အကြီးအကျယ် ပြဿနာတွေ တက်ကုန် လိမ့်မယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

(U)NS / ချင်းဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးငိုင်ဆခ့်

ချင်းလူမျိုး မှာ အဓိက အရေးကြီးဆုံး သေတဲ့အထိ တန်ဖိုး ထားတာ က ဓလေ့ထုံးတမ်း အရ ပိုင်ဆိုင်မှုမြေပဲ။ အရမ်း အရေးကြီး တယ်။ သေနတ်ကို လည်း တန်ဖိုးထားတယ်။ ဒါပေမယ့် သေနတ်က ရွှေပြောင်းလို့ ရတယ်။ မြေ က ဘယ်လောက် ထိ တန်ဖိုး ထား သလဲ ဆိုတော့ ဒီမြေ ဟာ…

မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ ကို ကျင့်သုံး လုပ်ဆောင်မည့် ကိစ္စအတွက် တိုင်းရင်းသားများ၊ မြေယာအရေး ဆောင်ရွက်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ က ကန့်ကွက် နေပြီး ဖျက်သိမ်းပေးရန် တောင်းဆို နေကြသည်။ ယင်းအခြေအနေ များကြောင့် အထက်ပါ ဥပဒေနှင့် ပတ်သက်ပြီး တရား လွှတ်တော် ရှေ့နေ တစ်ဦး ဖြစ်ပြီး ချင်းဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဖြစ်သူ ဦးငိုင်ဆခ့် ကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်း ထားခြင်း ဖြစ်သည်။

ငြမ်းမီဒီယာ – မြေလွတ်၊ မြေလပ်၊ မြေရိုင်များ စီမံခန့်ခွဲရေး ဥပဒေနဲ့ ပတ်သက် ပြီး ကန့်ကွက်မှုတွေ တော်တော်တွေ့လာရတယ်။ အထူး သဖြင့် တိုင်းရင်းသားဒေသတွေမှာ ပိုပြီး ကန့်ကွက်မှု တွေ ရှိနေ တယ်။ အဲဒီဥပဒေ အပေါ် ဘယ်လို သုံးသပ်လဲ။

N.S – နှစ်ပိုင်း သုံးသပ်လို့ရမယ်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေ ဆိုတာ တစ်ကယ်တော့ တိုင်းပြည်အတွက် မလိုအပ် ဘူးလားဆိုတော့ လိုအပ်တယ်။ ဘာဖြစ်လို့ လိုအပ်နေ သလဲ ဆိုရင်တော့ မြေလွတ် မြေလပ် မြေရိုင်းရှိတဲ့ နယ်မြေ ဒေသတွေ မှာ စနစ်တကျ ကိုင်တွယ်နိုင်ဖို့နဲ့ စနစ်တကျ ဆောင်ရွက် နိုင်ဖို့ လွှတ်တော် က ဥပဒေ ပြဌာန်း တယ် ဆိုတာ တွေ့မြင်ရတယ်။ တိုင်းပြည်ခေါင်းဆောင်နေရာ က စိတ်ထားထားပြီး တိုင်းပြည် ကို စီမံခန့်ခွဲ့တဲ့ လူတစ်ယောက် အနေနဲ့ က လိုအပ်တဲ့ နေရာမှာ စိမံခန့်ခွဲနိုင် ဖို့ ဥပဒေ ဟာ လိုအပ်တယ်လို့ တစ်ဖက်က သုံးသပ် လို့ရမယ်။ တစ်ဖက်က ကျတော့ ဘာသွားဖြစ်နေလဲ ဆိုရင် ဒီဥပဒေ ဟာ လုံလောက်တဲ့ ပြည်စုံမှု မရှိတာ အမှန်ပဲ။ လုံလောက် ပြည့်စုံမှု မရှိ တာကြောင့် အခု တိုင်းရင်းသား လူနည်းစုတွေ ဖြစ်တဲ့ ကချင်၊ ချင်း၊ ရှမ်း၊ ကယား ၊ကရင် စသဖြင့် ဒီပြည်နယ်တွေ မှာ ဆိုရင် ယခင့် ယခင် က ရှင်းရှင်းပြောရရင် အင်္ဂလိပ် မရောက်ခင် ရှေးကျတဲ့ ယခင် ကတည်း က ဘိုဘွားပိုင်မြေတွေ ကို ပိုင်ဆိုင်လာခဲ့တာ။ လုပ်လာ ခဲ့တာ။ သူတို့ဘာသာ သူတို့ ခုတ်ထွင်ရှင်းလင်းပြီး ဘိုးဘွားစဉ်ဆက် က လုပ်လာ ခဲ့တဲ့ ဟာ စဉ်ဆက် မပြတ်ပဲ။ စာရွက်စာတမ်း မရှိသော် ငြားလည်းပဲ ဘယ်သူ့ တောင်ယာ လည်း ဆိုတာ အကုန် သိတယ်။ ဒီလိုမျိုး တိုင်းရင်းသားတွေရဲ့ ဘိုးဘွားပိုင် မြေတွေ ဟာ ကာကွယ်ဖို့ က လည်း လိုအပ်နေတယ်။ ဒီလိုမျိုး အကာအကွယ် ကို အတိ အလင်း ပြဌာန်း ထားတာ မရှိဘဲနဲ့ ဒီဥပဒေ ဟာ ၂၀၁၂ ခုနှစ် မှာ အတည်ဖြစ်သွားတယ်။ အခု ပြန်ပြင်ဆင်တဲ့ ၂၀၁၈ ဥပဒေမှာ လည်း ဒါကို တိတိပပနဲ့ အကာအကွယ် ပေးထားတာ မတွေ့ရဘူး။ ဒါကြောင့် တိုင်းရင်းသား ဒေသတွေမှာ စိုးရိမ်ပြီးတော့ ဒီဟာအတွက် လှုပ်လှုပ်ရွရွ ဖြစ်လာအောင် လုပ်ဆောင်နေ တာ က လည်း သဘာဝကျ ပါတယ်။ မှားတယ် လို့တော့ ယူဆလို့ မရပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ချင်းပြည်နယ် မှာ လူမျိုးစုတွေ အများကြီး ရှိနေတယ်ဆိုတော့ သူတို့တွေရဲ့ မြေပိုင်ဆိုင်မှု က ဘယ်ပုံစံရှိလဲ။

