အစိုးရက လုပ်မပေးဘူးဆိုရင် ဒီအစိုးရ ဖြုတ်ချဖို့ပဲ ရှိတာပေါ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ဒေါက်တာလှိုင်မြင့်

ငါးမျှားနေတော့ ရေစီးတာပြင်းတာကို တွေ့ပြီး ဒါ လျှပ်စစ်ထုတ်လို့ရတယ်ပေါ့။ ဒီရေရဲ့ စွမ်းအားကို သိလိုက်တာ။ နည်းတဲ့အား မဟုတ်ဘူးပေါ့။ အဲဒီက စစဉ်းစားမိတာ။ နောက် ထောင်ထဲရောက်တော့ မီးသွေးခဲနဲ့ခြစ်ပြီး စဉ်းစားတော့ ကျန်တဲ့ သူငယ်ချင်း ထောင်သားတွေက “ဒေါက်တာဒီရေ” ဆိုပြီးနောက်ကြတယ်။ ရူးမယ်ပေါ့။ ငါမရူးဘူးလို့၊ ငါ့အတွက် …

သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာနေထိုင်တဲ့ ဒေါက်တာလှိုင်မြင့်ဟာ မြန်မာနိုင်ငံမှာ ဒီရေ စီးအားကို အသုံးပြုပြီး လျှပ်စစ်ထုတ်ဖို့ ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ခေတ္တပြန်လာခိုက်မှာ ဒေါက်တာလှိုင်မြင့်နဲ့ တွေ့ဆုံပြီး ဒီရေ စီးအားသုံးလျှပ်စစ်ထုတ်လုပ်မယ့် အစီအစဉ်တွေအကြောင်း ငြမ်းမီဒီယာ က မေးမြန်းထားပါတယ်။

ငြမ်းမီဒီယာ- ဒီရေစီးအားသုံးပြီး လျှပ်စစ်ထုတ်တဲ့နည်းပညာနဲ့ ပတ်သက်ပြီး အရင်ဆုံးရှင်းပြပါဦး။

H – နည်းပညာက ရှေးတုန်းက ရောမတွေ သုံးသွားတဲ့ဟာ။ သစ်သားဒလက်နဲ့ လုပ်တာ။ အဲဒါကို လစ်ဗျား-တူနီးရှားနယ်စပ်မှာ တွေ့တယ်။ အဲဒါလည်း အန်ကယ်အစက မသိဘူး။ အန်ကယ်စသိတာက ၉၀ ပြည့်နှစ်မှာ နိုင်ငံရေးကိစ္စကြောင့် အန်ကယ် ပြေးရတယ်။ ဟိုး ပင်လယ်ပေါက်နားလေးမှာ သွားပုန်းနေရတော့ ဘာမှ မရှိဘူး။ ရေဒီယိုလေး နားထောင်လိုက်၊ ငါးမျှားလိုက်။ ငါးမျှားနေတော့ ရေစီးတာပြင်းတာကို တွေ့ပြီး ဒါ လျှပ်စစ်ထုတ်လို့ရတယ်ပေါ့။ ဒီရေရဲ့ စွမ်းအားကို သိလိုက်တာ။ နည်းတဲ့အား မဟုတ်ဘူးပေါ့။ အဲဒီက စစဉ်းစားမိတာ။ နောက် ထောင်ထဲရောက်တော့ မီးသွေးခဲနဲ့ခြစ်ပြီး စဉ်းစားတော့ ကျန်တဲ့ သူငယ်ချင်း ထောင်သားတွေက “ဒေါက်တာဒီရေ” ဆိုပြီးနောက်ကြတယ်။ ရူးမယ်ပေါ့။ ငါမရူးဘူးလို့၊ ငါ့အတွက်လိုချင်တာမဟုတ်ဘူး။ တိုင်းပြည်အတွက်လိုချင်တာလို့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ- အဲဒီနည်းပညာကို ဘယ်အချိန်မှာ စပြီး စမ်းသပ်ခဲ့လဲ။

