“သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀” ဒေါ်အောင်ဆန်းစုကြည် အဖွင့် အမှာစကားမှ ကောက်နုတ်ခြင်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSCO

– တိုင်းရင်းသားအချင်းချင်း အေးအတူပူအမျှ အပြန်အလှန်အမှီသဟဲပြုပြီး စဉ်ဆက် မပြတ် နေထိုင်ခဲ့ကြတဲ့ သမိုင်းတစ်လျှောက် ဂုဏ်တင့်ထည်ဝါမယ့် ပြည်ထောင်စုကြီးကို ကျွန်မတို့အားလုံး ဖြူစင်တဲ့စေတနာ၊ ထက်မြက်တဲ့စိတ်ဓာတ်တွေနဲ့ ပြုစုပျိုးထောင်ကြရ မှာဖြစ်ပါတယ်။

လိုအပ်နေတဲ့ အချိန်မှာ တိုင်းရင်းသားပြည်သူအားလုံး မေတ္တာ၊ စေတနာ ဆင်ခြင်တုံတရား သတ္တိတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ် …

– ပြည်ထောင်စုအတွင်းမှာ မတူညီတဲ့ လူမျိုး၊ မတူတဲ့ဘာသာစကား၊ မတူတဲ့ကိုးကွယ်မှု များရှိလင့်ကစား၊ စည်းလုံးညီညွတ်စွာ နေရေးကို ဦးတည်ကြရပါမယ်။

MSCO

– အချင်းချင်း ရိုင်းပင်းကူညီမှု၊ ချစ်ခင်လေးစားမှုများကို အခြေခံပြီး ငြိမ်းချမ်းရေးကို အရယူနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လူတွေဖန်တီးတဲ့ ဒုက္ခတွေကြောင့်မို့လို့ အကျည်းတန် တဲ့အရာတွေလည်း အများကြီး ရှိနေပါတယ်။ ဒါတွေဖယ်ရှားဖို့ ဆိုတာ ကျွန်မတို့အားလုံး …

– သွေးချင်းလို့ဆိုတဲ့အခါမှာ တူညီတဲ့ သွေး၊ တူညီတဲ့သွေးဆိုတာ တကယ်တော့ ကျွန်မတို့ သွေးကြောတွေထဲမှာ စီးဆင်းနေတဲ့ သွေးတွေကိုပြောတာ မဟုတ်ပါဘူး။ ကျွန်မတို့စိတ်ထဲကနေ စီးဆင်းနေတဲ့ သွေးကို ပြောတာပါ။ ဆိုလိုချင်တာဟာ စိတ်ထဲက သဘောချင်းဟာတူညီမှ၊ ကျွန်မတို့ဟာ တစ်စိတ်တည်းတစ်ဝမ်းတည်းဖြစ်မှ တကယ့်သွေးရင်းတွေဖြစ်နိုင်မှာပါ။ အကြောထဲမှာ စီးဆင်းနေတဲ့သွေးက ဘယ်လိုပဲတူတူ တစ်စိတ်တည်းတစ်ဝမ်းတည်းမဟုတ်ဘူးဆိုရင် ကျွန်မတို့ကိုယ်ကျွန်မတို့ သွေးချင်းလို့ ခေါ်နိုင်မှာ မဟုတ်ပါဘူး။

နှလုံးသားထဲကနေ ထောက်ခံရုံတင်မက ဉာဏ်ကိုသုံးပြီးတော့ ဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတာ စဉ်းစားပေးပါ …

MSCO

– ကျွန်မတို့လူတွေဖန်တီးတဲ့ ဒုက္ခတွေကြောင့်မို့လို့ အကျည်းတန် တဲ့အရာတွေလည်း အများကြီး ရှိနေပါတယ်။ ဒါတွေဖယ်ရှားဖို့ ဆိုတာ ကျွန်မတို့အားလုံး တစ်စိတ်တည်း တစ်ဝမ်းတည်းနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့လုပ်မှ ဖယ်ရှား နိုင်မှာဖြစ်ပါ တယ်။ အဲဒါအတွက်လည်း အားလုံးဦးတည်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။

– ဒီမိုကရေစီဖက်ဒရယ် ဖော်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ အချိန်မှာ တိုင်းရင်းသားပြည်သူအားလုံး မေတ္တာ၊ စေတနာ ဆင်ခြင်တုံတရား သတ္တိတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်။

MSCO

– ကျွန်မတို့ရဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှများနဲ့ စုစည်းပြီးတော့ ပြည်ထောင်စုမှာ ငြိမ်းချမ်းရေး ရဖို့အတွက် ကျွန်မတို့ ကြိုးစားနေ ပါတယ်။ ဒီကြိုးစားမှုကိုလည်း ဝိုင်းဝန်းပြီးတော့ ကူညီကြပါ။ ထောက်ခံကြပါ။ နှလုံးသားထဲကနေထောက်ခံပါ။ နှလုံးသားထဲကနေ ထောက်ခံရုံတင်မက ဉာဏ်ကိုသုံးပြီးတော့ ဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတာ စဉ်းစားပေးပါ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,