အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာ ပြန်မရဘူးဆိုရင် …

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

FDF /ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင်သူ ဦးမြအေး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊တိုင်းရင်းသားလူမျိုးစု များအတွင်းရှိ လူမျိုးစုငယ်များ၏ အခြေအနေများ၊၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နေမှု အခြေအနေ၊ရွေးကောက်ပွဲနှင့် လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသား ခေါင်းဆောင်၊ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင် တည်ထောင်သူ ဦးမြအေး ကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်း ခဲ့သည်။

ငြမ်းမီဒီယာ – တပ်ချုပ် က ဗိုလ်ချုပ်စမစ်ဒွန်း ရဲ့ အုတ်ဂူကို သွားရောက် ဂါရဝပြုတာ၊မိသားစုဝင်တွေနဲ့ တွေ့ဆုံတာမျိုး သိပ်မကြာသေး ခင်က ပဲရှိခဲ့တယ်။ဒီအခြေအနေကိုရော ဦးမြအေး ဘယ်လိုမြင်လဲ။

UMA – အဲဒါက ကျနော်မြင်တာ ပြောရမယ်ဆိုရင် ကျနော့်သက်တမ်းတစ်လျောက်မှာ ဒါက ပထမဦးဆုံး အကြိမ်ပဲလို့ ထင်တယ်ဗျ။ ကျနော်မတွေ့ဖူးဘူး။ကျနော် လျှမ်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ ပထမဦးဆုံး အကြိမ်လို့ပဲ ကျနော်ထင်တယ်။ လူသိ ရှင်ကြား တွေ့တာကိုကျနော်ပြောတာပါ။ ဒီရဲ့ အလား သဏ္ဍန်က အခုနိုင်ငံရေးအခြေအနေနဲ့ ဆက်စပ်စဉ်းစားမယ်ဆိုရင်တော့ ကျနော်မြင်တာ က နည်းနည်းတော့ ခက်ခဲတယ်။ အခုကျနော်တို့ ကြားထားပါတယ် လာမယ့် မတ်လ(၂၇) ရက်နေ့မှာ ကာကွယ်ရေး ဦးစီးချုပ် ဟောင်းတွေ အဘဦးတင်ဦး တို့ကို ဖိတ်ထားတယ်ဆိုတာ ကျနော်တို့ ကြားပါတယ်။ အဲဒီအတွက် သွားတယ်လို့ လည်း ယူဆပါတယ်။ဒါပေမယ့် အဲဒါလုပ်ခြင်း ကိုယ်တိုင်ကို က ကောင်းဖို့အလား သဏ္ဍန်လား၊ ဘာဖြစ်ဖို့ အလား သဏ္ဍာန်လဲ ဆိုတာ ခန့်မှန်းရ ခက်ပါတယ်။ ကျနော်အကောင်းဘက်ကိုပဲ မျှော်လင့်ချင်တယ်။ ကျနော်တို့ တိုင်းပြည် ရန်တွေဖြစ်နေတာ တော်သင့်ပြီ ထင်တယ်။ နောက်မျိုးဆက်ကို ဘာဖြစ်လို့ ဆိုးမွေတွေ ပေးတော့ မှာတုန်း။ ကျနော်တို့လည်း ရန်မဖြစ်ချင်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒီထက်နည်းနည်း အကျယ်ချဲ့ဆွေးနွေး ပေးပါလားဦးမြအေး။ တပ်ချုပ်က ဒီဘက်နှစ်တွေမှာဆို ဘာသာရေး ကျောင်း တွေ သွားတာမျိုး၊ဗိုလ်ချုပ်စမစ်ဒွန်း အုတ်ဂူကို သွားတာ။ ကျနော်တို့ မတွေ့ဖူး၊မကြားဖူးတဲ့ ဒါမျိုးတွေ တွေ့ရသလို အခုလာမယ့် တော်လှန်ရေးနေ့မှာ ကာကွယ်ရေး ဦးစီးချုပ် ဟောင်းတွေကိုဖိတ်ကြား ထားတာမျိုးလည်း ကြားရတော့ ဒီအခြေအနေတွေကို ဘယ်လို မြင်လဲခင်ဗျ။

UMA – အမှန်တော့ ဒီမေးခွန်းကို ကျနော်ရှောင်ဖြေချင် တာဗျ(ရယ်လျက်ပြော)။ ကျနော်မြင်တာက အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ကလေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တစ်ဖက်က တပ်မတော် နဲ့ တပ်မတော် လိုလားသူ အုပ်စုများကြား အားပြိုင်မှုက ပြင်းထန်လိမ့်မယ်လို့ ကျနော်တော့ ယူဆတယ်။ နောက်တစ်ခုက အခြေအနေတစ်ရပ်မှာ ရှိနေတဲ့ Stakeholder တွေ၊ Institution တွေ၊ Organization တွေကို မပြောပါဘူး။ ဒီ Stakeholder တွေ ရဲ့ End Game တစ်ခုလည်း ဖြစ်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အာဏာကို ပြန်မရဘူးဆိုရင် အန်တီ ဒေါ်အောင်ဆန်းစုကြည် က အသက် (၇၅) ရှိပြီဗျ။ နောင်ငါးနှစ် ဆို အသက်(၈၀) ဖြစ်သွား လိမ့်မယ်။ ဒါကလည်း အလား သဏ္ဍာန် ကောင်းတစ်ခု မဟုတ်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အများစုကြီးက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ မှီခိုနေတာပဲ။ ဒေါ်အောင်ဆန်းစုကြည် သည် NLD ၊ NLD သည် ဒေါ်အောင်ဆန်းစုကြည် ပဲဖြစ်တယ်။ ဒီအခြေအနေကို ကျော်လွန်သွားအောင် လုပ်နိုင်တဲ့ အနေအထားမျိုးတော့ ကျနော်မတွေ့သေးဘူး။

နိုင်ငံ့ ဦးဆောင်တဲ့သူတွေ ကိုယ်တိုင်ကိုက ပရမ်းပတာမတွေးပဲ System တစ်ခုကို သေသေချာချာ ကျကျနန ခိုင်လုံပြီး ဒီ …

