အခွင့်ထူးခံရယ်၊ အခွင့်ထူးခံဘဝမှာပဲ ဆက်လက်ပြီး အခွင့်ထူးခံရယ် ရှိတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရာထူးအာဏာရှိတဲ့မသန်စွမ်းက မသန်စွမ်းမိန်ကလေးကိုပြန်ပြီး အဓမ္မပြုကျင့်တာ။ရာထူးအာဏာရှိတဲ့သူက သူတို့က နောက်ခံ တစ်ခုခု ရှိတဲ့ အခါကျတော့ ဒါကိုဆုပ်ကိုင်ပြီး power abuse လုပ်ကြတယ်။အဲဒီဟာကလည်း …

အောက်တိုဘာ(၂၉)၊၂၀၁၉၊ရန်ကုန်

The Nyang News

သဟဇာတဖြစ်ရေးနှင့်လူတိုင်အကျုံးဝင်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်အား အောက်တိုဘာလ (၁၉)ရက်နေ့က မန္တလေးတိုင်းဒေသကြီးတွင်ကျင်းပခဲ့သည်။အဆိုပါ ဆွေးနွေးပွဲ အား ISchool – Myanmar က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ သဟဇာတဖြစ်ရေးနှင့်လူတိုင်းအကျုံးဝင်မှု၊မြန်မာနိုင်ငံရှိ မသန်စွမ်းသူများရဲ့ အခြေအနေတို့နှင့်ပတ်သက်၍ ISchool – Myanmar ၏ စီမံရေးရာနှင့်သုတေသန တာဝန်ခံ မနော်ဇာဖြူခန့် အား ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – သဟဇာတဖြစ်ရေးနှင့်လူတိုင်းအကျုံးဝင်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ မန္တလေးမှာ အခမ်းအနားပွဲ တစ်ခု လုပ်ခဲ့တာတွေ့ရပါတယ်။အဲဒီတော့ သဟဇာတဖြစ်ရေးနဲ့ လူတိုင်းအကျုံးဝင်ရေး ဆိုတဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးပါလား။ ဘာကိုရည်ညွှန်းတာလဲ။

MNZPK – နှစ်ပိုင်းရှိတာပေါ့။သဟဇာတဖြစ်ရေးဆိုတာက တစ်ပိုင်း၊နောက်တစ်ခုက လူတိုင်းအကျုံးဝင်မှု။ သဟဇာတ ဖြစ်ရေးကိုပဲ အဓိကပြောရမယ်ဆိုရင် လူမှုရေး သဟဇာတဖြစ်တာကို ဆိုလိုခြင်းဖြစ်တယ်။ လူမှုရေး သဟဇာတဖြစ်တယ်ဆိုတဲ့နေရာမှာ အဓိက က တကယ့် Grassroot နဲ့ Community Level ကိုပဲ ဦးတည်တာပါ။ အဲဒီထဲမှာမှ လူမျိုးတွေပါမယ်။ဓလေ့စရိုက်၊ယဉ်ကျေးမှု မတူတဲ့ဟာတွေကို သဟဇာတဖြစ်အောင် အများစု၊ အနည်းစုကြားမှာ ဘယ်လိုမျိုးနေထိုင်ကြမလဲ ဆိုတာဖြစ်တယ်။ လူတိုင်းအကျုံးဝင်မှုဆိုတဲ့နေရာမှာ ဘယ်သူတွေပါလာ မလဲဆိုတော့ မသန်စွမ်းတွေအတွက် သဟဇာတဖြစ်မှုနဲ့ ၊မသန်စွမ်းတွေအပြင် လိင်စိတ် ဝိသေသ ဖော်ပြချက်ခံယူမှု ကွဲပြားတဲ့သူ၊ဒီလို အုပ်စုတွေက လူ့အဝန်းအဝိုင်းထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပြေပြေ လည်လည် နေထိုင်နိုင် မလဲဆိုတာကို ဦးတည်ပြီးတော့ ကျမတို့ ဒီဖိုရမ်ကို ကျင်းပ ရခြင်းပါ။ သဟဇာတ ဖြစ်တယ်ဆိုတဲ့အပိုင်းမှာ အဓိက ချုပ်ပြီးပြောရမယ်ဆိုရင် လူမျိုး၊ဓလေ့၊စရိုက် တွေ ဒီဒေသတွေမှာ မတူညီကြ ဘူး။အဲဒီတော့ ဘယ်လိုမျိုးနေထိုင်လို့ရနိုင်မလဲ။ ဘာတွေကိုဖြေလျှော့လို့ရမလဲ။ ဘာတွေကို ဖြေလျှော့ သင့်နေပြီလဲပေါ့။လူတိုင်းအကျုံးဝင်မှုမှာ ဖယ်ကြဉ်ခံရတဲ့ အုပ်စုတွေရော သူတို့ရဲ့ပါဝင်ခွင့်ကို ထည့်ပြီးစဉ်းစားရမယ်ပေါ့။

