အန်အယ်ဒီအစိုးရ ရင်ကြားစေ့ရေး က တိုင်းရင်းသားနဲ့ မဟုတ်ဘဲနဲ့ စစ်တပ်နဲ့ ဖြစ်နေတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ကရင်အမျိုးသားပါတီ(KNP) ၏ အထွေထွေအတွင်းရေးမှူး(ဦး) မန်းကျော်ငြိမ်း

မြန်မာ့ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ကရင် အမျိုးသား ပါတီ (KNP) ၏ အထွေထွေအတွင်းရေးမှူး (ဦး) မန်းကျော်ငြိမ်း ကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်ထားသည်။

ငြမ်းမီဒီယာ– အရင်မိတ်ဆက်ပေးပါဦး အန်ကယ်။

SKN – ကျနော့်နာမည်က မန်းကျော်ငြိမ်းပါ။ ကရင်အမျိုးသား ပါတီ ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်ပါတယ်။ ကရင်အမျိုးသား ပါတီက ၂၀၁၄ ၊အောက်တိုဘာ (၂၄) ရက်နေ့မှာပဲ ပါတီမှတ်ပုံတင် ကျတယ်။ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက ကျနော်တို့ မလုပ်ခဲ့သေး ဘူး။ ၂၀၁၄ မှာပါတီ မှတ်ပုံတင်ဖို့ လုပ်တယ်။ ၂၀၁၅ ရွေးကောက်ပွဲ မှာ ၀င်ပြိုင် ခဲ့ ရတယ်။ အဲဒီအချိန်ပိုင်းလေး အတွင်းမှာ ၀င်ပြိုင်ခဲ့ တာပေါ့။ ၂၀၁၅ ရွေးကောက်ပွဲမှာ ရေးရာ၀န်ကြီး နေရာရော ၊တိုင်းဒေသကြီး နေရာတွေမှာ၀င်ပြိုင်တာ (၂၁) နေရာ လောက် ၀င်ပြိုင်တယ်။ ဒါပေမယ့် တစ်ယောက်မှ မနိုင်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ– အဲဒီတော့ ကရင်အမျိုသားပါတီ(KNP) ရဲ့ မူဝါဒ အကျဉ်းချုပ် ရှင်းပြပေးပါဦး။

SKN – မူဝါဒက တိုင်းရင်းရင်းသား အားလုံး လိုလားတဲ့ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသော ဖက်ဒရယ် ပြည်ထောင်စု ။ဟိုတုန်းက တော့ ကျနော်တို့ စထွက်တဲ့ အချိန်တုန်း ကတော့ ဖက်ဒရယ်ဆိုတဲ့ အသုံးအနှုန်းကို မသုံးရဲကြဘူး။ အခုမှ သုံးကြ တာ။ အခုက ဖက်ဒရယ် ကျနော်တို့ဖက်ဒရယ် ပြည်ထောင်စုကို သွားချင်တယ်။ ၁၉၆၁၊ တောင်ကြီး မှာလုပ်ခဲ့တဲ့ ပြည်နယ်ပေါင်းစုံ ညီလာခံ။ အဲဒီကနေ ချမှတ်ခဲ့တဲ့ ပြည်ထောင်စုစစ်စစ်မူ။ အဲဒီမူကို ကျနော်တို့ သဘောကျတယ်။ ကျနော်တို့ ကရင်အမျိုးသား ပါတီ က လည်း အဲဒီမူအပေါ်မှာ အခြေခံတယ်။ အခု ကျနော်တို့က လည်း စည်းလုံးညီညွှတ်သော တိုင်းရင်းသား များ မဟာမိတ် (UNA) မှာ လည်း ကျနော်တို့ အဖွဲ့၀င်အနေနဲ့ ပါတယ်။ အဓိကကတော့ တိုင်းရင်းသား အားလုံး လိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု။ အဲဒါကို ကျနော်တို့ လိုချင်တယ်။ နောက်တစ်ခုက တောက်လျောက်ပေါ့ ဗျာ စစ်အာဏာရှင် စနစ်ကြောင့် ဆုံးရှုံးနေတဲ့ ဒီမိုကရေစီ အခွင့်အလမ်း တွေကို ကျနော်တို့ ပြန်ရစေချင်တယ်။ ကျနော်ဆိုရင် ရှစ်ဆယ့်ရှစ်တုန်းက ကျနော်အဖမ်းခံရတယ်။ ၁၉၉၅ မှ ကျနော်ပြန်လွှတ်လာတာ။ ပုဒ်မ ၁၇ (၂)နဲ့ ကျတာ။ အဲဒီတုန်းက စစ်အုပ်ချုပ်ရေးကာလ က အနည်းဆုံးကြမ်းခင်းစျေးက သုံးနှစ်။ ကျနော် ခုနှစ်နှစ် ချခံရ တာ(ရယ်လျက်) ။

