သေရာပါတဲ့ အထိ မှတ်မိနေမှာပါ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / တက္ကသိုလ်ဝင်တန်းကို  ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ဉာဏ်လင်းမောင်

ငြမ်းမီဒီယာ
ဇွန်(၂၀)၊ ၂၀၁၈၊ ရန်ကုန်

ပြစ်မှုကြောင့်အကျဉ်းကျနေပေမယ့် အကျဉ်းထောင်ထဲကနေ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်အောင် ကြိုးစားဖြေဆို ခဲ့သူတွေအတွက် ဂုဏ်ပြုပွဲ အခမ်းအနား ကို အင်းစိန် အကျဉ်းထောင်မှာ ဇွန်လ(၁၉) ရက်နေ့ က ပြုလုပ် ခဲ့ပါတယ်။အကျဉ်းထောင် ထဲကနေ ဖြေဆိုအောင်မြင်သူတွေထဲမှာ ဉာဏ်လင်းမောင် ဟာ တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး သုံးဘာသာနဲ့ ထူးချွန်စွာ အောင်မြင် ခဲ့ပါတယ်။ အသက်(၂၂)နှစ် ရှိပြီဖြစ်တဲ့ ဉာဏ်လင်းမောင်ဟာ လုယက်မှုနဲ့ ထောင်ဒဏ်ခြောက်နှစ် တစ်လ ကျခံနေရပါတယ်။ ဉာဏ်လင်းမောင် ကို ငြမ်းမီဒီယာ အပါအဝင် သတင်းမီဒီယာ သမားတွေရဲ့မေးမြန်မှုတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

မီဒီယာ- ပထမဆုံး အနေနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာ အောင်မြင်အောင် ကြိုးစားခဲ့တဲ့ အကြောင်းလေးကို ပြောပြပေးပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဉာဏ်လင်းမောင် – အဓိကကတော့ ဆရာတွေရဲ့သင်ကြား ပြသပေးမှုပေါ့။ ကျွန်တော်တို့ကို ဂုဏ်ထူးနဲ့ အောင်မြင်ဖို့ အထိပါ ကြိုးစားပြသ ပေးပါတယ်။ ကျွန်တော်တို့က လည်း ဆရာတွေ သင်တဲ့ စာကို တစ်နေ့စာ တစ်နေ့ ပြုလုပ်ပေး ခဲ့ရတယ်။ ဆရာတွေက အနီးကပ် ပြုစုစောင့်ရှောက် ပေးပါတယ်။ စာမေးပွဲအောင်ဖို့ကိုလည်း လမ်းညွှန် ပေးပါတယ်။ စာမေးပွဲအောင်ဖို့ သူတို့ ချမှတ်ထားတဲ့အတိုင်း လိုက်နာကျင့်သုံးပေးခဲ့လို့ ဂုဏ်ထူးသုံးဘာသာနဲ့ အောင်ခဲ့တာပါ။

ကျွန်တော်တို့က ထောင်ကျခဲ့တယ် ဆိုတာအမည်းစက် တစ်ခုဖြစ်ခဲ့ပြီ။ ဒါပေမယ့် အပြင်ပြန်ရောက်သွားတဲ့ အခါမှာ ဆယ်တန်းအောင်ပြီး ပြန်လာခဲ့တယ်ဆိုတာ အမည်းစက် တစ်ခုအနေနဲ့ မဖျောက်နိုင်ရင်တောင် …

မီဒီယာ – ဂုဏ်ထူးပါခဲ့တဲ့ ဘာသာရပ်တွေနဲ့ အမှတ်စာရင်းလေးကို ပြောပြပေးပါဦး။

ဉာဏ်လင်းမောင်- ဓါတုဗေဒ ၊ရှုပဗေဒနဲ့ ဘောဂဗေဒ ဘာသာရပ် တွေပါ။ ရမှတ်ကတော့ စုစုပေါင်း ၄၅၈ မှတ်ပါ။

မီဒီယာ – ရှေ့ဆက်ပြီး ပညာရေးကို ဘယ်လို လေ့လာ သင်ကြားဖို့ ရှိလဲ။

ဉာဏ်လင်းမောင် – ဖြစ်နိုင်ရင် အဆင့်မြင့်ပညာ ကို လေ့လာသင်ကြားချင်ပါတယ်။ အပြင်မှာ ဆိုရင်တော့ကျွန်တော်အမှတ်နဲ့ ကိုက်ညီတဲ့ ဘွဲ့တွေ ထပ်ယူချင် ပါသေးတယ်။ ကျွန်တာ် UFL တက်ချင်ပါတယ်။ နိုင်ငံတော် အတွက်လည်း အကျိုးမယုတ်တဲ့ သူတွေ ဖြစ်စေချင် ပါသေးတယ်။

မီဒီယာ – အကျဉ်းကျခံခဲ့ရတဲ့ ပြစ်ဒဏ်နဲ့ အကျဉ်းကျခံနေရတဲ့ ကာလဘယ်လောက်ရှိပြီလဲ ဆိုတာပြောပေးပါဦး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဉာဏ်လင်းမောင်- ကျွန်တော်လုယက်မှုနဲ့ ထောင်ခြောက်နှစ် တစ်လ ကျပါတယ်။ အကျဉ်းကျခံနေရတာ တစ်နှစ်နဲ့ ခုနှစ်လ ရှိပါပြီ။

