အန္တရာယ်များတဲ့ နေရာမျိုးမှာအလုပ်လုပ်နေကြရသူတွေ အများကြီး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

DYYSW/ ဒေါက်တာ ရီရီစိုးဝင်း

လက်နက်မပါဘဲ အသေခံတိုက်နေရတဲ့ စစ်သားလို လုပ်ဖော်ကိုင်ဖက်တွေအတွက်ကိုယ်ချင်းစာနာလို့ပါ …

မြောက်ဥက္ကလာပဆေးရုံ၊ အရိုးရောဂါပညာဌာနမှဘွဲ့လွန်တက်နေ သည့်ဆရာဝန် တစ်ဦးH1N1ရောဂါပိုး ကူးစက် ခံရသည့် အခြေအနေနှင့်တကွအဆိုပါရောဂါဖြစ်ပွားမှု အခြေအနေတချို့အားမြောက်ဥက္ကလာပ ဆေးရုံတွင် ဘွဲ့လွန်တက်နေသည့် လက်ထောက် ဆရာဝန်ဒေါက်တာရီရီစိုးဝင်းနှင့် ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – ဒေါက်တာရဲ့အမည်နဲ့တာဝန်ကိုအရင်မိတ်ဆက်ပေးပါ။

Dr – ကျွမနာမည်အရင်းက ဒေါက်တာရီရီစိုးဝင်းပါ။ကျွမက နား၊နှာခါင်း၊လည်ချောင်း ၊ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်ကုပညာဌာန၊မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ဒုတိယနှစ်ဘွဲ့လွန်တက်နေပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – H1N1ကြောင့်လူနာ (၆) ဦးသေဆုံးသွားပြီလို့တရားဝင် ထုတ်ပြန်ထားပြီးပြီ။ ဒေါက်တာတာဝန်ထမ်း ဆောင်နေတဲ့ဆေးရုံမှာရောဘယ်လိုရှိပါသလဲခင်ဗျာ။

Dr – ကျွမတို့မြောက်ဥက္ကလာပ ဆေးရုံ မှာ (၂၇.၇.၁၇)ရက်နေ့ ည (၁၁)နာရီအချိန်ထိ H1N1 သံသယရှိလူနာငါးဦးကို H1 N1 အတွက် nasopharyngeal swab လို့ခေါ်တဲ့ စစ်ဆေးမှု လုပ်ခဲ့ပါတယ်။ မနေ့ည (၁၁)နာရီ အချိန်အထိ သုံးယောက်မှာ ပိုးမရှိကြောင်း အဖြေထွက်ခဲ့ပြီး တစ်ယောက်ကအဖြေကိုစောင့်ဆိုင်းဆဲ၊ တစ်ယောက်ကတော့ စိတ်မကောင်းစရာ positive ထွက်ခဲ့ပါတယ်။

ကျမတို့နိုင်ငံဟာ ဆင်းရဲနွမ်းပါးတဲ့တိုင်းပြည်တစ်ခုပါ။ ကျန်းမာရေး အသုံးစရိတ်အနေနဲ့ လည်း ဆင်းရဲတဲ့ တိုင်းပြည်ပီသစွာနည်းပါးနေမှာပါပဲ။ဒါပေမယ့်လည်း ရနိုင်သမျှဘတ်ဂျက်နဲ့ဖြစ်နိုင်သမျှနည်းလမ်းတွေကိုစဉ်းစားပြီး အားလုံးအတွက် ဖြစ်နိုင်သမျှ ထဲက အကောင်းဆုံး အခြေအနေတခုကို ဖန်တီးယူရမှာပါ။ လူကြီးတွေလည်း …

ငြမ်းမီဒီယာ – အခုမြောက်ဥက္ကလာဆေးရုံမှာဒေါက်တာလိုပဲဘွဲ့လွန် တက်နေတဲ့ ဆရာဝန် တစ်ယောက်ရောဂါ ကူးစက်ခံရတယ်လို့သိရတယ်။အဲဒီအပေါ်ဒေါက်တာရဲ့အမြင်ကိုပြောပြပေးစေချင်ပါတယ်။