ဒါက ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်အပေါ်မှာ အမျိုးမျိုး ပြောင်းလဲ သွားနိုင်တယ်လို့ မြင်တယ်။ဒါ တစ်ပိုင်း။ တစ်ဖက်ကလည်း တပ်ရဲ့ အနေအထား မှာ တပ်ချုပ်ကလည်း (၆၅) နှစ်ဖြစ်သွားလိမ့်မယ်လေ။ တကယ်ဆို (၆၀) မှာ Retire သွားရမှာလေ။ Retire သွားရမှာ ဆိုတော့ တပ်ချုပ်ကနေပြီးတော့ NLD က အာဏာရခဲ့ရင် တပ်ချုပ်ရဲ့ ရှေ့အနာဂတ်က ဘယ်လို ဆက်သွားမလဲ ဆိုတာ စဉ်းစားရမယ်။ (၆၅) နှစ်ဆိုတာ Retire မယူလို့ မရဘူး။ နိုင်ငံတကာမှာရှိနေတဲ့ ဖိအားကြီးရဲ့အနေအထား ဥပမာ အိုင်စီဂျေ၊ အခုမနေ့တစ်နေ့ကမှ အိုင်စီဂျေ ထပ်တက်မယ်။ အိုင်စီစီ အနေအထား ဒီဖိအားတွေ လည်းရှိနေတယ်။ဖိအားတွေလည်း ရှိ နေတော့ ဒီဖိအားတွေက လွန်မြောက်အောင်လုပ်ဖို့ဆိုရင် နိုင်ငံရဲ့ Trend တစ်ခုလုံးကို ရွှေ့မှ ရမယ်။ ဒီရဲ့ အလားသဏ္ဍာန်တွေက ၂၀၂၀ ရွေးကောက်ပွဲ နဲ့ ရွေးကောက်ပွဲအလွန် ကာလတွေအတွက် တပ်ရဲ့ ပြင်ဆင်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲဟာ လှိုင်းထန်မယ်။ ဒါပေမယ့် ကျနော်တို့ထင်တာထက်တောင် စောနေပါတယ်။အခုဆို ရွေးကောက်ပွဲ မပြောပါနဲ့ ဖွဲ့စည်းပုံပြင်ရေး လှိုင်းထန်နေတဲ့ ဂယက်ကို ကြည့်ရင် ကျနော်တို့ ခန့်မှန်းလို့ရေ နပါပြီ။ ကျနော်အစိုးရိမ်ဆုံး အချက်က ဘာလဲဆိုတော့ ဒီဂယက်တွေကြားထဲမှာ ပြည်သူလူထုရဲ့ဘဝက ဟိုဖက်လိုလို၊ ဒီဖက်လိုလိုနဲ့ ပိုဆိုးပြီး ပိုဒုက္ခရောက် သွားမယ့် အခြေအနေပဲ။ ကျနော်တို့က ညင်သာစွာပြောင်းလဲရေးကို ပိုလိုလားပါတယ်။ တကယ်တမ်းကျတော့ဗျာ ကျနော်တို့ဆီမှာက သူ့ဘက်ကိုယ့်ဘက် ဆိုတာထက် Principle တွေကို ရှေးရှုပြီး သွားတဲ့ နိုင်ငံရေးကို သွားစေချင်တယ်။ နိုင်ငံရေးဆန္ဒရှိရှိပေါ့ဗျာ။ တပ်ချုပ်ကလည်း ဘာသာရေး အဖွဲ့အစည်း တွေ သွားတယ်။နောက် ဒီဘက်က အမျိုးဘာသာသာသနာဆိုတာ ဖြစ်လာပြန်ရော။ ကျနော်လက်ခံတယ်နော်။လူတိုင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရမယ် ဆိုတာ ကျနော်လက်ခံတယ်။ လူတိုင်း ထိန်းချင် မှာလေ။ ကျနော်လက်ခံတယ်။ ကျနော်လက်မခံလို့ ပြောနေတာ မဟုတ်ဘူး။ဒါပေမယ့် အဲဒီစကားတွေက ဘာဖြစ်လဲ ဆိုတော့ Publics ကြားထဲမှာကျတော့ ဟာ…ဘယ်လိုကြီးလဲပေါ့။ အမျိုးသားရေး အစွန်းရောက်တွေ ကို အားပေးနေတာလားဆိုတဲ့ ထင်ယောင် ထင်မှား တွေကိုဖြစ်စေတယ်။ ဆိုတော့ ပုံသဏ္ဍာန်က ခန့်မှန်းရ တော်တော်တော့ ခက်တာဗျ။ ကျနော်ပွင့်ပွင့်လင်းလင်း အားမနာတမ်း ဝေဖန်ရရင် တိတိကျကျ မူဝါဒ အပြောင်းအလဲ ကိုမတွေ့ရဘူးဗျာ။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ စေတနာ ပါသော်လည်းပဲ ဒီစေတနာကို လူထုအများက ဒါကို စေတနာ လို့မမြင်ဘူး။ စေတနာတော့ ပါပါတယ်။မပါဘူးလို့ ကျနော် မဆိုလိုဘူး။ ပြည်သူကလည်း ဖြစ်စေချင်တာပေါ့ နိုင်ငံအတွင်းမှာ အားလုံးမျှမျှတတ ဆက်ဆံပါ့မယ်။ တိုင်းရင်းသားတွေ အားလုံး ရော၊ ဘာတွေရော ဖြစ်စေချင်ပေမယ့် ဒီလိုတွေ ပြန်ဖြစ်တဲ့ အခါကျတော့ လူထုက ဒါကတော့ကွာ သူက ဘာအတွက် လုပ်ပေးနေတာတို့၊ တချို့ ဆိုရင်သမ္မတ ဖြစ်ချင်လို့ ဆိုပြီး ဒါမျိုးတွေ လျောက်ပြောကြရော။ ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင် လည်း မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံက System ထဲမှာ မရှိဘူး။ ပရမ်းပတာ System ထဲမှာပဲ ရှိတာ။ သေချာစည်းနဲ့ကမ်းနဲ့ System ထဲ ထည့်ဖို့ လိုတာ။ အဲဒီတော့ နိုင်ငံ့ ဦးဆောင်တဲ့သူတွေ ကိုယ်တိုင်ကိုက ပရမ်းပတာမတွေးပဲ System တစ်ခုကို သေသေချာချာ ကျကျနန ခိုင်လုံပြီး ဒီ Principle တွေအတိုင်းပဲ သွားမယ်ဆိုရင် ဘယ်သူ သမ္မတလုပ်လုပ် ကျနော်တို့အတွက် အရေးမကြီးပါဘူး။ System က သူ့ကိုမောင်းနှင်သွားမှာလေ။

ငြမ်းမီဒီယာ – အခုက NLDပါတီ အာဏာရတဲ့ လက်ထက်မှာ ကရင့်အာဇာနည်နေ့ကျင်းပတဲ့ ဒေါ်နော်အုန်းလှတို့ ဘာတို့ကို တရားစွဲဆိုတာမျိုးတွေ ရှိခဲ့တာကိုး။ အခြား ပြဿနာတွေလည်း ရှိပါတယ်။တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးကို ကြည့်ရင်လည်း NLD နဲ့ ဆက်ဆံရေး က မဟာမိတ်မရှိဘူးတို့ NLD ကပြောနေ ချိန်၊တစ်ဖက်က တပ် ကတော့ ကရင်တွေတန်ဖိုးထားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ကို သွားဂါရ၀ ပြုတာတို့၊မိသားစုနဲ့တွေ့တာတို့ မထင်မှတ်တဲ့ အခြေအနေတွေ ဖြစ်လာတယ်။ နောက်ပြီးတော့ ရှမ်းပြည်အမျိုးသားနေ့ မှာ တပ်ချုပ်ကိုယ်တိုင် သဝဏ်လွှာပို့ တာအဲဒီလို အခြေအနေတွေ ဖြစ်ပေါ်လာမှုကို ရော ဦးမြအေး ဘယ်လို သုံးသပ်လဲ။

UMA – ဒီလိုဗျ။ ကျနော်ပြန်ပြောရမယ်ဆိုရင် NCA စာချုပ်လက်မှတ်ထိုးတဲ့အချိန်တုန်းက ရှစ်ဖွဲ့ပဲ ပါသွားတယ်။ တချို့ က ရွေးကောက်ပွဲက ကပ်နေတာ။လုပ်တော့မှာ။အဲဒီအချိန်မှာ အားလုံးက တွက်ထားတယ်။ NLD နိုင် နိုင်မယ်ဆိုတာ။ ဒေါ်အောင်ဆန်းစုကြည် တက်လာတော့မှ လုပ်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ပိုမြန်မယ်ဆိုတဲ့ အမြင်တွေ လည်း ပါတယ်။ ပိုမျှော်လင့် ခဲ့ကြတယ်ပေါ့ဗျာ။ ပြောရမယ်ဆိုရင် တိုင်းရင်းသားတွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အရမ်းမျှော်လင့်ခဲ့ကြတယ်။

ဒေါ်စုပေးမှ ယူမယ်တို့၊ ဗိုလ်ချုပ်မှူးကြီး ပေးရင် မယူဘူးတို့ မဟုတ်ဘူး ။ ဘယ်သူပေးပေး ယူမှာ။ ဒါသိထားဖို့ လိုတယ်။ ဒါက အပြစ်တင်လို့မရဘူး။ သူ့ …