မီဒီယာ – လွတ်ငြိမ်းချမ်းသာခွင့် ပေးနေတာမျိုးတွေ ရှိတယ်။ ဘယ်လို မျှော်လင့်ထားလဲ။

ဉာဏ်လင်းမောင် – ဒီအထဲမှာထက် အပြင်မှာဆိုရင် အဆင့်မြင့် ပညာတွေ သင်လို့ ရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်တယ်လို့ထင်ပါတယ်။

မီဒီယာ – အပြင်မှာဖြစ်ခဲ့တဲ့ကိစ္စကို ခုချိန်မှာနောင်တရမိတာမျိုးရှိလား။

ဉာဏ်လင်းမောင် – နောင်တရတဲ့ စိတ်နဲ့ပဲ ကျွန်တော် ကြိုးစားခဲ့ တာပဲ။ ကျွန်တော့် အမှားတွေ အတွက်လည်း ပြင်ဆင်ရင်းပေါ့။ အဓိကကတော့ အရှုံးထဲက အမြတ်အနေနဲ့ပေါ့။ အဲအတွက်လည်း ကျွန်တော် ကြိုးစားခဲ့တာပါ။

ဆယ်တန်း အောင်တယ်ဆိုတာ သိရပြီး ဂုဏ်ထူးသုံးဘာသာပါတယ် ဆိုတာ သိရတဲ့ အချိန်မှာ ပျော်လွန်းလို့ မျက်ရည်တောင် ကျမိပါတယ်။ ကျွန်တော် …

မီဒီယာ – အကျဉ်းဦးစီးဌာနက ပညာရေးနဲ့ပတ်သက်ပြီး ရှေ့ဆက် ဘာလုပ်ပေးမယ်လို့ ပြောထားတာမျိုးရှိလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဉာဏ်လင်းမောင်- အကယ်၍ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရင် ကျွန်တော် လွတ်သွားမယ်ပေါ့။ လွတ်ငြိမ်းသာခွင့် မပေးဘူးဆိုရင် ဒီထဲကပဲ အဝေးသင် ပညာကိုသင်ယူရင်း ဘွဲ့တွေ ယူသွားရမှာပါ။

မီဒီယာ- အကျဉ်းကျခံနေရင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုထူးချွန်စွာ အောင်မြင်ခဲ့တာက ကိုယ့်ဘဝအတွက် ဘယ်လို မှတ်တိုင်မျိုးဖြစ်လာနိုင်မလဲ။

ဉာဏ်လင်းမောင်- အမှတ်တရကတော့ သေရာပါတဲ့ အထိ မှတ်မိနေမှာပါ။ ကျွန်တော့်ဘဝက အောင်မြင်မှု ဒါ ပထမဦးဆုံးပါ။ ဆယ်တန်း အောင်တယ်ဆိုတာ သိရပြီး ဂုဏ်ထူးသုံးဘာသာပါတယ် ဆိုတာ သိရတဲ့ အချိန်မှာ ပျော်လွန်းလို့ မျက်ရည်တောင် ကျမိပါတယ်။ ကျွန်တော်ဘဝအတွက်မေ့လို့ မရတဲ့ အမှတ်တရပါ။

မီဒီယာ- အပြင်မှာတုန်း က ပညာရေးအခြေအနေကိုပြောပြပါဦး။

ဉာဏ်လင်းမောင် – အပြင်မှာတုန်းက ၂၀၁၁/၁၂ မှာ ဆယ်တန်းကို ပထမအကြိမ် ဖြေခဲ့ပါတယ်။ အဲမှာတုန်းက ကျပါတယ်။ နောက်နှစ် မဖြေခဲ့ပါဘူး။ အထဲကျမှ ပြန်ဖြေခဲ့ပြီး ဂုဏ်ထူး သုံးဘာသာ ပါခဲ့တာပါ။

မီဒီယာ- ဘဝတူ တွေကို အားပေးစကား ဘာများပြောချင်လဲ

ဉာဏ်လင်းမောင် – ဘဝတူ လူမျိုးရှိရင် ကြိုးစားကြပါလို့။ ကျောင်းဆက်တက်စေချင် ပါတယ်။ အရှုံးထဲက အမြတ်ပေါ့။ ကျွန်တော်တို့က ထောင်ကျခဲ့တယ် ဆိုတာအမည်းစက် တစ်ခုဖြစ်ခဲ့ပြီ။ ဒါပေမယ့် အပြင်ပြန်ရောက်သွားတဲ့ အခါမှာ ဆယ်တန်းအောင်ပြီး ပြန်လာခဲ့တယ်ဆိုတာ အမည်းစက် တစ်ခုအနေနဲ့ မဖျောက်နိုင်ရင်တောင် လက်မတော့နည်းနည်း ထောင်နိုင်တာပေါ့။

ငြမ်းမီဒီယာ
ဇွန်(၂၀)၊ ၂၀၁၈၊ ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,