N.S – ချင်းပြည်နယ်မှာ က မျိုးနွယ်စု ဘယ်လောက်ပဲ ကွဲကွဲ မြေပိုင် ဆိုင်မှု ရိုးရာပိုင်ဆိုင်မှု က အကုန် အတူတူပဲ။ ချင်းပြည်နယ်မှာ က အရင့် အရင် ကတည်း က အင်္ဂလိပ်တွေ မဝင်ခင် ကတည်း က ဘိုးဘွားပိုင် ဆိုတာ တောက်လျှောက် ရှိနေခဲ့တာ ဆိုတော့ ဒီဟာ သည် နယ်နမိတ် ကို စည်းခြားထားတာ မရှိသော်လည်း ရှိနေတဲ့ ကျောက်တုံး၊ အပင်တွေနဲ့ မှတ်သားပြီး အဲဒီ နယ်နမိတ် ဟာ တည်မြဲနေတယ်။ အငြင်းပွားမှု လည်း မရှိသလောက်ပဲ ရှားပါးတယ်။ ဒီလို ရှားပါးတဲ့ အတွက် အသိအမှတ်ပြုမှု ဆိုတာ က တော်တော် ခိုင်မြဲတယ်။ စာရွက်စာတမ်းပေါ်မှာရှိတဲ့ အခုပုံစံ(၇) တို့ ပုံစံ( ၁၀၅)တို့ ပုံစံ (၁၀၆)တို့ မြေပုံတွေ ထက် တောင် ခိုင်မြဲသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ အပြန်အလှန်လေးစားမှုနဲ့ အသိအမှတ် ပြုခဲ့တာကြောင့် ဖြစ်တယ်။ ဒါကြောင့် ချင်းဒေသတွေမှာ ဆိုရင် ဘိုးဘွားပိုင် မြေတွေ ဖြစ်တာကြောင့် မြေလွတ် မြေလပ် မြေရိုင်း ဆိုတာ က မရှိဘူးလို့ တောင် ပြောလို့ ရတယ်။ ရှိတော့ အနည်း အကျဉ်း ရှိတယ်။ ဥပမာ အရမ်းမြင့်နေတဲ့ တောင်ထိပ်တို့ လူတွေ မရောက်နိုင်တဲ့ အလှမ်းဝေးတဲ့ နေရာတွေ ကတော့ မြေရိုင်း ရှိနိုင် တယ်။ ဒါပေမယ့် ဒေသခံတွေ ရောက်နိုင်ပြီး စိုက်ပျိုးတဲ့ နေရာ အကုန်လုံး က ဘိုးဘွားပိုင် အဖြစ် သတ်မှတ် ခဲ့တာ ဟာ အစဉ်အလာ လုပ်ခဲ့ လို့ အကုန်လုံး က အသိအမှတ် ပြုကြတာပဲ။ ဒါကြောင့်မို့ ချင်းပြည်နယ် မှာတော့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဆိုတာ အမတန် နည်းပါတယ်။

