အခြေအနေတည်ငြိမ်မှ ရခိုင်တွင်အင်တာနက်အသုံးပြုနိုင်မှုပြန်ရမည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အသံ / ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် အင်တာနက်ဖြတ်တောက်ထားခြင်း တစ်နှစ်ပြည့် လှုပ်ရှားမှု

ထုတ်ပြန်ချက် ထဲမှာ ပြောဆိုချက်တွေဟာ ပကတိအမှန်တရားကို လျစ်လျူရှုပြီး ကိုယ်ထင်ရာ ကိုယ်မြင်ရာ လုပ်သလို ဖြစ်နေ တယ်လို့ မြင်ပါတယ် …

ရခိုင်ပြည်နယ်တွင် အခြေအနေတည်ငြိမ်မှုရှိလာသည်နှင့်အမျှ အင်တာနက် အသုံးပြုမှု ပုံမှန် ပြန်လည်ရရှိမည်ဟု ဇူလိုင်လ (၈) ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန် လိုက်သည်။

တပ်မတော်နှင့် အေအေ တပ်ဖွဲ့တို့ကြား စစ်ရေးပဋိပက္ခဖြစ် ပွားနေသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် အင်တာနက်ဝန်ဆောင်မှုပိတ်ထားပြီး ဖုန်းပြောခွင့်နှင့် စာတိုပေးပို့မှုစနစ်ကို သာခွင့်ပြုထားသည်။

“အင်တာနက်အဖြတ်ခံထားရတဲ့ ရခိုင်နဲ့ချင်းပြည်နယ် (၈) မြို့နယ်မှာနေထိုင်တဲ့ လူတစ်သန်း ကျော် ဟာ အင်တာနက် ဖြတ်တောက် ခံထားရတဲ့နောက်ပိုင်းမှာ ပိုပြိးတော့ ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာမှုမြင်ရတယ်။လူ့အခွင့်အရေး ချိုးဖောက်မှုတွေမြင်ရတယ်။ သူတို့ ထုတ်ပြန်ချက် ထဲမှာ ပြောဆိုချက်တွေဟာ ပကတိအမှန်တရားကို လျစ်လျူရှုပြီး ကိုယ်ထင်ရာ ကိုယ်မြင်ရာ လုပ်သလို ဖြစ်နေ တယ်လို့ မြင်ပါတယ်” ဟု အင်တာနက်ပိတ်ထားခြင်းကို ကန့်ကွက်သည့် အသံအဖွဲ့က မောင်ဆောင်းခ က ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အများပြည်သူကိုအသုံးချပြီး အေအေကိုအကျပ်ကိုင်ထားသလို ဖြစ်နေတယ်။ အင်တာနက် ဖြတ်ပြီး ကာလနဲ့ အင်တာနက် မဖြတ်ခင်ကာလမှာ …

ကမ္ဘာတွင် ယခုကဲ့သို့ အချိန်ကြာမြင့်စွာ အင်တာနက် ပိတ်ထားခြင်းမျိုးမရှိဘဲ လူတစ်သန်းကျော် အင်တာနက် ပိတ်တာ ခံရသည့် အခြေအနေသည် လူ့အခွင့်အရေး ချိုးဖောက်မှု အကြီးအကျယ် ခံရသည့် အခြေအနေ ဖြစ်ကြောင်း ရခိုင်ပြည်နယ်မြို့နယ် (၇) မြို့နယ် နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် (၁) နှစ်ကြာ အင်တာနက်ဖြတ် တောက်ထားမှု အခြေအနေနှင့် ပတ်သက်၍ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ က ငြမ်းမီဒီယာသို့ မှတ်ချက်ပေးခဲ့ရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

လူတစ်သန်းကျော် အင်တာနက်ပိတ်ခံရတာ လူ့အခွင့်အရေး ချိုးဖောက်မှု အကြီးအကျယ်ခံရတာ

မိုဘိုင်းအင်တာနက် နည်းပညာများကို တလွဲအသုံးချ၍ အေအေသောင်းကျန်းသူများက လက်လုပ်မိုင်းနှင့် အဝေးထိန်း မြေမြှုပ် မိုင်းများ ဖောက်ခွဲခြင်း၊ တိုင်းရင်းသားလူမျိုးများ အကြား အမုန်းတရားများ လှုံ့ဆော်ခြင်း၊ အစိုးရဝန်ထမ်းများအား တိုက်ခိုက်မှု၊ ပြန်ပေးဆွဲ မှုများ ကို စနစ်တကျလုပ်ဆောင်ခြင်းများရှိနေသဖြင့် အဆိုပါလုပ်ရပ်များမှ ကာကွယ် တားဆီးနိုင်ရန် အင်တာနက်ကို ယာယီဖြတ်တောက်ရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာ၏သတင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အင်တာနက် ဖြတ်တောက်ပြီးမှ အများပြည်သူအကျိုးစီးပွားကိုအကာအကွယ်ဖြစ်စေတာ၊ ကောင်းကွက်ဖြစ်စေတာ တစ်ခုမှ တိတိပပ မတွေ့ရဘူး …

