အဖြစ်မှန်ပေါ်အောင် ကျွန်တော် ဆောင်ရွက်ပါ့မယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း /စွပ်စွဲသူတွေရဲ့ ပြောဆို ချက်ကို ဘာပြန်ပြောလိုပါသလဲ…

ကျွန်တော်ဟာ သားကြောဖြတ်ထားတာ (၄၇) နှစ် ရှိပါပြီ။ ကျွန်တော့်သုတ်သွေးကို စစ်လိုက် ရင် အဖြေထွက်မယ်။ နောက်ပြီး ကျွန်တော် ပန်းသေနေတာကို စစ်လိုက်ရင် အဖြေထွက်မယ်။ အကောင်းဆုံးကတော့ …

ဖျာပုံမြို့နယ် NLD ပါတီ ဥက္ကဌ ဦးမင်းဆွေသည် အိမ်အကူ အမျိုးသမီးငယ်တစ်ဦးကို ၂၀၁၈ ခုနှစ် မေလဆန်းက သက်ငယ် မုဒိမ်းမှု ကျူးလွန်ခဲ့သည်ဟု ဆိုကာ ဖေဖေါ်ဝါရီ (၁၉) ရက်နေ့က ရန်ကုန်မြို့ တွင် သတင်းစာ ရှင်းလင်းပွဲတစ်ခုကို စွပ်စွဲသူများက ပြုလုပ်ခဲ့သည်။ ၎င်းအပြင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေစခန်းတွင်လည်း အဓမ္မမှုဖြင့် အမှုဖွင့်တိုင်ကြားခဲ့သည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ ဦးမင်းဆွေကို ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်း ထားခြင်း ဖြစ်သည်။
ဦးမင်းဆွေသည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြု အနိုင်ရရှိခဲ့သည့် အမတ်ဟောင်း တစ်ဦးဖြစ်ကာ အငြိမ်းစား အထက်တန်းပြဆရာ တစ်ဦးလည်းဖြစ်သည်။ ဦးမင်းဆွေ၏ သား ဦးသိမ်းဆွေသည် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ရွေးကောက်တင် မြှောက် ခံထားရသူ ဖြစ်ကာ လက်ရှိတွင် အမျိုးသားလွှတ်တော်၌် ‘အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ’ ဥက္ကဌ တာဝန်ကို ထမ်းဆောင်နေသူ ဖြစ်သည်။

ငြမ်းမီဒီယာ – ကျောင်းမှာ အလုပ်လာလုပ်တဲ့ ကလေးမလေးကို အဓမ္မမှု ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲချက်တွေ ထွက်ပေါ် လာပါ တယ်။ အဲဒီကိစ္စအတွက် ဘာများ ပြောလိုပါသလဲ။

UMS – ကလေးမလေးက (၁) ရက်၊ (၅) လမှာ အလုပ်ဝင်ပါတယ်။ (၄) ရက်၊ (၉) လမှာ ပြန်ပါတယ်။ ပြန်ပြီးတော့ ဖျာပုံရောက်တော့ (၆) ရက်နေ့မှာ ကျွန်တော့်သားအငယ်ဆီကို သွားပြီး ကျွန်တော်နဲ့ ကိုယ်ဝန်ရလာတယ်၊ ညှိချင်တယ်လို့ သွားပြောပါတယ်။ ကျွန်တော့် သားက ‘ငါ့အဖေက သားကြော ဖြတ်ထားတာ (၄၇) နှစ် ရှိပြီ။ ပန်းသေနေတာ (၁၀) နှစ်ကျော်ပြီ’လို့ သားက ပြောတော့ သူတို့ အိမ်ပေါ် ကနေ ဆင်းသွားကြတယ်။ သားက ကျွန်တော့်ဆီကို ဖုန်းဆက်တယ်။ ဖုန်းဆက်တဲ့ အခါကျတော့ ဒီမှာ ရှိတဲ့ ကလေး မလေးရဲ့ အစ်မတစ်ယောက် ရှိသေးတယ်။ အဲဒီအစ်မနဲ့ သူတို့အမေဆီ ဖုန်းဆက်ခိုင်း ထားတယ်။ ကျွန်တော့်သမီးက သူတို့စကားပြောတာကို အသံဖမ်း ထားပါတယ်။ အဲဒီအဆင့်ထိ ကျွန်တော် သည်းခံသေးတယ်။ ပြီးတော့ ဘာလုပ်သလဲဆိုရင် ဦးမင်းဆွေဆီက သိန်း (၅၀၀) လျော်ကြေးရမယ်ဆိုတဲ့ ကောလာဟလတွေကလည်း အများကြီး ဖြစ်နေတယ်။ ဒါတွေကိုလည်း တပည့် တွေကနေ သတင်းပို့တယ်။ ဒါလည်း မပြောသေးဘူး။ ကိုယ်ဝန်ကို အာထရာဆောင်း သွားရိုက် တော့ တပည့်တစ်ယောက် ပါသွား တယ်။ ရပ်/ကျေးဥက္ကဌ တစ်ယောက် ကနေ ရိုက်ပြီးရလာတာကို မိတ္တူဆွဲပြီးတော့မှ ကျွန်တော့်ဆီပို့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဓိက ကတော့ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာ ကျပါတယ်။ နှစ်ပေါင်းများစွာ ကျွန်တော်တို့ ရုန်းကန်လာတဲ့ အလုပ်တွေကို ဖျက်စီးပြီးတော့ နွံထဲနှစ်လိုက်သလို လုပ်သွားတာပါ။ ဒီမှာရှိ နေတဲ့ ကလေးမလေးရဲ့ အစ်မနဲ့ သူတို့ ဖုန်းဆက်ကြတယ်။ အမေက …