ငြမ်းမီဒီယာ – ချင်းပြည်နယ် က တိုင်းရင်းသား တွေရဲ့ မြေပိုင်ဆိုင်မှုက သူတို့အတွက် ဘယ်လောက် အရေးပါသလဲ။

N.S – ချင်းလူမျိုး မှာ အဓိက အရေးကြီးဆုံး သေတဲ့အထိ တန်ဖိုး ထားတာ က ဓလေ့ထုံးတမ်း အရ ပိုင်ဆိုင်မှုမြေပဲ။ အရမ်း အရေးကြီး တယ်။ သေနတ်ကို လည်း တန်ဖိုးထားတယ်။ ဒါပေမယ့် သေနတ်က ရွှေပြောင်းလို့ ရတယ်။ မြေ က ဘယ်လောက် ထိ တန်ဖိုး ထား သလဲ ဆိုတော့ ဒီမြေ ဟာ တစ်ဦးချင်း အလိုက် ပိုင်သလို ဆွေမျိုးစု အလိုက် ပိုင်တာ လည်း ရှိတယ်။ တစ်ကယ်လို့ အဲဒီမြေ တစ်ခုခု ဟာ အိမ်ထောင် မိသားစု က ပိုင်သော်ငြားလည်း သူ့အိမ်မှာ ယောင်္ကျားသား မရှိဘူးဆိုရင် ယောင်္ကျားသား မရှိတဲ့ အိမ်က စီမံခန့်ခွဲလို့ မရဘူး။ သူ့ ဆွေမျိုးတွေကပဲ စီမံ ခန့်ခွဲရတယ်။ အဲဒီ ယောင်္ကျားသား ဆိုတာက ဖသားမျိုးနွယ်လို့ ခေါ်တယ်။ ဖအေဘက် က အမျိုး အနွယ် ပဲ ဖြစ်ရမယ်။ သမီးကနေ တော်တဲ့ သားမက် ရှိတယ် ဆိုလည်း ဒီမြေ ကို စီမံခန့်ခွဲလို့ မရဘူး။ ဒါကြောင့် ဘိုးဘွား ပိုင်မြေ ဆိုတာ မြေပိုင်ဆိုင်မှု မှာ တင် အကျိုးသက်ရောက် တာ မဟုတ်ဘူး။ ချင်းရဲ့မျိုးနွယ်မှု ဆင်းသက်ပုံ၊ ဖသားစု ဆင်းသက်ပုံက စ ကာကွယ် ပေးထားတာ တွေ့ရတယ်။

ဥပဒေမပြင်ခင် အထိ ဒါကို ခဏဆိုင်းထားရင် ကောင်းမယ်။ အကောင်အထည် ဖော်လိုက်ရင် ပြဿနာ တက်မယ်။ အခုဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ညီလာခံ က လည်း ဘယ်လို ဖြစ်လာ မလဲ မသိဘူး။ ကျွန်တော် ကိုယ်တိုင် နိုင်ငံရေးမူဘောင် ရေးဆွဲရေး ကော်မတီမှာ မူကြမ်းရေးဆွဲ တုန်း က ကျွန်တော် ကိုယ်တိုင် ပါတယ်လေ။ ရိုးရာ ဓလေ့ထုံးတမ်း အရ ပိုင်ဆိုင်မြေများ ဆိုတဲ့ကိစ္စ က ခေါင်းစဉ် ကို ထည့်လို့ မရဘူး။ ဒါပေမယ့် မနည်းပြော မှ နောက်ဆုံး ရိုးရာပိုင်မြေများ လို့ ထည့်လို့ရတယ် …

