အကျဉ်းထောင်များတွင် COVID -19 ကြိုတင်ကာကွယ်နိုင်ရန် အကြံပြု တိုက်တွန်းချက်များ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Clarion Ledger

အသစ်ရောက်ရှိလာသည့် မည်သည့် အချုပ်သား၊ အကျဉ်းသားကို မဆို ထောင်ဗူးဝတွင် ကူးစက်ရောဂါ လက္ခဏာများ ရှိ၊မရှိ သေချာစွာစစ်ဆေးခြင်းနှင့် သတ်မှတ်ကာလတစ်ခုအထိ သီးခြားထားရှိပြီး စောင့်ကြည့် အဆင့်ဖြင့် ထားရှိရန်

သံသယရှိ အကျဉ်းသား၊ အချုပ်သားများကို ပြင်ပ သီးသန့်ဆေးရုံသို့ ပို့ဆောင်၍ စောင့်ကြည့် ကုသခွင့်ပေးရန်

အကျဉ်းထောင်များမှ တရားရုံးထုတ်ပြီး ပြန်လာသူများကို သီးခြားထားရှိပြီး စောင့်ကြည့်ရန်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ထောင်ဝင်စာတွေ့ရာတွင် အကျဉ်းသားနှင့် မိသားစုများကိုပါ ကြိုတင်ကာကွယ်ရန် အတွက်လိုအပ်သည့် အစီအမံများ ထားရှိဆောင်ရွက်ပေးရန်

ထောင်ဝင်စာထုပ်များ အား ကူးစက်ရောဂါများ ကပ်ပါမလာရန် သေချာသည့် စစ်ဆေးမှုများ ပြုလုပ်ပေးရန်

အကျဉ်းထောင်များရှိ အကျဉ်းသား၊ အချုပ်သား များအား ကျန်းမာရေးနှင့်ပတ်သက်၍ ယခင်ထက် ပိုသတိထားစောင့်ကြည့်ရန်

တရားရုံးနှင့် ရဲစခန်းရှိ အချုပ်ခန်းများတွင် အချုပ်သားများအား လက်ဆေးရည်များ ထားရှိပေးရန် ၊ကူးစက်ရောဂါ လက္ခဏာများ ရှိ၊ မရှိ နေ့စဉ်ပုံမှန် စစ်ဆေးရန် နှင့် စစ်ဆေးရန်လိုအပ်သည့် အထောက်အကူ ပစ္စည်းများ ထားရှိပေးရန်

လွတ်မြောက်မည့် အကျဉ်းသား၊အချုပ်သား များကို မလွှတ်ပေးခင် ကူးစက်ရောဂါ လက္ခဏာ ရှိ၊မရှိ စစ်ဆေးပေးရန်

ဝန်ထမ်းများအားလည်း အကျဉ်းထောင်၊ အချုပ်ခန်းများသို့ သွားရောက်သည့်အခါတိုင်း အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်းနှင့် ကူးစက်ရောဂါ လက္ခဏာ များ ရှိ၊မရှိ ပုံမှန်စစ်ဆေးရန်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အရေးပေါ်အခြေအနေများအတွက် လိုအပ်သည့် အစီအမံများ ကြိုတင်ဆောင်ရွက်ထားရှိရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

အထက်ပါ ဖော်ပြချက်များသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အကြံပြု တိုက်တွန်း ချက်များ ကို ငြမ်းမီဒီယာ က ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,