အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ စစ်ရဲ့ ဓားစာခံမျိုး ဖြစ်လာတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

RWIO / ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဌ ဒေါ်စောစံငြိမ်းသူ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ၊ပဋိပက္ခ အခြေအနေများကြားတွင် ရောက်ရှိနေသည့် အမျိုး သမီးများ၊ ကလေး သူငယ် များ၏ အခြေအနေများနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး၊ အမျိုးသမီးအရေး တစ်စိုက်မတ်မတ် ဆောင်ရွက် နေသူ ရခိုင်ရှေ့ဆောင် အမျိုးသမီးများ အဖွဲ့ (Rakhineg Women ‘s Initiative Organization) ဥက္ကဌ ဒေါ်စောစံငြိမ်းသူ ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – အရင်ဆုံး မိတ်ဆက်ပေးပါဦးခင်ဗျ။

DSSNT – ကျမနာမည် စောစံငြိမ်းသူပါ။ လက်ရှိမှာ ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဌပါ။ ကျမအနေနဲ့ အမျိုးသမီးများနဲ့ ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်လာခဲ့တာ ဆိုရင် အနှစ် နှစ်ဆယ်ကျော်ပါပြီ။ အရင်တုန်း ကတော့ ပြည်ပမှာ အခြေစိုက်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်လာခဲ့တာ ရှိတယ်။ ပြီးတော့ တိုင်းရင်းသူ အမျိုးသမီး တပ်ပေါင်းစုဖြစ်တဲ့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ မှာလည်း ခေါင်းဆောင်မှုအဆင့်ဆင့်ကို တာဝန်ယူ ဆောင်ရွက်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံမှာ အကြံပေး အဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စစ်ပွဲဒေသအတွင်းမှာဆိုရင် အမျိုးသမီးတွေဟာ ပြေးလွှားတိမ်းရှောင်ရတာ၊တစ်ဖက်မှာလည်း အသက် သေဆုံး သွားရတာတွေ လည်း ရှိတယ်။ ဒဏ်ရာအနာတရ ရလာတဲ့ …

ငြမ်းမီဒီယာ – ပြည်တွင်းစစ်သက်တမ်းက နှစ် ခုနှစ်ဆယ်ကျော်၊ အခုဆိုရင် ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေကလည်း ဖြစ်၊ စစ်ဘေး ဒုက္ခသည် အရေအတွက်ကလည်း တိုးလာနေတယ်။ အဲဒီစစ်ဘေးဒုက္ခသည်တွေထဲမှာမှ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ် တွေ ကြုံတွေ့နေရတဲ့ အခြေအနေ ကို ပြောပြပေးပါဦးခင်ဗျ။

DSSNT – ကျမတို့ပြည်ပမှာ အခြေစိုက်ပြီးတော့ တာဝန်ယူဆောင်ရွက်လာစဉ် ကတည်းက တောက်လျောက် ပါပဲ။ပြည်တွင်းစစ်ရဲ့ အဆိုးဆုံးဒဏ်ကို ခံစားနေရတဲ့ဟာက အမျိုးသမီးနဲ့ ကလေးသူငယ်တွေဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုပြီးတော့မှ ဆိုးဆိုးဝါးဝါး ခံစားရတာလည်း အမျိုးသမီးနဲ့ ကလေး သူငယ်တွေပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ၊မွေးဖွားပြီးစ မိခင်နဲ့ မွေးကင်းစ ကလေးတွေအတွက်၊ ငယ်ရွယ်တဲ့ အမျိုးသမီး ပျိုလေးတွေ အတွက်၊ ကလေးငယ်တွေ …