H – အင်တာနက်ပေါ်မှာ ရှာကြည့်တော့ ဒီဟာကို ရောမတွေက သုံးသွားတယ်ဆိုတာ သိလိုက်တယ်။ အကြွင်းအကျန်လေး တွေ့တာပေါ့။ ဒါပေမဲ့ သူတို့ ဒီဟာကို ပြန်မတည်ဆောက်ကြဘူး။ မလေ့လာထားဘူး။ အဲဒါကို အန်ကယ်က စမ်းသပ်ရင်းနဲ့ Modify လုပ်လိုက်တယ်ပေါ့။ နောက်တစ်ချက်က ၂၀၁၁ မှာ ဂျပန် ဖူကူရှီးမား ဆူနာမီဖြစ်လိုက်တော့ အိမ်ကြီးတွေပါ မတက်လာတယ်။ အိမ်ကြီးတွေပါ ပင်လယ်ထဲပါသွားတာ။ ရေက ဖိအားရှိတယ်။ ဆွဲအားလည်း ရှိတယ်။ အန်ကယ် Apply လုပ်တာက ဆွဲအား။ Energy ဆိုတာ Mass အမြှောက် Velocity ပေါ့။ ရေကာတာကြီးတွေကနေထုတ်တာက ရေလုံးက နည်းနည်း၊ Velocity က အပေါ်က နေ အများကြီးချတာ။ အန်ကယ်က Velocity နည်းနည်း၊ ရေထုက များများပေါ့။ Mass က များတယ်။ အန်ကယ်က Velocity နည်းနည်းလေးကို ယူထားတာ။ တစ်နာရီ (၂) မိုင်နှုန်းစီးတဲ့ရေလေးပဲယူထားတယ်။

မဖြစ်နိုင်ဘူးဆိုရင် တစ်ခုလောင်းမယ်။ ငါထုတ်တဲ့အချိန်မှာ မအောင်မြင်ရင် ငါက မင်းတို့ကို မီဒီယာရှေ့မှာ ထိုင်ကန် တော့မယ်။ အောင်မြင်ရင် မင်းတို့က ငါ့ကို စော်ကားမိတာမှားပါတယ်လို့ ထိုင်ကန်တော့မလား။ အဲဒီ …

ငြမ်းမီဒီယာ – ဒီနည်းပညာကို သာမန်လူနားလည်အောင် နည်းနည်းထပ်ပြီး အသေးစိတ်ရှင်းပြပါဦး။

H – အန်ကယ် အဲဒါရှင်းပြလိုက်ရင် မူပိုင်ပျက်သွားမှာ။ အစိုးရက မူပိုင်ကို အကာအကွယ်ပေးရင်တော့ စလုပ်မှာ။ မပေးရင်တော့ မလုပ်ဘူး။

ငြမ်းမီဒီယာ – မြန်မာနိုင်ငံမှာရော အဲဒါကို လက်တွေ့စမ်းသပ်ပြီးပြီလား။

H – ၂၀၁၃ မှာ ဗီဇာရရချင်း ဒါကို လာစမ်းတယ်။ (၃) ခေါက်စမ်းရတယ်။ Modify လုပ်ယူရတယ်။ အောင်မြင်တယ်။ အောင်မြင် သွားတော့ ရပ်လိုက်တယ်။ ရပ်လိုက်တယ်ဆိုတာ သူများ ဓာတ်ပုံရိုက်မှာစိုးလို့။ မူပိုင်က တခြားသူမသိမှ မူပိုင်တင်ခွင့်ရှိတာ။ သိသွားပြီးရင် မရှိတော့ဘူး။ မူပိုင်တင်လို့ကို မရတော့ဘူး။ နည်းပညာအသစ် လည်း တင်လို့ကို မရတော့ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒါဆို မူပိုင်ခွင့်ရအောင်ရော ဘယ်လိုဆက်လုပ်ထားလဲ။

H – သြစတေးလျမှာ ၂၀၁၄၊ ဇန်နဝါရီ (၄) ရက်နေ့ကတည်းက တင်ထားတယ်။ ရှေ့နေခ မတတ်နိုင်တော့ ပါမောက္ခ တစ်ယောက် ကနေ တင်ထားတယ်။ ရှေ့နေခက အများကြီးတောင်းတယ်။ (၄၀၀၀) တောင်တောင်းတယ်။ မလိုက်နိုင်တော့ တစ်နေတာပေါ့။ ရှေ့နေကို (၂၅၀၀) ၊ (၂၀၀၀) ပေးရင်တော့ Move လုပ်မှာပေါ့။ ငွေပိုငွေလျှံမရှိတော့ တစ် နေတာ။ နောက် မူပိုင်ကလည်း (၄)နှစ်၊ (၅) နှစ် ကြာတယ်။ ဒီမှာတော့ မူပိုင်ခွင့်ဥပဒေထွက်လာပြီးရင် တင်လိုက်မယ်။ တင်ပြီးရင် ဥပမာ ဆိုပါတော့။ ဧရာဝတီတိုင်းဆိုရင် ဧရာဝတီတိုင်းဒေသကြီးအစိုးရနဲ့ စာချုပ်လေးချုပ်ပြီးလုပ်ရမှာပေါ့။ ဒေသအလိုက် စာချုပ်ချုပ်ပြီး လုပ်ရမယ်။ အဲဒါ လွှတ်တော်က အတည်ပြုပြီးရင် ထုတ်လုပ်မယ်၊ ဒါပါပဲ။