“ သူတို့ပြောတဲ့အကြောင်းအရာက အေအေနဲ့တိုက်ပွဲဖြစ်နေသမျှကာလလုံး အင်တာနက်တွေ ဖွင့်လို့မရဘူးဆိုတဲ့ သဘော ဖြစ်နေ တယ်။ ကျနော်ထင်တာ အများပြည်သူကိုအသုံးချပြီး အေအေကိုအကျပ်ကိုင်ထားသလို ဖြစ်နေတယ်။ အင်တာနက် ဖြတ်ပြီး ကာလနဲ့ အင်တာနက် မဖြတ်ခင်ကာလမှာ တည်ငြိမ်မှုက ဘယ်လိုကွာခြားချက်ရှိသလဲ၊ အများပြည်သူ အကျိုးစီးပွားတွေက အကာအကွယ် တစ်ကယ်ဖြစ်ရဲ့လား ဆိုတာ အပေါ်မှာပဲ သုံးသပ်ရမှာ။ကျနော်တို့ လေ့လာ တွေ့ရှိမှုအရ နောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုဖြစ်လာတာရှိတယ်။ အရပ်သားပြည်သူ ထိခိုက် ဒဏ်ရာရရှိမှု၊ သေဆုံးမှုတွေက ပိုတွေ့ရတယ်။ အင်တာနက် ဖြတ်တောက်ပြီးမှ အများပြည်သူအကျိုးစီးပွားကိုအကာအကွယ်ဖြစ်စေတာ၊ ကောင်းကွက်ဖြစ်စေတာ တစ်ခုမှ တိတိပပ မတွေ့ရဘူး” ဟု မောင်ဆောင်းခ က ပြောသည်။

အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ စစ်ရဲ့ ဓားစာခံမျိုး ဖြစ်လာတယ်

မြန်မာအစိုးရအနေဖြင့် ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဘေးဒဏ်သင့် ဒေသများတွင် နေထိုင် သူများနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ အသိုက်အဝန်းများအားလုံးထံသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် စပ်လျဉ်းသည့် သတင်း အချက်အလက် များ၊ အသိပညာပေးမှုများကို စာတိုစနစ်အပါအဝင် ကွင်းဆင်းဆောင်ရွက်မှုများဖြင့်လည်း ပံ့ပိုးဆောင်ရွက် လျှက် ရှိသည်ဟု သတင်း ထုတ်ပြန်ထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မဆီလျှော်တဲ့ လုပ်ဆောင်ချက် တစ်ရပ်ပေါ့နော်။ သူတို့ပြောတဲ့ ဘယ်သူ့ကိုမျှ  ချန်လှပ်မထားရေးမူဝါဒနဲ့ ဘယ်လိုမှ မကိုက်ညီ ပါဘူး …

ပြည်သူများအား အေအေ၏ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်မှ အကာအကွယ်ပေးရေး အတွက် လည်းကောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် “မည်သူ့ကိုမျှ ချန်လှပ်မထားရေး” မူဝါဒနှင့်အညီ ထိခိုက်ခံစား လွယ်သူများ အပါအဝင် ပြည်သူအားလုံး အကျိုးခံစားခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ အစိုးရအနေဖြင့် လိုအပ်သည့် ထိရောက်သော အစီအမံများကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ရခိုင်ပြည်နယ် ကံဆိုးမိုးမှောင်ကျသလို ဖြစ်နေတာ

“ကိုဗစ်ကာလမှာ SMS နဲ့ သတင်းအချက်အလက်တွေကို အဲဒီဒေသကို ရောက်ရှိအောင် ဆောင်ရွက်ပေးနေပါတယ်လို့ သူတို့ ပြောထားတယ်။ SMS ဆိုတာအားလုံးလည်းနားလည် တဲ့အတိုင်းပဲ၊ စာတိုနဲ့ပဲ ပို့လို့ရတဲ့ကိစ္စပေါ့နော်။ စာတိုကနေ သတင်းဖြန့်နိုင်တဲ့ အနေအထားနဲ့ အင်တာနက်ကနေ သတင်းဖြန့်နိုင်တဲ့ကိစ္စက ပမာဏချင်းနှိုင်းယှဉ်ရင် ဘယ်လိုနှိုင်းလို့ မရဘူး ဆိုတာ လူတိုင်း သိပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး အင်တာနက်မရတဲ့နေရာတွေမှာ ဒီ SMS နဲ့ သတင်းဖြန့်ဝေဖို့ဆောင်ရွက် ထားပါတယ် ဆိုတဲ့ ကိစ္စကလည်း မဆီလျှော်တဲ့ လုပ်ဆောင်ချက် တစ်ရပ်ပေါ့နော်။ သူတို့ပြောတဲ့ ဘယ်သူ့ကိုမျှ ချန်လှပ်မထားရေးမူဝါဒနဲ့ ဘယ်လို မှ မကိုက်ညီ ပါဘူးလို့ သုံးသပ်ပါတယ်” ဟု အင်တာနက်ပိတ်ထားခြင်းကို ကန့်ကွက်နေသည့် ဖန်တီးရာအဖွဲ့ အကြီးတန်းမန်နေဂျာ ဒေါ်ဝေဖြိုးမြင့်က ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ဒေသများတွင် အင်တာနက်ပြန်ဖွင့်ပေးရန် ပြည်တွင်း၌ တောင်းဆို ဆန္ဒထုတ်ဖော်မှုများရှိပြီး၊ ဥရောပသမဂ္ဂမြန်မာကလည်း အင်တာနက် ပြန်ဖွင့်ပေးရန် တောင်းဆိုထားသည်။

ငြမ်းမီဒီယာ

ရခိုင်ပြည်ဟာ ငရဲပြည်နဲ့ အနီးကပ်ဆုံးမှာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,