သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၁၃,၀၄၈)ဦးရှိ၊သေဆုံးသူ(၆၈)ဦး ရှိပြီဖြစ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သွေးလွန်တုပ်ကွေးဖြစ်ပွားသူ(၁၃,၄၀၈)ဦးရှိပြီးသေဆုံးသူ(၆၈)ဦးရှိပြီဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနကသတင်းထုတ်ပြန်သည်။

ဖော်ပြပါအရေအတွက်မှာ၂၀၁၉၊ဇန်နဝါရီလ(၁)ရက်နေ့မှသြဂုတ်လ(၁၀)ရက်နေ့အထိရရှိထားသည့် အရေအတွက်ဖြစ်သည်။

စက်တင်ဘာ(၅)၊၂၀၁၉၊ရန်ကုန်

သွေးလွန်တုပ်ကွေးအဖြစ်အများဆုံးတိုင်းဒေသကြီးနှင့်ပြည်နယ်များမှာဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့ဖြစ်သည်။

အများဆုံးဖြစ်ပွားသည့်တိုင်းဒေသကြီးမှာဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီးသွေးလွန်တုပ်ကွေး ဖြစ်ပွားသူ(၂,၃၅၀)ဦး၊သေဆုံးသူ(၈)ဦး၊ဒုတိယ အများဆုံးများရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ဖြစ်ပွားသူ(၂,၀၃၁)ဦး၊ သေဆုံးသူ(၁၉)ဦး ဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ယခုဖော်ပြပါစာရင်းများအရရန်ကုန်တိုင်းဒေသကြီးတွင်သွေးလွန်တုပ်ကွေးဖြစ်ပွားသူအရေအတွက်မှာ ဧရာဝတီတိုင်းဒေသကြီးထက် နည်းသော်လည်းသေဆုံးသူအရေအတွက်မှာဧရာဝတီ တိုင်းဒေသကြီးထက်များသည်။

သွေးလွန်တုပ်ကွေးရောဂါသည်အသက်(၁၅)နှစ်အောက်တွင်အများဆုံးဖြစ်ပွားတတ်သော်လည်း ယခုအခါတွင်အသက်အရွယ်မရွေးဖြစ်ပွားလျက် ရှိသည်ဟုပြည်သူ့ကျန်းမာရေးဦးစီးဌာနကသတိပေးထားသည်။

ပုံမှန်ရာသီးအကူးအပြောင်းတွင်ဖြစ်တတ်သည့်တုပ်ကွေးရောဂါလက္ခဏာနှင့်သွေးလွန်တုပ်ကွေးအဖျား ရောဂါလက္ခဏာနှင့်ကွာခြားမှု မရှိသောကြောင့်သတိပြုရန်လိုအပ်ပြီးအထူးသဖြင့် ကလေးငယ် များအားပိုသတိပြုရန်လိုအပ်သည်။

သွေးလွန်တုပ်ကွေးရောဂါ စိုးရိမ်ရသည့်လက္ခဏာများမှာ နှစ်ရက်မှ ခုနှစ်ရက်ခန့်အထိဖျားပြီး ဂနာမငြိမ်ဖြစ်ခြင်း(သို့မဟုတ်) မှိန်းလာခြင်း ၊ခြေဖျားလက်ဖျာအေးစက်ခြင်း၊ရုတ်တရက်ဗိုက်အောင့်လာခြင်း၊အစာ/ရေမဝင်နိုင်လောက်အောင်အဆက်မပြတ်အန်ခြင်း၊ခန္ဓာကိုယ်တွင်းသွေးယိုစီးမှုကြောင့်ကော်ဖီအနှစ်ရောင်များအန်ခြင်း၊ကတ္တရာစေးကဲ့သို့ဝမ်းမည်းမည်းများသွားခြင်းတို့ဖြစ်သည်။

ဓာတ်ပုံ – Today

သွေးလွန်တုပ်ကွေးရောဂါသညသွေးလွန်တုပ်ကွေးပိုးရောဂါသယ်ဆောင်သည့်အေဒီးစ်ခြင်း (Aedes)ခြင်ကျား ကိုက်ခံရခြင်းမှကူးစက် ခံရခြင်းဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။