ဒီအခြေအနေတွေအပေါ်မှာ သက်ဆိုင်ရာက အာရုံစိုက်ပြီးတော့၊ ပြည်တွင်းစစ် ငြိမ်ချမ်းဖို့ အတွက်ကို အရေးတယူဆောင်ရွက်ပေးဖို့ ဆိုပြီးတော့လည်း ကျမတို့ နှစ်နှစ်ဆယ်ကျော် စည်းရုံးလှုံ့ဆော် လာခဲ့တယ်။ ပြီးတော့ စစ်အစိုးရ ကာလမှာလည်း ငြိမ်းချမ်းရေး ဖော်ဆောင်ပေးရေးအတွက်ကို လည်း တောက်လျောက် တိုက်တွန်း နှိုးဆော်လာခဲ့တာရှိပါတယ်။

အခုလက်ရှိအနေအထားမှာလည်း ၂၀၁၁ ကနေ စပြီးတော့ ကျမတို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့အတူ ငြိမ်းချမ်း ရေး ဖော်ဆောင်မှုတွေ ကို လုပ်လာခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တစ်ဖွဲ့ချင်းစီ အပစ်အခတ် ရပ်စဲ ပြီးတော့ ၂၀၁၅ မှာ ဆိုရင် တစ်တိုင်းပြည်လုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ် ရပ်စဲရေးကို ဖော်ဆောင်လာခဲ့တယ်။

ဒါပေမယ့်လည်း ယနေ့အချိန်အထိ ကို သုံးသပ်ရမယ်ဆိုရင် ၂၀၁၅ မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရ ကြားထဲမှာ NCA လက်မှတ်ရေးထိုးခဲ့ကြတဲ့ ဟာကလည်း မထိရောက်ဘူးပေါ့။ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ အားလုံး အကျုံးဝင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ်မဟုတ်ခဲ့တဲ့ အပေါ်မှာလည်း အဲဒီ သက်ရောက်မှုတွေက ရခိုင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပေါ်လာစေတဲ့အနေအထားကို ဖြစ်လာစေခဲ့တယ်လို့ ကျမတို့ ယုံကြည် ထား တယ်။

စစ်ဘေးရှောင်စခန်းတွေမှာ အမျိုးသမီးတွေက ဒါမျိုးတွေ ဆိုးဆိုးဝါးဝါး ကြုံလာရနိုင်တာ ရှိတယ်။ အဲဒီ အတွက်လည်း…

ရခိုင်ဒေသမှာ တိုက်ပွဲတွေက ၂၀၁၇ ကတည်းက ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတဲ့ အနေအထားတွေ ရှိတယ်။ တဖြေးဖြေးနဲ့ တိုက်ပွဲ တွေ ပိုပြီးတော့ ပြင်းထန်လာတဲ့ အနေအထားမှာလည်း အမျိုးသမီးနဲ့ ကလေး သူငယ်တွေဟာ စစ်ရဲ့ ဓားစာခံမျိုး ဖြစ်လာတယ်။ ပိုပြီး တော့ ဆိုးဝါးတဲ့ ဒဏ်တွေကို ခံစားနေရတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စစ်ပွဲဒေသအတွင်းမှာဆိုရင် အမျိုးသမီးတွေဟာ ပြေးလွှားတိမ်းရှောင်ရတာ၊တစ်ဖက်မှာလည်း အသက် သေဆုံး သွားရတာတွေ လည်း ရှိတယ်။ ဒဏ်ရာအနာတရ ရလာတဲ့ ဟာတွေကလည်း ပိုပြီးတော့ များလာတယ်။ အထူးတလည် ကျမတို့ စဉ်းစားပေရမှာက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အတွက်ကလည်း ကျန်းမာရေးစောင့်ရှောက်ခံစားပိုင်ခွင့် မရှိဘူးဆိုတဲ့ အခြေအနေတွေ ရှိနေ တယ်။

တစ်ဖက်မှာလည်း စားဝတ်နေရေးအခက်အခဲတွေ၊ ဒါတွေကို အမျိုးသမီးတွေက ကြုံနေရတယ်။ ကိုယ်ကိုယ်တိုင် က အဲလို အခက်အခဲတွေ၊ အကျပ်အတည်းတွေ ကြုံနေရ တဲ့ အခါမှာ လင်ယောင်္ကျား၊သားသမီးတွေပျောက်ဆုံးတာ၊ သေဆုံးတာတွေကို လည်း ကြုံတွေ့နေရတယ်။

