အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ အပစ်အခတ် ရပ်စဲကြောင်း ကြေညာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ် ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့် နေရာများမှအပ ကျန် နယ်မြေ များ တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ထားကြောင်း တပ်မတော်က ကြေညာလိုက်သည်။

ငြမ်း/ (၇၃) နှစ်မြောက်တပ်မတော်နေ့ အခမ်းအနား

အပစ်အခတ် ရပ်စဲမှုသည် ၂၀၂၀ ပြည့်နှစ်၊ မေလ၊(၁၀) ရက်နေ့မှ သြဂုတ်လ၊ (၃၁) ရက်နေ့အထိ (၁၁၄) ရက်ကြာမြင့်မည် ဖြစ်သည်။

အဆိုပါထုတ်ပြန်ကြေညာချက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ၊(၉) ရက်နေ့တွင် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်အနက်မှ အောက်ဖော်ပြပါ (၄) ချက်ကို အလေးအနက်ထား လိုက်နာရန် လိုအပ်မည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါလေးချက်မှာ

(၁) သဘောတူစာချုပ်များအတိုင်းကတိတည်ရန်။

(၂) ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ်အမြတ်မထုတ်ရန်။

(၃ ) ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်။

(၄) နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် တို့ဖြစ်သည်။

ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် အင်အားအသုံးပြု၍ တိုက်ခိုက်ခြင်း၊ ဒေသခံ တိုင်းရင်းသားများအပေါ် အနိုင်ကျင့်ခြင်းများ မပြုလုပ်ရေးကို တာဝန်ယူထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားအဆင့်ဆင့်ကို လည်းကောင်း၊ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရေး ကို လည်းကောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် အကျိုးစီးပွားများကို လည်းကောင်း ထိခိုက်မှု မဖြစ်စေရန် တာဝန် ယူရမည် ဟု ဖော်ပြထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်အနက်မှ (၄) ချက် အပါအဝင်အထက်တွင် ဖော်ပြထားသည့် တိုင်းရင်း သား လက်နက်ကိုင်များ တာဝန်ယူ ထိန်းသိမ်းရမည့် အချက်များနှင့် တာဝန် ယူရမည့် ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပေါ်လာပါက တပ်မတော် အနေဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်သည် ဟု ဖော်ပြ ထားသည်။

ကမ္ဘာအနှံ့တွင် ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ ရပ်တန့်ပေးကြရန် ကုလအတွင်းရေးမှူးချုပ် မတ်လ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

COVID-19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး တွင် တပ်မတော်အနေဖြင့် အင်တိုက်အားတိုက် ကူညီဆောင်ရွက်လျက် ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငြမ်းမီဒီယာ

——————————————————————

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်) (၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်)

၁။ ကမ္ဘာအနှံ့တွင် COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်နေရသောကြောင့် ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးကြရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့ပါသည်။

၂။ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့ကပ်ရောဂါ COVID-19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး အတွက် နိုင်ငံတော်မှ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် အဆင့်ဆင့်သော ကော်မတီများဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး တပ်မတော်ကလည်း အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်လျက် ရှိပါသည်။

၃။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပိုမို ထိရောက် လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်မှအကြမ်းဖက်ဟု သတ်မှတ် ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများ၌ ၂၀၂၀ ပြည့်နှစ်၊ မေလ(၁၀) ရက်မှ သြဂုတ်လ (၃၁) ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ထားကြောင်း ကြေညာလိုက်သည်။

၄။ ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်အနက်မှ အောက်ဖော်ပြပါ (၄) ချက်ကို အလေးအနက်ထား လိုက်နာရန် လိုအပ်မည်ဖြစ်ပါသည်-

(က) သဘောတူစာချုပ်များအတိုင်းကတိတည်ရန်။

(ခ) ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ်အမြတ်မထုတ်ရန်။

(ဂ ) ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်။

(ဃ) နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန်။

၅။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် အင်အားအသုံးပြု၍ တိုက်ခိုက်ခြင်း၊ ဒေသခံ တိုင်းရင်းသားများအပေါ် အနိုင်ကျင့်ခြင်းများ မပြုလုပ်ရေးကို တာဝန်ယူထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။

၆။ အလားတူ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားအဆင့်ဆင့်ကို လည်းကောင်း၊ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးကို လည်းကောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် အကျိုးစီးပွားများ ကို လည်းကောင်း ထိခိုက်မှု မဖြစ်စေရန် တာဝန်ယူရပါမည်။

၇။ အထက်အပိုဒ် (၄) (၅) နှင့် (၆) ပါ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပေါ်လာပါက တပ်မတော် အနေဖြင့် လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၈။ တပ်မတော်အနေဖြင့် တိုင်းရင်းသား ပြည်သူလူထု လိုလား တောင့်တနေသည့် ထာဝရ ငြိမ်းချမ်းရေး ကို ပြည်သူ့လက်သို့ အရောက် အပ်နှင်းမည်ဟူသည့် သံန္နိဋ္ဌာန်အတိုင်း ဖြစ်မြောက် အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ COVID-19 ကမ္ဘာ့ ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်း စဉ်များအား နိုင်ငံအရေး၊ အမျိုးသား အရေးအဖြစ် အင်တိုက် အားတိုက် ထိထိရောက်ရောက် ဆက်လက်ပါဝင်ကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,