ငြမ်း – အခုလုပ်တဲ့ပွဲမှာ ဥပဒေပညာရှင်တွေ၊နိုင်ငံရေးသမားတွေ ပါဝင်ဆွေးနွေးသွားတာတွေ့ရတယ်။အဲဒီမှာ သူတို့တစ်တွေ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကရော ဘယ်လိုရှိလဲ။

MNZPK – နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်နဲ့အတူတူ ဒီဖြစ်စဉ်မှာ လူနည်းစုတွေအတွက်၊ မသန်စွမ်းဆိုရင် လည်း မသန်စွမ်းတွေအတွက် ဥပဒေတွေ ပိုပြီး အားကောင်းလာအောင် တရားဥပဒေစိုးမိုးရေး လွှမ်းခြုံနိုင်မှု ရှိလာအောင်၊တကယ်တမ်း ကျတော့ Political Presentation ဆိုတာ အုပ်စုတစ်ခုချင်းစီ အတွက် လိုအပ်တယ်။ ဒီဟာ ရှိမှသာလျင်၊ ဒီ Background ကို သူတို့ရမှသာလျင် ကျန်တဲ့ဟာတွေကို သူတို့ဆက်လက်ပြီးတော့ Advocacy လုပ်ယူနိုင်မယ်။ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်နဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခုလုံးမှာ မသန်စွမ်းတွေကလည်း အကြောင်းအမျိုးမျိုးကြောင့် မပါဝင်ခဲ့ရဘူး။ပြီးတော့ သူတို့ရဲ့အသံတွေပါမလာဘူး။အဲလိုပဲ တစ်ဖက်ကနေ ကြည့်မယ်ဆိုရင် လိင်စိတ် ဝိသေသ ခံယူချက် ဖော်ပြမှု ကွဲပြားတဲ့သူတွေ LGBT အုပ်စုတွေ ကလည်း မပါဝင်ခဲ့ရဘူး။ပါဝင်ခဲ့တဲ့ တစ်ဦးစ၊နှစ်ဦးစ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကလည်းတကယ့်အင်နဲ့အားနဲ့ အသံမျိုးဖြစ်ဖို့ ကြိုးစားနေရဆဲပဲဖြစ်နေတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ် မှာ ဖယ်ကြဉ်ခံရတဲ့ အုပ်စုတွေ၊ Marginallize Group တွေ၊ သူတို့ပါဝင်နိုင်ဖို့ Space ကိုချဲ့ပေးဖို့လိုတယ်။မသန်စွမ်းကတော့ ဥပဒေထွက်သွားပြီ။ဒီဥပဒေ ကလည်းပြန်လည်ထည့်သွင်း စဉ်းစားစရာအချက်တွေကိုလည်း Policy Reform လုပ်နေတဲ့သူတွေ၊ ရေးဆွဲမယ့် သူတွေကို ဒီဟာတွေ မှာ ပိုပြီး နိုးနိုးကြားကြား ရှိလာဖို့ ၊နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ ဒီအုပ်စုတွေရဲ့အသံ တရားဝင်ပါဝင်နိုင်ဖို့ အရေးကြီးတာကြောင့် ကျမတို့ ဒီဆွေးနွေးပွဲကိုဦးဆောင်ရခြင်းဖြစ်တယ်။