ငြမ်းမီဒီယာ-ဒီနေ့ နိုင်ငံရေး အခြေအနေ၊အဖြစ်အပျက်တွေ ကိုရော အန်ကယ် ဘယ်လို သုံးသပ်မိလဲ။

SKN – ပြောရရင် ကျနော်တို့ လိုချင်တာ မရသေးဘူးလို့ ကျနော်ပြော ရ မှာပဲ။ လက်ရှိသွားနေတဲ့ နိုင်ငံရေး အခင်းအကျင်း ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ၀င်ပြီးတော့ ရွေးကောက်ပွဲ ၀င်ပေမယ့် ရွေးကောက်ပွဲ ဒီမိုကရေစီ တစ်ခုအနေနဲ့ သွားတာပဲ ရှိပေမယ့် ကျနော်တို့ ဒီမိုကရေစီ အပြည့်အ၀ ရတာတော့ မရှိဘူး။

ငြမ်းမီဒီယာ– ဒီထက် အကျယ်ချဲ့ပြီး သုံးသပ်ပေးပါလား။

SKN – အခု ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ သွားနေရတဲ့ အခါကျတော့ ကျနော်မြင်တာ ကျနော်တို့ သွားရမယ့် ဟာတွေက ဘယ်လိုမှ အဆင်ပြေပြေ သွားဖို့ မဖြစ်နိုင်ဘူး။ အခုဖြစ်နေတဲ့ ပြည်တွင်းစစ် နှစ်ပေါင်း (၇၀) ကျော် ပေါ့ဗျာ။ ပြည်တွင်းစစ်ကြီး ပြီးဆုံးပြီး ငြိမ်းချမ်းဖို့ လည်း လိုတယ်။ နိုင်ငံတစ်နိုင်ငံကို ထူထောင်မယ်ဆိုတဲ့ အခါကျတော့ ဒီလိုပြည်တွင်းစစ်တွေ ရှိနေရင် ဘယ်စနစ်နဲ့သွားသွား ဘယ်လို မှ မအောင်မြင်နိုင်ဘူး။ အဲဒီတော့ ပြည်တွင်းစစ်ကြီး ရပ်စဲဖို့လည်း လိုတယ်။ ကျနော်တို့ လိုချင်တာက အမျိုးသား စည်းလုံး ညီညွှတ်ရေး ပြန်ပြီးတော့ ဖြစ်စေချင်တယ်။ ကျနော်တို့ နေရတဲ့ အခြေအနေက ဒီနိုင်ငံကြီးတွေ ကြားထဲမှာ နေရတာ။ ဆိုတော့ ဒီကြားထဲ မှာ ကျနော်တို့ စည်းလုံးညီညွှတ်မှု မရှိတဲ့ အခါကျတော့ နှစ်ပေါင်း (၇၀) ကျော်။ ကျနော်တို့ က တစ်ချိန်က အာရှ မှာ ထိပ်တန်းလောက်ဖြစ်ခဲ့တဲ့ နိုင်ငံက အခု အာရှမှာ အနိမ့်ကျဆုံး နိုင်ငံဖြစ်သွားတာကိုက အခြေအနေက ဘယ်လိုမှ မဖြစ်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီမိုကရေစီ နိုင်ငံတိုင်း ဖက်ဒရယ် မှ မဖြစ်ပဲ ဟာ။ အဲဒီတော့ ဖက်ဒရယ် ဖြစ်ရင်တော့ ဒီမိုကရေစီဖြစ်ဖို့ က သေချာတယ်။ ဖက်ဒရယ်မှာပါတဲ့ အခြေခံ အချက်အလက်တွေ က …

