အစိုးရသဘောက တပ်မတော်ရဲ့သဘောနဲ့ တစ်သဘော တည်းလို့မြင်တယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ATS / ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ

ရခိုင်ပြည်နယ်ကို ဘယ်လောက်ချစ်တယ် ဘယ်လောက် ထိ လုပ်တယ် ဆိုတာက ဒီအဆိုကို အကောင်အထည်ဖော်တဲ့ လူတွေမှာ မူတည်တယ်။ အပြောနဲ့အလုပ်ကို လက်တွေပြဖို့ လိုတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ နဲ့ ဒေသအတွက် စေတနာထားကြတယ်ဆိုရင်  …

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ ခိုင်မာရေး၊ ဒေသခံ တိုင်းရင်းသားတို့၏ အသက်အိုးအိမ် ထာဝရဖွံ့ဖြိုးမှု ရှိသည့် လူမှုဘ၀ ထူထောင်နိုင်ရေး အပါအဝင် ဒေသခံ တိုင်းရင်းသား တို့၏ လိုအပ်ချက်များကို ရေတိုရေရှည် စီမံကိန်းများဖြင့် ပွင့်လင်းမြင်သာစွာ ချပြပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဘူးသီးတောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက( ၂၀၁၈ )ခုနှစ်၊ ဖေဖေါ်ဝါရီ(၇)ရက်နေ့က တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ ထောက်ခံခဲ့သဖြင့် ဖေဖေါ်ဝါရီ(၂၀)ရက်နေ့တွင် ကိုယ်စားလှယ်(၁၄)ဦးက ဆွေးနွေးခဲ့ကြသည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် လုပ်ဆောင်နေသဖြင့် အဆိုကို လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာ ထားရှိရန် လူကယ်ပြန် ဝန်ကြီး ဒေါ်က်တာဝင်းမြတ်အေး က ပြောဆိုခဲ့ရာ အဆိုရှင်က လွှတ်တော်၏ သဘောထားကို တောင်းခံခဲ့သဖြင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ (၆၁)မဲ ကန့်ကွက်မဲ (၃၀၄) မဲရရှိပြီး ကြားနေ(၁)မဲဖြင့် အဆိုကို လွှတ်တော်က မှတ်တမ်းတင် ရန်သာ ဆုံးဖြတ်ခဲ့သည်။ အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး ဘူးသီးတောင်
မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကို ငြမ်း မီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး အဆိုအတွက် လွှတ်တော်ရဲ့ရလဒ်ကို ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UATS – ဒါက တကယ်ကို နိုင်ငံအတွက် အရေးကြီးလို့ တင်တဲ့အဆို ဖြစ်တယ်။ ဒါပေမယ့် အစိုးရက သူတို့လုပ်နေပါတယ်။ ဆောင်ရွက်နေ ပါတယ်လို့ ပြောတာပဲ။ လုပ်နေပါတယ်၊ ဆောင်ရွက်နေပါတယ် ဆိုရင် အဲအဆိုကို အတည်ပြုလိုက်ပေါ့။ အခုကလုပ်နေပါတယ် ဆောင်ရွက်နေ ပါတယ် ဆိုရုံ မပြီးဘူးလေ။ အတည်ပြုဖို့ လိုတယ်။ သူတို့က အတည်မပြု တာ သူတို့ရဲ့ အားနည်းချက်လို့ပဲ ကျွန်တော်မြင်တယ်။ အစိုးရသစ် လက်ထက် မှာ လူတွေက အများကြီး မျှော်လင့်ပြီး ယုံကြည် နေတယ်။ အဲဒီ ယုံကြည်မှုကို သူတို့ မယူနိုင် ခဲ့ဘူး။ ဒီဒေသရဲ့ လုံခြုံရေးနဲ့ တိုင်းရင်းသား တွေရဲ့ အနာဂတ် အရေးအတွက် ဆောင်ရွက်ချက်တွေဟာ အစိုးရအနေနဲ့ မရေမရာ ဖြစ်နေတယ် ဆိုတာ ပေါ်လွင်နေတယ်။ နောက်တစ်ခုက တစ်ဖက်က ဝင်လာမယ့် သူတွေကိုပဲ ဦးစားပေးနေတယ်။ တစ်ဖက်က လူတွေ အတွက်ပဲ လုပ်နေတယ်။ ဒေသခံတွေအတွက် မပါဘူး ဖြစ်နေ တယ်။ အစိုးရပြောတာနဲ့ လုပ်တာက တစ်ခြား ဖြစ်နေတယ်။ အဲဒါကြောင့် ဒီအဆိုကို သူတို့ အတည်မပြုရဲတာလို့ပဲ ကျွန်တော်မြင်တယ်။