ငြမ်း – အသွင်းကူးပြောင်းရေး၊ဒီမိုကရေစီလမ်းကြောင်း ကိုလျောက်လာတာ ၂၀၁၀ ကနေ ၂၀၁၉ ကာလမှာ မသန်စွမ်း တွေအတွက် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကလည်းြ ဖစ်မလာခဲ့ဘူး။အဲဒါတွေကရော ဘာကြောင့်လို့ထင်သလဲဗျ။

MNZPK – Stakeholder တွေအနေနဲ့ မသန်စွမ်းတွေနဲ့ အနီးကပ်စေ့စပ်နိုင်မှုကအားနည်းတယ်။နောက်ပြီးတော့ ဒီ မသန်စွမ်းမှုကို ကျမတို့က အဓိပ္ပာယ်ဖွင့်ဆိုရမယ်ဆိုရင် ကျွမ်းကျင်တဲ့သူတွေနဲ့ဖွင့်ဆိုထားတဲ့အရာတွေကို ကြားထဲမှာ သွားမယ့် ချန်နယ်တွေက နည်းနေတယ်။ အဲဒီအခါကျတော့ Stakeholder တွေအနေနဲ့က ဒီဟာကို နားမလည်နိုင်ဘူး။ နောက်တစ်ခုက မသန်စွမ်းအများစုကလည်း တစ်ဦးချင်းစီရဲ့ မသန်စွမ်းဖြစ်မှုအကြောင်း အမျိုးအစားကလည်း ရှုပ်ထွေးတယ်။ မျက်မမြင်တစ်ယောက်ရဲ့ လိုအပ်ချက်ကဘာလဲ၊နားမကြား တစ်ယောက်ရဲ့ လိုအပ်ချက်ကဘာလဲဆိုတာ education ပိုင်းမှာ မရခဲ့တော့ လုပ်ဆောင်နေတဲ့သူတွေ ပါဝင်မှသာလျင် ဒီဟာကိုရမှာ။ကျမအမြင်ကတော့ ဒီမသန်စွမ်းတွေမပါဝင်နိုင် သလဲဆိုတော့ သူတို့က တစ်ချိန်လုံး အပြင်မှာပဲ နေနေ ခဲ့ရတာ။သူတို့ရဲ့ပါဝင်ခွင့်တွေ ဆိုတာလည်း မရှိခဲ့ဘူး။ ၂၀၁၀ နောက်ပိုင်းမှ တစ်စတစ်စပေါ်ထွက်လာပြီး အခုမှ နည်းနည်းလေး အသံတွေပေါ်ထွက်လာတာ။ဒီဟာတွေကလည်းပဲ မသန်စွမ်း အများစုက သူတို့ရဲ့မသန်စွမ်းမှုကြောင့် Access တွေမဖြစ်ဘူး။ Access to information၊ နောက်တစ်ခြား သိသင့်သိထိုက်တဲ့ ဟာတွေလည်းမရှိဘူး။အဲဒါကြောင့် မသန်စွမ်းတွေရဲ့ပူးပေါင်း ပါဝင်မှု က နည်းတယ်။နောက်ပြီးတော့ သူတို့ အဓိက တောင်းဆိုတဲ့ဟာ Individual Right လို့ ကျမပြောချင်တယ်။ မသန်စွမ်းအခွင့်အရေးကိုပဲ တောင်းဆိုတာဖြစ်တဲ့အတွက် Political reform ကိစ္စတွေမှာ သိပ်ပြီး မချဉ်းကပ် နိုင်သေးဘူး။အဲလိုမျိုးကွာဟချက်တွေရှိသေးလို့ပါ။နောက်တစ်ခုက ကျတော့ ဒီမန္တလေးကရလာတဲ့အကြံပြုချက်တွေဆိုရင် တချို့ Comment တွေမှာ ဘာတွေ့သလဲဆိုတော့ လူကောင်းတွေေ တာင်မှ မလုပ်နိုင်သေးတာပဲ လူအများစုကတောင်မှ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မနည်းရွေ့လျားအောင် သွားနေရတာ ဒီမသန်စွမ်းတွေပါဝင်လာလို့ရော ဘာထူးမှာလဲ။လိုလို့ လားဆိုတဲ့ ဟာမျိုးပေါ့။အဲဒါကိုယ်က Inclusion မဖြစ်တဲ့စဉ်းစားမှုမျိုး၊ ဒီဘက်မှာကျတော့ မီဒီယာ ချန်နယ်တွေရော၊ ဆိုရှယ်မီဒီယာ တွေအားကောင်းလာတယ်။လူတွေက အခန်းကဏ္ဍအလိုက် ပြောရေးဆိုခွင့် ရှိလာတော့ ဒီအသံတွေက အရင်ခေတ်ကထက် ပိုပြီးတော့ ထွက်လာတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – မသန်စွမ်းဦးရေ က ဒီနိုင်ငံမှာ နှစ်သန်းကျော် ရှိတာ။ သူတို့ရဲ့ အနာဂတ်၊သူတို့ရဲ့လက်ရှိပစ္စုပ္ပန် ဘဝအချိန်တွေအတွက် ဘာတွေ လုပ်ပေးဖို့ လိုအပ်သလဲ။ဘယ်လိုအကြံပြုချင်သလဲ။

