အရင်းရှင်စိုက်ပျိုးမွေးမြူရေးနဲ့ COVID – 19 (သို့မဟုတ်) သေစေနိုင်လောက်တဲ့ အတွဲအစပ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

E&E News / ဆင့်ကဲဖြစ်စဉ်ဇီဝဗေဒပညာရှင် ရော့ဘ်ဝေါလေ့စ်

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးသည် ကမ္ဘာကိုကိုင်လှုပ်သောအဆင့်သို့ ရောက်ရှိစေခဲ့ပြီဖြစ်သည်။ သို့သော် ကပ်ရောဂါ၏ ဖွဲ့စည်းပုံ အကြောင်းရင်းများကို တိုက်ဖျက်ရမည့်အစား အစိုးရများသည် အရေးပေါ်အစီ အမံများအပေါ်တွင်သာ အာရုံစိုက်နေဆဲ ဖြစ်ပါသည်။

သို့ဖြစ်၍ ဂျာမန်ဆိုရှယ်လစ်မဂ္ဂဇင်းအတွက် ယက်ခ်ပတ်စ်က ဆင့်ကဲဖြစ်စဉ်ဇီဝဗေဒပညာရှင် (evolutionary biologist) တဦး ဖြစ်သူ ရော့ဘ်ဝေါလေ့စ် Rob Wallace နှင့် တွေ့ဆုံပြီး ကိုဗစ်နိုင်တင်း အန္တရာယ်၊ စိုက်ပျိုးစီး ပွားရေးလုပ်ငန်းများ၏ တာဝန် ယူမှုနှင့် ကူးစက်ရောဂါများတိုက်ဖျက်ရေးတွင် ရေရှည်တည်တံ့သည့် ဖြေရှင်း ချက်များ ရရှိရေးအကြောင်းတို့ ကို မေးမြန်းဖြစ်ခဲ့ ပါသည် ။ ရော့ဘ်ဝေါလေ့စ်သည် Big Farms Make Big Flu (Monthly Review Press, 2016) စာအုပ်ကို ပြုစုထား သည့် ပညာရှင်တဦးဖြစ်ပါသည်။ ၎င်းသည် ကပ်ရောဂါများနှင့် ယင်းတို့၏အကြောင်းရင်း များကို နှစ်ပေါင်းများစွာ သုတေသနပြုခဲ့သူ ပညာရှင်ဖြစ်ပါသည် ။

COVID – 19 က အခုမှ သူ့ရဲ့ ကပ်ရောဂါခရီးစဉ်ကို စတင်နေတာပါ။ ပြီးတော့ တုပ်ကွေးရောဂါနဲ့ မတူတာက၊ ကျနော်တို့မှာ …

မေး – ဒီဗိုင်းရပ်စ်သစ်က ဘယ်လောက်အထိ အန္တရာယ်ကြီးနိုင်ပါသလဲ ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရော့ဘ်ဝေါလေ့စ် – ဒီအချက်က ခင်ဗျားနေထိုင်ရာဒေသမှာ ကိုဗစ်နိုင်တင်း ပျံ့ပွားတဲ့အချိန် ခင်ဗျားနေ ထိုင်နေတဲ့နေရပ် ၊ ရောဂါရဲ့ အစောပိုင်းအဆင့်၊ အရှိန်မြှင့်အဆင့်နဲ့ နောက်ပိုင်းအဆင့် ဘယ်နေရာ တွေမှာရှိနေသလဲ ဆိုတာပေါ် မူတည်တယ်။ ကိုယ့်ဒေသရဲ့ လူထုကျန်းမာရေးတုံ့ပြန်မှုက ဘယ် လောက်ထိကောင်းလဲ၊ ခင်ဗျားတို့ဒေသလူဦးရေထူထပ်မှု၊ ခင်ဗျားအသက်အရွယ်၊ ကိုယ်က ဗိုင်းရပ်စ်ပိုးပြီးနိုင်တဲ့ အနေအထားလား၊ ခင်ဗျားရဲ့အတွင်းပိုင်းကျန်းမာရေး၊ ကိုယ့်မျိုးဗီဇက ဗိုင်းရပ်စ်နဲ့တွေ့တဲ့အခါ ခံနိုင်ရည် ရှိသလား မရှိသလားဆိုတာတွေအပေါ်မှာ မူတည်ပါတယ်။

