘူး။ ၈၈ အရေးတော်ပုံပြီးတော့ ၁၉၉၂မှာ သူနဲ့ကျွန်တော် ပြန်တွေ့တော့ မောင်ဝိတ်တို့ ကုမ္ပဏီမှာ အင်ဂျင်နီယာ လုပ်နေတယ်လို့ ပြောပါတယ်။စစ်ဒေသ(၄)မှာသူနဲ့ ရွာချင်းကပ်က ဗိုလ်မှူးခင်ရီ (နောင်ရဲချုပ်၊လဝကဝန်ကြီး) ရှိတယ်။ သူနဲ့ အဆက်အသွယ် ရှိတယ်။အမှုတွေကိုင်တွယ်ဆောင်ရွက်တဲ့ အခါမှာ အကူအညီလိုရင်ပြောဖို့ ကိုတင့်ဆန်းက ကျွန်တော့်ကို ပြော တယ်။ဒါပေမယ့် ကျွန်တော်က မပြောခဲ့ပါဘူး။ဦးခင်ရီကနေ တစ်ဆင့် ဦးခင်ညွန့် တို့၊ဦးသန်းရွှေတို့ ထိ ပေါက်ရောက်သွားပြီး ကြီးပွားချမ်းသာလာတာပါပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျောသားရင်သားမခွဲခြားဘဲအရေးယူဖို့လိုတယ်။သူတို့ပြောတယ် ဒါတွေကလုံခြုံရေး ကုမ္ပဏီထောင်ဖို့လို့ ပြောတယ်။အဲလိုဆိုရင် သူတို့ ဘယ်ကနေ သွင်းလာတာလဲ ဆိုတာ ကိုသူတို့ရုံး၊သူတို့ ဟိုတယ် ရှိတဲ့ နေရာက အုပ်ချုပ်ရေးမှုးတွေကို သတင်းပို့ အသိပေးတာ ရှိသလား။သက်ဆိုင်ရာရဲတပ်ဖွဲ့ကို အကြောင်းကြားသလား။ တပ်မတော်ကို အသိပေး သလား။ အဲလိုတွေလုပ်ခဲ့တာ မရှိဘူး။အဲလိုဆိုရင် …

ငြမ်းမီဒီယာ – ဖြိုးကိုကိုတင့်ဆန်းရဲ့ဇနီးက အိမ်ထောင်ကွာရှင်းဖို့အတွက် လာတိုင်ပင်တယ်လို့ သိရပါတယ်။အဲဒီအခြေအနေ ကရော ဘာတွေထူးလဲ။

URSA – လာတိုင်ပင်တာဟုတ်တယ်။လက်နက်ကိစ္စတွေ မူးယစ်ဆေးဝါးကိစ္စတွေပြောတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော်က အထောက်အထား သက်သေတွေရှိရင် သက်ဆိုင်ရာကို တင်ပြလိုက်ဖို့ ပြောတယ်။ နောက်ပိုင်းမှာ အလုပ်အပ်ပါမယ်ဆိုပြီး ပြန်သွား ပြီးကတည်းကပြန်မလာတော့ ကျွန်တော်လည်း ဘာမတတ်နိုင်ဘူးလေ။ဒီသတင်းက ကျွန်တော့်ကို တစ်ဖက်လှည့်နဲ့ ထောင်ချောက်ဆင်တာလားလို့ တောင်တွေးမိသေးတယ်။သူကလည်း ကြောက်တယ်ဗျ။ နောက်ပိုင်းမလာတော့ဘူး။ မူးယစ် ဆေးဝါး သုံးတာလည်း ပြောတယ်။သေနတ်ရှိတာလည်းပြောတယ်။ကျွန်တော်နဲ့ တစ်နာရီကျော်လောက် ဆွေးနွေးပြီးတော့နောက်ပိုင်း လုံးဝမလာတော့ဘူးဗျ။

ငြမ်းမီဒီယာ – အခုလို လက်နက်တွေ အများကြီးပါတယ်၊ မူးယစ်ဆေးဝါးတွေ ဖမ်းမိတယ်။ အဲဒီ အခြေအနေနဲ့ပတ်သက်ပြီး ပြည်ထဲရေးရဲ့ ဆောင်ရွက်ချက်တွေကို ဥပဒေပညာရှင် တစ်ယောက်အေ နေနဲ့ ဘယ်လို မှတ်ချက် ပေးချင်သလဲ။ ရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူအချို့ ပြောစကားတွေနဲ့ပတ်သက်လို့ ပြည်သူတွေကလည်း ဝေဖန်မှုတွေရှိနေပါတယ်။