MNZPK – ဥပဒေတွေ၊နည်းဥပဒေတွေကို ပိုပြီးတော့ အားကောင်းအောင် လုပ်ပေးသင့်တယ်။ပြန်ပြီးတော့လည်း ဆန်းစစ်ပေးသင့်တယ်။ နောက်တစ်ခု က အရင်တုန်းက မစဉ်းစားခဲ့ဖူးတာ မသန်စွမ်းက ကျမတို့နိုင်ငံ လူဦးရေ အရ အရမ်းများတဲ့အထဲမှာပါနေတယ်။ မသန်စွမ်းမှုက အကြောင်း အမျိုးမျိုးကြောင့်မွေးရာပါလည်း ဖြစ်နိုင်သလို၊ အကြောင်း အမျိုးမျိုးကြောင့် မတော်တဆထိခိုက်မှုကြောင့် မသန်စွမ်းဖြစ်လာ ရတာတွေလည်း ရှိတယ်။အဲဒီမှာ အစိုးရက တကယ်တမ်းြ ပုပြင်ပြောင်းလဲရေးကို လုပ်ချင်တယ်ဆိုရင် ၊ဒီလူတွေ ပါဝင်ခွင့်ရအောင် လုပ်ချင်တယ် ဆိုရင် ဒါတွေကိုလမ်းဖွင့်ေ ပးဖို့လိုတယ်။ပိုပြီးတော့ ချဉ်းကပ်ဖို့လိုတယ်။ပြီးတော့ Advocacy လုပ်တဲ့နေရာ မှာလည်း နားထောင်ရုံနဲ့ ပြီးမသွားဘဲ ဘယ်လိုမျိုး အကောင်အထည်ဖော်ပြီး လုပ်ပေးလို့ရလဲ။ဒီဟာဆိုရင် တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေအပေါ်မှာပိုပြီးတော့ စဉ်းစားစေ ချင်တယ်။မသန်စွမ်းတွေ များများနေထိုင်တဲ့ တိုင်းဒေသကြီး ၊ပြည်နယ်တွေက ဒီဟာကို ပိုပြီးတော့ Aware ဖြစ်ရမယ်။ လူဦးရေအရ စစ်ဖြစ်တဲ့နေရာမှာ မသန်စွမ်းတွေများတယ်ဆိုရင် သူတို့အတွက်ကို သူ့ရဲ့ ပြည်နယ်အလိုက် ဘယ်လိုမျိုး လုပ်ပေးလို့ရသလဲဆိုတာ မျိုးပေါ့။တချို့ဟာတွေကတော့ ဥပဒေတစ်ရပ်နဲ့ သွားမှရမယ်။တချို့ လူမှုဆောင်ရွက်ရေး ကိစ္စလေးတွေ ကျတော့လည်း အဲလောက်ကြီးမလိုသေးဘူး။ အဲဒါမျိုးချဉ်းကပ်နိုင်တယ်ဆိုပိုပြီးတော့ အဆင်ပြေနိုင်တယ်။