ငြမ်းမီဒီယာ – မဲရလာဒ်ကိုကြည့်ရင် အစိုးရရဲ့ သဘောထားကို တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ထောက်ခံတယ်လို့ ပြောလို့ရမလား။

UATS – အဲလိုပြောလို့ရမယ်။ ဘာကြောင့်လဲဆိုရင် လုံခြုံရေးနဲ့ အချုပ် အခြာ ဆိုင်ရာတွေ ပါလာတော့ သူတို့လည်း အဲ့ဒီဘက်မှာ သူတို့ လိုနေ ပါတယ် ဆိုတဲ့သဘောပြောချင်တာဖြစ်မယ်။ လုံခြုံမှု မရှိဘူး ဆိုတာ ဒေသခံတွေ အသိဆုံးပါ။ ဘာပဲပြောပြော ကျွန်တော်တို့ ကတော့ သူတို့ကို အစိုးရ လို့ပဲမြင်တယ်။ အစိုးရဆိုတာက ကာကွယ်ရေးရော ဘာရော အကုန်လုံး ပါတာကို။ အစိုးရသဘောက တပ်မတော်ရဲ့သဘောနဲ့ တစ်သဘော တည်းလို့မြင်တယ်။ ဘာကြောင့်ဆိုတော့ အစိုးရ ဖြစ်နေ တာကိုး။ ကျွန်တော်ကတော့ ခွဲမမြင်ဘူး။ အတူတူပဲလို့ပဲ မြင်တယ်။

ငြမ်းမီဒီယာ – ရခိုင်မြောက်ပိုင်းလုံခြုံရေးနဲ့ ဒေသခံ တိုင်းရင်းသားတွေ အတွက် အစိုးရကို တိုက်တွန်းတဲ့ အဆိုက မှတ်တမ်း အဖြစ်ပဲ ဖြစ်သွားတော့ တိုက်တွန်းတဲ့ လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် ဘာတွေ ဆက်လုပ် သွားမလဲ။

UATS – ဒါကတော့ မှတ်တမ်းအနေနဲ့ ထားနေတယ်ဆိုပေမယ့် လုပ်နေပါတယ်။ ကိုင်နေပါတယ်လို့ ပြောသွားတာတွေရှိတယ်လေ။

တာဝန်ကျတဲ့ ဝန်ထမ်းတွေကသူတိုနဲ့ ပေါင်းပြီး နည်းမျိုးစုံနဲ့ လုပ်နေတာတွေ ရှိတယ်။ ဒါကြောင့် ဒီလိုဖြစ်နေတာ။ ထိထိရောက်ရောက် မဟန့်တားနိုင်ဘူး ဖြစ်နေတာ။ ဝန်ထမ်းတွေကို စီးပွားရေး သမားတွေက နည်းမျိုးစုံးနဲ့ ပေါင်းပြီးလုပ်နေလို့ နယ်စပ်ဒေသ ဆိုတော့လေ။ အဓိကကတော့ တရားဥပဒေစိုးမိုးမှု မရှိလို့ ဖြစ်နေတာပါ။ မူးယစ်ဆေးဝါးတွေ …