အဲဒီအခြေအနေကို ကျော်လွှားစေချင်တယ်။ ဆိုတော့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ကို လည်း ဖြစ်အောင်ပြန် တည်ဆောက် ပါ။ အဓိကက တော့ ပင်လုံစာချုပ် ချုပ်ခဲ့တုန်းက ရှိခဲ့တဲ့ ပင်လုံ ကတိက၀တ်တွေ က ဆက်ပြီး တာ၀န်ယူမယ့်သူ မရှိဘူး။ ဗိုလ်ချုပ်အောင်ဆန်း တို့ ကျဆုံးသွားတဲ့ အချိန်မှာ တစ်ချိန်က ဗိုလ်ချုပ်တို့ နဲ့ ရှိခဲ့တဲ့ ကတိတွေက ဆက်ပြီး မလုပ် ကြတော့ဘူး။ မလုပ်ကြတဲ့ အပြင် ဖက်ဒရယ် ကိစ္စကိုပြောတဲ့ အခါမှာ ဖက်ဒရယ်ဟာ ခွဲထွက်ရေးပါဆိုပြီးဖက်ဒရယ်ဟာ ခွဲထွက်ရေး ပါ ဆိုပြီး (၆၂) မှာ မှားယွင်းတဲ့ အယူအဆကြီးနဲ့ အဲဒါတွေ ရိုက်သွင်းတဲ့ အခါကျတော့ ကျနော်တို့ အမျိုးသား စည်းလုံး ညီညွှတ်ရေး ကို ဘယ်လိုမှ ဆက်ပြီး တည်ဆောက်လို့မရခဲ့တာ။ ဗမာပြည်ရဲ့ ပြည်တွင်းစစ်ပြဿနာက ပထမဆုံးစခဲ့တာ ဝါဒရေးရာ အပေါ်မှာ စခဲ့တယ်။ နောက်ပိုင်းကျတော့ ဖက်ဒရယ် မဖြစ်ခဲ့လို့ ။ အဲဒီတုန်းက နာမည်ကသာ ပြည်ထောင်စု လုပ်ပေမယ့် (၄၇) အခြေခံဥပဒေ သဘောသဘာ၀ကိုက တစ်ပြည်ထောင် စနစ်ကိုပဲ သွားနေတာ။ ဒါကြောင့်မို့ (၆၁) မှာ ရှမ်းပြည်တောင်ကြီးမှာ လုပ်တဲ့ ပြည်နယ် ပေါင်းစုံ ညီလာခံမှာ ပြည်ထောင်စုစစ်စစ်မူကို စတင် လာတယ်။ စလည်း တင်ရော (၆၂) မှာ ဗိုလ်နေ၀င်းက အာဏာသိမ်း လိုက်ရော။ ဖက်ဒရယ် အိမ်မက် လည်းပျက်သွားရော။ အဲဒီမှာ ကျန်တဲ့ တိုင်းရင်းသားတွေလည်း လက်နက်ကိုင် တော်လှန်ရေး ဆီ ကို သွားရော။ စားပွဲပေါ်မှာ ြဖေရှင်းလို့ မှ မရတော့ပဲ။

ငြမ်းမီဒီယာ– လက်ရှိအစိုးရရဲ့ နိုင်ငံရေးရည်မှန်ချက်ထဲမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်။ ဒါပေမယ့် တိုင်းရင်းသားတွေ ဘက်က အမြင်မှာလည်း ဒီဟာက ဒီလိုနဲ့ တော့ မရောက်နိုင်ဘူး မြင်တာ ရှိတယ်။ အန်ကယ် ကရော ဘယ်လိုမြင် လဲ။

SKN – ဒါကတော့ Concept တစ်ခု နဲ့တစ်ခု မတူကြဘူး ပေါ့ဗျာ။ လက်ရှိအစိုးရကတော့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုလို့ သုံးတယ်။ NCA မှာ ထိုးတာလည်း အဲဒီလိုပဲ သုံးကြတယ်။ သို့သော်လည်း ကျနော့်အမြင်အနေနဲ့ ကတော့ မပြည့်စုံဘူးလို့ ထင်တယ်။