ငြမ်း – အဲဒီတော့ မန္တလေးမှာ လုပ်ခဲ့တဲ့ပွဲမှာ ဒါနဲ့ပတ်သက်ပြီး သတိပြုမိစရာအချက်တွေရော ရှိသလားဗျ။

MNZPK – တော်တော်များများတော့ ရှိတယ်။ကျမကတော့ မသန်စွမ်းအပိုင်းကို အဓိက ထားပြီးပြောချင်တယ်။ အများစု မြင်တဲ့ဟာကတော့ မသန်စွမ်းက သူ့ဘာသူ သီခြားဖြစ်နေတဲ့ အုပ်စုပေါ့လေ။ ငြိမ်းချမ်းရေးဆိုတဲ့ဟာမျိုး၊ နိုင်ငံရေးပြုပြင်ပြောင်း လဲမှု ဆိုတဲ့ ဟာမျိုးက လက်ရှိလုပ်နေတာပဲ။ဘာဖြစ်လို့ အခုမှထလာပြီး လာပြောရသလဲ ပေါ့နော်။ အခုမှဘာလို့တေ ရးနိုးတာလဲပေါ့။ အဲဒီလို လွဲမှားတဲ့ ယူဆချက်မျိုးလည်း အများစုမှာ ရှိနေတယ်။ ကျမတို့ နိုင်ငံရေးအခြေအနေအရဆိုရင် မတော်တဆမှုကြောင့်လဲပဲ အချိန်မရွေးမသန်စွမ်း able ကနေ person without disabilities ကနေ person with disabilities အချိန်မရွေးဖြစ်သွားနိုင်တယ်။အဲဒါတော့ သတိပြုဖို့လိုတယ်။ မသန်စွမ်းမှုမရှိဘဲ လူတစ်ယောက်ဟာ ဘဝမှာကျန်းကျန်း မာမာကြီးပဲ ဆိုတာ စဉ်းစားလို့ရလား။အဲဒီလိုဟာမျိုးကို ထည့်သွင်းစဉ်းစားပြီးမှ ဒီလူဒီလူတွေဟာ ဒီလိုလူနည်းစု အုပ်စုတွေဟာ ဒီလိုမျိုးခံစားရလို့ ဒီဟာမျိုးကိုထည့်သွင်း ရခြင်းဖြစ်တယ် ဆိုတဲ့ဟာမျိုး၊ဒီလိုမျိုးစဉ်းစားစရာတွေ၊ အချက်အလက် စုဆောင်းစရာတွေဖြစ်တယ်ဆိုတဲ့ဟာမျိုးကို ကျမတို့က အဓိက ဖြစ်စေချင်တယ်။တစ်ဖက်အမြင်မှာကျတော့ ဘာဖြစ်လို့အခုမှစပြီး တရေးနိုးတာလဲပေါ့။အဲဒီဟာကတော့ Inclusion မဖြစ်ဘူးပေါ့။ အဲဒီလိုမဖြစ်သရွေ့ ဒီသဟဇာတဖြစ်တဲ့ without disabilities နဲ့ with disabilities ကြားထဲမှာ အပေးအယူ နားလည်မှုက လွဲနေမှာပဲ။

ငြမ်း – မသန်စွမ်းတွေနဲ့ပတ်သက်ပြီး ကျား၊မ မရွေးပေါ့ဗျာ သူတို့ရဲ့ လိင်မှုဆိုင်ရာပညာပေးနဲ့ ပတ်သက်တာ၊ နောက်တစ်ခု က အဓမ္မပြုကျင့်ခံရတာတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး အခြေအနေတွေ တွေ့ရသလဲဗျ။