အဲဒီ အာထရာ ဆောင်းထဲမှာ ကိုယ်ဝန်က (၆) လခွဲ ဖြစ်နေပြီ။ ကျွန်တော့်ဆီ နေသွားတာက (၄) လပဲ။ ကိုယ်ဝန် (၆) လခွဲဆိုတော့ (၂) လခွဲ ကိုယ်ဝန်ဟာ ဖျာပုံက နေ လာကတည်းက ပါလာပြီးသား။ ဒီကလေးမက ကျွန်တော့်ဆီလာပြီး အလုပ်မလုပ်ခင်မှာ ရွှေပြည် သာမှာ သွားပြီး အလုပ်လုပ်တယ်။ ရဲကလည်း ဒါနဲ့ ပတ်သက်ပြီး စစ်ဆေးထားတယ်ဆိုတာ သတင်း ကြားပါတယ်။ နောက်တော့ ဆေးရုံတက် မွေးတယ်။ မွေးတဲ့ အခါကျတော့ ကလေးအဖေကို ကျွန်တော့် အမည် တပ်တယ်။

သူတို့က ငွေပမာဏကို မပြော ဘူး။ ညှိချင်တယ်ပဲ ပြောတာ။ ညှိချင်တယ်ဆိုတော့ ကျွန်တော့် သမီးအကြီးကလည်း မညှိနဲ့၊ ငါ့အဖေက အဲဒီလိုလုပ်တယ် ဆိုရင် နင်တို့အမှုဖွင့်လိုက်လို့ ပြောတော့ …

တပည့်တွေက သတင်းပို့တော့ သားအငယ်နဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို သွားကြည့်ခိုင်းတော့ မှန်နေ တယ်။ မှန်နေတော့ ကျွန်တော် လိုက်သွားတယ်။ ဆေးရုံအုပ်ကြီးနဲ့ တွေ့တော့ ကန့်ကွက်လွှာ ရေးတင်ပါလို့ ပြောလို့ ရေးတင်ခဲ့တယ်။ ကန့်ကွက်လွှာထဲ မှာလည်း DNA စစ်ပေးဖို့နဲ့ ကုန်ကျ စရိတ် အားလုံးကို ကျွန်တော်ခံပါ့မယ်။ စစ်ပေးပါလို့ ကျွန်တော်ပြောပါတယ်။ ပြီးတဲ့အခါမှာတော့ ဒီဇင်ဘာ (၂၆) ရက်နေ့မှာ အမှုဖွင့်လိုက်တယ်။ ဒါပေမဲ့ နှစ်ကုန်ကာလ ဖြစ်နေလို့ ဇန်နဝါရီ (၂) ရက်နေ့ရောက်မှ အမှုကို စာရင်းသွင်းပေးတယ်။

