ငြမ်း/(၇၃) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား
ဂျပန်ခေတ်တွင်စိန်ကြည်၊ အင်္ဂလိပ်ခေတ်တွင် ဂျစ်လေဒီဆို စသည့် အမျိုးသမီး လူတန်းစားအချို့ ပေါ်ပေါက်ခဲ့ ပြီးမျိုးချစ်စိတ် …
အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားအကျိုးစီးပွားကို မကာကွယ် မစောင့်ရှောက်သူများသည် လူ့လောက လူ့ဘဝတွင်ပင် နေထိုင်ရန်မသင့် ဟု တပ်မတော်က ထုတ်ဝေနေသည့် မြဝတီသတင်းစာ အယ်ဒီတာ့အာဘော်တွင် ရေးသား ဖော်ပြထားသည်။
ယင်းအတွက်ကြောင့် တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်ဟူသော ဆောင်ပုဒ်ထားရှိ ဆောင်ရွက် နေခြင်း ဖြစ်သည် ဟု အယ်ဒီတာ က ရေးသားထားသည်။
မြဝတီ / မြဝတီသတင်းစာ အယ်ဒီတာ့အာဘော်
အဆိုပါအယ်ဒီတာ့အာဘော်သည် ၂၀၂၀၊ဧပြီလ၊(၂၅) ရက်နေ့ထုတ် မြဝတီသတင်းစာ တွင် “ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် ” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြထားခြင်းဖြစ်သည်။
အမျိုးသားရေး စိတ်ဓာတ်မရှိသူများနှင့် ပြည်ပသြဇာခံလိုသူများသည် တပ်မတော်ရှိနေခြင်းကို မနှစ်သက်ဘဲ တပ်မတော်အင်အား တောင့်တင်းသွားမည်ကို မလိုလားကြသည့်အပြင် တပ်မတော် ပြိုကွဲရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးပြုလျက်ရှိသည် ဟု မြဝတီအယ်ဒီတာ့အာဘော် က ဆိုသည်။
အမျိုးကိုမချစ်တတ်သော လူတန်းစားအချို့သည် ခေတ်အလိုက် ပေါ်ပေါက်ခဲ့ပြီး ဂျပန်ခေတ်တွင်စိန်ကြည်၊ အင်္ဂလိပ်ခေတ်တွင် ဂျစ်လေဒီဆို စသည့် အမျိုးသမီး လူတန်းစားအချို့ ပေါ်ပေါက်ခဲ့ ပြီးမျိုးချစ်စိတ် နည်းပါးသူများ၊ မျိုးချစ်စိတ်ကို တန်ဖိုးမထားသူများ၊ မျိုးချစ်စိတ်မရှိသူများ ပေါများသောနိုင်ငံသည် မည်သည့်နည်းနှင့်မျှ တိုးတက်နိုင်မည်မဟုတ် ဟု အယ်ဒီတာက ရေးသား ထားသည်။
တပ်မတော်က ထုတ်ဝေနေသည့် မြဝတီသတင်းစာသည် ၂၀၁၁၊ဧပြီလ၊(၁) ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပြီး မြဝတီဝက်ဘ်ဆိုဒ်ကို ၂၀၁၂၊သြဂုတ်လ၊(၃၁) ရက်နေ့တွင်စတင်လွှင့်တင်ခဲ့သည်။
ငြမ်းမီဒီယာ