ငြမ်းမီဒီယာ – အဲဒီ ဒီရေနည်းပညာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရကိုရော တင်ပြသေးလား။

H – ၂၀၁၅ မှာ ဒေါ်စုကို DVD လေးလည်း ပေးတယ်။ နည်းပညာမူပိုင်ခွင့်ကို အတည်မပြုခင် ဒီနည်းပညာကို အကာအကွယ်ပေးရင် စထုတ်မယ်ပေါ့။ ဒေါ်စုက လက်မခံဘူး။ ဒီရေကနေ လျပ်စစ် ထုတ်နိုင်တယ်ဆိုတဲ့နည်းပညာကို မဖြစ်နိုင်ဘူး ပယ်ချတာ။ မဖြစ်နိုင် ဘူးပေါ့။ အဲလိုအကြောင်းပြန်တာ တဆင့်ကြားရတယ်။

ငြမ်းမီဒီယာ- ဒေါ်အောင်ဆန်းစုကြည်ဆီကိုက ဘယ်လိုတင်ပြခဲ့တာလဲ။ တိုက်ရိုက်တင်ပြတာလား။

H – ဦးဉာဏ်ဝင်း လက်ထဲ ထည့်ခဲ့တယ်။ ဦးဉာဏ်ဝင်းက နောက်နေ့သွားမှာ။ ဦးဉာဏ်ဝင်း သားမက်နဲ့က မိတ်ဆွေ။ သူနဲ့ ပြောပြီး တော့ ဦးဉာဏ်ဝင်း ဆီကို တိုက်ရိုက်သွားတင်တာ။ ဦးတင်ဦးနဲ့လည်း တွေ့ခဲ့တယ်။ ဦးတင်ဦးဆီလည်း ကော်ပီပေးခဲ့တယ်။ ဒါပေမဲ့ ဒေါ်စုက ဒါ မဖြစ်နိုင်ဘူးပေါ့။ ဖြစ်နိုင်ရင် ကမ္ဘာမှာ လုပ်နေပြီပေါ့။ စာထဲမှာလည်း ကြည့်ချင်ရင် လာထုတ်ပြပါ့မယ် ပြောထား ပါတယ်။ ဒါကြီးက မဖြစ်နိုင်ဘူးထင်နေတာ။ အန်ကယ့်ညီတွေလည်း မဖြစ်နိုင်ဘူးထင်တာပဲ။ ဖေ့စ်ဘုတ်ခ်ပေါ်မှာ ဘာညာ ရေးတော့ ကောင်းပြီ၊ မဖြစ်နိုင်ဘူးဆိုရင် တစ်ခုလောင်းမယ်။ ငါထုတ်တဲ့အချိန်မှာ မအောင်မြင်ရင် ငါက မင်းတို့ကို မီဒီယာရှေ့မှာ ထိုင်ကန် တော့မယ်။ အောင်မြင်ရင် မင်းတို့က ငါ့ကို စော်ကားမိတာမှားပါတယ်လို့ ထိုင်ကန်တော့မလား။ အဲဒီကျတော့ ပါးစပ်ပိတ်သွားတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အဲဒီစီမံကိန်းက ပြည်သူတွေအတွက် ဘယ်လောက်အထိ အကျိုးကျေးဇူးရနိုင်မလဲ။