မြေကို သူကိုယ်တိုင် လုပ်သည် ဖြစ်စေ မလုပ်သည်ဖြစ်စေ အသက်တစ်မျှ အရေးကြီး တယ်။ မြေတစ်လက် မတောင် အပါ မခံနိုင်ဘူူး။ အချို့တွေ မြေ အများကြီး ပိုင်တယ်၊ အချို့က နည်းနည်းလေးပဲ ပိုင်တယ် ဘာလုပ် စားမလဲ ဆိုရင် ချင်းထုံးစံ က အရမ်းချစ်စရာ ကောင်းတယ်။ ရွာမှာ မြေပိုင်ဆိုင်မှု အကြီးကြီးရှိသူ က ရှိတယ်။ မရှိသူက မရှိဘူး။ ဒါပေမယ့် မြေမပိုင် တဲ့သူ ဟာ တောင်ယာ မလုပ်ရတဲ့နှစ် ဆိုတာ မရှိဘူး။ မြေပိုင်တဲ့လူ က ကိုယ့်ရွာသားပဲ ကိုယ့်လူမျိုးပဲ ဆိုတဲ့ စိတ်နဲ့ မြေကို ပေးလုပ်တယ်။ အသက်ငယ်ရွယ်တဲ့သူဆို ပိုကောင်းတဲ့မြေ ကို ရွေးပြီး လုပ်ပါလို့ ပေးလုပ်တာ။ အခကြေးငွေ ပြည်မဘက် က လို လုံး၀ မယူဘူး။ မြေမပိုင်တဲ့လူက လည်း စိုးရိမ် စရာ မရှိဘူး။ ချစ်စရာ ဓလေ့ထုံးတမ်း က ရှိနေပြီးသား။ မြေကိုတော့ ပေးလုပ် လို့ရတယ်။ ဒါပေမယ့် အဆုံးရှုံးတော့ မခံနိုင်ဘူး။ ဒါကြောင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေ အရဆိုရင် သက်ဆိုင်ရာ တစ်ယောက်ယောက် က ဒီမြေဟာ မြေလွတ်ပါ မြေလပ်ပါလို့ ဝင်လျှောက်လာရင် ဘယ်လို လုပ်မလဲ။ ဒေသခံက ငွေလည်း မရှိဘူး။

NLD အစိုးရက အများကြီး ချင့်ချိန် သင့် တယ်။ ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်အရေး လိုချင်ပါတယ်လို့ အော်နေတယ်လေ။ ကျွန်တော်တို့ လည်း ထောက်ခံ ပါတယ်။ မျှော်လင့် ပါတယ်။ ဒါပေမယ့် ဖယ်ဒရယ် ကို လုပ်မယ့် အစိုးရ အနေနဲ့ တိုင်းရင်း သားတွေရဲ့ နယ်မြေတွေ က ဖက်ဒရယ်နဲ့ တိုက်ရိုက် သက်ဆိုင် ပါတယ်။ တိုင်းရင်းသား ဒေသမှာ ရှိတဲ့ နယ်မြေတွေ ဟာ …

ဘယ်လို လုပ်ရမှန်းလဲ မသိဘူး။ လေးရက် ခရီးလောက်မြို့ပေါ်ထိ လာပြီး မြေစာရင်းမှာ လာလုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူပိုင်မြေကိုတော့ သူ့အသက်နဲ့ ကာကွယ်မှာပဲ။ ဒါကိုမြေစာရင်း က လူတွေ က ဒီဥပဒေ အရ ဆိုပြီး သွားလုပ်လိုက်ရင် အကြီးအကျယ် ပြဿနာတွေ တက်ကုန် လိမ့် မယ်။ ဒါကြောင့် ဒီကိစ္စကို တိုင်းရင်းသားဒေသတွေ မှာ အာဏာ မသက်ရောက်အောင် လုပ်ရမယ့် အနေအထားဖြစ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဥပဒေကို စပြဌာန်းစဉ် က ကြံ့ခိုင်ရေး လက်ထက် ဆိုပေမယ့် တိုင်းရင်းသား ကိုယ်စားလှယ် တွေ ပါကြသလို ဥပဒေ ကို ပြန်ပြင်တဲ့ NLD လက်ထက်မှာ ကျတော့လည်း တိုင်းရင်းသား ကိုယ်စားလှယ် တွေ ပါကြတာပဲ။ သူတို့ရဲ့ စွမ်းဆောင်ချက် ကို ဘယ်လို သုံးသပ်မလဲ။

N.S – ၂၀၁၂ မှာ က လွှတ်တော်မှာ ပြည်ခိုင်ဖြိုး အသာစီးတဲ့ခေတ် ဒီဥပဒေ ကို ပြဌာန်းစဉ် ကတည်း က USDP ပါတီဝင် တိုင်းရင်းသား လူမျိုးတွေ က မကန့်ကွက်နိုင် ရှာဘူး။ မကန့်ကွက်ခဲ့ဘူး။ မကန့် ကွက် တာ အကြောင်းရင်း နှစ်ခုရှိတယ်။ မကန့်ကွက်တာ အကြောင်းရင်း နှစ်ခု ရှိတယ်။ နံပါတ် တစ် က ဒီဥပဒေရဲ့ အာနိသင်နဲ့ သက်ရောက်မှု၊ ဥပဒေသဘောတရား နားမလည်ပဲ လွှတ်တော်မှာ ဝတ်ကျေတန်းကျေ တက်ခဲ့တဲ့ လူတွေ ကြောင့် ဘာမှ မပြောခဲ့ဘူး။ နံပါတ်နှစ် က သက်ဆိုင်ရာ ပါတီရဲ့ ခွင့်ပြုချက် မရလို့ မကန့်ကွက်တာ နှစ်ပိုင်း ရှိတယ်။ ကန့်ကွက်သံ ကို မကြားခဲ့ရတာ။ ထိထိရောက်ရောက် ကန့်ကွက်ခဲ့တဲ့ မှတ်တမ်းမှတ်ရာ လိုချင်တယ်။ မရှိခဲ့ဘူး။ NLD လက်ထက် မှာ ပြင်ဖို့ လုပ် တယ်။ လုံး၀ မကန့်ကွက် ခဲ့ဘူး။