ရင်ကြားစေ့ရေး ဆိုတဲ့ ကိစ္စမှာ တပ်မတော် တစ်ခုတည်းနဲ့ တော့ မဖြစ်နိုင်ဘူး။ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ လည်း လိုအပ်တယ်။ ဘာဖြစ် …

ဘာကြောင့်လဲဆိုတော့ တချို့ကပြော တာပေါ့ ဒီမိုကရေစီ ရလို့ ရှိရင် ခင်ဗျားတို့ လိုချင်တဲ့ ဖက်ဒရယ် လည်း အကုန်ရမယ် ။ ဟာ…မဖြစ်နိုင်ဘူး။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီ နိုင်ငံတိုင်းဖက်ဒရယ်မှ မဟုတ်ဘဲ။ ဖက်ဒရယ်ဖြစ်လာပြီဆိုရင်တော့ ဒီမိုကရေစီအခြေခံ ကောင်းတွေ ကတော့ ပါပြီးသားပဲ။ အဲဒီတော့ ကျနော်မြင်တာကတော့ ကျွဲကူးလို့ရေပါတယ် သဘောမျိုးပေါ့။ ဖက်ဒရယ်ဒီမိုကရေစီလို့ ခေါ်ရင်ပိုမှန်မယ် ကျနော်ထင်တယ်။

ငြမ်းမီဒီယာ– အစိုးရရဲ့ အသုံးအနှုံးကိုက ဖက်ဒရယ်က ဒုတိယမှာ ရောက်နေတယ်လို့ အန်ကယ် ဆိုလိုချင်တာလား။

SKN – အဲလို ဟုတ်တယ်။ အခု ဒီမိုကရေစီက ရှေ့ရောက်နေတယ်။ အများစုကလည်း ဒီလိုပဲ တွက်ကြတာပေါ့။ ဒီမိုကရေစီ ရဖို့အရေး ကြီး တယ်။ ဒီမိုကရေစီရရင် ဖက်ဒရယ် က သူ့ဟာသူ အလို အလျောက် ဖြစ်လာမယ်ဆိုတာ ကျနော်တို့ အခု နိုင်ငံတကာ ကို ကြည့်တဲ့ အခါမှာ အဲလို မဖြစ်ဘူး။ ဒီမိုကရေစီ နိုင်ငံတိုင်း ဖက်ဒရယ် မှ မဖြစ်ပဲ ဟာ။ အဲဒီတော့ ဖက်ဒရယ် ဖြစ်ရင်တော့ ဒီမိုကရေစီဖြစ်ဖို့ က သေချာတယ်။ ဖက်ဒရယ်မှာပါတဲ့ အခြေခံ အချက်အလက်တွေ က ဒီမိုကရေစီ အခြေခံတွေ အကုန်လုံး ပါပြီးသားဟာ။ အဲဒါတော့ ကျနော်အဲလိုမြင်တယ်။ ဒါကကျနော့် အမြင်ပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ– အခုအာဏာရ အန်အယ်လ်ဒီ ပါတီလက်ထက်မှာ တိုင်ရင်းသားအရေး၊ဖက်ဒအရေး၊ ဒီမိုကရေစီ အရေး အခြေအနေ တွက ဘယ်လို ရှိနေလဲ။ အန်ကယ်ကရော ဘယ်လိုသုံးသပ်မိလဲ။

SKN – နိုင်ငံရေး မှာ သုံးသပ်ရင်တော့ အားမရစရာကြီးပဲ။ အဲလိုပဲမြင် တယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ တက်လာ တုန်း ပေးခဲ့တဲ့ ကတိက၀တ်တွေ ရှိတယ်။ အဲဒီကတိက၀တ်တွေ က နှစ်ကုန်ခါနီး နောက် ရွေးကောက်ပွဲ တစ်ခုရောက်ခါနီး အခုမှ စပြောနေ ကြတယ်။ အမှန်မှန်က ဒီအခြေခံဥပဒေ ပြင်ဖို့ဆိုတာ ထက် ကျနော်မြင်တာက တစ်ချိန်က ဆရာဦး၀င်းတင်ပြောခဲ့ ပါတယ်။