ငြမ်းမီဒီယာ – နိုင်လုံပုဒ်မ (၁၀) နဲ့ ဖွင့်ထားတဲ့အခါမှာ ဘယ်သူတွေကို အမှုဖွင့်ခဲ့တာလဲ၊ ဘာကြောင့်အမှု ဖွင့်ခဲ့တာလဲ။

UMS – နိုင်လုံပုဒ်မ (၁၀) နဲ့ ဘာကြောင့်ဖွင့်ရတာလဲဆိုတော့ သူ့အစ်မကိုယ်တိုင် ကလေးကို လာခေါ် တယ်။ လာခေါ်ပြီးတော့မှ ကျွန်တော်နဲ့ ကိုယ်ဝန်ရပါတယ်လို့ ပြောတယ်ဆိုတော့ သူ့အစ်မ လည်း ပါ သွားပြီ။ သူ့အမေကလည်း ရပ်ကွက်ထဲမှာ ‘သိန်း (၅၀၀) ရရင် ငါ နင်တို့ ကြွေးတွေပေးမယ်’ဆိုတဲ့ ပြော စကားအရ ကျွန်တော် သူ့အမေကို ထည့်တယ်။ နောက်တစ်ယောက် ဗေဒင်ဆရာ ဆိုတဲ့လူရယ်၊ နောက် မစန်းဆိုတဲ့ပါတီတစ်ခုရဲ့လက်ပွါး၊ သူကနေ ဗေဒင်ဆရာဆီ ခေါ်သွားတယ်။ နှာတံချွန်းချွန်းနဲ့ မင်းဆွေ နင်တို့ ဓာတ်ပုံယူခဲ့ သူ့ဆီက သိန်း (၅၀၀) ရမယ်ဆိုပြီး ပြောခဲ့တာကြောင့် ရဲကစစ်ရင်း ပေါ်လို့ပါသွားတာ။ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာ၊ ၉၀ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ မြို့မိမြို့ဖ တစ်ယောက်ရဲ့ ဂုဏ် သိက္ခာ၊ နောက် အထက်တန်းပြ ဆရာ တစ်ယောက်ရဲ့ တပည့်တွေအပေါ်မှာ ကျွန်တော် သိက္ခာအများကြီး ကျတယ်။ ဒါကြောင့် နိုင်လုံပုဒ်မ (၁၀) နဲ့ အမှုဖွင့် ရတာပါ။

ငြမ်းမီဒီယာ – ဒီကိစ္စက NLD ပါတီကို သိက္ခာချတာလို့ ဦးမင်းဆွေက ပြောတယ်။ ဘာကြောင့် အဲဒီလို ပြောရတာလဲ။ နောက်ပြီး တော့ ဒီဖြစ်စဉ်မှာ ဘယ်သူတွေ ပါဝင် ပတ်သက်နေတယ်လို့ စုံစမ်း သိထားရလို့လဲ။

UMS – အဲဒီ ကလေးမတွေကို ရဲစခန်းက စစ်နေတဲ့ အချိန်မှာ ဖျာပုံမြို့က အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင် မမာမာသိမ့်ဆိုတဲ့ အမျိုးသမီးက ရဲစခန်းကို ရှေ့နေမနဲ့ ဖုန်းဆက်ခိုင်းတယ်။ ဒီကလေးတွေကို ဘာကြောင့် ချုပ်ထားတာလဲ။ ဘာကြောင့် မလွှတ်သလဲ မေးတော့ အမှုလိုက် ကလည်း ခင်ဗျားသိချင် ရင် စခန်းမှူးနဲ့ လာတွေ့ပါလို့ ပြောလိုက်တယ်။ အခုတစ်ခါ သတင်းစာ ရှင်းလင်းပွဲ လုပ်လာတဲ့အခါမှာ တချို့တွေ ပါလာတယ်။ ရုံးချိန်းမှာ တချို့တွေ ပါလာတယ် ဆိုတော့ ဒါဟာ အဖွဲ့အစည်းတစ်ခုက နေ ကြိုးကိုင်ပြီး လုပ်နေသူရှိတယ်လို့ ကျွန်တော် ဒီလိုပဲ ယုံကြည်တယ်။ ဒီလို ပါလာစရာ အကြောင်း မရှိဘူး။ ဒါက လူမှုရေးဖြစ်တဲ့ အကြောင်း ကိစ္စပါ။ အကယ်၍ ကျွန်တော်က နိုင်ထက်စီးနင်း လုပ်နေတာ တွေ ရှိရင် တရားရုံးကနေ အဆုံးအဖြတ် ပေးသွားမှာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငွေတောင်း ခံဖို့ လုပ်တာကို နောက်ပိုင်း ကျ တော့ နောက်ကွယ်က လက်မဲ တွေ ပါလာပြီးတော့ နိုင်ငံရေးအရ ထိုးထည့်တာပါ။ ငွေတောင်း ခံ တယ်ဆိုတဲ့ နေရာမှာ အမှုမဖွင့်ဘဲ ညှိချင်တဲ့သဘော။ကျွန်တော် ဖွင့်လိုက်တဲ့ အခါ …