တိုင်းရင်းသားတွေအနေနဲ့ တစ်လျောက်လုံး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နောက်မှာ တစ်လျောက်လုံး လိုက်ပြီး တိုက်ပွဲဝင်ခဲ့တာ။ ဥပမာအားဖြင့် ဦးခွန်ထွန်ဦးတို့၊ ဦးစိုင်းညွှန့်လွင်တို့ ဒါက အထင်အရှားပဲ။ တိုက်ပွဲဝင်တယ်ဆိုတ အခု ဖေ့စ်ဘွတ်မှာ လော်ဘီတွေ ရေးသလို ရေးတာမဟုတ်ဘူးနော်။ ထောင်ကျတန်းကျ၊ ဘဝအပျက်ခံပြီး အကုန်လိုက်လာ တာ။ CRPP တို့ ဘာတို့ ဆိုရင် ဒီအတိုင်းပဲ။ ဟိုး…အပြင်မှာ NCGUB တို့ ဘာတို့ ဖွဲ့တုန်းက တိုင်းရင်းသားတွေရဲ့ Support က ဒီအတိုင်းပဲ။ တစ်လျောက်လုံး လိုက်လာ တာ။သို့သော် အဲဒီအခြေအနေတွေက ထင်ထားသလို ဖြစ်မလာဘူး။ နားလည်မှုတွေ လွဲလိုက်တာ ဘယ်လောက်ဖြစ်သွားလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်အရမ်းကြီးကို ဝေးတဲ့အခြေအနေ တွေ ဖြစ်သွားတော့ တိုင်းရင်းသားတွေအနေနဲ့ ကတော့ အရင်ခေတ် က လို ငါတို့ နောက်ကို ယုံယုံကြည်ကြည်နဲ့ လိုက်ခဲ့ဆိုတာမျိုးမှာ မလိုက်တော့ဘူးဗျ။ အဲဒါသိပ်သေချာတယ်။ ဒါတွေက ဘယ်လို ပေါ်လစီနဲ့ ဘယ်လို ကျင့်သုံးလိုက်သလဲဆိုတာ ကျနော်မပြောတော့ဘူး။ ကျနော်သာဆိုရင်တော့ တိုင်းရင်းသားတွေကို NRPC လို နေရာမျိုးမှာ နေရာပေးမှာပဲ။ ကျနော်ပွင့်ပွင့်လင်းလင်းပြောတာ။ဘာဖြစ်လို့လဲဆိုတော့ သူနားလည်တယ်လေ။ ကျွမ်းကျင် တယ်လေ။တွဲလုပ်ရမှာလေ။ တကယ့်လူကောင်းတွေလေဗျာ။ ကျနော်သိတယ် ဘယ်တုန်းကမှ မဖောက်ပြန်တဲ့ သူတွေ။ မနေ့တစ်နေ့က မှ ပေါ်လာတဲ့ တိုင်းရင်းသား နိုင်ငံရေးသမားတွေ မဟုတ်ဘူး။ တောက်လျောက် ပါလာတာ။ ကောင်းကောင်း သိနေတယ်။ ဒီမိုကရက်တစ် အင်အားစုတွေရော၊ပြည်မ အင်အားစုတွေရော။ အကုန် လက်ခံတဲ့လူတွေ။အဲဒီလို လူမျိုးတွေ ကို ထိုက်သင့်တဲ့ တန်ဖိုးတွေနဲ့ ကျနော်တို့က ဆက်ဆံရမှာလေ။ ဒီဆက်ဆံမှုကို ပျက်ကွက်ခဲ့ တယ်လို့မြင်တယ်။ နောက်တစ်ချက်က ခင်ဗျားတို့ကို ဒီနေ့ ပြန်ပြောပြရမယ်ဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကာလ ကတည်းက ရှစ်ဆယ့်ရှစ်မျိုးဆက်ထဲက ကျနော် အပါအဝင် ကျန်တဲ့သူတွေတချို့ ၉၆ တွေ လည်းပါတယ်။ ကိုစိုးထွန်း တို့လည်း ပါတယ်။ လူနှစ်ဆယ်ကျော် သေသေချာချာ ကျကျနန Consultation meeting လုပ်ပြီးတော့မှ အချက် နှစ်ချက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြောပြခဲ့တယ်။ စီအီးစီနဲ့တွေ့ပြီးတော့ ပြောပြခဲ့တယ်။ စာတမ်းကိုလည်း ကျနော်တို့ ပေးခဲ့တယ်။အဲဒီ နှစ်ချက် က နံပါတ်တစ် အချက်က တိုင်းရင်းသားများနဲ့ မဟာမိတ် ဆက်ဆံရေး ထူထောင်ဖို့ ပြောတယ်။ အဲဒီမှာ ရှင်းရှင်းလင်းလင်း ပြောတာမှာ မဟာမိတ်ဆက်ဆံရေးဆိုတာ Constituency နယ်မြေတွေ ခွဲပေးဖို့ ပြောတာမဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက်တိုင်းပြည်ရဲ့ အနာဂတ်နဲ့ပတ်သက်ရင် ဘယ်လို သွားမလဲ ဆိုတဲ့ စကားပြောမယ်၊ဆွေးနွေးမယ်၊ ညှိနှိုင်းမယ။ ဒီဆက်ဆံရေး ထူထောင်ပြီးမှ သွားသင့်တယ်ဆိုတာမျိုး ကျနော်တို့ အကြံပြုခဲ့ပြီး ဖြစ်တယ်။ အလားတူပဲ CSO ၊ NGO တွေ ရဲ့ အသံကို သဘောထား တူသည်ဖြစ်စေ၊ ကွဲသည်ဖြစ်စေ နားထောင်ပေးပါ ဆိုတာကို ပြောခဲ့တယ်။ အဲဒါက တရားဝင်ပြောတာနော်။ ကျနော်တို့ ဘာမှသာ သတင်းမထုတ်ပြန်တာ။ တွေ့တယ်ဒီလောက်ပဲ ကျနော်တို့ ပြောခဲ့တာ။ဒီနေ့ဒီအချိန်အခါတော့ ပြောချိန်တန်လို့ ထုတ်ပြောတာ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ပြောခဲ့တာ။ နောက်တစ်ခုက Constitution ပြင်ရေးနဲ့ပတ်သက်ပြီး Constitution ပြင်မယ်ဆိုရင် မရခဲ့ရင် ဘာလုပ်မှာလဲ။ ပလန် ဘီ ဘာလုပ်မှာလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လူတွေကို အမြဲတမ်းအသုံးချနေခဲ့မယ်ဆိုရင် နိုင်ငံရေးကျိန်စာ တစ်ချိန်မှာပြန်သင့်မှာပဲ။ အဲဒီအခါကျရင် ဘာနဲ့မှ ကုလို့ ရမှာမဟုတ်တော့ဘူး။ ဒါကတော့ …