ကျနော်တို့ က တိုင်းရင်းသား အသံတစ်ခု၊ ပါတီ တစ်ခု ဖြစ်လာတော့ တရား၀င် လည်း ဖြစ်လာတယ်။ ကျနော်တို့လည်း ဖြစ်နိုင်လို့ ရှိရင် …

၂၀၀၈ ဖွဲ့စည်းပုံပြင်ပြီးမှပဲ ရွေးကောက်ပွဲ ၀င်သင့်တယ်လို့ ပြောခဲ့တာပဲ။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ၀င် ပြီးတော့ ပြင်တယ်။ အဲဒီမှာ ကတည်းက စပြီး အယူအဆ မတူဘူး။ အဲဒီတကည်း က ဒီ အခြေခံဥပဒေကြီး ကို ပြင်ဖို့ မလွယ်ဘူး ဆိုတာ သိနေတယ်။ သိတဲ့အတွက် သူတို့ အဲလို ထောက်ပြတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ စ၀င်တယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ကတော့ သောင်ပြိုကမ်းပြို နိုင်တာပေါ့။ နိုင်တော့ နိုင်ခဲ့တယ်။ ကျနော်တို့ အားလုံးက လည်း မျှော်လင့်ပါတယ်။ တိုင်းရင်းသား ပါတီတွေ အကုန်လုံး က လည်း တစ်ချိန်က ကျနော်တို့ UNA မတိုင်ခင် UNLD ဘာတို့ အခြေအနေ ကတည်းက အန်အယ်လ်ဒီနဲ့က မိတ်ဖက်လိုဖြစ်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းက ပါခဲ့တဲ့ ဦးခွန်ထွန်းဦး တို့ ၊ ဦးအေးသာအောင် တို့ ။ အဲဒါတွေက အခု ကျတော့ တစ်ယောက်နဲ့ တစ်ယောက်ဝေးလာ သလိုဖြစ်နေတယ်။ အခုသွားနေတဲ့ ပုံစံက ရင်ကြားစေ့ရေး ဆိုတဲ့ ပုံစံက အန်အယ်ဒီ အစိုးရဖြစ်လာတဲ့ အခါမှာ ရင်ကြားစေ့ရေး က တိုင်းရင်းသားနဲ့ မဟုတ်ဘဲနဲ့ စစ်တပ်နဲ့ပဲ ရင်ကြားစေ့ရေး ပုံစံဖြစ်နေတယ်။

ငြမ်းမီဒီယာ– အဲဒီတော့ စစ်တပ်နဲ့ရော ရင်ကြားစေ့ရေး လမ်းကြောင်းကို အန်အယ်လ်ဒီရောက်ရဲ့လား အန်ကယ်။

SKN – ရောက်လည်း မရောက်ဘူး။ ဒါလည်း ဖြစ်မလာဘူး။ ဘယ်လိုခေါ်မလဲ သူ(ဒေါ်အောင်ဆန်းစုကြည်) ကသာ ရင်ကြားစေ့ ဖို့ ပြောနေတာ ကျနော် ပြောပြမယ်ဗျာ ဆိုလိုတာက ဒီစစ်တပ်က ဖေဖေ တည်ထောင် ထားတဲ့ တပ်မတော်ပါလို့ ပြောကတည်းကိုက တော်တော်လေး လွဲနေတဲ့ ကိစ္စဗျ။ တည်ထောင်ခဲ့တာတော့ မှန်ချင်မှန်မယ်။ဒါပေမယ့် ဒီစစ်တပ်မဟုတ်တော့ဘူး။

တပ်မတော်သား တွေ အားလုံးက ပြည်သူထဲက ပေါက်ဖွား လာတာ ပဲ။ သို့သော်လည်း ပြည်သူသာ အမိ၊ ပြည်သူသာအဖ ဆိုတာ မသုံးတော့ ဘဲ …