မအေးမြတ်သူ ပြောတဲ့အထဲမှာ ကျွန်တော်က မုဒိမ်းကျင့်ပါတယ်၊ သတ်ပစ် မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်လို့ ပြောပါတယ်။ ဒီတိုက်ကြီးဟာ အဲဒီ အချိန်က တစ်ထပ်ပဲ ပြီးသေးပါတယ်။ အုတ်တွေ မတက်ရသေးဘူး။ ဟာလာဟင်းလင်းကြီးပါ။ နောက်တစ်ခုက ကျွန်တော့်အိမ်မှာ တံမြက်စည်း လှဲတဲ့အဖွဲ့မှာ ဆရာမ အမြဲတမ်းပါရ ပါတယ်။ မလိုက်လို့ မရပါဘူး။ ဘယ်သူမှ အုပ်စုကွဲပြီး သွားရတာမျိုး မရှိပါဘူး။ ဒါလည်း သူလိမ်သွားတာ။ သူ့အစ်မလည်း ရှိနေတာပဲ၊ ကျွန်တော် မုဒိမ်းကျင့်တယ်ဆိုရင် အစ်မကို ပြောရမှာ ပေါ့။ သူ့အစ်မက ဒီမှာ ရဲလာစစ် တော့ ပြောပြတာ ကြားနေတာ ကတော့ ကလေးမလေးမှာ ကိုယ်ဝန်ရှိနေပြီ ဆိုလို့ ကျားပျံဆိုတဲ့ ဆေး ကို သူ့အစ်မက တိုက်သေးတယ်။ သောက်ပြီးတော့ မရတော့မှ အိမ်က အစ်မကို လှမ်းခေါပြီး လိုက်သွားတာ။

ငြမ်းမီဒီယာ – အဓမ္မပြုကျင့်ခံရပြီးတဲ့ နောက်ပိုင်းမှာ သူနေမကောင်းဖြစ်လို့ အိမ်ရှင်တွေ လွှတ်တဲ့ ဆေးခန်းမှာ သွားပြတော့ အူရောင်နေတယ်လို့ ပြောပြီး ဆေးပေးတယ်။ နောက်တော့ နေမကောင်း လို့ မိသားစု တွေက လာပြန်ခေါ်သွားတယ်လို့ စွပ်စွဲ သူတွေက ပြောထားတယ်။ တကယ်သာ အစောကြီး ကတည်းက ကိုယ်ဝန် ရှိနေတယ် ဆိုရင် အဲဒီလို ဆေးခန်းသွား ပြချိန်မှာ မပေါ်ပေါက်ခဲ့ဘူးလား။