ဘာဖြစ်လို့လဲ ဆိုတော့ ရဖို့ကလည်း အရမ်းအခွင့်အလမ်းနည်းတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ Clear message ပြည်သူလူထုကို ပေးသင့်တယ်ဆိုတဲ့ အချက်နှစ်ချက်ကို ကျနော်တို့ ထောက်ပြခဲ့တယ်။ ဒါပေမယ့် မဟာမိတ်ပေါ်လစီ မရှိဘူးတို့၊ဘယ်သူနဲ့မှ မဟာမိတ် မလုပ်ဘူး။ ညွှန့်ပေါင်းတွေ ဘာတွေ ဖွဲ့စရာ မလိုဘူးဆိုတဲ့ ဟာတွေက ကျနော်ထင်တယ် အချိန်တန်သေးဘဲ စကားတွေ အပြင်ကိုထွက်ပြောတယ်ဆိုတာ နည်းနည်းတော့လွဲတယ်လို့ ထင်တယ်လေ။ အဲဒီအခါကျတော့ တိုင်းရင်းသားတွေက ပို Feeling ဖြစ်တာပေါ့။ တိုင်းရင်းသား နိုင်ငံရေးက လက်တွေ့ကျတယ်။ ဒိန်ခဲဘယ်သူ့ဆီမှာ ရှိလဲပဲ စဉ်းစားတယ်။ ဒါကျနော်တို့ အပြစ်တင်လို့ မရဘူး။ တိုင်းရင်းသားတွေကို ကျနော်တို့ကမှ မစုစည်းနိုင်တာ။ အဲဒီတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကပဲဖြစ်ဖြစ် ၊ကြံ့ခိုင်ရေး ကပဲဖြစ်ဖြစ် လက်တွေ့ကျတဲ့ နိုင်ငံရေးကို တိုင်းရင်းသားတွေနဲ့ ပေါင်းပြီး ပေးမယ်ဆိုရင် တိုင်းရင်းသားတွေကို ဖောက်ပြန်တယ်လို့ ပြောလို့မရဘူးနော်။ ခင်ဗျားဘာသာ တပ်ကိုမကြိုက်တာ ၊ကြံ့ခိုင်ရေးကို မကြိုက်တာ။ ပြန်ချုပ်ပြောရရင် ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ ကျနော် အကြိမ်ကြိမ် သုံးတဲ့စကားရှိတယ်။ ၁၉၈၉ မှာကတည်းက ကေအိုင်အို ဥက္ကဌကြီး ဘရန်ဆိုင်းနဲ့ တွေ့တဲ့အခါမှာ သူပြောတဲ့စကားသိပ်ရှင်းတယ်။ ကျနော်တို့ ကျောင်းသားတွေက ဖက်ဒရယ်နဲ့ပတ်သက်ပြီး ဥက္ကကြီး ဘယ်လို သဘောထားရှိလဲ မေးတာပေါ့ဗျာ။ အဲဒီမှာ ကေအိုင်အို ဥက္ကဌကြီး ဘရန်ဆိုင်း က နာမည်နဲ့ အတိအကျ ပြောတာနော် ဒေါ်အောင်ဆန်းစုကြည် က ပေးပေး၊ ဦးတင်ဦးက ပေးပေး၊ ဗိုလ်ချုပ်မှူးကြီးစောမောင်က ပေးပေး ယူမှာ။ ဒါပဲ။ ဒေါ်စုပေးမှ ယူမယ်တို့၊ ဗိုလ်ချုပ်မှူးကြီး ပေးရင် မယူဘူးတို့ မဟုတ်ဘူး ။ ဘယ်သူပေးပေး ယူမှာ။ ဒါသိထားဖို့ လိုတယ်။ ဒါက အပြစ်တင်လို့မရဘူး။ သူ့ Rights ကို အေခြခံပြီးသူက သွားမှာ။ ကျနော်တို့က ဒါကို တကယ် နားလည်ပြီ စုစည်းထားရမှာ။ အဲလို မစုစည်း ထားနိုင်တဲ့ အခါကျတော့ ဘာ error တက်လည်း ဆိုတော့ အရင်တုန်းက တိုင်းရင်းသားတွေက ပြည်မနိုင်ငံရေး အင်အားစု တွေကို မြင်တဲ့အခါမှာ ခွဲမြင်တယ်။ စစ်အာဏာရှင် စနစ်နဲ့၊ စစ်အာဏာရှင်စနစ်ကို လိုလာသူများကို တစ်အုပ်စု၊ ဒီဘက် စစ် အာဏာရှင်ကို ဆန့်ကျင်တဲ့ ပြည်မနိုင်ငံရေး သမားအုပ်စု၊ တိတိကျကျပြောရင် ဗမာ တိုင်းရင်းသားများ အဲလိုခွဲမြင်တယ်။ အခုဘက် ခေတ်က အဲလို မမြင်တော့ဘူး။ မင်းတို့အားလုံးတူတူပဲလို့ မြင်တာ။ မင်းတို့ပေါင်းရင် ငါတို့ကို ဘာမှပေးမှာမဟုတ်ဘူး။ ဒီလိုတွေးသွား တာ။ စိုးရိမ်စရာကောင်းတဲ့ တိုင်ရင်းသားတွေရဲ့ အတွေးကိုမြင်တတ်ဖို့လိုတာပေါ့။ ဖက်ဒရယ်အခင်းအကျင်းနဲ့ ဒီမိုကရက် တိုက်ဇေးရှင်း ကို ဘယ်သူက ယူသွားမလဲ။ ယူသွားတဲ့ နောက်ကို လိုက်မှာပဲ။ဒါက ရှင်းတယ်။ ဒါ လက်တွေ့နိုင်ငံရေးပဲ။ အဲဒါ က ကျနော်တို့ ကိုယ်တိုင်သည်ပင်လျင် ရှုပ်ထွေးပြီးဝေဝါးသွား မယ့် ကိစ္စနော်။ ဥပမာ အားဖြင့် ဗျာ Freedom of expression နဲ့ ပတ်သက်ပြီးတော့မှ အခုလို တရားစွဲဆိုမှုတွေ ရှိတဲ့ကာလကနေ တရားစွဲဆိုမှုတွေ မရှိတဲ့ အခြေအနေတစ်ရပ်ကို တပ်ကပဲ ဖန်တီးတယ်ပဲထားဦး တပ်ကလုပ်လို့ မကောင်းဘူးလို့ ပြောလို့ ရမလား။ ပြဿနာရှိလာတယ်။ ဒီဟာတွေက ကိုယ်မလုပ်နိုင်ခဲ့ဘူး။ သူလုပ်နိုင်ခဲ့တယဆို ကျနော်တို့် Principle နဲ့ ချဉ်းကပ်ပြီး တွေးရမှာ။ တစ်ခုရှိတာက စေတနာမှန်ဖို့နဲ့၊ ရည်ရွယ်ချက် ရိုးဖို့၊ရှင်းဖို့ မှန်ကန်ဖို့တော့ လိုတာပေါ့။ ဒါကြောင့် ကျနော်မြင်တာက ၂၀၂၀ ရဲ့ ရွေးကောက်ပွဲအလွန်ကာလက သိပ်စိတ်ဝင် စားစရာ ကောင်း တယ်။ အချိန်တော့ တော်တော် ကုန်သွားပါပြီ။ ကျနော်တို့ပြန်သုံးသပ်ပြီ။ တိုင်းရင်းသားတွေနဲ့ ထိစပ်ထားပြီးတော့ ကျနော်တို့ သေချာ လုပ်ဖို့လိုတယ်။ဒါပေမယ့် သေချာတာ တစ်ခုကတော့ဗျာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က မန္တလေးက ဂျွမ်းဗလီ ကို သွား လိုက်တာပဲ။ တပ်ချုပ်ကြီး ကျန်းမာပါစေ၊ချမ်းသာပါစေ အော်တာပဲ။ အဲဒါကို မင်းတို့ မအော်နဲ့ ။ဒါ တပ်မတော်က ကွ။ စစ်အစိုးရက ကွ လို့ သွားပြောလို့ကတော့ သူပြန်ဆဲမှာပေါ့။ မင်းဘာလုပ်ပေးနိုင်လဲ လို့မေးမှာပေါ့။ ဒါ လက်တွေ့နိုင်ငံရေးပဲ။ ဒါကို မျက်ကွယ် ပြုလို့ မရဘူး။ အဲဒါကို သွားပြီး မင်းတို့ကို သူလာလိမ်နေတာပါ ဆို တာ လက်တွေ့ဘာမှ မလုပ်ပြနိုင်ဘဲ တစ်ခါပြော၊ နှစ်ခါပြောရမယ်။ သုံးခါ ပြောရင် ပြည်သူလူထု က ယုံကြည်မှာ မဟုတ်တော့ဘူး။ ဒါ သတိထားရမယ်။

ငြမ်းမီဒီယာ – ဒါဆို လက်တွေ့နိုင်ငံရေးမှာ တပ်နဲ့ တိုင်းရင်းသားတွေက ပိုနီးစပ်လာတယ်လို့ ဆိုလို့ရမလား။