အမျိုးသမီးတွေဟာ သောက ပေါင်းစုံနဲ့ အခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင်နေရတယ်။ ကလေး သူငယ်တွေ ဆိုရင်လည်း ကျန်းမာရေး စောင့်ရှောက်ခံရမှု မရှိတဲ့ အပြင်ကိုမှ ကျောင်းနေအရွယ် ကလေး သူငယ်တွေမှာ ကျောင်းမနေရဘူး။ ယာယီခိုလှုံ နေရတဲ့ ဒုက္ခသည်စခန်းတွေမှာလည်း စာသင်ခွင့်ပေးနိုင်တဲ့ အနေအထားလည်း မရှိဘူး။ ဆိုတော့ ကလေးတွေအတွက်က စာသင်ခွင့်လည်း မရဘူး။ အနာဂတ်မဲ့နေတဲ့ ကလေးတွေ ဖြစ်လာတယ်။

ဆင်းရဲ နွမ်းပါးလို့ စားဝတ်နေရေးအတွက် ကလေးတွေကအစ မိဘတွေကို ပံ့ပိုးကူညီနေရတဲ့ မိသားစု တွေလည်း အများကြီးပဲ။ အဲဒီ အထဲမှာမှ အခုဆိုရင် ဒေသရဲ့မလုံခြုံမှုတွေကြောင့် စစ်ပွဲဖြစ်ပွားတဲ့နေရာတွေ ကနေ တိမ်းရှောင်ပြီးတော့ ယာယီဒုက္ခသည် စခန်းမှာနေရတဲ့ အပြင် တချို့ဆိုရင် ကိုယ့်ရပ်ရွာမှာနေထိုင်တယ်။

ဒါပေမယ့် အဲဒီဒေသမှာ စစ်ပွဲတွေ ဖြစ်တော့ လုံခြုံမှုမရှိဘူး။ စားဝတ်နေရေးအတွက် တောတောင်တွေထဲကို အစားအစာ ရှာဖွေဖို့ ဆိုတာကလည်း မဖြစ်ဘူးပေါ့။ ဒီလိုအနေအထားမှာလည်း အစာရေစာ ငတ်ပြတ်တဲ့ အခြေအနေတွေကလည်း ရှိနေပြန်တယ်။ ဒီလိုမျိုး  အခက်အခဲတွေက တစ်နေ့ထက်တစ်နေ့ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေကြရပါတယ်။

ငြမ်းမီဒီယာ – ပြည်တွင်းစစ်မီးကလည်း ကြာနေပြီ။ နိုင်ငံရေးမပြေလည်မှုက နေဖြစ်လာတဲ့ ဒီစစ်ပွဲတွေဟာ ဘယ်တော့ ပြီးဆုံးမလဲ ဆိုတာ မသိနိုင်ကြဘူး။အဲဒီတော့ ဒီပဋိပက္ခစစ်ပွဲအတွင်းမှာ ရှိနေတဲ့ အမျိုသမီးတွေ၊ ကလေးငယ်တွေ ကို ထိခိုက်မှု မရှိအောင်၊ နည်းအောင်၊ဆုံးရှုံးမရှိအောင် ဘာတွေ လုပ်သင့်လဲခင်ဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

DSSNT – အမျိုးသမီးတွေဆိုရင် ခုနကပြောတဲ့အထဲမှာလည်းပါတယ်။ အထူးတလည် စဉ်းစားပေးရမယ့် အခြေအနေတွေ ရှိတယ်။ ဥပမာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ၊မွေးဖွားပြီးစ မိခင်နဲ့ မွေးကင်းစ ကလေးတွေအတွက်၊ ငယ်ရွယ်တဲ့ အမျိုးသမီး ပျိုလေးတွေ အတွက်၊ ကလေးငယ်တွေအတွက်ပေါ့။

