အရက်ကြောင့် ဖြစ်သွားတာလေ . . .

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

pexels / ကျွန်တော်တို့လို မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်

တစ်ရွာတည်းသား ဆိုပေမယ့် သူကမြောက်ရွာ၊ ကျွန်တော်က တောင်ရွာလေ။ ကျွန်တော်တို့လိုက်သွားတော့ သမီးကို သူထမင်းကျွေးတယ်လေ။ ကျွန်တော်က အရက်သောက်တယ်။ အဲဒီမှာ …

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရေနံမကျေးရွာတွင် အသက်(၆)နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်မှု တစ်ခု ဖေဖေါ်ဝါရီ(၆)ရက်နေ့ညက ဖြစ်ပွားခဲ့သည်။ အဆိုပါအဓမ္မမှုကို ကျူးလွန်သူမှာ HIV ပိုးရှိသူတစ်ဦး ဖြစ်သည်ဟု ရေးသားပြောဆိုနေကြပြီး ပြုကျင့်ခံရသူ ကလေးငယ်သည် မကွေးဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရသည်။ ယင်းအခြေအနေနှင့် ပတ်သက်ပြီး ကလေး၏ ဖခင်ဖြစ်သူကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားပါသည်။ လက်ရှိတွင် အဓမ္မမှု ကျူးလွန်ခဲ့သည့် ဟိန်းမင်းဇာ(ခ)လက်ကောက် ကို ရေနံမနယ်မြေ ရဲစခန်းမှ (ပ)၄/ ၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။

ငြမ်းမီဒီယာ – ကလေးရဲ့ အခြေအနေက ဆေးရုံမှာ ဘယ်လိုရှိပါသလဲ။

ရွာကလှမ်းပြောလို့။ ဒီမှာဆေးလာလာယူတယ်လေ။ မကွေးက HIVဆေးရုံဆိုလား၊ အဲဒီမှာဆေးလာလာယူတယ်လို့ ပြောကြတယ်။ သမီးဆီမှာ အဲရောဂါကျန်မှာကြောက်လို့ပေါ့ဗျာ။ အခု …

ဖခင် – သမီးလေးက မနက်(၈)နာရီလောက်က အော်ပရေးရှင်း ဝင်တယ်လေ။ အဲဒါပြီးတော့ အောက်ဆီဂျင်ပေးထားတယ်။ အခုတော့ နည်းနည်းတော့ သက်သာလာပါပြီဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ခွဲစိတ်မှုတွေ လုပ်ရတယ်လို့လည်း ကြားတယ်။ အဲဒီအခြေအနေကရော ။

ဖခင် – ဟုတ်တယ်ဗျ။ လုပ်ရပါတယ်ဗျ။ အခြေအနေကောင်းပါတယ်လို့ ပြောကြတယ်။ ကျွန်တော်စိတ်ပူတာက ကျူးလွန်တဲ့သူက HIV ရှိတယ်ဆိုတာကို စိတ်ပူတာလေ။

ငြမ်းမီဒီယာ – ကျူးလွန်သူမှာ HIV ရှိတယ်ဆိုတာ ဘယ်လိုသိတာလဲ။

ဖခင် – ရွာကလှမ်းပြောလို့။ ဒီမှာဆေးလာလာယူတယ်လေ။ မကွေးက HIVဆေးရုံဆိုလား၊ အဲဒီမှာဆေးလာလာယူတယ်လို့ ပြောကြတယ်။ သမီးဆီမှာ အဲရောဂါကျန်မှာကြောက်လို့ပေါ့ဗျာ။ အခုကတော့ ဆေးတွေတိုက်ထားတာပဲ။

ငြမ်းမီဒီယာ – ကလေးကို HIV နဲ့ပတ်သက်တဲ့ ကျန်းမာရေး ဆေးစစ်မှုတွေ လုပ်ထားပြီလား။

ဖခင် – အဲဒါကို သူတို့က အရိပ်အမြွက်ပဲ ပြောတယ်လေ။ အတိအကျမပြောဘူး။ ဆေးတော့တိုက်တယ်။ မနက်(၈)နာရီနဲ့ ညနေ(၈)နာရီမှာတိုက်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှုဖွင့်ထားပြီလို့တော့ သိရတယ်။ ဘယ်လိုအခြေအနေကနေ စဖြစ်တာလဲ။

ဖခင် – ကျွန်တော်အရက်မူးသွားတာပေါ့။ တစ်ရွာတည်းသား ဆိုပေမယ့် သူကမြောက်ရွာ၊ ကျွန်တော်က တောင်ရွာလေ။ ကျွန်တော်တို့လိုက်သွားတော့ သမီးကို သူထမင်းကျွေးတယ်လေ။ ကျွန်တော်က အရက်သောက်တယ်။ အဲဒီမှာ ကျွန်တော်မူးပြီး အိပ်ပျော်သွားတယ်။ ကျွန်တော် အိပ်ပျော်သွားတုန်း သမီးကို မတော်တရော် လုပ်တယ်ပေါ့ဗျာ။ သမီးက မနက်ကျမှ ပြောတာ။ ကျွန်တော်လည်း မနက်မှ သိတယ်။ သိတဲ့အချိန် ရဲစခန်းကို တန်းဝင်သွားတိုင်တာပဲလေ။ မဖြစ်သင့်တာကို ပြောတာပါဗျာ။

ငြမ်းမီဒီယာ – အခုဖြစ်ခဲ့တဲ့ကိစ္စအတွက် မိဘတစ်ယောက်အနေနဲ့ ဘာပြောချင်လဲ။

ဖခင် – ကျွန်တော်ဘယ်တော့မှ အရက်မသောက်တော့ဘူး။ အရက်ကြောင့်ဖြစ်သွားတာလေ။ ကျွန်တော်အရက်မူးနေလို့ ဖြစ်သွားတာ။

ငြမ်းမီဒီယာ – အခုဖြစ်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်ပြီး သမီးလေးလို နောက်ထပ် ကလေးတွေ မဖြစ်ရအောင်နဲ့ ဒီလိုအဖြစ်အပျက်တွေ ထပ်မဖြစ်ရအောင် အခြားမိဘတွေကိုရော ဘယ်လို သတိပေးစကား ပြောချင်ပါသလဲ။

ဖခင် – ကျွန်တော်တို့လို မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ ကျွန်တော်တို့လို မဖြစ်ရအောင် အရက်မသောက်ကြပါနဲ့လို့ ပြောချင်တယ်။ ကျွန်တော့်လိုအမှားတွေ မမှားကြပါစေနဲ့လို့ ဆုတောင်းပါတယ်ဗျာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အစ်ကိုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။ ဖြေကြားပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ
ဖေဖော်ဝါရီ(၈)၊ ၂၀၁၈၊ ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,