ဂျပန် တော်လှန်ရေး ကာလ က တည်ထောင်ခဲ့တဲ့ တပ်မတော် မဟုတ် တော့ဘူး။ အခု ဒီတပ်မတော်အနေအထားက ဘယ်လို ခေါ်မလဲ လူတစ်စု၊ အာဏာရှင် တစ်စုရဲ့ လက်ကိုင်တုတ် ဖြစ်နေပြီ။ အဲဒါကို သူ(ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင်က သဘော မပေါက်တာ ကို က ကျနော်တို့အနေနဲ့ တော်တော် စဉ်းစားမရ ဖြစ်တယ်။ အဲဒီတော့ ရင်ကြားစေ့ရေး ဆိုတဲ့ ကိစ္စမှာ တပ်မတော် တစ်ခုတည်းနဲ့ တော့ မဖြစ်နိုင်ဘူး။ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ လည်း လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်းများစွာ နှစ်ပေါင်း(၇၀) ဖက်ဒရယ် အိမ်မက်ကြီးက တိုင်းရင်းသားတွေဆီမှာ ရှိနေခဲ့တာ။ အဲဒါတွေကို ရင်ကြားစေ့ ဖို့အတွက်လိုတယ်။ အဲဒါတွေကို လုပ်ဖို့ သင့်တယ်။ ကျနော်တို့လည်း မျှော်လင့်ခဲ့တယ်။ သို့သော် လည်း အခုက သူ ပြောရေးဆိုခွင့်ပေးထားတဲ့ ပုဂ္ဂိုလ်တွေက ပြောတာတွေ တော်တော် များများက တချို့ဆို တိုင်းရင်းသားနဲ့တောင် လုပ်ဖို့ မလိုတော့တဲ့ အထိ ပြောလာတယ်။ တော်တော်လေးကို စိတ်ပျက်စရာ ကောင်း လာ တယ်။

ငြမ်းမီဒီယာ– ဖွဲ့စည်းပုံ ကိစ္စမှာ အန်ကယ် ပြောခဲ့တာ ဦး၀င်းတင်က ပြင်ပြီးမှ ၀င်မယ်။ ဒေါ်အောင်ဆန်းစုကြည် က ၀င်ပြီးမှ ပြင်မယ်။ ဆိုတော့ အန်ကယ်ကရော ဘယ်လမ်းစဉ်ကို ပို သဘောကျလဲ။

SKN – ကျနော်တို့ကတော့ နဂိုကတည်းက ပြင်ပြီးမှ ၀င်တာကို ပိုကြိုက်တာပေါ့။

ငြမ်းမီဒီယာ– အဲဒါဆို အခု နိုင်ငံရေးပါတီ မှတ်ပုံ တင်ဖြစ်တာ ကရော။

SKN – မှတ်ပုံတင်ရတဲ့ကိစ္စ က ကျနော်တို့လည်း နိုင်ငံရေးပါတီ အနေနဲ့ မရပ်တည်ဘူးဆိုရင်လည်း ကျနော်တို့ အပြင်မှာ သွားနေတဲ့ အခါကျတော့ အမြဲတမ်းပဲ ကျနော်တို့က ဥပဒေ ချိုးဖောက်ရသလိုဖြစ်နေတယ် (ရယ်လျက်)။ နိုင်ငံရေးပါတီ အနေနဲ့က ကျနော်တို့မှာ လွတ်လပ်စွာ စည်းရုံးပိုင်ခွင့် ရှိတယ်။ နောက်တော့ လွှတ်တော်ထဲ ရောက်လာခဲ့ရင်တော့ အသံလေး၊ ဘာလေး ထွက်လို့ရမယ်။ အဲလောက် ပါပဲ။ ကျနော်တို့ ရည်မှန်းချက် က အဲလောက်ပါပဲ။ ကျနော်တို့က အစိုးရဖွဲ့နိုင်လောက်အောင် ပါတီကြီး တွေလည်း မဟုတ်ဘူး လေ။ ဒါပေမယ့် ကျနော်တို့ က တိုင်းရင်းသား အသံတစ်ခု၊ ပါတီ တစ်ခု ဖြစ်လာတော့ တရား၀င် လည်း ဖြစ်လာတယ်။ ကျနော်တို့လည်း ဖြစ်နိုင်လို့ ရှိရင် ဒီအထဲမှာ ၀င်ပြင်နိုင်အောင် ကြိုးစားချင်တယ်။ ဒါပေမယ့် အခုအခြေအနေက ပြင်လို့ကို မရဘူးဆိုတာ အခုဖြစ်သွားတဲ့ အခြေအနေကို ကြည့်လိုက်ရင် သိတယ်။ အဲဒီကတည်းက ဦး၀င်းတင်တို့ ထောက်ပြတဲ့ အချက်တွေက မှန်ကို မှန်နေတယ်။