သူတို့လုပ်တာ ဘယ်လောက်ထိ မှန်ကန်မှု ရှိလည်း မရှိဘူးလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ပြီးပြောရမှာပဲ။ ကျွန်တော်တို့က လွှတ်တော် လမ်းကြောင်းကနေ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမှာပဲ။ ပြောသင့် ပြောထိုက် တာကို ပြောရမှာပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မြေပြင်က လက်ရှိအခြေအနေတွေနဲ့ အစိုးရကို ကိုယ်စားပြုပြီး ဖြေကြားသွားတဲ့ ဒေါက်တာဝင်းမြတ်အေးရဲ့ ဖြေကြားချက်တွေကြားမှာ ဘာတွေကကွဲလွဲမှုတွေရှိနေပါလဲ။

UATS – အများကြီးကွာပါတယ်။ ပြောရရင်တော့ သူတို့က စာရွက်ပေါ် မှာပဲ ပြောသွားတာပဲ။ မြေပြင် အနေအထားမှာ အဲလိုမဟုတ်ဘူးလေ။ သူတို့ UEHRD က လုပ်နေတာတွေက ပြန်လည် နေရာချထားရေး ကိစ္စ ၊ ဘင်္ဂ ါလီ အရေးတွေပဲ များတယ်။ တိုင်းရင်းသား အရေးအတွက်ဆို ဘာမှ မလုပ်သေးဘူး။ မောင်တောက ကိုယ်စားလှယ် ဆွေးနွေးတာ မှာ လည်း ပါ ပါတယ်။ မြေပြင် အခြေအနေ ဘာမှ အကောင်အထည် မဖော်နိုင်သေး ပါဘူး။ ကျွန်တော်တို့ နေရာချ ထားရေး အတွက်ကို အခြားလူတွေတောင်မှ အခြေချ နေထိုင်လာအောင် ကြိုးစားနေတဲ့အခါမှာ သူတို့ ပူးပေါင်း ဆောင်ရွက် မှုမရှိတဲ့ အချိန် ကျွန်တော်တို့လုပ်နေတာကိုတောင် ဟန့်တား တာ တွေရှိတယ်။ ဒါမြေပြင် အနေအထားမှာ ဖြစ်နေတာ။ ပူးပေါင်း ပါဝင်မှု လုံးဝမရှိဘူးလို့ ပြောလို့ရတယ်။ ဒီဘက်မှာ မီဒီယာ အားကိုးနဲ့ ပြောနေတာ ပဲ ရှိတယ်။ ဒေသခံတွေ အပေါ်မှာ စေတနာ မရှိဘူးလို့ပြောလို့ရတယ်။ သူပြောတာနဲ့ မြေပြင်အနေအထားမှာ မတူဘူးလို့ ပြောလို့ရတယ်။

ငြမ်းမီဒီယာ – ရခိုင်တိုင်းရင်းသား NLD အမတ်တစ်ချို့ ပြောတာကတော့ ဒေသခံတွေက ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ဆွေးနွေးတာမျိုး တွေ့ရတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမှတ်ချက် ပေးချင်လဲ။

UATS – ဒေသခံတွေ ပူးပေါင်းတယ် မပူးပေါင်းဘူးဆိုတာထက် အစိုးရက ဘယ်လောက်ထိ ပူးပေါင်းပြီး ဒေသခံတွေကို ဆွဲခေါ် လာနိုင် မလဲက အရေးကြီးတယ်လေ။ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိမှ ဒေသခံက ပူးပေါင်းဆောင်ရွက် မှာလေ။

မူးယစ်ဆေးဝါးကိစ္စတွေရော အကြမ်းဖက် အဖွဲ့တွေ ရော ဘာမှ ဖော်ထုတ်နိုင်မယ့် အခြေအနေ မဟုတ်ဘူး။ ကျွန်တော်တို့က ဒေသခံတွေ ပါဝင်တဲ့ အဖွဲ့တွေ လူတွေကို တာဝန်ချပေးစေ ချင်တယ်။ အခုက ဒီဘက်က လူတွေက …