UMA – ကျနော့် သုံးသပ်ချက်အရကတော့ တိုင်းရင်းသားတွေ အနေနဲ့ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အရမ်းအားကိုးတယ်။ အခုအချိန်မှာတော့ အဲဒီ အားကိုးမှုက တော်တော့်ကို လျှော့သွားပြီ။ လျှော့သွားတဲ့ အခါမှာ တိုင်းရင်းသားတွေထဲမှာလည်း ဝေဝါးမှုတွေ ရှိတယ်။ တကယ်တမ်း ကတော့ တိုင်းရင်းသာတွေ က ဒီဘက်အုပ်စုနဲ့ ပိုနီးချင်တာ။ နီးနိုင်ဖို့ကို မျက်စ မပစ်တဲ့ အခါကျတော့ ဘယ်လိုမှ လုပ်လို့ မရဘူးဖြစ်နေတယ်။ အဲဒီအချိန်အခါမှာ တပ်ကသာ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ပီပီပြင်ပြင် အကောင်အထည် ဖော်သွားမယ် ဆိုရင်တော့ လိုက်သွားမှာပဲ။ ဥပမာအားဖြင့် ဗျာ။ ကျနော်တို့ ၂၆၁ ပြင်မယ်ဆိုတာကို ဝေဝါးနေတာ လွှတ်တော်ထဲမှာ ဆွေးနွေးနေတာ မြင်ရတာပဲ။ ဒါလက်တွေ့နိုင်ငံရေး။ အဲဒါကို တပ်နဲ့ပေါင်းလို့ ဖောက်ပြန်တယ် သွားမပြောနဲ့။ ကိုယ် အသုံး မကျတာ၊ ကိုယ်ညံ့တာ။ နဂိုရှိပြီးသားမဟာမိတ်ကို ကိုယ့်လက်ထဲက လွတ်အောင် လုပ်လိုက်တာ သည် ကိုယ်ညံ့လို့ပေါ့။ ဒါက ကျနော်အားမနာတမ်းပြောရမှာပဲ။ အဲဒါကိုမှ ကိုယ့်ဘာသာ သိပ်ထင်နေရင်တော့ ကျနော်လည်း မပြောတတ်ဘူးလေ။

ငြမ်းမီဒီယာ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီနဲ့ တွေ့ဆုံပြီး အချက်နှစ်ချက် ပြောတယ် ဆိုတဲ့အချိန်မှာ စီအီးစီထဲ ကဘယ်သူတွေပါလဲဗျ။

UMA – အဲဒီတုန်းက ကျနော်ပုံတွေ တင်ထားပါတယ်။ ကျနော်၊ကိုသက်ဦး၊ ကိုမင်းဇင်(ကိုမျိုးမင်းဇင်ရှိန် )၊ကိုမိုးကျော်၊ ကိုအောင်ဇေယျ။အဲဒီလူတွေ။ ဟိုဘက် စီအီးစီက ဦးဉာဏ်ဝင်း၊ ဦးသိန်းဦး၊ ဒေါက်တာမျိုးညွှန့်၊ ဦးဟံသာမြင့် ပါ ပါတယ်။

ငြမ်းမီဒီယာ – တစ်ချိန်က အာဏာရှင်ကို NLD နဲ့အတူတူ တော်လှန်ခဲ့တဲ့ မျိုးဆက်အသီးသီးမှာပါဝင်ခဲ့တဲ့ ရဲဘော်ရဲဘက်ေ တွရှိပါတယ်။ ဒီနေရာမှာ တချို့လို့သုံးရမလား။ အများစုလို့ သုံးရမလား တော်တော်ခက် ပါတယ်။ အဲဒီလို NLD နဲ့အတူတူ စစ်အာရှင်ကို တော်လှန်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေကို NLD က လက်တွဲဖြုတ်ခဲ့တယ်ဆိုတဲ့ ခံစားမှုမျိုးတွေလည်း ရှိကြပါတယ်။ အဲဒီအပေါ်ရော ဘာပြောချင်လဲဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMA – ဒါကတော့ တစ်ဦးချင်း၊တစ်ယောက်ချင်းဆိုင်ရာ ကိစ္စလို့ပဲ ကျနော်ကတော့ မြင်တယ်။ လက်တွဲဖြုတ် တယ်။ မဖြုတ်ဘူး။ ကျနော်အဲလိုမခံစားဘူး။ ကျနော့်နိုင်ငံရေးနဲ့ ကျနော် လာတာလေ။ ကျနော်က NLD ကြောင့် နိုင်ငံရေးသမား ဖြစ်လာတာမှ မဟုတ် တာ။ ကျနော် ရှစ်ဆယ့်ရှစ်မျိုးဆက်က။ ကျနော့်မှာ နည်းနည်းလေး အစွဲလေး တော့ ရှိတယ်ဗျာ။ အရင်လောက်တော့ မပြင်ထန် ဘူး။ဒါပေမယ့် ရှိတယ်။ ကျနော် ရှစ်ဆယ့်ရှစ် မျိုးဆက်ကို ကျနော်အရမ်းအားကိုးတာ။ အရမ်းယုံကြည်တာ။ ကျနော်နဲ့ မတည့်တဲ့ သူတွေ ပါလိမ့်မယ်။ ကျနော့်ကို မကြိုက်တဲ့ သူတွေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလူတွေကို ကျနော်ယုံကြည်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ် လုပ်တတ်တဲ့ သူတွေမို့လို့။ တကယ်သတ္တိ ရှိတဲ့သူတွေမို့လို့။ အပြောနည်းတယ်။ လက်တွေ့များတယ်။ နောက် တကယ် စဉ်းစားတွေးခေါ်ကြံဆနိုင်စွမ်းရှိတဲ့သူတွေ ။ခေတ်စကားနဲ့ ပြောရင် အချဉ်တစ်ယောက်မှ မပါဘူး။ သိပ်သေချာတယ်။

တကယ်တမ်း ကြောက်စရာက တိုင်းပြည်ကို ချောက်ထဲဆွဲချ သွားနိုင်တဲ့ အယူအဆတွေ၊ အတွေးအေခါ်တွေ၊ အယူအဆ အဟောင်း တွေ၊ အတွေးအေခါ်ဟောင်းတွေ တိုက်ရမှာ …