ဒီလူတွေအတွက် သူတို့ရဲ့ စားဝတ်နေရေးအတွက်ကို စဉ်းစားပေးရမယ့် အနေအထားမျိုးတွေမှာ သီးသီး သန့်သန့် စီစဉ်ဆောင်ရွက် ပေးတဲ့ အစီအစဉ်တွေကို အစိုးရတာဝန်ရှိသူတွေကနေ သေသေချာချာ စီမံကိန်းချပြီး ဆောင်ရွက်သင့်ပါတယ်။

အစိုးရအနေနဲ့ ဒါတွေကို သေသေချာချာ စီမံကိန်းချပြီး ဆောင်ရွက်တာအပြင် တစ်ဖက်မှာလည်း နိုင်ငံတကာ ရဲ့အကူအညီတွေ၊ ဒေသ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီ တွေလည်း လက်လှမ်းမီ ရောက်ရှိ နိုင်ဖို့ ၊လူသားချင်းစာနာတဲ့ အကူအညီတွေ သေသေချာချာ ဆောင်ရွက်နိုင်ဖို့ အတွက်ကို သေသေချာချာ လမ်းဖွင့်ပေးထားဖို့ လိုပါတယ်။

အခုလက်ရှိအနေအထားမှာဆိုရင် အကန့်အသတ် တွေ အများကြီး ရှိနေသေးတယ်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့အတွက် ကလည်း သွားလာရေးအခက်အခဲတွေ ရှိနေတဲ့အပေါ်မှာ သွားလာရေးလွယ်ကူဖို့အတွက်ဆိုရင် စစ်တပ်နဲ့ အစိုးရဘက်ကနေ စီမံဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒီလိုမျိုး အစီအစဉ်တွေ ရှိမှပဲ အမျိုးသမီးတွေ ရဲ့ အခက်အခဲ အကျပ်အတည်းတွေ ကို လျှော့ချ နိုင်မယ်။အဓိက က လုံခြုံတဲ့နေရာတွေ ဖန်တီးပေးဖို့ပေါ့။

ပြန်လည်နေရာချထားရေးကိစ္စတွေကိုလည်း စနစ်တကျ စီမံဆောင်ရွက်ပေးဖို့က အရမ်းအရေးကြီးပါတယ်။ မလုံခြုံတဲ့ အနေအထား တွေ ကြောင့်လည်း အမျိုးသမီးတွေက နောက်ထပ်တစ်ခါ အကြမ်းဖက်ခံရမှုတွေက ရှိနေပြန်ရော။

ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေ ရှိနေတယ်ဆိုရင်တောင်မှ ဒေသခံပြည်သူတွေ၊ တကယ်ခံစားနေရတဲ့ မိသားစုဝင်တွေက အစ၊ ကိုယ့်မိသားစုဝင်ထဲက …

ငြမ်းမီဒီယာ – တချို့စစ်ဘေးဒုက္ခသည်စခန်းတွေမှာဆိုရင် ကလေးသူငယ်တွေ ပညာသင်ကြားခြင်း အခွင့်အလမ်း မဆုံးရှုံးအောင် တတ်နိုင်သလောက် ပညာသင်ကြားရေး အစီအစဉ်တွေ လုပ်ဆောင်တာမျိုး ရှိတယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်က စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ ရော ကလေးသူငယ်တွေ ပညာ သင်ကြားနိုင်ဖို့ အခွင့်အလမ်း မဆုံးရှုံးအောင် အစိုးရအနေနဲ့ ဘာတွေ စီမံဆောင်ရွက်ထားတာတွေ့ရသလဲ။ အကယ်၍ မရှိဘူးဆိုရင်လည်း ဘာတွေ လုပ်သင့်လဲခင်ဗျ။