Dr – ဟုတ်ပါတယ်။ Positive ထွက်တဲ့ တစ်ယောက်က အရိုးရောဂါပညာဌာနမှာ ဘွဲ့လွန် ဒုတိယနှစ်တက်နေတဲ့ ဆရာဝန် တစ်ယောက်ပါ။အဲဒါကို မနေ့ညက သတင်းစကြား ရတာပါ။ကြားကြားချင်းမှာ အထူးပဲစိတ်မကောင်း ဖြစ်မိပါတယ်။ လူတိုင်းရဲ့ အသက်ဟာ တန်ဖိုးကြီးပါတယ်။ ဆရာဝန်ဖြစ်နေလို့ ပိုတန်ဖိုးကြီးတယ်ဆိုတာ မရှိသော်ငြား ဆရာဝန် အပါအဝင် ကျန်းမာရေး ဝန်ထမ်းအားလုံးဟာ ဒီလိုအချိန်မျိုးမှာ ရောဂါကူးစက် ခံရနိုင်ခြေအများဆုံး ရှိတယ်လို့မြင်ပါတယ်။ နေမကောင်း နာမကျန်း ဖြစ်နေတဲ့ ပြည်သူတွေကို အနီးကပ်ပြုစုကုသနေရပါတယ်။ တခြားသူတွေကို ဘယ်လိုပဲ အိပ်ရေးဝဝအိပ်ဖို့၊ ကိုယ်ခံအား တက်အောင် လုပ်ဖို့ ခုလိုရောဂါတွေဖြစ်နေချိန်မှာ လူထူထူကြားမသွားဖို့ မှာနေသော်လည်း သူတို့ကိုယ်တိုင်မှာတော့ ဒါတွေနဲ့ ဆန့်ကျင် ဖက် တွေကို လုပ်နေရပါ တယ်။ အဲလိုလုပ်နေရလို့လဲ ဘယ်ကျန်းမာရေး ဝန်ထမ်းမှထူးပြီး မငြီးငြူကြပါဘူး။ သူတို့နိုင်သရွေ့ ခွန် အားထက် တောင်ပိုပြီး သူတို့ထမ်းနေ ကြဦးမှာပါပဲ။ကံမကောင်းအကြောင်းမလှတဲ့အခါတော့လည်း ရောဂါပိုးအကူးခံရရင် ရင်ဆိုင် ကြရုံပဲ ပေါ့လေ၊ကိုယ်တိုင် ဖြစ်လာရင်လည်း ရင်ဆိုင် ရမှာပါပဲ။

ငြမ်းမီဒီယာ – ဒေါက်တာက ကျန်းမာရေးဝန်ထမ်းတွေကိုအကူအညီပေးနိုင်ဖို့ ကြိုးစားနေတာ တွေ့ရတယ်။ အဲ့ဒီအခြေအနေကို ဖြည့်စွက် ပြောပေးစေချင်ပါတယ်။

