အဂတိလိုက်စားမှုဖြင့် လှိုင်မြို့မရဲစခန်းမှူး အား အရေးယူ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ACC/အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်

အမှုနှင့်ပတ်သက်၍ အာမခံရရှိရန် အတွက် မြို့နယ်တွဲဖက်တရားသူကြီးနှင့် လှိုင်မြို့မရဲစခန်းမှူး တို့ကို ငွေကျပ် (၁၀)သိန်း ပေးခဲ့ရ …

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို့မ ရဲစခန်းမှူး ဒုတိယရဲမှူးသိန်းဆွေမြင့် (ယခု ယာယီရဲမှူး၊ ဟိုပန်မြို့နယ်ရဲတပ်ဖွဲ့မှူး) အား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ယနေ့ သတင်း ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် တရားစွဲဆို ခံရသည့် အမှုနှင့်ပတ်သက်၍ အာမခံရရှိရန် အတွက် မြို့နယ်တွဲဖက်တရားသူကြီးနှင့် လှိုင်မြို့မရဲစခန်းမှူး တို့ကို ငွေကျပ် (၁၀)သိန်း ပေးခဲ့ ရခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မ ရဲစခန်းမှူး ဒုတိယရဲမှူးသိန်းဆွေမြင့် (ယခု ယာယီရဲမှူး၊ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူး)သည်၂၀၁၈၊ မတ်လ(၅)ရက်နေ့ က ရာဇဝတ် ကြီးမှု အမှတ် ၁၀၅၁/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၅-က အမှုမှ တရားခံ၏သမီး ဖြစ်သူထံမှ ငွေကျပ် (၁၀)သိန်းကို တရားသူကြီး အား ပေးရန်ဟုဆိုကာ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းခန့်ကလည်း ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲထွဋ်အောင် (ယခု မြို့နယ်ဦးစီးမှူး၊ နမ့်စန်မြို့နယ် လယ်ယာ မြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ရှမ်းပြည်နယ်-တောင်ပိုင်း)၊ လက်ထောက် ဦးစီးမှူး ဦးနွယ်မင်းသန်းနှင့် မြေတိုင်း(၄) ဦးသန်းဇော်မင်း တို့ အား လယ်(၉၈၇.၇၁)ဧက အတွက် ပုံစံ(၇)များ ပြုလုပ်ပေးရာတွင် လယ်တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀/-နှုန်း ပေးသွင်း ရန် ပြောဆို၍ တောင်သူ လယ်သမားများထံမှ ကောက်ခံရရှိသည့် ငွေကျပ် ၉,၂၀၀,၀၀၀/- (ကိုးဆယ့်နှစ်သိန်း)တိတိ အား လက်ခံရယူခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲ အရေးယူ နိုင်ရေး ဆောင်ရွက် လျက် ရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,