ထရပ်ကား တွေနဲ့ အစားအစာတွေ အိမ်တိုင်ရာရောက်ပို့ပေးတာ၊ အလုပ်ကနေ ခွင့်ပေးတာ၊ အလုပ်လက်မဲ့ အာမခံတွေပေးတာတွေက …

မေး – ဒီလိုဆို ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ မလိုအပ်ဘဲချဲ့ကားပြောကြတာတွေက ချောက်လှန်တဲ့နည်းစနစ် တွေသပ်သပ်မျှပဲလား။

ရော့ဘ်ဝေါလေ့စ် – ဟုတ်ပါဘူး။ လူဦးရေအဆင့်လိုက် မှာ၊ ကိုဗစ်နိုင်တင်းဟာ သေဆုံးနှုန်း (၂) ရာခိုင်နှုန်းကနေ (၄) ရာခိုင်နှုန်း ကြားရှိတယ်။ ဒါက ဝူဟန်မြို့မှာစတင်ပျံ့ပွားစဉ်ကပါ။ ဝူဟန်ပြင်ပမှာတော့၊ သေဆုံးနှုန်းက (၁)ရာခိုင်နှုန်း သို့မဟုတ် အဲ့ဒီထက် လျော့မယ်။ ဒါပေမဲ့ အီတလီနဲ့ အမေရိကန်လိုနေရာတွေမှာ ဟိုမှာဒီမှာ နေရာစုံတိုးတက်ပျံ့ပွားခဲ့ပါတယ်။ ဒီနှုန်းက နှိုင်းယှဉ် ပြောရ ရင်၊ ဆိုပါစို့၊ SARS ရောဂါဖြစ်တုန်း က (၁၀) ရာခိုင်နှုန်း၊ ၁၉၁၈ အအေးမိရောဂါကပ်ဖြစ်တုန်းက (၅ – ၁၀) ရာခိုင်နှုန်း၊ H5N1 ဖြစ်တုန်း က (၆၀) ရာခိုင်နှုန်း၊ အီဘိုလာဗိုင်းရပ်စ်ပြန့်တုန်းက (၉၀) ရာခိုင်နှုန်း ရှိခဲ့တယ်။

COVID – 19 ကြောင့် လူ (၄) ဘီလီယံမှာ သေဆုံးနှုန်း (၁) ရာခိုင်နှုန်းပဲ ရှိတယ် ဆိုရင်တောင်၊ လူသန်း ၄၀ သေဆုံးတာပါပဲ …

ဒါပေမဲ့ COVID – 19 က ရာသီ တုပ်ကွေးကြောင့်သေဆုံးနှုန်း (၀ ဒဿမ ၁) ရာခိုင်နှုန်းထက်တော့ကျိန်းသေပေါက် ကျော်လွန် ပါတယ်။ အန္တရာယ် ဖြစ်တယ် ဆိုတာက သေဆုံးနှုန်းက အဓိကတော့ မဟုတ်ဘူးပေ့ါ။ penetrance or community attack rate လို့ ကျနော်တို့ခေါ်ကြတဲ့ သူ့ ထိုးဖောက်နှုန်းဒါမှမဟုတ် လူထုကိုတိုက်ခိုက်နှုန်းနဲ့ ကျနော်တို့ ရင် ဆိုင်တွက်ချက်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ ဘယ်လောက် များများကို ပျံ့ပွားနေသလဲဆိုတာပေါ့။

ဗိုင်းရပ်စ်တွေက ဘာ့ကြောင့် ပိုပြီးအန္တရာယ်ဖြစ် လာတယ်ဆိုတာကို နားလည်ဖို့ ရည်ရွယ်ချက် ရှိသူတိုင်းဟာ၊ စိုက်ပျိုးရေးလုပ်ငန်းမှာ စက်မှုစွမ်းအားသုံးမိုဒယ်ကို စူးစမ်းသင့်ပါတယ် …