MNZPK – မသန်စွမ်းအမျိုးသမီးအများစုက rape vicitim တွေဖြစ်တာများတယ်။အဲဒီလိုများရခြင်းကလည်း တချို့က ကိုယ့်ရဲ့အဝန်းအဝိုင်းထဲမှာ ရှိတဲ့လူရဲ့ ပြုကျင့်ခံရတဲ့ သူလည်းရှိတယ်။ နောက်တစ်ခုက တော့ ကျေးရွာတွေမှာ ဆိုရင် ကိုယ့်ရဲ့ အိမ်အနီးအနားမှာနေတဲ့သူက ဒီလိုအားနည်းတဲ့၊ မသန်စွမ်းဖြစ်နေတ ဲ့မိန်းကလေးတွေကို အဓမ္မပြုကျင့်တာ။ ကိုယ့်ရဲ့ မသန်စွမ်း သမီးမိန်းကလေးတစ်ယောက်ဟာ အချိန်မရွေး အဓမ္မပြုကျင့်ခံရနိုင်တယ်ဆိုတဲ့ education မျိုး ရှိမထားလို့ပဲ။ Community မှာတကယ်တမ်းတွေးတာက အိမ်မှာ ခွေးလေး၊ဝက်လေးတောင်း ပျောက်မသွားတာ လူတစ်ယောက် ကတော့ ပျောက်မသွားဘူးပေါ့နော်။ အဲလိုစဉ်းစားမှုမျိုး။ လူကတော့ ပျောက်မသွားဘူး သေချာတယ်။ဒါပေမယ့် လူသည်ဒုက္ခပေါင်းစုံကို ရင်ဆိုင်ရတာမျိုး။ Sex education ကိုမိဘတွေကလည်း ရှိမထားဘူး။ မရှိထားတဲ့အတိုင်းပဲ သားသမီးတွေ အပေါ်မှာ ဘာမှကြိုတင်ပြီးတော့မှ ပတ်ဝန်းကျင်နဲ့စည်းရုံးလှုံ့ေ ဆာ်ထားခြင်း၊ပတ်ဝန်းကျင်ရဲ့အကူအညီ မရတဲ့အခါမျိုးဖြစ် သွားတယ်။ဒီလိုမျိုးမိန်းကလေးတွေက ဒုက္ခအန္တရာယ် ပိုကြီးမားတယ်။ အဲဒီဟာက မိဘတစ်ခုတည်းနဲ့ တင်မလုံလောက်ဘူး။ရပ်ရွာအဖွဲ့အစည်းတွေကိုယ်၌က မသန်စွမ်းတစ်ယောက်ဆိုတာ လူသားတစ်ယောက်ဖြစ်နေ တယ်။မိန်းကလေးတစ်ယောက်ဖြစ်နေတယ်။ သူ့မှာဒီလို အန္တရာယ်တွေ ရှိနိုင်တယ်ဆိုတဲ့ အသိရှိထားဖို့ကလည်း အရေးကြီးတယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ အဝန်းအဝိုင်းထဲမှာ ပြန်ပြီးတော့ ပြုကျင့်တယ်ဆိုတာ power abuse ဆန်တာ။ ဆိုလိုတာက ရာထူးအာဏာရှိတဲ့မသန်စွမ်းက မသန်စွမ်း မိန်ကလေးကိုပြန်ပြီး