အခုက ဒေသခံတွေရဲ့ လိုလားချက် ကို အစိုးရက တစ်ထပ်တည်း မကျရင် မပူးပေါင်းနိုင်ဘူးပေါ့။ ဆိုလိုတာက ဒေသခံတွေရဲ့ လိုအပ်ချက်ကို မလုပ်ပေးတဲ့ အတွက် မပူးပေါင်းတာ ပဲရှိမယ်။ အစိုးရ လုပ်တာနဲ့ ဒေသခံတွေ လိုအပ်ချက်နဲ့ တစ်ထပ်တည်း ကျရင် ဘာလို့ မပူးပေါင်းရမှာလဲ။ ဒေသခံတွေရဲ့ လိုအပ်ချက်နဲ့ သူတို့ လုပ်နေတာ လွဲနေလို့ ပူးပေါင်းလို့မရတာပဲရှိတယ်။ အဲဒါအစိုးရရဲ့ လိုအပ်ချက်တွေ ပါပဲ။

ငြမ်းမီဒီယာ – လုံခြံရေးအတွက် ရဲစခန်းတွေ အပါအဝင် ရဲကင်းတွေစုစုပေါင်း (၁၆၁ )ခု ဖွင့်လှစ်ထား တယ်လို့ ပြောသွားတော့ ဘူးသီးတောင် မောင်းတောဒေသက လုံခြုံရေး အရ စိတ်ချရပြီလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UATS – လုံခြုံရေးက စိတ်ချလို့ မရသေးပါဘူး။ သူတို့ရဲ့ အခုလုပ်ထားတဲ့ စီမံကိန်းတွေ ဆိုတာ အကုန်လုံး မှားနေတယ်။ ဘာကြောင့်ဆို ကျွန်တော် တို့ လူမှုအဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို အသိအမှတ်မပြု ခဲ့ဘူးလေ။ တပ်တွေ စခန်းတွေ ဘယ်လောက်ပဲ ချချ အဲမှာ တာဝန်ကျတဲ့ လူတွေ ဆိုတာ ခြောက်လတစ်ကြိမ်လဲပေးကြတယ်။ အသစ်လာတဲ့ သူတွေက အဲမြေပြင်အနေအထား ကို ဘာမသိဘူး။ အဲတော့ နည်းမျိုးစုံနဲ့ ချဉ်းကပ်တဲ့ စီးပွားရေး သမားတွေ နဲ့ ပေါင်းပြီး လာဘ်ပေး လာဘ်ယူတွေလုပ်ပြီး ပြီးရင် ပြန်သွားကြတယ်။ ဆိုလိုတာက တရားဥပဒေစိုးမိုးရေးကို မလုပ်ပေး နိုင်တာ အများကြီးပဲ။ မြေပြင် အနေအထားကိုလည်း ဂဃနဏ မသိကြဘူး။ ကျွန်တော်တို့ ဖြစ်စေချင်တာက ဒေသခံတွေ ပူးပေါင်း ပါဝင်ချထားဖို့ လိုတယ်။ နောက်တစ်ခု က ဒေသရဲ့ အခြေအနေကို သိမှဖြစ်မှာ အခုက ခြောက်လ တစ်နှစ်လောက်နေတယ်။ ပြန်လာတယ် ဆိုတော့ ဘာမှ ဂဃနဏ မသိဘူး။ မူးယစ်ဆေးဝါးကိစ္စတွေရော အကြမ်းဖက် အဖွဲ့တွေ ရော ဘာမှ ဖော်ထုတ်နိုင်မယ့် အခြေအနေ မဟုတ်ဘူး။ ကျွန်တော်တို့က ဒေသခံတွေ ပါဝင်တဲ့ အဖွဲ့တွေ လူတွေကို တာဝန်ချပေးစေ ချင်တယ်။ အခုက ဒီဘက်က လူတွေက ဘာမှလည်း မသိဘူး။ ပိုက်ဆံပေး လိုက်ရင် ယူပြီးပြန်လာတာ။ အဲဒါကြောင့် ဒီမှာ တရားဥပဒေစိုးမိုးမှု မရှိ ဖြစ်နေတာ။