UMS – ကိုယ်ဝန်ရှိမှန်းလည်း မသိဘူး။ ပြန်သွားတဲ့အချိန် သူတို့ပြောမှ သိတာ။ ဆေးခန်းက ‘ရန်ကုန် ဆေးခန်း’ ပါ။ ဒီက ကျောင်းသား ကျောင်းသူ အကုန်လုံး မိသားစုတွေပါ အဲဒီ ‘ရန်ကုန် ဆေးခန်း’ ဆရာ့ဆီပဲ သွားတာ။ ဆရာက စစ်ဆေးပြီး သင့်တော်တဲ့ ဆေးပေးလိုက်ရင် ကောင်းသွား တာပဲ။ တစ်ကြိမ်ပဲ သွားရတယ်။ အားလုံးနေကောင်းသွားကြတာ။(ဒီမှာ အဲဒီလို Case မျိုး တစ်ခါ မှ မကြုံခဲ့ဖူးဘူး။ ဆရာ၊ ဆရာမတွေမှာလည်း မကြုံဖူးသလို ကျောင်းသူ ကျောင်းသားတွေမှာ လည်း မရှိခဲ့ဘူး။ ဒီလို Case မျိုး မရှိ ခဲ့တော့ ဆရာကလည်း ဗိုက်အောင့်တယ် ဆို တော့ အစာအိမ်လား အစပ်စားလို့လား၊ ထမင်းစားမမှန်လို့လား ဆိုပြီး ဆေးပေးလေ့ ရှိတော့ ဒီလို Case မျိုးလည်း တစ်ခါမှ မဖြစ်ခဲ့ဖူးတော့ ဆရာလည်း တစ်ခါမှ မစဉ်းစားခဲ့မိဘူး ထင်တယ်။ ဆရာ လည်း ကြားရင် တော့ အတော်အံသြသွားမယ် ထင်တယ်။ မှတ်ချက်။ ။ ဦးမင်းဆွေ၏ သမီးတစ်ဦးက ဝင်ရောက်ဖြေကြား သည်။)

ငြမ်းမီဒီယာ – ဦးမင်းဆွေအနေနဲ့ သော်လည်းကောင်း၊ ဒါမှမဟုတ် အခြား တစ်ယောက်ယောက်နဲ့ သော် လည်းကောင်း၊ အခု စွပ်စွဲသူတွေနဲ့ ငွေကြေးကိစ္စတွေ ညှိနှိုင်းပြောဆို စကားပြောခဲ့ဖူးတာ ရှိခဲ့သလား။

UMS – အဲဒါ ရှိပါတယ်။ ဒါပေမယ့် သူတို့က ငွေပမာဏကို မပြော ဘူး။ ညှိချင်တယ်ပဲ ပြောတာ။ ညှိချင်တယ်ဆိုတော့ ကျွန်တော့် သမီးအကြီးကလည်း မညှိနဲ့၊ ငါ့အဖေက အဲဒီလိုလုပ်တယ် ဆိုရင် နင်တို့အမှုဖွင့်လိုက်လို့ ပြောတော့ (အခွေရှိပါတယ်) ‘တရားမစွဲပါဘူး၊ ညှိပဲညှိချင် တာပါ’ လို့ ပြောပါ တယ်။

ငြမ်းမီဒီယာ – ဘယ်သူက အဲဒီလို ပြောတာလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMS – ကောင်မလေးကိုယ်တိုင် ပြောတာပါ။ ညှိချင်တယ်လို့ ပြောတယ်။ ငွေပမာဏတော့ မပါဘူး။ ဒါပေမယ့် ရပ်ကွက် ထဲမှာတော့ သိန်း (၅၀၀) လို့ သတင်းထွက်တာ။

ငြမ်းမီဒီယာ – စွပ်စွဲသူတွေဘက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကောင်မလေးကို ကျန်းမာရေး စောင့် ရှောက်မှုအတွက် ပိုက်ဆံ တစ်သိန်းခွဲ ပေးတယ်ဆိုတာ သိရတယ်။ ကိုသန့်ဇင်ဆိုတဲ့ လူက ပေးတာပါ။ အဲဒါကိုရော ဦးမင်းဆွေအနေနဲ့ သိရဲ့လား၊ ဘာကြောင့် လုပ်ရတာလဲ။

UMS – အဲဒါက ရပ်ကျေးရဲ့ NLD ဥက္ကဌပါ။ ကျွန်တော့်ကို အဲဒီလို စွပ်စွဲလာတဲ့ အခါကျတော့ အဲဒီကလေးက ပိုက်ဆံကို သူအကုန် အကျခံပြီးတော့ အာထရာဆောင်းကို ရိုက်ပေးတာ။ နင်တို့ ကျန်းမာရေးအတွက်ငါပေးမယ်ဆိုပြီး လက်မှတ် ထိုးပြီး ပေးခဲ့တာ။သူတို့ အဲဒီကောင်လေးကို ခေါ်သွားပြီး အာထရာဆောင်း သွားရိုက် ကြတာ။ ရလာတဲ့အဖြေကို မိတ္တူဆွဲပြီး ကျွန်တော့်ဆီ ပို့ပေး ခဲ့တာ။