Dr – ဟုတ်ကဲ့ပါ။ ခုဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ကျမတတ်နိုင်သလောက် ကိုယ့်ကျန်းမာရေးဝန်ထမ်းတွေအတွက် ကူညီပေးနေတာရှိပါတယ်။ ကျမက ပညာတွေ အရမ်းတော်တဲ့ powerful ဖြစ်တဲ့ ဆရာဝန်ကြီးလည်း မဟုတ်ပါဘူး။ ခုမှ ဘွဲ့လွန် တက်နေဆဲ လက်ထောက်ဆရာဝန်တစ်ယောက်ပါ။ကျမမှာ အားချိန်တွေလဲ အရမ်းမများ ပါဘူး။ ရတဲ့လစာနဲ့ မလောက်ငလို့လည်း ဘွဲ့လွန်တဖက်နဲ့ အပြင်က ပုဂ္ဂလိက ဆေးရုံတွေ မှာ အလုပ်ထပ်လုပ်ပြီး ရပ်တည်ရပါတယ်။ အချိန်တွေ၊ ငွေတွေပိုနေတာ မဟုတ်သော်လည်း လက်ရှိအခြေအနေတွေကို မြင်ရတာ ရင်ထဲမှာ မချိပါဘူး။ စိတ်မကောင်းလည်း အရမ်းဖြစ် ပါတယ်။ ကျန်းမာရေးဝန်ထမ်းတင် မက ပြည်သူတွေ အတွက်ပါ ကိုယ်တတ်နိုင်သလောက် ကူညီချင်တဲ့စိတ်ဖြစ်ပါတယ်။ နှမ်းတစေ့နဲ့ ဆီမဖြစ်သော်ငြား ကိုယ်မတတ်နိုင်တာတွေကို ငြီးငြူ မနေတော့ဘဲ ကိုယ်တတ်နိုင်တာလေးတွေထဲက လုပ်ပေးချင်တဲ့အတွက် ကျသိသလောက် H1 N1 နဲ့ပတ်သက်တဲ့ update information လေးတွေ မျှဝေ ပါတယ်။Post တွေတင်ပါတယ်။ အရေးပေါ်ဌာန၊ ဖျားနာဆောင်နဲ့ တခြားဌာနတွေက လုပ်ဖော်ကိုင်ဖက်တွေ အကာအကွယ် အပြည့်အဝမရှိဘဲ လုပ်ငန်းခွင်ဝင်နေရတာေ တွ့တော့ စိတ်မကောင်းဖြစ်ပြီး post တစ်ခုတင်လိုက်ပါတယ်။ အကာအကွယ် တကယ် ပေးနိုင်တဲ့ mask တွေ ဆေးရုံ တွေမှာ လှူပေးကြ ပါလို့၊ကျမက ကျမကိုလှူခိုင်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထူးထူးဆန်းဆန်း ပဲ သဒ္ဒါတရားကောင်းတဲ့ Facebook မိတ်ဆွေ တစ်ယောက်က အပြင်မှာ တခါမှ မြင်ဖူး စကားပြောဖူးတာမရှိပါဘဲ ငွေကျပ်သိန်း(၅၀)ကို လွှဲပြီး ကျမက တဆင့် လိုနေတဲ့ mask တွေကို လိုအပ်နေတဲ့နေရာတွေမှာ ကိုယ်တိုင် လှူဒါန်းပေးဖို့ကမ်းလှမ်းလာခဲ့ပါတယ်။ သူ့ရဲ့အလှူငွေနဲ့ mask တွေဝယ်ပြီး လိုနေတဲ့ နေရာတွေကို ကျမက လှူပေးသွားမှာပါ။ စိတ်စေတနာအရမ်းကောင်းတဲ့ အလှူရှင် ကိုစိုးမိုးအောင် ကိုလည်း ကျေးဇူး အရမ်း တင်ပါတယ်။ ဆက်ပြီးတော့လည်း ကျန်းမာရေး ဝန်ထမ်းတွေ၊လုပ်ဖော်ကိုင်ဖက်တွေနဲ့အားလုံးအတွက် ကိုယ်တတ်နိုင်တာလေးတွေ လုပ်ပေးသွားမှာပါ။ကျွန်မပြောခဲ့သလိုပါပဲ။ လက်နက်မပါဘဲ အသေခံတိုက်နေရတဲ့ စစ်သားလို လုပ်ဖော်ကိုင်ဖက်တွေ အတွက် ကိုယ်ချင်းစာနာလို့ပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုဆိုရင် ရောဂါဖြစ်ပွားနှုန်းနဲ့သေဆုံးနှုန်းတဖြည်းဖြည်းတက်လာ ချိန်မှာ တာဝန်ရှိသူတွေရဲ့စီမံခန့်ခွဲမှုကို ဆေးပညာနယ်ပယ်မှာရောက်နေသူ တစ်ယောက် အနေနဲ့ဘယ်လိုမြင်ပါသလဲ။

Dr -ကျမတို့နိုင်ငံဟာ ဆင်းရဲနွမ်းပါးတဲ့တိုင်းပြည်တစ်ခုပါ။ ကျန်းမာရေး အသုံးစရိတ်အနေနဲ့ လည်း ဆင်းရဲတဲ့တိုင်းပြည် ပီသစွာနည်းပါးနေမှာပါပဲ။ဒါပေမယ့်လည်း ရနိုင်သမျှဘတ်ဂျက်နဲ့ဖြစ်နိုင်သမျှနည်းလမ်းတွေကိုစဉ်းစားပြီး အားလုံးအတွက် ဖြစ်နိုင်သမျှ ထဲက အကောင်းဆုံး အခြေအနေတခုကို ဖန်တီးယူရမှာပါ။ လူကြီးတွေလည်း လုပ်သင့် လုပ်ထိုက်တာကို လုပ်နေကြ မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ပြည်သူထဲကပြည်သူတစ်ယောက်ရဲ့ အမြင်နဲ့ပဲပြောရရင် ဒီထက်ပိုပြီးထိရောက်မြင်သာတဲ့၊ အချိန်နဲ့တပြေးညီ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊တာဝန်ခံမှုရှိတဲ့လုပ်ဆောင်ချက်တွေကို မြင်ချင်ပါတယ်။

ငြမ်းမီဒီယာ -ကူးစက်ရောဂါအရှိန်မြင့်လာချိန်မှာ လူနာတွေကိုအနီးကပ် ကုသပေးနေရတဲ့ဆရာဝန်တွေ၊ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ဘာတွေလိုအပ်နေ တယ်လို့သုံးသပ် မိပါသလဲ။