H – အကျိုးကျေးဇူးက ဧရာဝတီတိုင်းကို ပြည်သူတွေ မျက်လုံးထဲပေါ်အောင်ပြောရင် (၆) နာရီ (၁၅) ကနေ ဒီရေက ဟိုး ပုသိမ်မြို့ နေရာအထိ တက်သွားတာ။ တွန်းတာနော်။ ရေကို တွန်းတာ။ ဆင်းနေတဲ့ မြစ်တွေ၊ ချောင်းတွေကို လှန်ပြီးတွန်းတာ အပေါ်ရော က်သွားတယ်။ အဲဒီရေပမာဏက ခန့်မှန်းချေပေါ့နော်။ ပေပါပေါင်း ဘီလီယံ (၂၀) လောက်ရှိတယ်။ ပြီးတော့ အဲဒါကြီးက ပြန်ဆင်း လာတာ။ အဲဒါကို တားမယ်ဆိုရင် ကြိုက်တာနဲ့တား၊ ပြိုကျမှာပဲ။ Energy က အဲဒီလောက်များတယ်။ သင်္ဘောကြီးမြှုပ်ပြီး ကန့်လန့် ခံထားလည်း အဲဒီ သင်္ဘောကြီးက ကျိုးကျမှာပဲ။ ရေကာတာကြီးဆောက်လည်း ရိုက်ချိုးချမှာ။ စွမ်းအားကြီးက အကြီးကြီး ပဲ။ အဲဒီစွ မ်းအားမျိုးက ထိုင်းမှာ မရှိဘူး။ ထိုင်းမှာ ဒီရေ (၃) ပေလောက်ပဲ တက်တယ်။ အင်ဒိုနီးရှားမှာ (၁) ပေပဲ တက်တယ်။ တို့ဆီက ဧရာဝတီတိုင်းက (၅) ပေကနေ (၁၂) ပေရှိတယ်။ မိုးတွင်းဆို။ ရန်ကုန်မြစ်က (၈) ပေကနေ (၂၂)ပေ ရှိတယ်။ ဒါပေမဲ့ ရန်ကုန်က သင်္ဘောတွေရှိတော့ နည်းနည်းခက်တာပေါ့။ ကွမ်းခြံကုန်းတို့၊ ဒလဘက်တို့၊ ရေလယ်ကျောက်တန်းတို့ဘက်က ရေတွေကို ပြုပြင်ပြီး ယူလိုက်ရင် အများကြီး ထုတ်လို့ရတယ်။

ငြမ်းမီဒီယာ – အရင်းအနှီးကရော ဘယ်လောက်ကုန်ကျမလဲ။

H – အရင်းအနှီးနည်းတယ်။ မဂ္ဂါဝပ်ပေါ်မူတည်ပြီးတော့ သိန်း(၅၀) တို့၊ (၁၀၀) တို့။ တာဘိုင်က အဲဒီလောက်မကုန်ဘူး။ ကုန်မှာက ဒိုင်နမိုတို့၊ ထရန်စဖော်မာတို့ပေါ့။ အန်ကယ့် တာဘိုင်အပိုင်းက မကုန်ဘူး။ အဲဒီတော့ ဘဏ်တွေကနေ ငွေချေးပြီး လုပ်လို့ရတယ်။

ငြမ်းမီဒီယာ – သိန်း(၅၀)တန် Project ကနေပဲ လျှပ်စစ်ထုတ်မယ်ဆိုပါတော့၊ မဂ္ဂါဝပ် ဘယ်လောက်များထွက်နိုင်လဲ။

H – အတိအကျတော့ ပြောလို့မရသေးဘူး။ အောက်ထစ် (၁) မဂ္ဂါဝပ်တော့ထွက်မယ်။ အနည်းဆုံးပေါ့။ ပိုဖို့ပဲရှိတယ်။

ငြမ်းမီဒီယာ – ဒီ Project ကို ဒေသခံတွေနဲ့ ဘယ်လိုပုံစံမျိုး ပူးပေါင်းဆောင်ရွက်မှာလဲ။