နိုင်ငံတော် ကို တိုက်တွန်း ချင်တာ က ဖက်ဒရယ်စနစ် ကို သွားမယ် ဆိုရင် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် စနစ်ကို ထိခိုက်စေမယ့် လုပ်ရပ်တွေ ကို ရှောင်တာ အကောင်းဆုံးပဲ …

အဲလို မကန့်ကွက် ခဲ့တဲ့ အတွက် တော်တော် နစ်နာတယ်။ ဒီလို နစ်နာတဲ့ အတွက် တိုင်ရင်းသားလူမျိုးတွေ အရမ်း ထိခိုက် တယ်။ အခုက လည်း ဥပဒေ ကို ကန့်ကွက်ဖို့ မပြောနဲ့ မေးခွန်း တစ်ခု မေးဖို့တောင် သက်ဆိုင်ရာ ပါတီ တာဝန်ရှိသူတွေ ခွင့်ပြုမှ မေးလို့ ရတာဖြစ်နေတယ်။ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးတွေ က အရည်အသွေး က မမီ တာရယ် နားမလည်တာ ရယ် ခွင့်ပြုချက် မရတာကြောင့် ရယ် ဖြစ်နိုင်ချေတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဘယ်လို အကြောင်းနဲ့ဖြစ်ဖြစ် ထိခိုက်တာကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေ ကို ထိခိုက်တာ။ အခု အကောင်အထည် ဖော်တော့ မယ် ဆိုတော့မှ စိုးရိမ်သောက ရောက်ပြီး ထအော် ကြတယ်။

ငြမ်းမီဒီယာ – ဒီဥပဒေ ကို ကန့်ကွက်နေကြတယ်။ အစိုးရ က လည်း အကောင်အထည် ဖော်ဖို့ လုပ်နေကြပြီ ဆိုတော့ ပြဿနာတွေ ဖြစ်မလာအောင် ရှောင်လွှဲနိုင်မယ့် နည်းလမ်းကို အကြံပေး နိုင်မလား။

N.S – ဥပဒေက လွှတ်တော် က အတည်ပြုပြီးပြီ။ အဲဒီဥပဒေ ကို လွှတ်တော်ကိုယ်တိုင် က ပဲ ပြန်ပြင် လို့ရမယ်။ ပြင်လို့မရသေးခင် အစိုးရလုပ်နိုင်တာ က အကောင်အထည်ဖော်လို့ရနိုင် တဲ့ နေရာတွေ မှာ အကောင်အထည်ဖော်၊ ဥပမာ တိုင်းဒေသကြီးထဲမှာ ဆို မကွေးတိုင်း ထဲ က မင်းတုန်းတို့၊ စေတုတ္တရာတို့ ဘက် မှာ နေတဲ့ ချင်းတွေမှာ လည်း မိဘ ဘိုးဘွားပိုင်မြေတွေ ရှိတယ်။ စစ်ကိုင်းတိုင်း ကလေးနယ် တမူးနယ်တွေ မှာ ရိုးရာပိုင်မြေတွေ ရှိတယ်။ အဲဒီလို မျိုးတွေ ရှိတဲ့နေရာတွေ က လွဲလို့ ကျန်တဲ့ ပြည်မတွေက တိုင်းဒေသ ကြီးတွေ မှာ အကောင် အထည် ကောင်းကောင်း ဖော်လို့ရတယ်။ အဲဒီနေရာတွေ မှာ တော့ အကောင် အထည် ဖော်ပြီး တိုင်းရင်းသား ဒေသတွေ မှာ အကောင်အထည်မဖော်သေးပဲ အစိုးရက ဗဟို မြေလွတ် မြေလပ် မြေရိုင်းစီမံခန့်ခွဲရေး ကော်မတီနဲ့ သက်ဆိုင်ရာ ပြည်နယ် မြေလွတ်မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီနဲ့ ညှိနှိုင်းသဘောတူမှုတွေ ရပြီးမှသာ ဆက်လက် ဆောင်ရွက်သင့် တယ်။ ဒီလို မဟုတ်ရင် အကုန်လုံး မိရိုးဖလာ ပိုင်ဆိုင်ခဲ့တဲ့ မြေတွေ ပါသွားနိုင်တယ်။ ဘာစိုးရိမ်စရာ အကောင်းဆုံးလဲ ဆိုရင် ဝန်ထမ်း တွေ၊ မြေစာရင်း က လူတွေက လောဘကြောင့် ဖြစ်စေ၊ အလွဲ သုံးစား လုပ်လို့ဖြစ်စေ၊ ငွေကြေးကြောင့်ဖြစ်စေ နားမလည် လို့ဖြစ်စေ အဲဒီမှာ မှားယွင်း လုပ်ဆောင်မှုတွေကြောင့် အကုန်လုံး ထိခိုက်တော့ မယ်။ အန္တရာယ်ကြီးတယ်။