ငြမ်းမီဒီယာ – ကလေးအဖေရဲ့ နာမည်နေရာမှာ ဦးမင်းဆွေ၊ အလုပ်အကိုင် ဘောက်လုပ်တယ်၊ ပန်းရံ အလုပ်လုပ်တယ်လို့ ပြောတယ်။ ဦးမင်းဆွေအနေနဲ့ ဆေးရုံမှာ သွားကန့်ကွက်ခဲ့တုန်းက ဘယ်လို တွေ့ခဲ့ရလဲ။

UMS -ဆေးရုံမှာကန့်ကွက်တဲ့အချိန်တုန်းက ကျွန်တော်ဒါကို မကြည့်ရဘူး။ဒါပေမယ့် ဆေးရုံအုပ်ကြီးက ပြောတာတော့ဆရာကြီး နာမည်ပါတယ်၊အထပြ ငြိမ်းလို့ ပြောတယ်။

ကလေးမရဲ့ အဖွားကလည်း ကျွန်တော့်ကို တောင်းပန်ကြောင်း နဲ့ သူ့သမီးနဲ့ မြေးမလေးတွေ ကို ခွင့်လွှတ်ပေးဖို့ ကျွန်တော့်ဆီကို စာရေးတောင်းပန်ထားတာ ရှိပါတယ် …

စာရွက်သွားကြည့်တာ က ကျွန်တော့်သားနဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ကတွေ့ခဲ့တယ်။ ဆရာကြီးနာမည်နဲ့ အထပြ ငြိမ်းနဲ့ဖွင့်ထား တယ်လို့ ပြောတယ်။ ကျွန်တော်တော့ မမြင်ရဘူး။ အဲဒါကြောင့် ကျွန်တော် တိုင်ချက်ဖွင့်ရ တာပါ။ ဆေးရုံအုပ်ကြီးကတောင် အကြံပေး လိုက်သေးတယ်။ အဲဒါက အကောင်းဆုံး သင်ခန်းစာ ပဲတဲ့၊ နောက်ကိုမိန်းကလေး တွေ လာပြီး အလုပ်လုပ်တော့မယ် ဆိုရင် ဆီးကို အရင်စစ်၊ နှစ်ကြိမ်လောက်စ စ်ပြီးမပြဘူးဆိုမှလက်ခံပါ။မဟုတ်ရင် ပြန်လွှတ် လိုက်၊လက်ခံ မထားပါနဲ့လို့ အကြံပေးပါတယ်။

ငြမ်းမီဒီယာ – စွပ်စွဲသူတွေအနေနဲ့ ဘယ်သူ့ကိုမှ မပြောဘဲ ငြိမ်ခံနေ ကြတာကို ဦးမင်းဆွေတို့ ဘက်က နိုင်ထက် စီးနင်း လုပ်လာလို့ အကူညီလိုက်တောင်းပြီး အမှုဖွင့်ရတာပါလို့ ပြောတယ်။ စွပ်စွဲသူတွေရဲ့ ပြောဆို ချက်ကို ဘာပြန်ပြောလိုပါသလဲ။

UMS – အဲဒါတော့ မသိဘူး။ အမှုဖွင့်တယ်ဆိုတာ အရင် ကတည်း ကလည်း ဖွင့်လို့ရပါတယ်။ မဖွင့်ပဲ ညှိဖို့ ညှိဖို့ပဲ ပြောနေပြီး ကျွန်တော် ဖွင့်တဲ့ အချိန်ရောက်တော့မှ ဒီကိစ္စ နောက် ကွယ်က စီစဉ်သူတွေ ဝင်လာမှာပေါ့ဗျာ။ အခုကြည့်ရသလောက်က တစ်ချို့တွေ ပါလာတဲ့ အတွက်ကြောင့် နောက်ကွယ်က ဝင်လာပြီး လုပ်သွားတယ်လို့ပဲ မြင်တယ်။

ငြမ်းမီဒီယာ – အခုဆိုရင် ဘုရင့်နောင် ရဲစခန်းမှာ ဦးမင်းဆွေကို အဓမ္မမှု ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အဲဒီကိစ္စအတွက် သက်ဆိုင်ရာက ဆက်သွယ် ဆောင်ရွက်တာ ရှိလား။