ငြမ်းမီဒီယာ – မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေက ဘူးသီးတောင် မောင်းတော ဒေသမှာ အကြီးအကျယ် ဖမ်းဆီးမိနေတယ်။ မူးယစ်ဆေးဝါး ပြဿနာနဲ့ပတ်သက်ပြီး အဲဒီဒေသမှာ ကိုင်တွယ် ဆောင်ရွက်နေပုံတွေ ကိုရော ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

UATS – အဲဒါက ရွှေသမင် ဘယ်ကထွက် မင်းကြီးတာ က ထွက် ဖြစ်နေတာ ပဲလေ။ ဒီလောက် အဝေးကြီးကို ရောက်အောင်သွားတာ သူတို့ ဒီလမ်းကြောင်းတွေကပဲ သွားနေတာလေ။ မိုးပေါ်ကပျံပြီးသွားတာမှ မဟုတ်တာ။ ကျွန်တော်ပြောသလိုပဲ တာဝန်ကျတဲ့ ဝန်ထမ်းတွေကသူတိုနဲ့ ပေါင်းပြီး နည်းမျိုးစုံနဲ့ လုပ်နေတာတွေ ရှိတယ်။ ဒါကြောင့် ဒီလိုဖြစ်နေတာ။ ထိထိရောက်ရောက် မဟန့်တားနိုင်ဘူး ဖြစ်နေတာ။ ဝန်ထမ်းတွေကို စီးပွားရေး သမားတွေက နည်းမျိုးစုံးနဲ့ ပေါင်းပြီးလုပ်နေလို့ နယ်စပ်ဒေသ ဆိုတော့လေ။ အဓိကကတော့ တရားဥပဒေစိုးမိုးမှု မရှိလို့ ဖြစ်နေတာပါ။ မူးယစ်ဆေးဝါးတွေ လုပ်နေတယ်ဆိုတာက တရားဥပဒေ စိုးမိုးမှု မရှိဘူး ဆိုတာကိုဖော် ပြနေတာလေ။

ငြမ်းမီဒီယာ – အဲဒီဒေသကြီးကို တရားဥပဒေ စိုးမိုးမှုတွေရှိလာအောင် နဲ့ မူးယစ်ဆေးဝါးတွေကို ထိန်းချုပ်လာနိုင်အောင် လုပ်နိုင်ဖို့ ဘယ်လို အချက်တွေကို အကြံပြုချင်လဲ။

UATS – ခုနကပြောသလိုပါပဲ။ တာဝန်ကျတဲ့ ဝန်ထမ်းတွေကို ဒေသခံ တွေကို ခန့်ထားဖို့လိုတယ်။ ဒေသရဲ့အခြေအနေကိုကောင်းကောင်း သိတဲ့ ပါတီတွေ ရှိတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ရှိတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေရှိတယ်။ ရပ်မိရပ်ဖတွေ ရှိတယ်။ သူတို့တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လုပ်ဖို့ လိုတယ်။

ငြမ်းမီဒီယာ -ဘာများဖြည့်စွက် ပြောချင်ပါလဲ။

UATS – ရခိုင်ပြည်နယ်ကို ဘယ်လောက်ချစ်တယ် ဘယ်လောက် ထိ လုပ်တယ် ဆိုတာက ဒီအဆိုကို အကောင်အထည်ဖော်တဲ့ လူတွေမှာ မူတည်တယ်။ အပြောနဲ့အလုပ်ကို လက်တွေပြဖို့ လိုတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ နဲ့ ဒေသအတွက် စေတနာထားကြတယ်ဆိုရင် ဘယ်လို လုပ်မလဲဆိုတာ ကိုတော့ ကျွန်တော်တို့ စောင့်ကြည့်လျှက် ရှိကြောင်းကို ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ
ဖေဖော်ဝါရီ(၂၁)၊ ၂၀၁၈၊ ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,