URSA – ၁၉၇၆ ခုနှစ် ၊မတ်လ(၂၂) ရက်နေ့က ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကို သေနတ်တစ်လက်နဲ့ မိတာကို နိုင်ငံတော် ပုန်ကန်မှုနဲ့ သေဒဏ် ပေးခဲ့တယ်။ အဲဒီတော့ သေနတ်တစ်လက် ကိုတောင် ပုန်ကန်မှုနဲ့ စွဲရင် ဒီလောက် သေနတ်တွေ အများကြီးကို ဘာမှုနဲ့စွဲမလဲ ပြည်သူက စိတ်ဝင်စားတယ်။ကျွန်တော်တို့ ဥပဒေသမားတွေလည်း စိတ်ဝင်စားတယ်။ထိုနည်းတူစွာပဲ ဗိုလ်နေဝင်းမြေး တွေတုန်းကလည်း နိုင်ငံတော်သစ္စာဖောက်မှု၊ ပုန်ကန်မှုနဲ့ ဆွဲတယ်။အခုလည်း နိုင်ငံတော်လုံခြုံရေး ကောင်စီ ဆိုတဲ့ တံဆိပ်တွေ၊ ဝတ်စုံတွေများပြားစွာ နဲ့မိတာ။ အစုလိုက် အပြုံလိုက် သတ်ဖြတ်နိုင်တဲ့ လက်နက်တွေကို မိတာ သူတို့ကို ဘယ်ပုဒ်မ တွေနဲ့ အရေးယူမလဲ။သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ဆိုရင် ပြည်သူတွေကလည်း မိမိကိုယ်ကာကွယ်ဖို့ တစ်ယောက် တစ်လက် လောက်ပဲ စုဆောင်းပြီး ကိုင်ရင် ကျွန်တော်တို့ နိုင်ငံမှာ တစ်နှစ်တာပတ်လုံး သီတင်းကျွတ် ဗျောက်ဖောက် ပွဲတော် ကြီး  ဖြစ်သွား မှာပေါ့။ ဒီဟာကို ကျောသားရင်သား မခွဲခြားဘဲ အရေးယူဖို့ လိုတယ်။သူတို့ပြောတယ် ဒါတွေကလုံခြုံရေး ကုမ္ပဏီ ထောင်ဖို့လို့ ပြော တယ်။ အဲလိုဆိုရင် သူတို့ ဘယ်ကနေ သွင်းလာတာလဲ ဆိုတာ ကိုသူတို့ရုံး၊သူတို့ ဟိုတယ် ရှိတဲ့ နေရာက အုပ်ချုပ် ရေးမှုးတွေကို သတင်းပို့ အသိပေးတာ ရှိသလား။သက်ဆိုင်ရာရဲတပ်ဖွဲ့ကို အကြောင်းကြားသလား။ တပ်မတော်ကို အသိပေး သလား ။ အဲလိုတွေ လုပ်ခဲ့တာ မရှိဘူး။အဲလိုဆိုရင် ရန်သတ္တု ပြုဖို့ရည်ရွယ်ချက်နဲ့လုပ်တာပဲ။ ဒီကိစ္စကို ဥပဒေကြောင်းအရ ထိထိ ရောက်ရောက် ပီပီပြင်ပြင် အရေးယူဖို့ လိုတယ်။ကျွန်တော်တို့ နိုင်ငံက ဟိုနေရာ သေနတ်တွေ့လိုက်၊ ဒီနေရာ သေနတ်တွေ့ လိုက်နဲ့။ လက်နက်တွေ ကို လေဆိပ်ကနေ သယ်တယ် ဆိုတာ တော်တော်ကို မျက်နှာပြောင်တိုက်ပြီး တရားရေးကို စိန်ခေါ်တာပဲ။ သေနတ်တွေပြပြီး တရားရေးကို စိန်ခေါ်တာကို တရားရေးက ဘယ်လိုလုပ်မလဲ စိတ်ဝင်စားတယ် ။ပြည်သူကလည်း စိတ်ဝင်စား တယ်။ ကိုယ့်ကိုယ် ကိုယ် ကာကွယ်ဖို့ ဆိုတော့ လက်နက်မရှိတဲ့ပြည်သူက ဒူးထောက်ပေးရမှာလား။ပြည်သူမှာက လက်ချည်းပဲ။

ငြမ်းမီဒီယာ – ဖြိုးကိုကိုတင့်ဆန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ လက်နက်ပုံတွေကို တင်ခဲ့တာကြာပြီ။ သာမန်ပြည်သူ အနေနဲ့က အစစ်လားအတုလား မခွဲနိုင်ဘူး။ဒါပေမယ့် ပြည်ထဲရေးတို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့က ဝင်ရောက်စစ်ဆေးတာမျိုးတွေမလုပ်ခဲ့ပဲ အခုမှာသွားရင်းလာရင်းမိတာကိုရော ဘာပြောချင်လဲခင်ဗျ။

URSA – ကျွန်တော်ပြောပြမယ်။ကြက်ဖကြီးတုန်းက အင်္ဂလိပ်လိုအကောင့်(၇)ခု၊မြန်မာလို အကောင့်(၅) ခုရှိတယ်ဆိုပြီး ကိုလှဖုန်းကို အမှုလေးခုနဲ့ စွဲတင်တယ်။ ခုလက်နက်တွေတင်တယ်၊ မမြင်လို့လား။ ဘာလုပ် နေကြလဲ။အဲဒီမှာပဲ သူတို့က အတင့်ရဲစွာပိုလုပ်လာတာပဲ။သူတို့ ဟာ အုပ်စုလိုက် ကြိုတင်ကြံစည်မှုရှိတယ်။ဒါကြောင့် လေးလေးနက်နက် ထားပြီး လုပ်ဆောင်ရမယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ကျွမ်းကျင်တဲ့ ဥပဒေအရာရှိတွေ ဆင်းစစ်ကြပါလို့အကြုံပြုချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ငြမ်းမီဒီယာ
အောက်တိုဘာ(၁၇)၊၂၀၁၇၊ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,