အငှားယာဉ်မောင်းနှင့်အဖော်နှစ်ဦးက ခရီးသည်များကို ရိုက်လု

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံရဲတပ်ဖွဲ့

အငှားယာဉ်မောင်းနှင့်အဖော်နှစ်ဦးက ခရီးသည်များအား ရိုက်နှက် လုယူမှုတစ်ခု လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက်၊ပါရမီလမ်းဆုံ အနီးတွင်ဖြစ်ပွားခဲ့

သြဂုတ်(၂၆)၊၂၀၁၉၊ရန်ကုန်

သြဂုတ်လ(၂၄)ရက်နေ့က ခရီးသည် အမျိုးသားသုံးဦးသည် ဘုရင့်နောင်ပွဲရုံမှ စမ်းချောင်းမြို့နယ်ရှိ နေအိမ်သို့ AA/×××× Feilder အငှားမော်တော်ယာဉ်ဖြင့်ပြန်လာစဉ် လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက် ပါရမီလမ်းဆုံအရောက်တွင်ယာဉ်မောင်းက ကားအားရပ်တန့်ပြီးနောက် ကားနောက်ဖုံးထဲတွင် လိုက်ပါလာသည့် အမည်မသိအမျိုးသား (၁) ဦးမှ ခရီးသည်ဖြစ်သူ ရဲထက်အောင်အား ဓားဖြင့်ထောက်၍ “ပါတာ အကုန်ပေး” ဟုပြောဆိုခဲ့သည်ဟုဆိုသည်။

ယင်းနောက် ယာဉ်မောင်းနှင့် ယာဉ်ရှေ့ခန်းတွင်အတူလိုက်ပါ
လာသည့် အမည်မသိအမျိုးသား (၁ )ဦးတို့က တုတ်/သံချောင်းများဖြင့် ခရီးသည်များဖြစ်ကြသည့်ရဲထက်အောင်ပါ (၃) ဦးအား ရိုက်နှက်ပြီး ၎င်းတို့ထံမှ ဖုန်း (၃) လုံး၊ လက်စွပ် (၁) ကွင်းနှင့် ငွေ (၄၀,၀၀၀) ကျပ်တို့အား လုယူ၍ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရိုက်နှက်ခံရမှုကြောင့် ရဲထက်အောင်ပါ (၃) ဦးတွင် နဖူး၊ ပါး၊ ယာလက်ခုံ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိ၍ အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး AA/×××× Fielder အငှားယာဉ်မောင်းပါ အမည်မသိ အမျိုးသား (၃) ဦးအား ပိတောက်ချောင်းနယ်မြေရဲစခန်း (ပ)၁၀၀၀/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ (လုယက်မှု)ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

ရဲတပ်ဖွဲ့မှစုံစမ်းရှာဖွေခဲ့ရာ နိုင်ရဲလင်း(၂၂)နှစ်အား ၎င်း၏နေအိမ်၌ သက်သေခံယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

နိုင်ရဲလင်းနှင့်အတူ ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ဖြိုးဝေလင်း(ခ) အညာနှင့် ဝေယံ(ခ)ပုရစ် တို့အားဆက်လက်ရှာဖွေဖမ်းဆီးခဲ့ရာ ဖြိုးဝေလင်း(ခ)အညာသား(၂၂)နှစ် အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် လမ်း၊ခြောက်သုံးလုံးကားမှတ်တိုင်အနီး၌ သက်သေခံ လက်ကိုင်ဖုန်း (၁)လုံးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီးဝေယံ(ခ)ပုရစ်(၂၃)နှစ်အား ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိသည်ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။