Dr – လိုအပ်ချက်တွေက အများကြီးပါပဲ။ လူအင်အားလောက်ငရမယ်။ ရောဂါကာကွယ်ဖို့ အတွက် လက်အိတ်တွေ၊ N 95 လို mask တွေ၊ ရောဂါကိုအမြန်စစ်ဖို့ RDT kit တွေ၊ လုံလောက်တဲ့ဓာတ်ခွဲခန်း၊ဓာတ်ခွဲကျွမ်းကျင်သူ၊ ဓာတ်ခွဲစမ်းသပ်ဖို့ ပစ္စည်းတွေ စသဖြင့်အများကြီးရှိပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ တကယ့်အန္တရာယ်များတဲ့ အရေးပေါ်ဌာနလို နေရာမျိုးမှာတောင် ရိုးရိုး mask လေးတွေအုပ်ပြီးအလုပ်လုပ်နေကြ ရသူတွေ အများကြီးပါပဲ။

ငြမ်းမီဒီယာ – ရောဂါကူးစက်ခံရတဲ့ဆရာက ဘယ်လို အခြေအနေကြောင့်ဖြစ်ရတာလဲ ဆိုတာ ဆရာမ သိသလောက်ပြောပြပေးပါ။

Dr – ဘယ်လိုအခြေအနေတွေကြောင့်ကူးစက်ခံရတယ်ဆိုတာတော့ ကျမအနေနဲ့ အတိအကျမပြောနိုင်ပါဘူး။ ဒီရောဂါက ခုချိန်မှာ ကူးစက်ပြန့်ပွားနေတာမို့ ဘယ်သူမဆို ကူးစက်ခံရနိုင် တာပါပဲ။ကိုယ်ခံအားကောင်းနေရင်ဘာမှမဖြစ်ပေမယ့် ကိုယ်ခံအားကျနေ ချိန်မျိုးဆိုရင်တော့ ရောဂါအနေနဲ့ ဖြစ်လာမှာပါ။ ကူးစက်ခံရသူဟာ ကျန်းမာရေးဝန်ထမ်း တစ်ယောက်ဖြစ်တဲ့အတွက် အပေါ်က ပြောခဲ့သလို တကယ့် risky person ထဲက တစ်ယောက်ပါ။ ခုခံအားကျနေချိန်နဲ့တိုးသွားခဲ့တာဖြစ်ပါလိမ့်မယ်။ သူဟာ အခြား ကျန်းမာရေး ဝန်ထမ်းတွေလိုပဲ လက်နက်မပါဘဲ တိုက်ပွဲဝင်ခဲ့ရသလိုမျိုး၊ ဘာအကာ အကွယ်မှသိပ်မပါဘဲ လူနာတွေ ကြည့်ခဲ့ ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုဆိုရင် တရားဝင်ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိသူ အယောက်(၃၀)မှာခြောက်ယောက် သေတယ် ဆိုတော့ဆေးရုံရောက် လူနာကတစ်ရာမှာ(၂၀)ရာခိုင်နှုန်းလောက် သေသလိုဖြစ်နေပါတယ်။ အဲဒီအပေါ်ဆရာမ ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

Dr – H1 N1 ရဲ့ သေဆုံးနှူန်းဟာကျမသိသလောက်နိုင်ငံတကာမှာ ဆိုရင်လည်း အရမ်း မနည်းပါဘူး၊11-22 % လောက်ရှိပါတယ်။နောက်ပြီး H1 N1 ချင်းတူရင်တောင် ပုံစံပြောင်းသွားသလား၊ အရင်ပုံစံလား ဆိုတာကလည်း အရေးကြီးပါသေးတယ်။ တချို့သော virus တွေဟာ ပုံစံပြောင်းသွားရင်ပိုပြီးတော့ အသက်အန္တရာယ်ပေးနိုင် ပါတယ်။ ခုမြန်မာနိုင်မှာဖြစ်နေတဲ့ H1 N1 ဟာ ပုံစံပြောင်း သွားသလား မပြောင်းသွားဘူးလားဆိုတာကို သိဖို့ နိုင်ငံခြားကိုပို့ပြီး စစ်ထားတယ်ကြားရ ပါတယ်။ကုသရေးအပိုင်းအနေနဲ့ကတော့ ကျွန်မတို့နိုင်ငံရဲ့ဒီရောဂါအတွက်ကုသမှုဟာ အပြစ်ဆိုစရာ ထူးထူးခြားခြား အားနည်းလစ်ဟာနေတာမျိုးမရှိဘူးလို့ မြင်ပါတယ်။

ဇူလိုင်(၂၈)၊၂၀၁၇၊ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,