အဓမ္မပြုကျင့်တာ။ရာထူးအာဏာရှိတဲ့သူက သူတို့က နောက်ခံတစ်ခုခုရှိတဲ့ အခါကျတော့ ဒါကိုဆုပ်ကိုင်ပြီး power abuse လုပ်ကြတယ်။အဲဒီဟာကလည်း special community ဖြစ်တဲ့အတွက် အချင်းချင်းက ကာကွယ်ပြီး ဝိုင်းဝန်းပြီးသတင်းတွေကို ပိတ်ကြတယ်။မပြောကြဘူး။ မဆိုကြဘူးဆိုတော့ အဲဒီ လူကလည်း ပါဝါက ပိုကြီးသွားပြီးတော့ ဒီလိုမျိုး special community ထဲမှာဖြစ်တဲ့ case တွေကို မရှင်းထုတ်နိုင်ဘူး။ နောက်ဆုံး ဥပဒေအရ မရှင်းနိုင်ဘူးဆိုရင်တောင် လူမှုရေးအရ ဘယ်လိုမှကို မရှောင်ကြဉ်နိုင်ဘူး။ဆိုတော့ ဒီလိုမျိုးလူမျိုးတွေကို တရားဝင်အပ်နှင်းသလိုတောင်ဖြစ်သွားတယ်။ အဲဒီဟာကြီး ကလည်း balance မညီမျှဘူး။မသန်စွမ်းဖြစ်ရပ်ချင်း အတူတူတောင်မှ အမျိုးသမီးနဲ့အမျိုးသား၊ ပါဝါရှိသူနဲ့ ပါဝါမရှိသူ အဲဒီကြားထဲမှာ အခွင့်အရေးက အများကြီးကိုကွာခြားပြီးတော့ ခံရသူအတွက်အများကြီးဆုံးရှုံးတယ်။ ဒီနေရာမှာ ရာထူးပဲရှိရှိ၊မရှိရှိ မုဒိမ်းကျင့်တဲ့သူက မုဒိမ်းကျင့်တဲ့သူပဲ။ ကျင့်ခံရတဲ့ သူကလည်းကျင့်ခံရတဲ့သူပဲ။ ကျမတို့က အဲလိုခွဲမြင်တဲ့ရှုထောင့်မျိုးနဲ့ ဒီလိုမျိုးတွေ မခံရတော့အောင် ဘယ်လိုမျိုးပညာပေးမလဲဆိုတဲ့ အစီအစဉ်တွေကို နားမကြားတဲ့သူကိုလည်း နားမကြာသူ အလျောက် sign language နဲ့ဘယ်လိုများပြောနိုင်မလဲ။ မျက်စိမမြင်တဲ့သူဆိုလည်း ဘယ်လိုမျိုး audio နဲ့ အထောက်အပံ့ ပေးနိုင်မလဲ။အဲဒါကတော့ အမြန်ဆုံးစဉ်းစားပေးဖို့အချိန်တန်ပြီ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – မသန်စွမ်း မိန်ကလေးတွေ အဓမ္မပြုကျင့်ခံရမှု က ရန်ကုန်မှာပိုများသလား၊နယ်ဘက်တွေမှာ ပိုများသလား။ဘယ်လို တွေ့ရသလဲဗျ။