DSSNT – အစိုးရတာဝန်ရှိသူတွေကလည်း ကျောင်းနေအရွယ် ကလေးတွေအတွက် စာသင်ကြားနိုင်ရေး အတွက် ယာယီ စာသင် ဆောင်လေးတွေ ဆောက်ပေးဖို့ လိုတယ် ဆိုပေမယ့် လည်း အခုအချိန်အထိတော့ မရှိသေးဘူး။ မရှိသေးတဲ့ ဟာ ကို ရှိအောင် ကလေးတွေ စာသင်ခွင့်ရဖို့ စီမံဆောင်ရွက်ဖို့ လိုတယ်ဆိုတာ က တစ်ချက်၊ပြီးတော့ အစိုးရက မလုပ်တဲ့ အပြင် တခြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးနေတဲ့ အဖွဲ့အစည်း တွေ ဘက်ကလည်းပဲ အဲဒီလိုမျိုး စီမံဆောင်ရွက်ပေးမယ့် အစီအစဉ်တွေ က လည်း မရှိသေးဘူး။ ဆိုတော့ ဒီကလေးတွေ အတွက် အလွန်စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ပဋိပက္ခတွေ၊စစ်ပွဲတွေ ဖြစ်တဲ့နေရာတွေမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ ဟာ လူကုန်ကူးမှု ရဲ့ သားကောင် တွေ အဖြစ်နဲ့ ပစ်မှတ်ထားခံရတာမျိုးရှိတတ်တော့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲ အခြေအနေ တွေမှာ အမျိုးသမီးနဲ့ ကလေး သူငယ်တွေ ကရော ဒီလိုအခြေအနေမျိုးတွေ ရင်ဆိုင် တွေ့ကြုံ နေရာတာ၊ဖြစ်ပျက် သွားခဲ့တာတွေရော ရှိလားခင်ဗျ။

DSSNT – အမျိုးသမီးနဲ့ကလေးငယ်တွေ လုံခြုံမှုမရှိဘူးဆိုတဲ့ အထဲမှာ အဲဒီ လူကုန်ကူးခံရနိုင်တယ်ဆိုတဲ့ အခြေအနေတွေကလည်း ရှိနေနိုင်တယ်ဆိုတာ ကျမတို့ ယူဆတယ်။ ယူဆတယ်ဆိုတာက တစ်ဖက်မှာ အကျဉ်းအကြပ်တစ်ခုက ရခိုင်ဒေသမှာ သတင်း မီဒီယာတွေ က လွတ်လွတ်လပ်လပ်နဲ့ သတင်းယူခွင့်မရှိဘူး။

အဲဒါအပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကလည်း လွတ်လွတ်လပ်လပ် သွားလာပြီး တွေ့ဆုံနိုင်တဲ့ အနေအထားတွေ မရှိနေ နိုင်တဲ့ ဟာမှာ ပုံမှန်ဖြစ်ပေါ်နေတဲ့ ဒီအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ရယူနိုင်တဲ့ အနေအထားတွေ မရှိတဲ့ အခါမှာလည်း ဒီသတင်းအချက်အလက်တွေက ပျောက်ကွယ်နေတဲ့ ပုံစံမျိုး ဖြစ်တာပေါ့။ အသတ်ခံရတာပဲဖြစ်ဖြစ်၊ ဒဏ်ရာအနာတရ ရတာပဲဖြစ်ဖြစ် ဒီကိစ္စတွေတောင် အလွတ်သဘော ကြားတဲ့ဟာလောက်ပဲ ကျမတို့က သိခွင့်ရတဲ့ အနေအထားပဲရှိတယ်။

ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေ ရှိနေတယ်ဆိုရင်တောင်မှ ဒေသခံပြည်သူတွေ၊ တကယ်ခံစားနေရတဲ့ မိသားစုဝင်တွေက အစ၊ ကိုယ့်မိသားစုဝင်ထဲက နစ်နစ်နာနာခံစားနေရတယ် ဆိုရင် တောင်မှ သတင်း ထုတ်ဖော်ဖို့ အတွက်ကို မဝံ့မရဲ ဖြစ်နေကြတဲ့ အနေအထားတွေမှာ သတင်းမှန် ထွက်ပေါ် လာဖို့ဆိုတဲ့ ကိစ္စတွေက အရမ်းခက်ခဲနေတယ်။