ရှစ်ဆယ့်ရှစ် မျိုးဆက်တင်မဟုတ်ဘူးနော်။ ၉၆ လည်းတူတူပဲနော်။ ၉၆ ဆိုတာ ကျနော်တို့ထက် ဆယ်နှစ်လောက် ကွာတယ်။ ၉၆ ထဲမှာ အခုလက်ရှိ တိုင်းပြည်ကို ခေါင်းဆောင်နိုင်တဲ့ အကယ်ဒမစ်တွေ ကောင်းကောင်းရှိတယ်။ တကယ်တော်တဲ့ လူတွေ။ အထူးသဖြင့် ပြောရင်တော့ ကျောင်းသားမျိုးဆက်ပေါ့ဗျာ။ အဲဒီအစွဲတော့ ကျနော်နည်းနည်းရှိတယ်။ ကျနော်ဆိုလိုတာက ကျနော်တို့ သွားပြောတယ်ဆိုတာ မြအေးအနေနဲ့ မဟုတ်ဘူး။ ဆွေးနွေးပြီးတော့မှ 88 Generation တစ်စုပေါ့ဗျာ။အကုန်လုံးကို ကျနော် မဆိုလို ပါဘူး။ ဘာလို့လဲဆိုတော့ 88 ဆိုတာက အရမ်း ကျယ်ဝန်းတယ်လေ။ ကျနော်တို့တာဝန်ကျေတယ်လေ။ ကျနော်တို့က မဟာမိတ်ပဲ။ မဟာမိတ်သဘောထား အရတော့ ကျနော်တို့က ဝေဖန်တယ်၊ပြောတယ်ဆိုတာက အပုပ်ချတာမှ မဟုတ်တာ။ ချစ်လို့ပြောတာလေ။ ကျနော်တို့ထောက်ပြကြတာ။ ကျနော်တို့တာဝန်ကျေခဲ့ပြီနော်။ ကျနော်မြင်တာ 88 Generation သည် တာဝန်ကျေခဲ့ပြီ။ တစ်ခုရှိတာ ပေါ့။ ကျနော်တို့ အချင်းချင်းကြားမှာ ပြောသင့်ပြောထိုက်တဲ့ဟာတွေကို ပြောခဲ့တယ်ဆိုတာ ပြောတာ။ ရှေ့ဆက်လုပ်ရမယ့် ကိစ္စတွေ မှာ တော့ တာဝန်တွေတော့ ကျန်သေးတာပေါ့ဗျာ။ နောက်တစ်ခု က လက်တွဲဖြုတ်ချခဲ့တယ်၊ မဖြုတ်ချဘူးဆိုတာ အတော် တော် များများက နေရာပေးခြင်း၊ မပေးခြင်းနဲ့ ကြည့်ပြောနေကြတာပါ။ ကျနော်မြင်တာက နိုင်ငံရေးဆိုတာ လက်တွဲ ဖြုတ်သည် ဖြစ်စေ၊ မဖြုတ်သည် ဖြစ်စေ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ဖို့ပဲ လိုတာပဲ။ နိုင်ငံရေးမှာ လူတစ်ယောက်ကို အသုံးချတယ်ဆိုတာ ရေရှည်မရဘူး။ ခင်ဗျား လူတွေကို အမြဲတမ်းအသုံးချနေခဲ့မယ်ဆိုရင် နိုင်ငံရေးကျိန်စာ တစ်ချိန်မှာပြန်သင့်မှာပဲ။ အဲဒီအခါကျရင် ဘာနဲ့မှ ကုလို့ ရမှာမဟုတ်တော့ဘူး။ ဒါကတော့ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း ဆိုင်ရာကိစ္စဖြစ်တယ်လို့ ကျနော်မြင်တယ်။ 88 Generation အနေနဲ့ နဂိုကတည်းက 88 Generation က ဘယ်သူ့ရဲ့ အသုံးချခံမှ မဟုတ်သလို ဘယ်သူ့ကိုမှလည်း အသုံးချဖို့ စိတ်ကူးခဲ့တာမဟုတ်ဘူး။

ငြမ်းမီဒီယာ – ဗြိတိန်နိုင်ငံရေးသမား တစ်ယောက် ပြောဖူးတာ ရှိပါတယ်။ နိုင်ငံရေးမှာ မဟာမိတ်ဖွဲ့တယ်ဆိုတာ တစ်ယောက်ကို တစ်ယောက်ချစ်လို့ ဆိုတာထက် တစ်ခုခုကို ကြောက်လို့ဆိုပြီး ပြောခဲ့တာ ရှိပါတယ်။ အဲဒီတော့ ဒီနေ့ NLD ရဲ့စဉ်းစားချက်မှာ မဟာမိတ်မရှိဘူးဆိုတာမျိုးက တစ်ခုခု ကြောက်စရာ၊တွန်းလှန်စရာ မရှိတော့လို့ များလား။ ဦးမြအေး ကရောဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပေးချင်လဲ။

UMA – ကျနော့်အမြင်ကတော့ တချို့ဟာတွေကို ဒီပုံစံထဲက မစဉ်းစားတော့ဘူး။ အပြင်ထွက်ပြီးကြည့်တယ်။ အပြင်ထွက်ပြီး ကျနော် စဉ်းစားတယ်။ ဥပမာ အားဖြင့် ကျနော်နဲ့ ခင်ဗျားနဲ့ ညီဖို့အတွက် ရန်သူတစ်ယောက် မွေးရတယ်။ ဒီရန်သူက ငါတို့ကိုဖိနှိပ်မှာ၊ ငါတို့ပေါင်းမှရမယ်ဆိုတာ အဲဒီဟာက အရင်တုန်းက အတွေးအေခါ်လို့ ကျနော်ထင်တယ်လေ။ ကျနော်မြင်တဲ့အမြင်ကလေ။ ကျနေော်တို့က အမြဲတမ်း ညီညွှတ်နေဖို့အတွက်ဆိုရင် ဒေဝေါကြီးလာပြီ၊ဒေဝေါကြီးလာပြီ ဆိုပြီ ခြောက်ရမှာ။ ဒီလိုပဲ တိုင်းပြည် အတွင်းမှာ အားလုံးစုစည်း ညီညွှတ်ဖို့ ဆိုရင် ပြည်ပကျူးကျော်မှု ၊ဘာတို့ညာတို့ အဲဒါမျိုးတွေ လျောက်ပြောရတာလေ။ ဒီဘက် ခေတ်ကြီးမှာ အဲဒါတွေက ရှိသေးလို့လား။ ကျနော်တို့ကိုယ်တိုင်ကိုက ကျနော်တို့နေတဲ့ နိုင်ငံ၊ကျနော်တို့နေတဲ့ ရေမြေကို စုစည်းပြီး လုပ်ရမယ်ဆိုတဲ့ ကိစ္စရပ်က အခြေခံတရားလေ။ ဆိုပါစို့ ဗျာ ကျနော်တို့က မဟာမိတ် ဆိုတာ ပေါ်လစီအပေါ် မူတည်တယ်လေ။ ဒီပေါ်လစီအတွက်ကို လုပ်ယူစရာမလိုဘူး။ ရှိပြီးသား ပေါ်လစီ၊ရှိနေတဲ့ ပကတိ အခြေအနေနဲ့ကိုက်ညီတဲ့ပေါ်လစီ ဖြစ်ဖို့လိုတာ။

တပ်မတော် အနေနဲ့ ဖက်ဒရယ်ကို တကယ်ယုံကြည်လား။ စကားတော့ ပြောတယ်။ ပြည်ထောင်စု သဘောတူညီချက်ထဲမှာ ပါတယ်လေ။ ဒီမိုကရေစီနဲ့ …

မရှိတဲ့ဟာကြီးကို ကျနော်တု့ိက ဒေဝေါကြီး လာတယ် ဆိုပြီး ပြောပြီးမှ လုပ်ယူစရာအကြောင်းအရင်းကိုမရှိဘူး။ ဥပမာအားဖြင့် ကျနော့်အနေနဲ့ စစ်အာဏာရှင်စနစ်ကို ကျနော်မကြိုက်ဘူး။ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်မှာကြောက်လို့ ကျနော်က ဒီစစ်အာရှင်စနစ်နဲ့ နီးစပ်တဲ့မူဝါဒတွေကို ကျနော်က တိုက်ရတာ။ လူပုဂ္ဂိုလ်တွေ တိုက်နေတာ မဟုတ်ဘူး။ အကယ်၍ ဒီဟာကို ကျင့်သုံးနေတဲ့ လူတွေကိုယ်တိုင်က စစ်အာဏာရှင် စနစ်ကနေ သွေဖီသွားပြီ ဆိုရင် ကျနော်က သူတို့ကို တိုက်စရာမှ မလိုတော့ တာ။ အကယ်၍ ကျနော်မဟာမိတ်လုပ်ထားတဲ့ လူကလည်း စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည်တဲ့သူနဲ့ ပေါင်းပြီ ဆိုပါစို့ စစ်အာဏာရှင် စနစ်ကဲ့သို့ ပုံစံမျိုးဖြစ်လာပြီဆိုရင် ကျနော် Principle အရ သူ့ကို မဟာမိတ် သွားလုပ်လို့ရမလဲ။ ကျနော်တို့ တကယ်တမ်း ကြောက်စရာက တိုင်းပြည်ကို ချောက်ထဲဆွဲချ သွားနိုင်တဲ့ အယူအဆတွေ၊ အတွေးအေခါ်တွေ၊ အယူအဆ အဟောင်း တွေ၊ အတွေးအေခါ်ဟောင်းတွေ တိုက်ရမှာလို့ မြင်တယ်။ မဟုတ်ဘဲနဲ့ ဒေဝေါကြီးလာပြီ ဆိုပြီ အတင်းဆွဲစိထားတဲ့ မဟာမိတ်က ဒေဝေါကြီး မရှိမှန်းသိတဲ့ အခါကျတော့ ဘယ်လိုလုပ်တည်မြဲ တော့မှာလဲ။ အဲဒီတော့ ပေါ်လစီ တူဖို့လိုတယ်။ မြန်မာပြည် ရဲ့ လက်ငင်းပေါ်လစီကတော့ မြန်မာပြည်မှာ ဖက်ဒရယ်စနစ်ကို ပီပီပြင်ထူထောင်မယ်၊ ဒီမိုကရက်တစ် Value တွေကို တန်ဖိုး ထားမယ်ဆိုရင် ကျနော်မည်သူနဲ့မဆို မဟာမိတ် လုပ်လို့ရတယ်။