H – ကုန်ကြမ်းက ဒီရေ၊ ကုန်ချောက လျှပ်စစ်။ ဘာမှ အရှုပ်အရှင်းမရှိဘူး။ ထွက်လာတဲ့ဟာထဲက % ကိုတော့ အန်ကယ်က ပထမတော့ ၅% ယူမယ်စဉ်းစားထားတယ်။ အဲဒါကလည်း အန်ကယ်စားဖို့ မဟုတ်ဘူး။ နောက်ထပ် ဒီလိုမျိုးတွေ ထပ်ထပ် တိုးချဲ့ပြီးလုပ်ဖို့။ နောက် အန်ကယ်က မြန်မာပြည်မှာလူလတ်တန်းစားများများပေါ်လာအောင်ရယ်၊ ၅ % ယူတာကနေ အသက် (၇၀) ရှိသူနိုင်ငံသားတိုင်းကို သက်ကြီးထောက်ပံ့ကြေး တစ်လ ဒေါ်လာ (၁၀၀)၊ (၁၅၀) စသဖြင့်ထောက်ပံ့နိုင်ချင်တာပါ။ ဆေးရုံမှာ အပြည့်အစုံ ခွဲစိတ်ကအစ Free ပေးနိုင်ချင်တာပါ။ ဒီအတွက်ပါ။ ထွက်လာတဲ့ လျှပ်စစ်ကို ရောင်းမှာ။ ရောင်းတဲ့အခါမှာ အခု နိုင်ငံခြားကုမ္ပဏီတွေက (၁၅၀) အောက် ဘယ်ကောင်မှ မရောင်းနိုင်ဘူး။ အန်ကယ်က တစ်ယူနစ် (၅၀) နဲ့ရောင်းမှာ၊ (၇၀) လည်း ဖြစ်ချင်ဖြစ်မယ်၊ (၁၀၀) မပြည့်စေရဘူး။

ပြည်သူလူထုကို ကူညီချင်တယ်။ ကူညီခွင့်ပေးဖို့က အစိုးရတာဝန်။ နည်းပညာအကာအကွယ်ပဲ။ ငွေကြေးက မလိုဘူး။ ပေးရင်တော့ လည်း ကောင်းတာပေါ့လေ …

ငြမ်းမီဒီယာ- အဲဒီ Project တွေမှာ ဘယ်သူတွေက ဘယ်လိုပုံစံနဲ့ ပါဝင်လုပ်ကိုင်ရမှာလဲ။

H – ဒေသခံလည်းပါမယ်။ မြို့ကလူတွေလည်း ပါမယ်။ ကိုယ်တိုင် စီမံအုပ်ချုပ်ပေါ့။ အန်ကယ်က ဒီဟာကြီးတွေကို အကုန်လုံး လိုက်မအုပ်ချုပ်နိုင်ဘူးလေ။ စာချုပ်ကတော့ ငှားထားတာ။ အန်ကယ့်နည်းပညာနဲ့ ထုတ်ထားတဲ့ ဒီတာဘိုင်ကြီးကို ငှားမှာ။ ချဲထိုးနေကြမယ်ဆို ဆက်မငှားဘူး။ ရပ်လိုက်မှာ။ စီမံခန့်ခွဲတဲ့အပိုင်းကတော့ အန်ကယ်က ကုမ္ပဏီဖွဲ့မယ်။ ကုမ္ပဏီက ဒီဟာတွေအားလုံးကို ပြန်အုပ်ချုပ်မယ်။ မအုပ်ချုပ်ရင် ပရမ်းပတာတွေ ဖြစ်ကုန်မယ်လေ။ ဒရဝမ်လိုရင် ဒရဝမ်ဒီဈေးပေး၊ ဒရိုင်ဘာလိုရင် ဒရိုင်ဘာကို ဒီဈေးပေးပေါ့။ နောက် လျှပ်စစ်ပြန်ရောင်းဖို့ကလည်း အစိုးရနဲ့ပြောရမှာ။ တစ်ယောက်တစ် ပေါက်သွားပြောလို့ မရဘူးလေ။ အဲဒီတော့ ဒီကုမ္ပဏီက တာဘိုင် (၃၀)၊ (၄၀) က ဒီလောက်ထွက်တယ်။ ဝယ်မလားပေါ့။