UMS – ခုလောလောဆယ်တော့ သူတို့ ဖျာပုံမှာလာပြီး စစ်သွား ပါတယ်။ စစ်ပြီးသွားရင် ကျွန်တော်တို့ အိမ်ကို လာစစ်မယ်။ မီးဖိုချောင်တွေ လာစစ်မယ်၊ ပြီးတော့မှ ကျန်တာ ဆက်လုပ်မယ်။ ဒီကိုတော့ သတင်းပို့ထားတယ်။ အိမ်က သမီးကလည်း သွားတွေ့ ထားတယ်။ ဒီကိစ္စ အတွက် လာစစ်ပါ၊ ဖိတ်ခေါ် ပါတယ်လို့ သွားပြော ထားပါတယ်။ အဲဒီလိုတော့ အဆက်အသွယ် ရှိပါတယ်။

ငြမ်းမီဒီယာ – စွပ်စွဲသူ မိသားစုသည် လိမ်ညာပြီး ငွေတောင်းချင်လို့ လုပ်တယ်လို့ ဦးမင်းဆွေအနေနဲ့ သုံးသပ်တာလား။

UMS – ကျွန်တော် အဲဒီလိုပဲ သုံးသပ်ပါတယ်။ ဒါပေမယ့် ငွေတောင်း ခံဖို့ လုပ်တာကို နောက်ပိုင်း ကျ တော့ နောက်ကွယ်က လက်မဲ တွေ ပါလာပြီးတော့ နိုင်ငံရေးအရ ထိုးထည့်တာပါ။ ငွေတောင်း ခံ တယ်ဆိုတဲ့ နေရာမှာ အမှုမဖွင့်ဘဲ ညှိချင်တဲ့သဘော။ကျွန်တော် ဖွင့်လိုက်တဲ့ အခါကျတော့မှ နောက်ကွယ်က လူတွေနဲ့ တွဲပြီး ကျွန်တော့်ကို ပြန်ဖွင့်တာ။

ငြမ်းမီဒီယာ – ဒီဖြစ်စဉ် အားလုံးကို ခြုံငုံပြီး ဘာများ ပြောချင်ပါသလဲ။

UMS – ကျွန်တော်ဟာ သားကြောဖြတ်ထားတာ (၄၇) နှစ် ရှိပါပြီ။ ကျွန်တော့်သုတ်သွေးကို စစ်လိုက် ရင် အဖြေထွက်မယ်။ နောက်ပြီး ကျွန်တော် ပန်းသေနေတာကို စစ်လိုက်ရင် အဖြေထွက်မယ်။ အကောင်းဆုံးကတော့ DNA ကို အမြန်ဆုံး စစ်ဆေး ချင်ပါတယ်။ ကုန်ကျသလောက် ကျွန်တော်ခံ ပါမယ်။ အဲဒါကိုတော့ ကျွန်တော် အမြန်ဆုံး စစ်စေချင်ပါတယ်။

ငြမ်းမီဒီယာ – ခုဖြစ်စဉ်ကြောင့် ဦးမင်းဆွေရဲ့သား လွှတ်တော်ကိုယ်စားလှယ် ကိုသိမ်းဆွေ အပါအဝင် မိသားစုအပေါ်မှာ ဘယ်လို သက်ရောက်မှု တွေ ရှိလာသလဲ။