ငြမ်းမီဒီယာ – တပ်ချုပ်က ဖက်ဒရယ်ကိုလည်း လက်ခံတယ်။ ဖွဲ့စည်းပုံပြင်မှာကိုလည်း လက်ခံတယ်။ တပ်ချုပ်ရဲ့ အခုတလော ဆောင်ရွက်မှုလို့ဆိုဆို၊နိုင်ငံရေးအရ လှုပ်ရှားမှု လို့ပဲဆိုဆို အဲဒီအခြေအနေတွေက NLD အတွက် စိုးရိမ်စရာကောင်းမနေဘူးလား။ လာမယ့် ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲအလွန်ကာလတွေ အတွက် ဘယ်လို ရှိလာနိုင်မလဲ။

UMA – ကျနော်မြင်တာကတော့ Political Will နိုင်ငံရေးဆန္ဒ ရှိဖို့လိုတယ်။ ကျနော်စောစောက ပြောသလို ခင်ဗျားပြောသလို တပ်ချုပ်က တကယ်လုပ်မှာလား၊ မလုပ်ဘူးလား ဆိုတာ ဒီအချိန်မှာ ကျနော်ပွင့်ပွင့်လင်းပြောရရင် သံသယ များစွာရှိတယ်။

ငြမ်းမီဒီယာ – သတိထားစောင့်ကြည့်နေတာလား။

UMA – ရှင်းရှင်းပြောရရင် မယုံကြည်သေးဘူးဗျာ။ မယုံကြည်ဘူးဗျာ။ မြင်တဲ့အတိုင်းပဲ ဖွဲ့စည်းပုံ ပြင်ရေးကို ကန့်ကွက်နေတာလေ။ ဒီလောက်ကန့်ကွက်နေတာ ဘယ်လိုလုပ်သွားပြီး Democratization ကို လုပ်မှာတုန်း။ ပြောစရာရှိတာပေါ့ NLD မို့ ကန့်ကွက်တာ။ NLD မဟုတ်ရင် မကန့်ကွက်ဘူး။ အဲဒါတော့ မဟုတ်ဘူးနဲ့ တူတယ်နော်။ ကျနော်မြင်တာ NLD တောင်လုပ်လို့မရတာ။ တခြား တချို့ပါတီတွေက ဝင်ပြီးပြင်မယ်ဆိုတာ စိတ်ကူးယဉ်တဲ့ကိစ္စဗျ။ ဒီပွဲက ကျနော်တို့ သင်ခန်းစားတော်တော်ယူရမယ့်ပွဲနော်။ ဖွဲ့စည်းပုံ ပြင်နေတဲ့ ပွဲက ။တကယ် Political Will ရှိတယ်ဆိုရင် ဒီနေ့ ကဒီဖွဲ့စည်းပုံပြင်ရေးကို ဆွေးနွေးရမှာ မဟုတ်ဘူးလို့ မြင်တယ်။ ဒီကနေ့ ဆွေးနွေးရမယ့်ပွဲက စာမျက်နှာအသစ်ကို ဖွင့်လှစ်ရမှာ။ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ Constitution အသစ်ကို လာဟေ့ ဆွေးနွေး ကြရအောင်။ တိုင်ပင်ရအောင်။ငါ့ဆီကနေ မင်းကို ဘာပေးမယ်။ မင်းဆီကနေ ငါဘာယူမယ် ဆိုတာ ထက် ငါတို့အားလုံး ပြည်ထောင်စု ကို ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့ အသစ်ကို သွားရမှာ။ ဒီဝန်းကျင်ကိုဖန်တီးရမှာ။ အဲဒီအတွက်ကို Stakeholder တွေနဲ့ တိုင်းရင်းသားတွေနဲ့ စကားပြော လိုက်ရင် ပွဲပြီးတယ်။ တကယ် Will ရှိတယ်ဆိုရင်။အခု က အဲဒီ Will ကို ကျနော်မတွေ့ဘူး။ မတွေ့တဲ့အခါ ကျတော့ တပ်မတော် အနေနဲ့ ဖက်ဒရယ်ကို တကယ်ယုံကြည်လား။ စကားတော့ ပြောတယ်။ ပြည်ထောင်စု သဘောတူညီချက်ထဲမှာ ပါတယ်လေ။ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက် ရမည်။ ဒါဆို အဲဒါနဲ့ ကိုက်ညီတဲ့ Constitution ရေးဖို့ပဲ ရှိတော့တယ်လေ။ ကျနော်ရိုးရိုးလေး ပဲ စဉ်းစားတာ။ အဲဒါကို ဘာဖြစ်လို့ တိုင်ပတ်နေမှာတုန်း။ကြာလေလေ တိုင်းပြည်နစ်နာလေလေ ပဲလေ။ အခု Constitution ပြင်ရေးမှာ အသည်းအသန် ရန်တွေဖြစ် လွှတ်တော်ထဲမှာ ။ လွှတ်တော်ဥက္ကဌ က ဥပဒေ ကြောင်း အရ အရေးယူရမယ်ဘာတွေဖြစ်နေတဲ့ဟာ ဘယ်လိုလုပ် ဖက်ဒရယ်နဲ့ ဒီမိုကရက် တိုက်ဇေးရှင်းကို သွားမယ်လို့ ကျနောဘယ်လိုလုပ် ယုံကြည်နိုင်မလဲ။ အကယ်၍ ပြောင်းမယ်ဆိုရင် ကျနော်က ဝမ်းသာတာ ပေါ့ဗျာ။ ကျနော်တို့က နိုင်ငံရေးအာဏာအတွက် လုပ်နေတာမှ မဟုတ်တာ။ တိုင်းပြည်အတွက် တစ်တပ် တစ်အား ဝင်လုပ်တဲ့ သူတွေလေ။ တိုင်းရင်းသားတွေ တန်းတူညီမျှ အခွင့်အရေးပေးမယ်၊ ဖက်ဒရယ် လည်းပေးမယ် ။တိုင်းရင်းသား ခေါင်းဆောင်တွေရယ်၊ တပ်ချုပ်ရယ် ၊ဒေါ်စုရယ် စကားပြောပြီး သွားမယ်ဆိုရင် ကျနော်တို့က ခေါင်းပေါ်တောင် တင်ထား လိုက်ဦး မယ်။ ကျနော်တို့တောင် နားအေးသေးတယ်။ ပင်ပင်ပန်းပန်း မလုပ်ရတော့ဘူးပေါ့ဗျာ။

ငြမ်းမီဒီယာ – ဖက်ဒရယ်ဒီမိုကရက်တစ်အဖွဲ့အစည်းမှာ ဦးဆောင်သူ တစ်ယောက်အနေနဲ့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကာလ က ဘယ်လောက်ထိတောင် ရှည်ကြာနိုင်မလဲ။

