သြဂုတ်(၂၀) နံနက် ဂုတ်တွင်းတံတား ကားများ ဖြတ်သန်းနိုင်ရေး ဆောင်ရွက်နေ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဆောက်လုပ်ရေးဝန်ကြီးဌာန

သြဂုတ်လ(၂၀)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ဂုတ်တွင်းတံတားတွင် အိမ်စီးကားငယ် များနှင့်ကုန်တင်ကားကြီးများ (ယာဉ်+ကုန်=၃၆ တန်)ဖြတ်သန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

သြဂုတ်(၁၉)၊၂၀၁၉၊ရန်ကုန်

တရုတ် -မြန်မာကုန်သွယ်ရေးတွင်အရေးပါသည့် ဂုတ်တွင်းတံတားကို AA၊TNLA၊MNDAA လက်နက်ကိုင်အဖွဲ့များက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ(၁၅)ရက်နေ့ကမိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်တွင်တံတား နေရာတွင် သုံးလွှာတစ်ထပ် နှစ်လမ်းသွားဘေလီတံတား အရှည်(၂၁၀)ပေကို သြဂုတ်လ (၁၉)ရက်နေ့ ကိုးနာရီအချိန်တွင် ထိုးပြီးဖြစ်သည်။ ယင်းအပြင် တံတားအတက်အဆင်း ချဉ်းကပ်လမ်းနှစ်ဖက်စလုံးကို သံပြား ကြမ်းခင်းခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်နေပြီဟုဆိုသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဆိုပါလုပ်ငန်းခွင်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း/တံတား အင်ဂျင်နီယာများနှင့်ကျွမ်းကျင်လုပ်သား နှစ်ရာကျော် တို့က နေ့/ည မပြတ် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဂုတ်တွင်တံတား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းခွင်အား သြဂုတ်လ(၁၉)ရက်နေ့ ညပိုင်း၌တွေ့မြင်ရစဉ်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။