ငြမ်းမီဒီယာ– အန်ကယ် ပြောခဲ့တဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ ဖေဖေတည်ထောင်တဲ့ တပ်မတော်ဆိုတာ ဂျပန်ခေတ် က တပ်မတော်။ အခုတပ်မတော်က မဟုတ်တော့ဘူး။ လူတစ်စု အတွက် ၊အာဏာရှင်အတွက် လက်ကိုင်တုတ် ဖြစ်နေပြီဆိုတော့ ဘယ်လိုအခြေအနေတွေကို ကြည့်ပြီး အခုလို သုံးသပ်ပြောဆို တာလဲ။

SKN – နဂိုက တပ်မတော်ရဲ့ အနေအထားက ၁၉၆၂ ဦးနေ၀င်း တပ်ကို ပြန်ပြီး ကိုင်ကတည်းကိုက တပ်ရဲ့ ပုံစံ အကုန်လုံးက သူတို့ရဲ့ သြဇာ အာဏာ အောက်မှာပဲ ရှိတယ်။ ဆိုတော့ အရပ်သားအောက်မှာ မရှိတော့ဘူး။ အခုသူတို့ သုံးတဲ့ တပ်မတော် သာလျင် အဖ၊တပ်မတော်သာလျင် အမိဆိုတဲ့ အသုံးအနှုံး တွေ ကို ပြန်ကြည့် လိုက်ရင် သူတို့မှာ ပြည်သူသာအမိ၊ပြည်သူသာ အဖ ဆိုတာ မဟုတ်တော့ဘူး။ အဲဒါကိုက ပြည်သူ အပေါ်မှာ အခြေခံတဲ့ ၊ ပြည်သူကို ကိုယ်စားပြုတဲ့ တပ်မဟုတ်တော့ဘူး။ အမှန်တော့ ဒီ တပ်မတော်သား တွေ အားလုံးက ပြည်သူထဲက ပေါက်ဖွား လာတာ ပဲ။ သို့သော်လည်း ပြည်သူသာ အမိ၊ ပြည်သူသာအဖ ဆိုတာ မသုံးတော့ ဘဲနဲ့ တပ်မတော်သာအမိ၊တပ်မတော်သာအဖ လို့ သုံးတာကိုက သူ့ရဲ့ Concept ကိုက တော်တော်လေး လွဲသွားပြီ။ တခြားနိုင်ငံတွေ လေ့လာကြည့်တော့ နိုင်ငံတိုင်းမှာလည်း စစ်တပ်ရဲ့ အခန်းကဏ္ဍာက တိုင်းပြည်ရဲ့ Constitution အောက်မှာ အရပ်သားအစိုးရရဲ့ အောက်မှာပဲ သူကနေတယ်။ အခုဟာက အရပ်သားအစိုးရရဲ့ အောက်မှာ မရှိဘူး။ အခုဆိုရင် သိသာ တယ်လေ။ ၂၀၀၈ ဖွဲ့စည်းပုံ မှာ ထည့်ထားတဲ့ အချက်တွေကိုက အရပ်သားအစိုးရရဲ့ လုပ်ပိုင်ခွင့် က ဘာမှ သိပ်မရှိဘဲ။ ကာလုံ ရဲကအခန်းကဏ္ဍကြည့်လိုက်ရင်လည်း အကုန်လုံးက စစ်တပ်က အချိန်မရွေး ပြောရမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ က စစ်တပ်က အချိန်မရွေး အာဏာသိမ်းခွင့်ကို ပေးထားသလိုဖြစ်နေတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,