ဒီအနေအထားမှာလည်း ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေကို ဂဃဏန သေသေချာချာ ဖော်ထုတ်နိုင်စွမ်း မရှိဘူး။ ဒါပေမယ့် လည်း ခုနက ပြောသလို ပြန်ပြောရမယ်ဆိုရင် လူကုန်ကူးခံရမှုအနေအထားတွေ ရှိနေနိုင်တယ် ဆိုတာတော့ ကျမတို့ဘက်က ယူဆတာ ရှိပါ တယ်။

စစ်ရှောင်စခန်းတွေမှာ မိုးကြီး၊ရေကြီးဆိုရင် ဘယ်လိုမျိုး ဖြစ်လာနိုင်ဖွယ် ရှိတယ်ဆိုတာကို သက်ဆိုင်ရာ အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ထားရှိဖို့လိုတယ်။ ဒီအနေအထားက …

ငြမ်းမီဒီယာ – အခုလို မုတ်သုံရာသီမှာ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ဦးစားပေး လုပ်ရ မယ်ဆို ဘယ်အချက်တွေ ကို လုပ်ရမလဲ ခင်ဗျ။

DSSNT – တလောက မိုးကြီး၊ရေကြီးပြီးတော့ မြောက်ဦးမှာ ဆိုရင် ရေဘေးဒုက္ခပါ ကြုံရတယ်။ အဲဒါကြောင့်မို့ သူတို့ရဲ့ နေထိုင်ရာ နေရာတွေက ရေမကြီးနိုင်တဲ့ နေရာမျိုးမှာ ဖန်တီးပေးထားဖို့လိုတယ်။ အခုအချိန်အထိလည်း စစ်ရှောင်စခန်းတွေမှာ ဆိုရင် တာလပတ်အမိုးအကာတွေနဲ့ မလုံမခြုံနေရတဲ့ အနေအထားတွေ ။ အခင်းလည်း မရှိဘူး။ အကာကလည်း မလုံ၊အမိုးကလည်း မလုံဘူး။ အမိုး၊အကာ၊အခင်း မရှိတဲ့ အနေအထားတွေနဲ့နေရတဲ့ အပြင် ရေကြီးလာပြီဆိုရင် ရေထဲမှာ နေရတဲ့ အခြေအနေမျိုးတွေ။

ရခိုင်ဒေသက နှစ်စဉ်နှစ်တိုင်းရေကြီး ရေလျှံတဲ့ ဒဏ်ကို ခံစားရတယ်။ နောက်တော့ အမျိုးသမီးတွေအတွက် ပိုစဉ်းစားလာရတဲ့ အခြေအနေမျိုး ရှိလာတယ်။ အရင်တုန်းက ရေကြီးခဲ့တဲ့ အနေအထားမှာဆိုရင် ရေထဲမှာပဲ ကလေးမွေးခဲ့ရတဲ့အမျိုးသမီးတွေ ရှိတယ်။ ကလေးမွေးခါနီးမှာလည်း အဲဒီရေကြီးနေတဲ့နေရာမှာပဲနေရတယ်။

အဲဒီတော့ ဒီအမျိုးသမီးရဲ့ ကျန်းမာရေးထိခိုက်လာတယ်။ အဲဒီလိုအနေအထားနဲ့ ပဲ ရေထဲမှာပဲ ကလေးမွေးရ တယ်။ ဒီအခြေအနေမှာ သူတို့အတွက် လုံခြုံစိတ်ချတဲ့ နေရာထိုင်ခင်းဖန်တီးပေးမှု မရှိဘူးဆိုရင် နောက်ထပ် တစ်ခါ ဒီလိုမျိုး ရေကြီးပြီ ဆိုရင် စစ်ဘေးရှောင် စခန်းတွေမှာ အမျိုးသမီးတွေက ဒါမျိုးတွေ ဆိုးဆိုးဝါးဝါး ကြုံလာရနိုင်တာ ရှိတယ်။ အဲဒီ အတွက်လည်း ကျမတို့ဘက်က အရမ်းကို စိုးရိမ်တယ်။ ဒါ ဖြစ်လာနိုင်ချေ ရှိတယ်။

