အဓမ္မအကျင့်ခံရသော ဓမ္မများ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ထမင်းဝအောင်စားထား စာတန်းပါ အင်္ကျီ ဝတ်ဆင်၍ လူသတ်သမားကြည်လင်း အား လာရောက်ဝန်းရံသူများ

ကျွန်တော်တို့ နောက်မျိုးဆက်အတွက် အင်မတန် ဝမ်းနည်း စရာကောင်းတဲ့ ဇာတ်ဝင်ခန်း တစ်ခန်းပါ။ ကျနော်တို့လည်ပင်းကို နည်းနည်းမှ မလှုပ်နိုင်အောင် စစ်ဖိနပ်နဲ့နင်းထားပြီး ကျွန်တော်တို့ သိပ်ချစ်ပါတယ် ဆိုတဲ့…ကျွန်တော်တို့ သိပ်မြတ်နိုးပါတယ် ဆိုတဲ့…ကျနော်တို့လူ့အဖွဲ့အစည်းက သိပ်တန်ဖိုးထား ပါတယ်ဆိုတဲ့ …

 

ကျွန်တော့်အဖေ၊ ကျွန်တော့်သား ဒါမှမဟုတ် ကျွန်တော်အရမ်းချစ်ခင်ရတဲ့သူ တစ်ဦးဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လူကောင်း တစ်ယောက်ကို သတ်ပြီး အဖမ်းခံနေရတယ်၊ အမှုရင်ဆိုင်နေရတယ်ဆိုပါစို့။ ကျနော်ချစ်တဲ့သူဖြစ်လို့ သူ့ကိုထောင်ဝင်စာ သွားတွေ့မိ မှာပါပဲ၊ သူ့ကိုရုံးထုတ်တဲ့နေ့ဆိုရင်လဲ ကျွန်တော်သွားကြည့်မိမှာပါပဲ။ အဲဒီလိုသွားတဲ့ အခါမှာ အခြားသူတွေနဲ့ တွေ့ခဲ့ရင်ဖြင့် ကျွန်တော့်မျက်နှာဟာ အသုဘရှု ဖိတ်စာထဲက စကားလုံး တွေလို ညှိုးငယ်သော စိတ်ထားနဲ့ ညှိုါ်ငယ်သော မျက်နှာထားနဲ့ ဖြစ်နေရမှာ အသေအချာပါပဲ။ ကျွန်တော့်လူက အပြစ်မရှိတဲ့လူကောင်း တစ်ယောက်ကို သတ်ခဲ့တဲ့ လူသတ်သမားမို့ ခေါင်းဖေါ် ရဲဖို့တောင်အနိုင်နိုင်ပါပဲ။

လူဆိုတာ အသွေးအသားတွေ၊ အသည်းနှလုံးတွေနဲ့ဖွဲ့စည်း ထားလို့ သူတို့ချစ်ခင်တဲ့သူတွေအပေါ် စိတ်မကောင်းဖြစ်ခွင့်တို့ ယူကြုံးမရဖြစ်ခွင့်တို့ ရှိကြပါတယ်။ ဒါပေမယ့် လူဆိုရင် ကျူးလွန်ခဲ့တဲ့ ပြစ်မှု၊ မကောင်းမှုအတွက် အောင်ပွဲခံခွင့်မရှိပါဘူး …

လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းဖို့၊ သာယာဖို့၊ နေချင်စဖွယ်ဖြစ်ဖို့အတွက် မဟုတ်တာ၊ မကောင်းတာတွေ မလုပ်ကြဖို့၊ အားမပေးဖို့ ဘာသာတရားတိုင်းက ဆုံးမကြပါတယ်။ ဗုဒ္ဓက ဟီရိသြတ္တပ္ပတရားနှစ်ပါးကို ဟောခဲ့ပါတယ်။ မဟုတ်တာ၊ မကောင်းတာ လုပ်တာကို ရှက်တတ်ဖို့နဲ့ ကြောက်တတ်ဖို့ပါ။

ယဉ်ကျေးတဲ့ ဘယ်လူ့အဖွဲ့အစည်းမှာမဆို လူသတ်တာကို မကောင်းမှု အဖြစ် သတ်မှတ်ထားလို့ လူသတ်တရားခံတွေကို သူရဲကောင်းကြီးတွေ အလား လာရောက် အားပေးနေတဲ့လုပ်ရပ်ကို …

