အခမဲ့ ကျနော်တို့သွားပို့ပေးပါတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

YGN TDS / Yangon Time Delivery Service ရဲ့ ပရဟိတ

“သူတို့နေရာမှာ ကိုယ်သာဆိုရင် ဘယ်လို ခံစားရမလဲ” ဆိုတဲ့အချက်ပေါ့။ အခု Lockdown မိနေတဲ့မိသားစုတွေ၊ ပိုးတွေ့လူနာအဖြစ်နဲ့ မိသားစုနဲ့ ခွဲနေရသူတွေ၊ Quarantine Center ကိုရောက်နေတဲ့သူတွေ စသဖြင့်အများကြီးရှိတယ် …

COVID – 19 ပိုးတွေ့လူနာနှင့် စောင့်ကြည့်ခံရသူများထံ မိသားစုမှပို့ပေးချင်သည့်ပစ္စည်းများကို အခမဲ့ ပို့ဆောင်ခြင်းအပါအဝင် ယခုလတ်တလော အသွားအလာစောင့်ကြည့်စစ်ဆေးကာလအတွင်း ဈေးဝယ်ရန် အခက်အခဲကြုံနေရသည့် မိသားစုများအတွက် ပရဟိတကူညီဆောင်ရွက်ပေးနေသည့် YGN Time Delivery Service မှ ကိုအောင်ပိုင်စိုးကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – အခုလက်ရှိ Quarantine ဝင်နေရသူတွေ၊ ပိုးတွေ့လူနာတွေအတွက် ကူညီဆောင်ရွက် ပေးနေတဲ့ Yangon Time Delivery Service ရဲ့ ပရဟိတ လုပ်ငန်းအကြောင်းကို စပြောပြပေးပါ။

KAPS – ကျနော်တို့ကို လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဆရာမ (ဆရာဝန်) တစ်ယောက်က ဆက်သွယ် လာတယ်။ သူတို့က ဝေဘာဂီဘက်မှာ Quarantine ဝင်နေရတော့ လိုအပ်တဲ့ပစ္စည်းတွေကို ဈေးဝယ် ခိုင်းတယ်။ ကျနော်တို့က ဝယ်ပြီးဘောက်ချာကိုပို့ပေးတယ်။ သူတို့ဘက်ကငွေပြန်လွှဲပေးတယ်။ အဲဒီ တုန်းကတော့ ကျနော်တို့ ဝန်ဆောင်ခယူလိုက်သေးတယ်။ ကျနော်တို့က Delivery လုပ်ငန်းဆိုတော့ လေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီမှာ ဆရာမက လူမှုကွန်ရက်မှာဘာရေးထားသလဲဆိုတော့ “အားတင်းထားပါ။ စိတ်ဓာတ်မကျနဲ့” ဆိုပြီး ရေးထားတာကိုဖတ်ရတော့ ကျနော်တို့စဉ်းစားမိတယ်။ သူတို့ကျန်းမာရေးဝန်ထမ်းတွေ အချင်းချင်း တစ်ဦးနဲ့တစ်ဦးအားပေးနေကြတာ၊ ကူညီရိုင်းပင်းနေကြရတာတွေပေါ့နော်။ ကျနော်တို့ဆီ မှာလည်း Lockdown ကြောင့် မိသားစုတွေဝေးကွာနေရတာတွေ၊ သွားရေးလာရေးအခက်အခဲရှိနေ တဲ့သူတွေ၊ Quarantine ဝင်နေရတဲ့သူတွေ၊ နောက်ဆုံးဗျာ အပြင်ထွက်ဖို့ခက်ပြီး စားစရာမရှိဖြစ်နေသူ တွေအထိ ဒီကာလအတွင်း ကျနော်တို့တွေ့လာရတယ်။ အဲဒီမှာ ခုနကဆရာမရဲ့ အားပေး စာလေးကို တွေ့တော့ စိတ်ထဲမှာအရမ်းခံစားသွားရတယ်။ ဒီအလုပ်က ငါတို့လုပ်နေတဲ့အလုပ်ပဲ၊ ဒီအလုပ်နဲ့ လူတွေကို တစ်ဖက် တစ်လမ်းက ငါတို့ကူညီလို့မရနိုင်ဘူးလားဆိုပြီးတွေးမိတယ်။