တစ်ဖက်မှာ ကျန်းမာရေး မကောင်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ပြီးတော့၊မသန်စွမ်းသူတွေ ။သူတို့ အတွက်ဆိုရင် စီမံဖန်တီးတဲ့ နေရာမှာ အရွှေ့အပြောင်းကအစ အခက်အခဲ ရှိတယ်။ ဒီလိုမျိုးရေကြီးလာပြီဆိုရင် ခုနက ပြောတဲ့ လူအုပ်စုတွေ အတွက်ကို အထူးတလည် ပြန်ပြီးစဉ်းစားပေးရမယ့် ဟာမျိုးတွေ ရှိတယ်။

ဖြစ်သင့်တဲ့ ဟာက ကျတော့ စစ်ရှောင်စခန်းတွေမှာ မိုးကြီး၊ရေကြီးဆိုရင် ဘယ်လိုမျိုး ဖြစ်လာနိုင်ဖွယ် ရှိတယ်ဆိုတာကို သက်ဆိုင်ရာ အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ထားရှိဖို့လိုတယ်။ ဒီအနေအထားက အခုအချိန်အထိ မရှိသေးတဲ့ အပေါ်မှာ ရေကြီး၊ မိုးကြီး ရင် အခု အဲဒီဒုက္ခတွေကို ခံစားနေရပြီ။ သက်ဆိုင်ရာ အစိုးရက ရေမရောက်နိုင်တဲ့ နေရာတွေကို ရွှေ့ပြောင်း ဖန်တီးပေးဖို့ လိုတယ်။

အတတ်နိုင်ဆုံး အမိုး၊အကာလုံတာမျိုး ဖန်တီးပေးဖို့လည်း လိုတယ်။ ထမင်းချက်ပြုတ်စားသောက်ဖို့ ထင်းကလည်း အရေးကြီးတယ်။ ရေမစိုတဲ့ ထင်းခြောက်လိုမျိုးတွေလည်း ရှိဖို့လိုတယ်။ ဒါမျိုးတွေကအစပေါ့ စနစ်တကျ စီစဉ်ဆောင်ရွက်မှုတွေကတော့ အခုအချိန်အထိ မရှိသေးတော့ တော်တော့်ကို စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။

စစ်ရှောင် ဒေသတွေမှ မဟုတ်ဘဲ အခုလက်ရှိ အနေအထားမှာဆိုရင် ရခိုင်ဒေသမှာ ရှိနေတဲ့ အမျိုးသမီးတွေက စီးပွားရေး အခက်အခဲ၊အကျပ်အတည်း၊လူမှုရေး အခက်အခဲ၊အကျပ်အတည်းတွေကြောင့် …

ငြမ်းမီဒီယာ – အခုအခြေအနေက ပုံမှန်အခြေအနေထက် ကွဲတာက လူတိုင်းရဲ့ စိတ်ထဲမှာ ကိုဗစ်ကပ်ရောဂါ ရဲ့ အန္တရာယ်ကိုလည်း တွေးနေရ ၊စိုးရိမ်နေကြရတာလည်း ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ဒီစိုးရိမ်မှုကလည်း ရှိကြမှာပါပဲ။ အဲဒီတော့ ကိုဗစ်ကာကွယ်မှုနဲ့ ပတ်သက်ပြီး စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဘယ်လို ဆောင်ရွက်နေတာမျိုးတွေ တွေ့နေရလဲ။