ငြမ်းမီဒီယာ – တကယ်လုပ်ခွင့်ရပြီဆိုရင်ရော ဘယ်ဒေသမှာ စလုပ်မလဲ။

H – ဧရာဝတီတိုင်းအထဲက ချောင်းလေးတွေ၊ လှေလေးတွေ၊ ပဲ့ထောင်လေးတွေ၊ အသေးလေးတွေသွားတဲ့ ချောင်းလေးတွေ အထဲမှာ စလုပ်မယ်။ ပြီးမှ ချောင်းကြီးတွေသွားမယ်။ ကျေးရွာတွေနဲ့ ညှိရမယ်။ အစိုးရနဲ့ ညှိရမယ်။ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနဲ့ ညှိရမယ်။ ပတ်ဝန်းကျင်ကတော့ မပျက်ဘူး။ အန်ကယ်တို့က ချောင်းမပျက်အောင်လုပ်ရမှာ။ ချောင်းကြီး စောင်းသွားရင် တာဘိုင်က ရွှေ့ရမှာလေ။ ရေရှည်ဖြစ်အောင် ချောင်းကြီးလည်း ခိုင်ခံ့အောင်လုပ်ရမယ်။ နောက်ထပ် Technology တွေရှိ သေးတယ်။ နောက်ထပ်နည်းတွေရှိသေးတယ်။ အန်ကယ်က အဲဒါလည်း လုပ်မယ်။ သုတေသန အဖွဲ့ကြီးလည်း ဖွဲ့လိုက်မယ်။ ပညာရှင်တွေပါမယ်။ အဓိက ပြောချင်တာက မိသားစုတွေကို (၅) နှစ် အငှားချပေးထားမယ်။ အဲဒီမိသားစုတွေက သူတို့ သားသမီးတွေကို ပညာသင်မယ်ဆိုရင် နောက်ထပ် (၅)နှစ် ထပ်ပေးမယ်။ ထိုင်ပြီး စားနေမယ်ဆိုရင် နောက်(၅)နှစ်ကို မပေးဘဲ ဖြုတ်လိုက်မယ်။ နောက်မိသားစုကို ပေးမယ်။ သူတို့ဒေသခံတွေချည်းပဲလည်း မပေးဘူး။ ရန်ကုန်မှာ ဆင်းရဲနွမ်းပါးတဲ့ မိသားစု တွေလည်း ရှိတယ်။ သူတို့ကိုလည်း ပေးမယ်။ ငါတို့ဒေသမှာ လာလုပ်လို့ ငါတို့ချည်းပဲ ရရမယ်ဆိုရင် မသွားဘူး။ အဲဒီမှာ တာဘိုင်သွားမထိုင်ဘူး။ သယံဇာတဆိုတာ နိုင်ငံက ပိုင်တယ်လေ။ နောက်ထပ် ထိုင်စရာနေရာတွေ အများကြီးရှိသေးတယ်။ နိုင်ငံသားအနေနဲ့ မြင်နိုင်ရမယ်။ ငါတို့ချည်းပဲ ချမ်းသာရမယ်လို့ လုပ်လို့မရဘူး။ နောက်ထပ် ချောင်းတွေက သောင်းနဲ့ချီပြီး ရှိသေးတာ။

ငြမ်းမီဒီယာ – ဒီ Project နဲ့ ပတ်သက်ပြီး တရားဝင်အကောင်အထည်ပေါ်လာဖို့ အန်ကယ့်အနေနဲ့ ဘယ်လိုဆက်လုပ်ဖို့ ရှိလဲ။

H – မီဒီယာအားလည်း လိုတာပေါ့။ ဒါဟာ လူထုအတွက်ပါဆိုတာ ချပြရမယ်။ အစိုးရက စီးပွားရေးကို နည်းနည်းလေး လျစ်လျူရှု ထားတယ်။ SAMSUNG လာတယ်၊ လျှပ်စစ်မရှိဘူး၊ ဗီယက်နမ်ရသွားတယ်။ လျှပ်စစ်ရှိမယ်ဆိုရင် ဝင်လာမှာပဲ။ လျှပ်စစ်က ဘယ်လောက်ပေးနိုင်လဲဆိုတော့ အစိုးရကပြောတာ Mega Watt ပေါ့။ ထိုင်းတို့က Giga Watt နဲ့ ပြောတယ်။ ထိုင်းက 14 Giga Watt လောက်သုံးတယ်။ ပိုရင်နာဖို့ကောင်းတာက စင်္ကာပူက (၅) သန်းက 13 Giga Watt လောက်သုံးတယ်။ အန်ကယ်တို့ သန်း(၅၀)က 4 Giga Watt ပဲရှိတယ်။ အန်ကယ်တို့ ဧရာဝတီတိုင်းက (100)၊ (200) Giga Watt ထုတ်နိုင်တယ်။ ပိုရင် ပိုမယ်။ အနိမ့်ဆုံး (100) ထွက်မယ်။ တိုင်းပြည်သုံးပြီး ပိုတာရောင်းလို့ရတယ်။ တပြည်လုံးမီးလင်းသွားမယ်။