UMS – အဓိက ကတော့ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာ ကျပါတယ်။ နှစ်ပေါင်းများစွာ ကျွန်တော်တို့ ရုန်းကန်လာတဲ့ အလုပ်တွေကို ဖျက်စီးပြီးတော့ နွံထဲနှစ်လိုက်သလို လုပ်သွားတာပါ။ ဒီမှာရှိ နေတဲ့ ကလေးမလေးရဲ့ အစ်မနဲ့ သူတို့ ဖုန်းဆက်ကြတယ်။ အမေက နင့်ကိုသားသမီးအဖြစ်က စွန့်လွှတ် မယ်လို့ ပြောတော့ ဒီကလည်း စွန့်လွှတ်ပေါ့၊ အမေတို့ မှားနေတယ်။ ဒါတွေကို မလုပ်ပါနဲ့လို့ ပြန်ပြော တယ်။ ဒါနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့က အတင်းအဓမ္မ ခေါ်ထားပါတယ်ဆိုတဲ့ သဘောမျိုး ပြောတယ်။ ညှိချင် တယ်လို့ သားဆီကို သွားပြောတဲ့နေ့မှာပဲ သမီးပြန်ချင် ရင် ပြန်လို့ ပြောတော့ မပြန်ဘူးလို့ သက်သေဆရာမတွေ ရှေ့မှာပဲ ပြောပါ တယ်။ အားလုံးပြီးမှ ပြန်မယ်လို့ ပြောပါတယ်။ နောက်ပြီး ကလေးမရဲ့ အဖွားကလည်း ကျွန်တော့်ကို တောင်းပန်ကြောင်း နဲ့ သူ့သမီးနဲ့ မြေးမလေးတွေ ကို ခွင့်လွှတ်ပေးဖို့ ကျွန်တော့်ဆီကို စာရေးတောင်းပန်ထားတာ ရှိပါတယ်။

ငြမ်းမီဒီယာ – စွပ်စွဲသူတွေ အချုပ်ထဲ ရောက်နေတုန်း ဦးမင်းဆွေရဲ့သား ကိုမျိုးကြီးဆိုသူက ဒီအမှု ဟာ ရုံးချိန်း နည်းနည်း တက်ပြီး လို့ ငါ့အဖေလာရင် တောင်းပန်လိုက်၊ တောင်းပန်ပြီးရင် အမှုကို ပြန်ရုပ်သိမ်းပေး မယ်။ နင်တို့ကိုလည်း သိန်း (၂၀)၊ သိန်း (၅၀) ပေးလိုက် မယ်။ နင်တို့ ဒီနေရာ မှာ မနေတော့ဘဲ အခြားနေရာကို ရွှေ့နေရမယ်လို့ ပြောကြောင်း စွပ်စွဲသူ အေးမြတ်သူနဲ့ သူ့အမေ က ပြောတယ်။ အဲဒီကိစ္စ အတွက် ဘယ်လို မှတ်ချက်ပေးမလဲ။

UMS – အဲဒါတော့ ကျွန်တော်မသိဘူး။ ကျွန်တော်က သားကို ပြောထားတာက အဲဒီကိစ္စနဲ့ ပတ်သက် ပြီး သွားလည်းမတွေ့နဲ့၊ မဆက်သွယ်နဲ့၊ ကင်းကင်းနေ။ အဲဒီရပ်ကွက်တောင် မသွားနဲ့၊ ဘေးက တစ်မျိုးမြင်မှာ ကြောက်လို့။ ဒါက မဖြစ်နိုင်ဘူး။ ဒီကောင်ပေးချင်တယ် ဆိုရင်တောင် သူ့မှာပိုက်ဆံ ရှိတာမဟုတ်ဘူး။ ကျွန်တော်တို့ဆီက တောင်းရမှာ၊ ကျွန်တော်တို့ကလည်း မပေးဘူး။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ငြမ်းမီဒီယာ – ဘာများ ဖြည့်စွက် ပြောချင်သေးလဲ။

UMS – NLD ရဲ့ ဂုဏ်သိက္ခာ၊ အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာ၊ လုပ်နေတဲ့ ကျွန်တော့်သား လွှတ်တော် ကိုယ်စားလှယ်ရဲ့ ဂုဏ်သိက္ခာ၊ ကျွန်တော်တို့ ကျောင်းရဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းအောင် လုပ်တာကို အဖြစ်မှန် ပေါ်အောင် ကျွန်တော် ဆောင်ရွက်ပါ့မယ်။ အားလုံး အဖြေထွက် သွားရင်လည်း သတင်းစာရှင်းလင်းပွဲလုပ်ပြီး အားလုံးသိအောင် ပြောပါမယ်။ဒီလိုလုပ်ရတာကလည်း ကလေး တွေ အပေါ်မှာ အာဃာတ မရှိဘူး။ ဒါပေမယ့် အနောက်က လုပ်လာတဲ့ လက်မဲတွေ သူ့ဟာသူ အဖြေပေါ်သွားမယ်လို့ ယုံကြည် ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,