လူ့အဖွဲ့အစည်းအတွင်းမှာ လူတွေဟာ မဟုတ်တာ၊ မကောင်းတာတွေကို မရှက် မကြောက်ပဲ ပျော်ပျော်ကြီးလုပ်နေကြမယ်၊ အဲဒီလိုလုပ်နေတဲ့ သူတွေကိုလဲ အားရ ပါးရကြီးအားပေးနေမယ်ဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ ယဉ်ကျေးမှုပိုင်းမှာ တိရစ္ဆာန် အဖွဲ့အစည်းထက် ဘာများထူးကဲသာ လွန်ပါဦးမလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၁၇ ဇန်နဝါရီ ၂၉ (တနင်္ဂနွေနေ့) မှာ အသတ်ခံရတဲ့ ဦးကိုနီဟာ ဘယ်ဘာသာဝင် ပဲဖြစ်ဖြစ်၊ ဘယ်အသားအရောင်ပဲရှိရှိ တရား ဥပဒေဘောင်အတွင်းမှာ အေးချမ်းစွာ နေထိုင်ခဲ့တဲ့ လူ့အဖွဲ့အစည်းဝင် လူသား တစ်ယောက်ပါ။ ဦးကိုနီကို သတ်ခဲ့လို့ အဖမ်းခံ ထားရတဲ့သူတွေကို အပတ်စဉ် တရားရုံးထုတ်ပြီး စစ်ဆေးနေတာကိုတွေ့ရပါတယ်။

အဲဒီလို ရုံးထုတ်လာတဲ့အခါမျိုးမှာ သူတို့ရဲ့ ဆွေမျိုးသားချင်း မိတ်ဆွေ အသိုင်းအဝိုင်း က လာခွင့်ရှိပါတယ်။ လူဆိုတာ အသွေးအသား တွေ၊ အသည်းနှလုံးတွေနဲ့ဖွဲ့စည်း ထားလို့ သူတို့ချစ်ခင်တဲ့သူတွေအပေါ် စိတ်မကောင်းဖြစ်ခွင့်တို့ ယူကြုံးမရဖြစ်ခွင့်တို့ ရှိကြပါတယ်။ ဒါပေမယ့် လူဆိုရင် ကျူးလွန်ခဲ့တဲ့ ပြစ်မှု၊ မကောင်းမှုအတွက် အောင်ပွဲခံခွင့်မရှိပါဘူး။

ယဉ်ကျေးတဲ့ ဘယ်လူ့အဖွဲ့အစည်းမှာမဆို လူသတ်တာကို မကောင်းမှု အဖြစ် သတ်မှတ်ထားလို့ လူသတ်တရားခံတွေကို သူရဲကောင်းကြီးတွေ အလား လာရောက် အားပေးနေတဲ့လုပ်ရပ်ကို သက်ဆိုင်ရာက တားမြစ်သင့်ပါတယ်။

ဒီနေ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ဦးကိုနီကိုသတ်ခဲ့တဲ့သူတွေကို ရုံးထုတ်တော့ လူ လေး ယောက်လောက်က “မင်းတို့ ထမင်းဝအောင် စားထား…” ဆိုတဲ့ စာတန်းပါ အင်္ကျီတွေ ဝတ်ပြီး လူသတ်တရားခံကို လာရောက် ဝန်းရံသတဲ့လေ။

ကိုယ် ကိုယ်တိုင် ဘာမှမလုပ်နိုင်တဲ့အတွက်၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွက်၊ ကျွန်တော်တို့ နောက်မျိုးဆက်အတွက် အင်မတန် ဝမ်းနည်း စရာကောင်းတဲ့ ဇာတ်ဝင်ခန်း တစ်ခန်းပါ။ ကျနော်တို့လည်ပင်းကို နည်းနည်းမှ မလှုပ်နိုင်အောင် စစ်ဖိနပ်နဲ့နင်းထားပြီး ကျွန်တော်တို့ သိပ်ချစ်ပါတယ် ဆိုတဲ့…ကျွန်တော်တို့ သိပ်မြတ်နိုးပါတယ် ဆိုတဲ့…ကျနော်တို့လူ့အဖွဲ့အစည်းက သိပ်တန်ဖိုးထား ပါတယ်ဆိုတဲ့ မိန်းမလှလေး ကို မုဒိန်းကျင့်ပြလိုက်တာပါ၊ အဲဒီမိန်းမလှလေးရဲ့ နာမည်က “ အမှန်တရား” တဲ့။

ပဏ္ဍိတ်ထွန်း
ဖေဖော်ဝါရီ(၂)၊ ၂၀၁၈၊ ရန်ကုန်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,