UMA – လက်ရှိဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ် ကတော့ သေချာတယ် ဘာမှ မယ်မယ်ရရ ရလဒ်ထွက်လိမ့်မယ် မဟုတ်ဘူး။ ဖက်ဒရယ်ပြည်ထောင်စု သွားမယ်ဆိုတဲ့အခြေအနေကတော့ မရောက်နိုင်ဘူးသေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသား အုပ်စုထဲမှာပြန်ကြည့် အခုလက်ရှိ (၁၀) ဖွဲ့ရဲ့ သဘောထား၊ နောက်တစ်ခု က မြောက်ပိုင်း အုပ်စုရဲ့ သဘောထား၊ မြောက်ပိုင်း ထဲမှာ မှ သီးခြား ရှိတဲ့ ၀ ရဲ့ သဘောထား နောက်တစ်ခါ နာဂ ရဲ့သဘောထား၊ နောက်တစ်ခါ အပြိုင်းအရိုင်းတက်လာမယ့် တာစူနေ တဲ့ တိုင်းရင်းသားတွေရဲ့ သဘောထား ရှိတယ်။ မြောက်ပိုင်း ထဲမှာဆိုရင် ရှမ်းထဲမှာဆိုရင် ပလောင်ရဲ့ သဘောထား၊ ပအိုဝ်း ရဲ့ သဘောထား အများကြီး ရှုပ်ထွေးတယ်။ ဒီပုံစံနဲ့သွား လို့ကတော့ ရေရှည်တော့ မဖြစ်နိုင်သေးဘူး။ ဘယ်လောက် ကြာမှာလဲဆိုတော့ ကြာမှာပဲ။ ကြာလေလေ ဆိုးလေလေ ပဲဖြစ်လိမ့်မယ်။ ဒီဟာကြီးကို ကျနော်တို့ပြန်ပြင်ယူရမယ်။ ပစ်ပယ်ဖို့ ကျနော် မပြောဘူးနော်။ ဟုတ်ပြီ။ တကယ်တမ်းစိတ်ဆန္ဒရှိရင် ကျနော်တို့ လုပ်လို့ရပါတယ်။ ဒါပေမယ့် (၂၀၂၀) ရွေးကောက်ပွဲခံတဲ့ အတွက်ကြောင့်မို့ အခုလုပ်သမျှ အားလုံးသည် ရွေးကောက်ပွဲ Campaign ထဲကို ရောက်သွားမှာ။ ၂၀၂၀ ကြားကာလမှာတော့ သိပ်ပြီး ပီပီပြင်ပြင် လုပ်နိုင်လိမ့်မယ် လို့ မထင်ဘူး။ ၂၁ ပင်လုံညီလာခံ ခေါ်မယ်ဆိုတာ ဘာမှမသေချာသေးဘူး။ ၂၀၂၀ အလွန်တွေ မှာတော့ အခုသွားတဲ့ ပုံစံကို ပြန်ပြီး ကျနော်တို့ ရီဗျူး လုပ်ရေ တာ့မှာ။ NCA မှာဆိုလည်း စကားလုံးတွေ အဓိပ္ပာယ် ဖွင့်ဆိုမှုက အစ တစ်ဖက်နဲ့တစ်ဖက် ပြန်ညှိနှိုင်းရမှာ။ အားလုံး ပါလာအောင်။ ဒါမှမဟုတ် ဒီအခင်းအကျင်းဆီက ဆွဲထုတ်ရမယ့် ကိစ္စ တစ်ခုက Cease fire နဲ့ နိုင်ငံရေးဆွေးနွေးပွဲကို မဆက်စပ်ဘဲနဲ့ ဘယ်လိုသွားမလဲ။ ဒါလည်း စဉ်းစားသင့်တယ်လို့ ကျနော်မြင်တယ်။

တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ချင်းရဲ့ သဘောထားတွေကို စုစည်းဖို့လိုတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့ သဘောထားကို ယူဖို့လိုတယ်။ တိုင်းရင်းသား …

တချို့နိုင်ငံတွေမှာလည်း အဲလို လုပ်သွားတာ ရှိပါတယ်။ သွားတဲ့ ဟာ အားလုံးက Constitution အသစ်တစ်ခုကို တည်တဲ့ဟာကို သွားရမယ်။အဲဒါကို ကျနော်တို့ လုံးကောက် ကောက်ရမှာက ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံသောပြည်ထောင်စုဆိုတဲ့ စကားလုံး ရှိတယ်။ အဲဒီစကားလုံးနဲ့ ကိုက်ညီတဲ့ Constitution ကို မွေးဖွားရအောင်ဆိုပြီး ၂၁ ပင်လုံ အခင်းအကျင်းကို Constitution နဲ့ပတ်သက်တဲ့ Assembly အဖြစ် ပြောင်းယူ ပစ်ရမှာ။ဒါလည်း ကာလ သတ်မှတ်ချက် ရှိရမှာ။ (၁၄)နှစ် ကြာလို့မရဘူး။ ဒါ ၂၀၂၀ အလွန်မှာ သွားရမှာ။ ကျနော်တို့ အပိုင်းက ဘာလုပ်မလဲ အခုလက်ရှိ ထွက်လာတဲ့ စာတမ်းကို တပ်မတော် ကိုလည်း ကျနော်တို့ ပေးမယ်။ အစိုးရလည်းပေးမယ်။ NRPC လည်း ပေးမယ်။ EAO တွေကို လည်းပေးမယ်။ ဒါတွေ သူတို့ဖတ်လို့ရအောင်၊သူတို့ သုံးသပ်လို့ရအောင် ။ကျနော်တို့မှာ ဘာလုပ်ပါလို့ ဆရာလုပ်ပိုင်ခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကယ့် Key player က သူတို့။ ကျနာ်တို့ က အကြံလောက်ပဲ ပေးလို့ရမယ်။ကျနော်တို့အကြံကို သူတို့ လက်ခံရင်လည်းလက်ခံမယ်။ လက်မခံရင်လည်း သူတို့ ပယ်ချလိမ့်မယ်။ နိုင်ငံရေးမှာ ဒါကတော့ ကျနော်တို့ စိတ်ဆိုးလို့ မရဘူး။ ကျေနော်လုပ်ချင်တာ ၂၀၂၀ အလွန်မှာတော့ တိုင်းရင်းသားအင်အားစုတွေနဲ့ ပြည်မ နိုင်ငံရေးအင်အားစုတွေကြား ကနေ စိတ်ကူးနဲ့ ဖော်ဆောင်ထားတဲ့ New Constitution တစ်ခုကို ပုံဖော်ယူရမှာ။Package တစ်ခု။ Agreement တစ်ခုကို ကျနော်တို့ ယူရလိမ့်မယ်။ ဒီ Agreement ကိုမှ အဲဒီအချိန်မှာ အုပ်ချုပ်နေတဲ့အစိုးရ၊ အဲဒီအချိန်မှာ ရှိနေတဲ့တပ် ကြားထဲမှာ ပံ့ပိုးပေးနိုင်မယ်ဆိုရင် Peace Process ကို တစ်စုံတစ်ရာ အားဖြင့် အထောက်အကူ ပြုလိမ့်မယ်လို့ မြင်တယ်။ ဒါပေမယ့် ဒါကလည်း ရမ်းသမ်းပြီး ပွဲလေးတွေ လုပ်လို့ရမယ့်ကိစ္စ မဟုတ်ဘူး။ တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ချင်းရဲ့ သဘောထားတွေကို စုစည်းဖို့လိုတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့ သဘောထားကို ယူဖို့လိုတယ်။ တိုင်းရင်းသားCSO၊ NGO တွေရဲ့ သဘောထား ယူဖို့လိုသလို ပြည်မနိုင်ငံရေးသမား၊ ပြည်မ ပြည်သူတွေ၊တိုင်းရင်းသား ပြည်သူတွေရဲ့ သဘောထားတွေ အနီးစပ်ဆုံး ကျနော်တို့ ရအောင်ယူမှ ရမယ်။ နည်းနည်းတော့ ကျယ်ပြန့်တယ်။ ဒါက ကျနော်တို့ ဆက်လုပ်သွားချင်တဲ့ အစီအစဉ်ပဲ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,