အဲဒီမှာ ကျနော်တို့ ကုမ္ပဏီက ဒါရိုက်တာ ကိုသီဟထွန်းနဲ့ ကျနော်တိုင်ပင်တယ်။ အဲဒီမှာ ကျနော်တို့ညီအစ်ကိုနှစ်ယောက် တိုင်ပင် တော့ ‘ရတယ်၊ ငါတို့လုပ်ကြမယ်။ ငါတို့လက်ရှိလုပ်နေတဲ့ Delivery အလုပ်ကိုရပ်ထားပြီး လုပ်ကြမယ်’ ဆိုပြီးဖြစ်သွားတာ။

အဲဒီကစပြီး အခုလုပ်နေတဲ့ပရဟိတအလုပ်ကိုပဲ ဒီ ကိုဗစ်ကာလ အတွင်းမှာဇောက်ချလုပ်မယ်ဆိုပြီး လုပ်ဖြစ်သွားတာ။ အဲဒီနေ့ကစပြီး ကျနော်တို့ကိုဆက်သွယ်လာ သမျှ ကာယကံရှင် တိုင်းကို အခကြေးငွေမယူ၊ Delivery Free နဲ့ ဈေးလည်းကိုယ်တိုင်ဝယ်ပေးတယ်၊ ကိုယ်တိုင်လည်း သွားယူပေးတယ်၊ သွားယူပေးပြီးတော့ သူတို့ပို့ချင်တဲ့ Quarantine Center တိုင်းကို ကျနော်တို့ အခမဲ့ လိုက်ပို့ပေးတယ်။ မနက်ဖြန်ဆို ကျနော်တို့ ဖောင်ကြီးကိုသွားပို့မယ်။

ကျနော်တို့ဆီမှာ ပိုးတွေ့လူနာတွေကလည်းများလာတယ်၊ Lockdown ရပ်ကွက်တွေကလည်းများလာတယ်၊ အကုန်လုံးလိုလိုက ဒုက္ခရောက်နေကြတာလေ။ အဲဒီမှာ ကျနော်တို့ကို …

ဒီနေ့ တစ်နေကုန် ဖောင်ကြီးကိုပို့ ချင်တဲ့မိသားစုတွေဆီက၊ ရန်ကုန်တစ်မြို့လုံးအနှံ့ကပေါ့၊ နောက်ဆုံး ဒီနေ့ ဓမ္မရံသီ ကျောင်းအထိပါ ရောက်ခဲ့တယ်။ ဖောင်ကြီးမှာရောက်နေတဲ့ သူတို့မိသားစုဝင်တွေဆီ သူတို့ပို့ချင်တဲ့ ပစ္စည်းတွေကို သွားယူပေးတာ။ မနက်ဖြန် ဖောင်ကြီးကိုကျနော်တို့သွားပို့မယ်။ အခုအချိန်ထိ ပစ္စည်း တွေကောက်နေ တုန်း။ မပြီးသေးဘူး။ ကောက်ပြီးသွားရင် မနက်စောစော ဖောင်ကြီးကိုသွားပို့ကြမယ်။

ကျနော်တို့အခု လုပ်နေတာက လုံးဝအခမဲ့ ပရဟိတသက်သက်ပဲ။ ရန်ကုန်တိုင်းအတွင်း ရှိသမျှ Quarantine Center ဘယ်နေရာကိုမဆို ကျနော်တို့ပို့ပေးပါတယ်။ ကျနော်တို့သွားလို့ရတဲ့နေရာ မှန်သမျှပေါ့။ အကုန်လုံး အခမဲ့ ကျနော်တို့သွားပို့ပေးပါတယ်။ ဘာအကျိုးအမြတ်မှ ကျနော်တို့မမျှော်ကိုးဘူး။

အဓိကကတော့ သူတို့ဝေးကွာနေတဲ့မိသားစုတွေက သူတို့မိသားစုဝင်တွေအတွက် ပို့ပေး ချင်တာတွေကို ကျနော်တို့ စရိတ်နဲ့၊ ကျနော်တို့ကားနဲ့ ကျနော်တို့ပို့ပေးကြတာပါ။ ဒီကာလအတွင်းမှာ ကျနော်တို့ ဒီအလုပ်ကိုပဲ ကျနော်တို့လုပ်သွားမှာပါ။ ကျနော်တို့ရဲ့ မူရင်းလုပ်ငန်းကိုတောင် ကျနော်တို့ ရပ်နားထားပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုလို ပရဟိတဝန်ဆောင်မှုလုပ်ငန်းကိုလုပ်တဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲတွေက ဘာတွေလဲ။