ငြမ်းမီဒီယာ- အန်ကယ်ကတော့ Project နဲ့ပတ်သက်ပြီး ခိုင်ခိုင်မာမာယုံကြည်ထားတယ်ပေါ့။ အဲဒီတော့ တကယ် အကောင်အထည် ပေါ်အောင် ဘယ်လိုဆက်လုပ်သွားမလဲ။

H – အစိုးရအပေါ်မှာပဲ မူတည်တယ်။ အစိုးရက အန်ကယ့်နည်းပညာကို ခိုင်ခိုင်မာမာ အကာအကွယ်မပေးရင် ထုတ်လို့မရဘူး။ အားလုံးက ဝိုင်းထုတ်နေမှာပေါ့။ အန်ကယ်လုပ်ချင်တာက လူထုကို ပေးချင်တာ။ အန်ကယ်က ဒရဝမ်တောင် (၃) သိန်း၊ (၄)သိန်း ပေးမှာ။ ပြည်သူတွေကို အများကြီး ရှယ်ယာပေးထားမှာ။ အမြတ်ရမယ်။ လစဉ်ဝင်ငွေရမယ်။ သူတို့လျှပ်စစ် ထုတ်ရောင်း ရမှာ။ သူတို့ဆီက အမြတ်ထဲက အန်ကယ်က ၅ % ပဲယူမှာ။

ငြမ်းမီဒီယာ – လက်ရှိအခြေအနေအရဆိုရင်ရော ဘယ်အချိန်မှာ ဒီ ဒီရေအားနည်းပညာ Project စနိုင်မယ်လို့ ရည်ရွယ်ထားလဲ။

H – နည်းပညာမူပိုင်ခွင့်ဥပဒေကို လွှတ်တော်မှာ ဒီဇင်ဘာမတိုင်မီ အတည်ပြုမယ်လို့ ထင်ရတယ်။ အတည်ပြုပြီးရင် အန်ကယ်တို့ လျောက်ထားလိုက်လို့ ဒီနည်းပညာက ဒေါက်တာလှိုင်မြင့်တင်ထားတာပါ၊ ကျန်တဲ့သူ ကူးချခွင့်မပြုဆိုရင် အန်ကယ်တို့ စလို့ရပြီ။ ပြည်သူလူထုကို ကူညီချင်တယ်။ ကူညီခွင့်ပေးဖို့က အစိုးရတာဝန်။ နည်းပညာအကာအကွယ်ပဲ။ ငွေကြေးက မလိုဘူး။ ပေးရင်တော့ လည်း ကောင်းတာပေါ့လေ။ အန်ကယ်တို့ငွေနဲ့ အန်ကယ်တို့ ရင်းပြီးတင်လိုက်မယ်။ ဒီလို ဒီလိုရှိတယ် ရေးပြီးတင်လိုက်ရင် ဘဏ်တွေက ချေးမှာပဲ။ သူတို့က ချေးချင်တယ်။ အတိုးရချင်တယ်။

ငြမ်းမီဒီယာ – လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရဲ့ သယံဇာတကို ဒီလိုမျိုး ပုဂ္ဂလိကကုမ္ပဏီထောင်ပြီး လုပ်ကိုင်လို့ရမယ့် ဥပဒေကြောင်းအရ အခွင့်အလမ်းရော ရှိလား။

H – ဥပဒေဆိုတာ၊ ဥပဒေချထားတယ် ဆိုတာ ပြည်သူလူထု စားဝတ်နေရေး စီမံခန့်ခွဲဖို့ ချထားတာ။ နိုင်ငံရေးဆိုတာ ကိုက ဒါပဲ။ အန်ကယ် က ပြည်သူလူထုအတွက်လုပ်ပေးတာ၊ အစိုးရက လုပ်မပေးဘူးဆိုရင် ဒီအစိုးရဖြုတ်ချဖို့ပဲရှိတာပေါ့။ ပြည်သူလူထု စားဝတ် နေ ရေးပဲလေ။ ရှင်းရှင်းပဲ။ ပြည်သူလူထုအတွက် စဉ်းစားတဲ့သူဌေး ဘယ်သူဌေးမှ မရှိဘူး။ သူတို့အတွက်ပဲ စဉ်းစားတာ။ နိုင်ငံခြားသားလာလည်း သူတို့အတွက် စဉ်းစားတာပဲ။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ
အောက်တိုဘာ(၃၀) ၂၀၁၇၊ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,