ဖယ်ဒရယ်နိုင်ငံတော် ထူထောင်နိုင်ပြီ ဆိုရင်တော့ သက်ဆိုင် ရာ ပြည်နယ်ကပဲ သူ့ဓလေ့ထုံးတမ်းနဲ့အညီ စီမံခန့်ခွဲ ပိုင်ခွင့် ကို သူ့တို့ပဲ ရရမယ်။ အခုကတော့ စီမံခန့်ခွဲပိုင်ခွင့် ကို ပြည်နယ် ကို ပေးထားတယ် ဆိုသော်ငြားလည်း ဒီမူ အပေါ် ပေးရ မယ် ဆိုတဲ့ ဗဟိုက ကြိုးကိုင် ထားတာတွေ ရှိနေတယ်လေ။ အဲဒါ ကြောင့် NLD အပေါ် အကျိုး သက်ရောက်မှု အများကြီး ထိခိုက် နိုင်တယ် …

ငြမ်းမီဒီယာ – လက်ရှိချင်းပြည်နယ်မှာ မြေယာအငြင်းပွားမှု ပြဿနာတွေ ရှိလား။ ကုမ္ပဏီကြီးတွေ က ရင်းနှီးမြှပ်နှံမှု လာလုပ်တာ တွေရှိလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

N.S – ကန်ပက်လက် ဖက် မှာတော့ မြေယာဧက (၅၀၀၀) လောက် နီးပါး ကို မင်းသား လွင်မိုးတို့ပေါ့ နော် ကုမ္ပဏီ အမည်တော့ မေ့နေ တယ် သူတို့က ချင်းပြည်နယ် အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ က ရှိနေတယ်။ ဒါလည်းပဲ ကြိုးပမ်းချက် တစ်ရပ်ပဲ။ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ က အကုန်လုံး ဝိုင်းကန့်ကွက်ခဲ့လို့ အဲဒါ ပျက်သွား တယ်။ သူတို့လည်း နောက်ဆုတ်ပေးတယ်။ နောက်ဆို လည်း ဒီလို ကြိုးစားမှုတွေ ဆက်တိုက် လာတော့မှာလေ။ ချင်းပြည်နယ် မှာ ချမ်းသာတာ ဆိုလို့ သဘာဝမြေယာ ရှုခင်းတွေပဲ ရှိတာ။ဒါတွေကို အုပ်စီး ခံရပြီ ဆိုရင်တော့ ဘာနဲ့မှ အလဲမခံနိုင်ဘူး။ ချင်းလူမျိုးတွေက အလဲမခံတာ သေချာတယ်။

ငြမ်းမီဒီယာ – မြေယာမူဝါဒမှာ တိုင်းရင်းသားတွေရဲ့ မြေပိုင်ဆိုင်မှုတွေ ကို အသိအမှတ်ပြုတာ ပါသလို မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၃၀ (က) မှာလည်း တိုင်းရင်း သားတွေရဲ့ ထုံးတမ်း စဉ်လာမြေတွေ ကို ကင်းလွတ်ခွင့် ပေးထားတာ တွေ့ရတယ်။ ဒါကြောင့် လည်း တိုင်းရင်းသားဒေသတွေ အတွက် မစိုးရိမ်ရဘူးလို့ အချို့ကိုယ်စားလှယ်တွေ က ပြောကြတယ်။ ဘယ်လို သုံးသပ်လို့ ရမလဲ။