KAPS – လတ်တလော ကျနော်တို့ဆီမှာ ပိုးတွေ့လူနာတွေကလည်းများလာတယ်၊ Lockdown ရပ်ကွက်တွေကလည်းများလာတယ်၊ အကုန်လုံးလိုလိုက ဒုက္ခရောက်နေကြတာလေ။ အဲဒီမှာ ကျနော်တို့ကို ဆက်သွယ်လာတဲ့မိသားစုတွေက တကယ့်ကိုအများကြီးဖြစ်လာနေတယ်။ ဆိုတော့ လက်ရှိကျနော်တို့ရဲ့ အဓိကအခက်အခဲက လူအင်အားပဲဗျ။ ကျနော်တို့မနိုင်ဘူးဖြစ်နေတယ်။

ကျနော်တို့က နှစ်ယောက်တည်းနဲ့ လုပ်နေကြတာ။ ကျနော်နဲ့ ကိုသီဟထွန်းနှစ်ယောက်ပေါ့။ ဒါပေမယ့် Taxi သမားအစ်ကိုတစ်ယောက်က မနေ့ညက ကျနော်တို့ကိုဆက်သွယ်ပြီး ကျနော်တို့လုပ်ငန်းကို စိတ်ဝင်စားတယ်၊ သူပါပါဝင်ကူညီချင်တယ်ဆိုပြီး ဒီနေ့ သူ့ကားနဲ့ သူ့ဆီနဲ့ တစ်နေကုန်ကျနော်တို့နဲ့ လိုက်ပြီးကူညီပေးတယ်။

မနက်ဖြန်ဖောင်ကြီးသွားရင်လည်း အဲဒီအစ်ကိုပါဦးမယ်။ အခုသူ့ကားရယ်၊ ကျနော်တို့ကားရယ်ဆိုတော့ နှစ်စီးဖြစ်သွားပြီပေါ့။ နောက်ထပ်ကျနော်တို့နဲ့ ပူးပေါင်းပြီး အခက်အခဲဖြစ် နေတဲ့မိသားစုတွေကို ကူညီမယ့်သူတွေရှိလာဖို့ ကျနော်တို့မျှော်လင့်မိတယ်။ လာရောက်ဝိုင်းဝန်း ကူညီကြမယ့် ပရဟိတသမားတွေရှိလာရင် ကျနော်တို့အရမ်းဝမ်းသာမိမှာပါ။ အခုလက်ရှိမှာ ကျနော် တို့ မနိုင်ဘူးဖြစ်နေတယ်။ ကျနော်တို့မှာ လူအင်အား၊ ကားအင်အား အရမ်းလိုအပ်နေပါတယ်။

အမျိုးသမီးတစ်ယောက်က အကူအညီတောင်းလာတယ်။ သူတို့ကလည်း Lockdown မိနေတယ်။ ဒီဘက်ကသူ့အမျိုးသားကလည်း ရက်ပြည့်ဖို့ (၈) ရက်လောက်လိုသေးတယ်။ ဘယ်လိုမှလည်းထွက်လို့မရ၊ လာလို့မရ …

ကျနော်တို့ကြုံနေရတဲ့အဓိကအခက်အခဲက အဲဒီအခက်အခဲပါ။ ကျန်တာကတော့ အဆင်ပြေတယ်။ ကျနော်တို့သွားလို့ရတဲ့နေရာအထိ သွားယူပေးတယ်။ တချို့ဆို ရပ်ကွက် Lockdown ချထားတယ်၊ လမ်းထိပ်အထိ ကျနော်တို့လာယူပေးတယ်၊ ပြီးရင်သူတို့ပို့ချင်တဲ့ Quarantine Center ကိုကျနော်တို့ သွားပို့ပေးတယ်။ ပြီးရင်ကျနော်တို့ပို့ပေးပြီးကြောင်းဖုန်းဆက်ပေးတယ်။ ပို့ပေးတဲ့အချိန်မှာလည်း ဓာတ်ပုံမှတ်တမ်းယူထားပေးပါတယ်။ အဓိကအခက်အခဲကတော့ လူအင်အား၊ ကားအင်အားပါပဲ။ ကျန်တာတော့ ဘာမှမရှိပါဘူး။ ကျနော်တို့နဲ့ လာရောက်ပူးပေါင်းမယ့်ပရဟိတသမားတွေကို ကြိုဆို ပါတယ်။