DSSNT – ရခိုင်ဒေသတစ်စုံလုံး အနေအထားနဲ့ကြည့်မယ်ဆိုရင်တောင်မှ ကိုဗစ်နဲ့ ပတ်သက်ပြီး ကာကွယ် စောင့်ရှောက်မှု ဆိုင်ရာမှာ စနစ်တကျ ရှိမနေသေးဘူးလို့ ပြောလို့ရပါတယ်။ ဥပမာ ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမှာ ဆိုရင်တောင်မှ စည်းမဲ့ကမ်းမဲ့ အနေအထားတွေ အများကြီး ရှိနေသေးတယ်။

စစ်ဘေးရှောင်စခန်းတွေမှာဆို ပိုဆိုးတာပေါ့။ ကြားရသလောက်ဆိုရင်လည်း ကိုဗစ်နဲ့ပတ်သက်တဲ့ ကာကွယ် စောင့်ရှောက်မှု ဆိုင်ရာ အတွက်ကို သေသေချာချာ လာရောက်ပြီး ပြောဆိုတာ၊စောင့်ရှောက် ကာကွယ် ပေးနေတာ အဲဒီ အနေအထားမရှိဘူး။ သမာရိုးကျပဲ။ အရင်ဘယ်လိုနေထိုင်ကြလဲ စုပြုံပြီးနေတယ်။ အခုလည်း အဲဒီအတိုင်းပဲ အခုအချိန် အထိ ရှိနေသေးတယ်ဆိုတဲ့ အပေါ်မှာ ကိုဗစ်ရောဂါ ကာကွယ်စာင့်ရှောက်မှုကတော့ တကယ့်ကို စိုးရိမ်စရာ ဖြစ်တယ်။

ငြမ်းမီဒီယာ – အမျိုးသမီးအရေးဆောင်ရွက်နေသူ တစ်ယောက်အနေနဲ့ ရခိုင်ပြည်နယ် စစ်ပွဲအတွင်း၊ ပဋိပက္ခ အတွင်း မှာရှိနေတဲ့ အမျိုးသမီးငယ်တွေနဲ့ ကလေးငယ်တွေရဲ့အခြေအနေကို အစိုးရ ကို၊တာဝန်ရှိသူတွေကို သတင်းစကား ပါးမယ်ဆို ဘာတွေ ဖြစ်မလဲခင်ဗျ။

DSSNT – သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေကို အဓိက ပြောချင်တာကတော့ အမျိုးသမီး ဖြစ်မှုအပေါ်မှာ အထူးတလည် စဉ်းစား ဆောင်ရွက်ပေးရမယ့် အစီအစဉ်တွေ အတွက် ၊အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရမှု အနေအထားကို ဖော်ဆောင်ပေးဖို့ အရေးတယူ ဆောင်ရွက်ပေးပါ။အလေးထားဆောင်ရွက်ပေးပါ ။

စစ်ရှောင် ဒေသတွေမှ မဟုတ်ဘဲ အခုလက်ရှိ အနေအထားမှာဆိုရင် ရခိုင်ဒေသမှာ ရှိနေတဲ့ အမျိုးသမီးတွေက စီးပွားရေး အခက်အခဲ၊အကျပ်အတည်း၊လူမှုရေး အခက်အခဲ၊အကျပ်အတည်းတွေကြောင့် လုံခြုံစိတ်ချရတဲ့ နေရာတွေတောင်မှ အသတ် ခံရတဲ့ အနေအထားတွေ ရှိတယ်။အဓမ္မပြုကျင့်ခံရတဲ့ အနေအထားတွေ များပြား လာတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ သတ်ဖြတ်ခံရတာ တွေအတွက်ကိုပါ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ဖို့ ရှိလာဖို့အတွက်ကို သက်ဆိုင်ရာအစိုးရကနေ တာဝန်ယူဆောင်ရွက်ပေးစေချင် ပါတယ်။

ငြမ်းမီဒီယာ – အချိန်ပေးဖြေကြားပေးတဲ့အတွက် ငြမ်းမီဒီယာ က ကျေးဇူးတင်ပါတယ်ခင်ဗျ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,