MNZPK – အတူတူလောက်ပဲရှိတယ်။ နယ်မှာထက် ရန်ကုန်မှာရှိတဲ့ special community တွေပေါ့။ဆိုလိုတာက နားမကြားကျောင်းတို့၊မျက်မမြင် ကျောင်းတို့။ special community ဖြစ်နေတဲ့အခါကျတော့ ကျမတို့ သွားထိလို့ မရဘူး။ ဘာမှသွားပြီး မေးလို့မရဘူး။ နယ်မှာကျတော့ တခြားသော အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ရှိတယ်။ ရပ်ကွက်ထဲ၊ ဘေးနားကလူတွေက မခံမရပ်နိုင် လို့တိုင်ကြတယ်။ အဲလိုမျိုးကြောင့်ကျမတို့က ပိုပြီးကြားရသလိုဖြစ်တာပေါ့။ ကျမသိရတာကတော့အတူတူပဲဖြစ်နေတာပဲ။

ငြမ်း – ဘာများဖြည့်စွက်ပြောချင်လဲဗျ။

MNZPK – မြန်မာ မသန်စွမ်းတွေ အတွက်ကလည်း တစ်ဖက်ကနေကြည့်မယ်ဆိုရင် victim mind set ကိုပြုပြင်ဖို့လိုမယ်။ အဲဒါမှပဲ သူတို့ positive thinking နဲ့ inclusion ကိုချဉ်းကပ်နိုင်မှာ ဖြစ်တယ်။ မသန်စွမ်းကတော့ တခြားသန်စွမ်းသူတွေထက် troma တွေ need တွေများတယ်။ တစ်ဖက်က ကြည့်ရင်လည်းသူတို့ရဲ့ အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးနိုင်တဲ့သူတွေ၊ နားလည်ပေးနိုင်တဲ့သူတွေကို ပိုပြီးပေါက်ပေါက်မြောက်မြောက်ရှိအောင် ချဉ်းကပ်နိုင်မယ် ဆိုရင်သူတို့လည်း လူ့အဝန်းအဝိုင်းထဲမှာ ပိုပြီးတော့ နေရာရလာမယ်။သူတို့ရဲ လိုအပ်ချက်တွေကိုပိုပြီးတော့ ဖော်ဆောင်ပေးနိုင်မယ်။

ငြမ်း – ဟုတ်ကဲ့ မေးစရာပေါ်လာလို့ပါခင်ဗျ။ သူတို့ mind set ကိုပြုပြင်ပြောင်းလဲဖို့ ဆိုတာ။ ဘယ်လိုပြုပြင်ပြောင်းလဲ သင့်တာလဲ။

MNZPK – မသန်စွမ်းသူတွေအချင်းချင်းမှာပဲ တစ်ယောက်နဲ့ တစ်ယောက်သိထားတဲ့ အခွင့်အရေးမှာ မသန်စွမ်းမှုနည်းတဲ့ သူကတော့ နည်းနည်းပိုပြီး တချို့ Access တွေကိုရနိုင်တယ်။ သတင်းအချက်အလက်တွေ၊ ပညာသင်ဖို့အခွင့်အလမ်းေ တွ။အဲဒီလိုလူတွေကတော့ လူနည်းစုဖြစ်သွားတယ်။ မသန်စွမ်းမှုများတဲ့သူကတော့ ကျောင်းပညာရေးတောင် သူတို့အတွက်က အဆင်မပြေဘူး။မူလတန်းစတက်ဖို့တောင် အဆင်မပြေဘူး။ ပေါက်ပေါက်မြောက်မြောက်ဖြစ်သွားတဲ့ မသန်စွမ်းတွေကလည်း ပိုပြီးအားနည်းတဲ့ သူတွေကို အချင်ချင်း ပြန်လည်ဖေးမဖို့ကိုလည်း လိုတယ်။ တချို့တွေ ကလည်း Position တွေမှာရှိကြတယ်။ဒါပေမယ့် အောက်ကလူတွေကိုြ ပန်ဆွဲခေါ်နိုင်အောင် မလုပ်နိုင်သေးဘူး။အဲဒီလိုမျိုး mind set ကိုလည်းပြုပြင်သင့်တယ်။

ငြမ်း – မသန်စွမ်းအဖွဲ့အစည်းထဲမှာကို အခွင့်ထူးခံရနေတဲ့ အလွှာတစ်လွှာ ရှိတယ်လို့ပြောတာလား။

MNZPK – ဟုတ်ပါတယ်ရှင့်။အခွင့်ထူးခံရယ်၊ အခွင့်ထူးခံဘဝမှာပဲ ဆက်လက်ပြီး အခွင့်ထူးခံရယ် ရှိတယ်။အဲဒီလိုလူမျိုးတွေက ကိုယ့်အချင်းချင်းကို ပြန်ပြီး မလုပ်သရွေ့လည်း အားကောင်းတဲ့ voice နဲ့ community မျိုးလည်း ဖြစ်မလာနိုင်ဘူး။

ငြမ်း – ကျေးဇူးတင်ပါတယ်ခင်ဗျ။

ဓာတ်ပုံ – NZPK Fb

ISchool – Myanmar ၏ စီမံရေးရာနှင့်သုတေသန တာဝန်ခံ မနော်ဇာဖြူခန့်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။