ငြမ်းမီဒီယာ – ပရဟိတအနေနဲ့ စေတနာကိုအရင်းတည်ပြီး ခုလိုလုပ်ကိုင်ဆောင်ရွက်တဲ့အခါ စိတ်ပိုင်း ဆိုင်ရာအရ ကျေနပ်ဖွယ်ရာ ဘာတွေပြန်ရတယ်ဆိုတာကို ပြောပြပေးပါဦး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

KAPS – ရတာပေါ့။ ဘယ်လိုပြောရမလဲ။ ကျနော်တို့အလုပ်ကိစ္စနဲ့ ခရီးတစ်ရက်နှစ်ရက်ထွက်ရင်တောင် မိသားစုကို သတိရနေတတ်တာလေ။ သူတို့မှာ တစ်လနီးပါးလောက် မိသားစုနဲ့ခွဲပြီးနေကြရတာလေ။ တချို့ဆိုတွေ့တောင်မတွေ့ရဘူး။ အဲဒီအချိန်မှာ မိသားစုကပို့လိုက်တဲ့ စားစရာသောက်စရာ၊ အသုံး အဆောင်တွေကိုရတော့ သူတို့အတွက်လည်း စိတ်ခွန်အားတစ်ခုဖြစ်ပါတယ်။

အဲဒီလို သူတို့ကို ဆောင်ရွက်ပေးရတော့ ကျနော်တို့စိတ်ထဲမှာလည်း ပြောမပြနိုင်အောင် ကျေနပ်စရာကောင်းပါတယ်။ ဒီနေ့ဆို မြင်းခြံက အမျိုးသမီးတစ်ယောက်က အကူအညီတောင်းလာတယ်။ သူတို့ကလည်း Lockdown မိနေတယ်။ ဒီဘက်ကသူ့အမျိုးသားကလည်း ရက်ပြည့်ဖို့ (၈) ရက်လောက်လိုသေးတယ်။ ဘယ်လိုမှလည်းထွက်လို့မရ၊ လာလို့မရ။ ဈေးကိုလည်းသွားလို့မရတော့ ဝယ်လို့လည်းမရဖြစ်နေတာ။ အဲဒီမှာကျနော်တို့ကပဲ စိုက်ဝယ်ပြီးသွားပေးလိုက်တယ်။ လှူလိုက်တာပေါ့ဗျာ။ ဘယ်လိုပြောရမလဲ။ အဲဒီလိုကူညီလိုက်ရတဲ့အချိန်မှာ အရမ်းကို ကျေနပ်ချမ်းမြေ့မှုဖြစ်ရပါတယ်။ အဲဒီအချိန် စိတ်ထဲမှာဖြစ် တာကို ကျနော်မရှင်းပြတတ်ဘူးဗျ။

ဒီနေ့ကြုံရတာတွေထဲမှာ တချို့ကနယ်ရောက်နေကြတယ်၊ ဒီကို ပြန်လာလို့မရဘူးဖြစ်နေတယ်၊ သူတို့မှာကျန်းမာရေးထောက်ခံစာတွေလည်းရှိတယ်ပေါ့။ အဲဒါ သူတို့ကို ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ ဆက်သွယ်ပြောပြကြတာတွေကိုလည်း ဒီနေ့တော်တော်များများတွေ့ရ ပါတယ်။ ဒီဟာက ကျနော်တို့နိုင်ငံသူနိုင်ငံသားတွေကြုံနေရတဲ့အခက်အခဲကို ကျနော်တို့နိုင်တဲ့ဖက်က လုပ်ပေးရတာဆိုတော့ ဝမ်းသာစရာကောင်းပါတယ်။ ရေရှည်လည်း ဒီလိုကူညီနိုင်ဖို့ကျနော်တို့ ကြိုးစားသွားမှာပါ။