N.S – ပုဒ်မ ၃၀ (က) လို့ခေါ်တယ် ။ အဲဒါက အသေအချာ ဖတ်ကြည့် ရင် သိပါတယ်။ အဲဒါကိုက စိတ်မချတာ။ ဖြစ်သင့်တာ ကတော့ အောက်ပါမြေများနဲ့ မသက်ဆိုင်စေရလို့ မဟုတ်ဘဲနဲ့ ဒီမြေတွေ ကို ထိပါးခြင်း မပြုရဆိုတဲ့ အတိအလင်းဖြစ်ရမယ်။ စကားလုံး အသုံးအနှုန်း က နှစ်ဖက်စလုံးအတွက် အန္တရာယ် များတယ်။ ဒီဥပဒေနဲ့ မလုပ်သော်လည်း အခြားဥပဒေနဲ့ လုပ်လို့ ရနေတယ်။ အမှန် ဆိုရင်တော့ ဒီဟာတွေကို အကာအကွယ် ပေးထားတယ်။ ထိပါးခြင်း မရှိစေရလို့ ဆိုတဲ့ စကားလုံး အသုံး အနှုန်း ကို သုံးသင့်တယ်။ ဥပမာ ဒေသခံ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာအရ ပိုင်ဆိုင်ခဲ့သော မြေများ ကို လုံးဝထိပါးခြင်းမပြုရလို့ ပြောသင့်တာ။ သတ်မှတ် မြေများ ဆိုတဲ့ စကား က လည်း ဘယ်သူ သတ်မှတ်မှာလဲ ဆိုတာ ရှိပြန်တယ်။ ဒီဟာမှာ လည်း အငြင်းပွားနိုင်တဲ့ အခြေအနေ ရှိတယ်။ အစိုးရ အနေနဲ့ ဒါကို ကျင့်သုံးတဲ့ အခါမှာ အခက်အခဲရှိနိုင်တဲ့ အတွက် လွှတ်တော်မှာ ဥပဒေကို အရင် ပြင်ဆင်ရမယ်။ နိုင်ငံ တစ်နိုင်ငံမှာ မြေလွတ် မြေလပ် မြေရိုင်းတွေကို စနစ် တကျ ခန့်ခွဲဖို့ ဥပဒေကတော့ ရှိနေရမယ်။ လုံး၀ ဖျက်သိမ်းတာ သည် ဥပဒေ နားမလည် တဲ့သူ အမျိုးသားရေး လှုပ်ရှားမှုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ က ဒီဥပဒေရဲ့ တန်ဖိုးနဲ့ အတိမ် အနက် ကို နားမလည်ဘဲ ပြောတယ်လို့ပဲ နားလည်ထားတယ်။ ဥပဒေမပြင်ခင် အထိ ဒါကို ခဏဆိုင်းထားရင် ကောင်းမယ်။ အကောင်အထည် ဖော်လိုက်ရင် ပြဿနာ တက်မယ်။ အခုဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ညီလာခံ က လည်း ဘယ်လို ဖြစ်လာ မလဲ မသိဘူး။ ကျွန်တော် ကိုယ်တိုင် နိုင်ငံရေးမူဘောင် ရေးဆွဲရေး ကော်မတီမှာ မူကြမ်းရေးဆွဲ တုန်း က ကျွန်တော် ကိုယ်တိုင် ပါတယ်လေ။ ရိုးရာ ဓလေ့ထုံးတမ်း အရ ပိုင်ဆိုင်မြေများ ဆိုတဲ့ကိစ္စ က ခေါင်းစဉ် ကို ထည့်လို့ မရဘူး။ ဒါပေမယ့် မနည်းပြော မှ နောက်ဆုံး ရိုးရာပိုင်မြေများ လို့ ထည့်လို့ရတယ်။ ဓလေ့ ထုံးတမ်း ကို ဖြုတ်ပေး ရတယ်။ ဒါပေမယ့် အဓိပ္ပာယ် က အတူတူ ပါပဲ။

ငြမ်းမီဒီယာ – လက်ရှိအခြေအနေအတိုင်း အကောင်းအထည် ဖော်သွားမယ် ဆိုရင် လက်ရှိ အာဏာရ ပါတီ အပေါ် ဘာတွေ သက်ရောက်နိုင်လဲ။