ငြမ်းမီဒီယာ – နှစ်ယောက်တည်းနဲ့ ခုလိုလုပ်ကိုင်ဆောင်ရွက်နိုင်အောင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေက ဘာတွေများဖြစ်မလဲ။

KAPS – ကျနော်တို့တွေးမိလိုက်တာတစ်ခုရှိတယ်။ အဲဒါက “သူတို့နေရာမှာ ကိုယ်သာဆိုရင် ဘယ်လို ခံစားရမလဲ” ဆိုတဲ့အချက်ပေါ့။ အခု Lockdown မိနေတဲ့မိသားစုတွေ၊ ပိုးတွေ့လူနာအဖြစ်နဲ့ မိသားစုနဲ့ ခွဲနေရသူတွေ၊ Quarantine Center ကိုရောက်နေတဲ့သူတွေ စသဖြင့်အများကြီးရှိတယ်။

အဲဒီတော့ သူတို့နေရာမှာ ငါတို့သာဆိုရင် ဒီလိုဒုက္ခတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ခံစားချက်ကြီးဝင်လာ တယ်။ အဲဒီတော့ “သူ့နေရာမှာ ကိုယ်သာဆိုရင်” လို့ တစ်ချက်တည်းတွေးမိလိုက်တာကနေ ဒီ ပရဟိတအလုပ်ကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့အဆင့်ကိုရောက်သွားတာပဲ။

ငြမ်းမီဒီယာ – ဒီ ပရဟိတလုပ်ငန်းနဲ့ပတ်သက်ပြီး ရေရှည်အတွက် ဘယ်လိုအစီအစဉ်များရှိပါသလဲ။

KAPS – လတ်တလောမှာတော့ ကျန်နော်တို့မှာရှိသမျှ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာခွန်အားတွေနဲ့ ကျနော်တို့ နိုင်သလောက်ကို ကျနော်တို့ရုန်းကန်ပြီး ဆက်လုပ်သွားမယ်။ လက်ရှိမှာ ကျနော်တို့က နှစ်ယောက်တည်းဆိုတော့ ရေရှည်အတွက် အစီအစဉ်တိတိကျကျဆွဲဖို့တော့ ခက်နေပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ ဒီထက်ပိုလုပ်နိုင်တဲ့အခြေအနေမျိုးပေးလာရင် ဒီထက်ပိုလုပ်သွားဖို့တော့ ဆုံးဖြတ်ထားပါတယ်။

လက်ရှိမှာ ကျနော်တို့အလုပ်ဖြစ်တဲ့ YGN Time Delivery Service ကိုတောင် ရပ်ထားပြီး ဒီပရဟိတအလုပ်ကိုလုပ်နေတာပါ။ နောက်ပိုင်းမှာ ဒီပရဟိတအလုပ်ကို သီးခြားအဖွဲ့တစ်ခု အနေနဲ့လုပ်ဖို့တော့ စဉ်းစားထားတာရှိပါတယ်။ ကျနော်တို့ လူစုံတက်စုံနဲ့ အင်တိုက်အားတိုက်အခြေ အနေဖြစ်လာရင်တော့ အနာဂတ်အတွက် တိတိကျကျအစီအစဉ်တွေ လုပ်လာနိုင်မှာပါ။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်းပြောပေးပါ။

KAPS – အခုလက်ရှိမှာ ကျန်းမာရေးဝန်ထမ်းဆရာ၊ဆရာမတွေအပါအဝင် ပရဟိတလုပ်ကိုင်ဆောင်ရွက် နေကြတဲ့ ကျနော်တို့တွေလည်း ပင်ပန်းပါတယ်။ အဲဒီတော့ ဒီအခြေအနေမှာ ဘယ်သူမှပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ ကျနော်တို့က ဖြစ်နေတဲ့သူတွေ၊ မိသားစုတွေကိုရဲ့အခက်အခဲတွေကို မြင်နေတွေ့နေ ရတော့ အားလုံးကို အသွားအလာအနေအထိုင် မပေါ့ဆပဲ ဂရုစိုက်စေချင်ပါတယ်။ မဖြစ်မနေ အပြင် ထွက်ရရင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အချက်တွေကို လိုက်နာဂရုစိုက်ပေး ကြပါ။ နောက်ထပ်ဘယ်သူမှ ထပ်မဖြစ်အောင် အားလုံးဂရုစိုက်ပေးကြပါလို့ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,