N.S – တစ်ကယ်တော့ NLD အစိုးရက အများကြီး ချင့်ချိန် သင့် တယ်။ ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်အရေး လိုချင်ပါတယ်လို့ အော်နေတယ်လေ။ ကျွန်တော်တို့ လည်း ထောက်ခံ ပါတယ်။ မျှော်လင့် ပါတယ်။ ဒါပေမယ့် ဖယ်ဒရယ် ကို လုပ်မယ့် အစိုးရ အနေနဲ့ တိုင်းရင်း သားတွေရဲ့ နယ်မြေတွေ က ဖက်ဒရယ်နဲ့ တိုက်ရိုက် သက်ဆိုင် ပါတယ်။ တိုင်းရင်းသား ဒေသမှာ ရှိတဲ့ နယ်မြေတွေ ဟာ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေ က စီမံခန့်ခွဲ တာ အကောင်းဆုံးပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အရ လောလော ဆယ် ဖက်ဒရယ် မဖြစ်သေးလို့ ဗဟိုအစိုးရ က တိုက်ရိုက်ကိုင်တွယ်လို့ ရနေတာ။ ဖယ်ဒရယ်နိုင်ငံတော် ထူထောင်နိုင်ပြီ ဆိုရင်တော့ သက်ဆိုင် ရာ ပြည်နယ်ကပဲ သူ့ဓလေ့ထုံးတမ်းနဲ့အညီ စီမံခန့်ခွဲ ပိုင်ခွင့် ကို သူ့တို့ပဲ ရရမယ်။ အခုကတော့ စီမံခန့်ခွဲပိုင်ခွင့် ကို ပြည်နယ် ကို ပေးထားတယ် ဆိုသော်ငြားလည်း ဒီမူ အပေါ် ပေးရ မယ် ဆိုတဲ့ ဗဟိုက ကြိုးကိုင် ထားတာတွေ ရှိနေတယ်လေ။ အဲဒါ ကြောင့် NLD အပေါ် အကျိုး သက်ရောက်မှု အများကြီး ထိခိုက် နိုင်တယ်။ ဘာကြောင့်ဆို ဒေသခံ တိုင်းရင်းသားတွေ က ဒါကို လက်ခံမှာ မဟုတ်ဘူး။

ငြမ်းမီဒီယာ – ဒီကိစ္စ က ချင်းနိုင်ငံရေး အသိုင်းအဝိုင်းရဲ့ အခန်းကဏ္ဍအပေါ် ဘယ်လို သက်ရောက်မလဲ။

N.S – ကျွန်တော်ဆို ချင်းဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဌပဲ။ ဒီဟာ အပေါ် မှာ အခွင့်အရေး တစ်ရပ် အနေနဲ့ အသုံးချလိုတဲ့ ဆန္ဒမရှိဘူး။ ဒါပေမယ့် လုပ်သင့်လုပ်ထိုက်တာကိုတော့ ထောက်ပြပြီးတော့ ပြည်သူတွေ မနစ်နာအောင်တော့ ကာကွယ်ပေးရမယ်။ အခု ချင်းပြည်နယ် အစိုးရ ဆိုတာ က လည်း အားလုံး ကျျွန်တော့် မိတ်ဆွေတွေ ပါပဲ။ ဝန်ကြီးချုပ် က အစ အကုန်လုံး ခင်မင်တယ်။ ဒါပေမယ့် ဒီလိုမျိုး ကိုယ့်ပြည်သူ နစ်နာမယ့်ကိစ ္စကို မစောင့်ရှောက် မကာကွယ်ပေးရင်တော့ သူတို့နဲ့ ထိပ်တိုက် ရင်ဆိုင်သင့် ရင်ဆိုင် ရတော့မယ်။ ဒါက ကျွန်တော်တို့ ပါတီအကျိုး ဆိုတာမျိုး မဟုတ်ဘဲနဲ့ ချင်းပြည်သူ အကျိုးကို ကာကွယ်တဲ့ အနေနဲ့ လုပ်တာပါ။ ချင်းပါတီ အနေနဲ့ ပြောတာမျိုး မဟုတ်ဘူး။ အခု ပြောနေတာလည်း ချင်းပြည်သူ တစ်ယောက် အနေနဲ့ ဆွေးနွေးနေတာပါ။

ငြမ်းမီဒီယာ – ဘာများဖြည့်စွက် ပြောချင်သေးလဲ။

N.S – ချင်းလူမျိုးတွေ အတွက် မြေသည် အသက်တမျှ အရေးကြီး တယ်။ ဒီမြေယာပိုင်ဆိုင်မှု အပေါ်မှာပဲ မျိုးနွယ်ဖသားစု ဆက်ခံမှုတွေ သွားနေတယ်။ မြေယာပိုင်ဆိုင်မှုနဲ့ ဓလေ့ထုံးတမ်း၊ မျိုးနွယ်စု ရေတွက် ပုံပါ ဆက်စပ်နေတယ်။ ဖသားစု တော်စပ်မှု က ဆက်စပ် နေ တယ်။ ဒီမြေယာတွေ ဟာ ချင်းလူမျိုးနဲ့ ခွဲခြားလို့မရဘူး။ ထိပါးမှု မှန်သမျှ ကို လက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့်နိုင်ငံတော် ကို တိုက်တွန်း ချင်တာ က ဖက်ဒရယ်စနစ် ကို သွားမယ် ဆိုရင် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် စနစ်ကို ထိခိုက်စေမယ့် လုပ်ရပ်တွေ ကို ရှောင်တာ အကောင်းဆုံးပဲ။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,