မေး – ဒီထက်ပိုပြီး အသေးစိတ်ပြောလို့ရမလား။

ရော့ဘ်ဝေါလေ့စ် – ကမ္ဘာလုံးဆိုင်ရာခရီးသွားကွန်ယက် က စံချိန်တင်ချိတ်ဆက်မှုနဲ့ ဖြစ်နေတာပါ။ကိုရိုနာဗိုင်းရပ်စ်တွေ အတွက် ဘယ်ကုသဆေး၊ ပဋိဇီဝဆေးမှမရှိဘူး။ ဗိုင်းရပ်စ်ကို ပိုးပြီးတဲ့၊ခံနိုင်ရည်ရှိတဲ့ ဆေးဝါးမရှိဘူး ဆိုရင် (၁) ရာခိုင်နှုန်းသေနှုန်း ကလည်း အရေးကြီးတဲ့အန္တရာယ်တရပ်ပဲ။ တကယ်လို့ COVID – 19 ကြောင့် လူ (၄) ဘီလီယံမှာ သေဆုံးနှုန်း (၁) ရာခိုင်နှုန်းပဲ ရှိတယ် ဆိုရင်တောင်၊ လူသန်း ၄၀ သေဆုံးတာပါပဲ။ အရေအတွက်အများစုကြီးထဲက ကိန်းဂဏန်းသေးသေးလေးဟာလည်း အရေအတွက် များတာပါပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သွေးစည်းညီညွတ်မှုနဲ့ ဘုံလေးစားမှုရှိခြင်းတို့က ဒီလိုခြိမ်းခြောက်မှုတွေကို အတူတကွရင်ဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်စေပါတယ်။ လေ့ကျင့်ထားတဲ့ …

မေး – ဒါက ကြောက်စရာကောင်းတဲ့ အရေအတွက်လို့ ပြောနိုင်သလား။

ရော့ဘ်ဝေါလေ့စ် – အတိအကျပါပဲ၊ ကျနော်တို့က အခု ပျံ့ပွားမှုရဲ့ အစမှာပဲရှိနေသေးတယ်။ ကူးစက်မှုအသစ်တွေဟာလည်း ကပ်ဘေးတွေရဲ့ဖြစ်စဉ်မှာ ပြောင်းလဲသွားတတ် တယ်ဆိုတာကို နားလည်ဖို့အရေးကြီးပါတယ်။ မထိရောက် တော့မှု၊ သေစေနိုင်မှု (သို့မဟုတ်) ဒီနှစ်ခုစလုံး လျော့ပါးသွားတာလည်းရှိတယ်။ တဖက်မှာတော့ အခြားကပ်ရောဂါဖြစ်ပွားမှုတွေက အသေအဆုံး များတာဆီ အရှိန်တက်သွားတတ်တယ်။ ၁၉၁၈ ခုနှစ်နွေဦးမှာဖြစ်တဲ့ အအေးမိတုပ်ကွေး ရောဂါကပ်ဘေး influenza pandemic မှာ ပထမလှိုင်းအဆင့်မှာ ကူးစက်မှုနည်းသေးတယ်။ ဒုတိယလှိုင်းနဲ့ တတိယလှိုင်းဖြစ်တဲ့ ဆောင်းရာသီနဲ့ ၁၉၁၉ ခုနှစ် ထဲမှာတော့ လူသန်းနဲ့ချီသေဆုံးရပါတယ်။

မေး – ဒါပေမဲ့ ကပ်ဘေးလို့သတ်မှတ်တာကို သံသယရှိသူတွေက ငြင်းကြတာကတော့၊ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနဲ့ ကူးစက်ခံရနှုန်းက ပုံမှန်ဖြစ်နေကျရာသီတုပ်ကွေးထက် လူနာပိုနည်းတယ်တဲ့။ ဒါကို ဘယ်လိုမြင်ပါသလဲ။

ရော့ဘ်ဝေါလေ့စ် – ဒီပျံ့ပွားမှုက ပျက်စီးသွားခဲ့တယ်ဆိုရင်တော့ ဒီလိုပြောတာဟာ ပထမဆုံး ချီးကျူးစရာဖြစ်မယ်။ ဒါပေမယ့် တခြား ကပ်ရောဂါတွေကိုထည့်ပြော၊ အထူးသဖြင့် တုပ်ကွေးကို ထည့်ပြောပြီး COVID – 19 ကိုလည်း ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တရပ် မဟုတ်ဘူးလို့ ပယ်ချဖို့ ကြိုးစားချက်တွေဟာ လိမ်ညာမှုကိရိ ယာတခုမျှသာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ စိုးရိမ် ကြမှုကို လှည့်ဖျားဖို့သာဖြစ် ပါတယ်။

ယခင်က သစ်တောတွေရဲ့ ဂေဟဗေဒစနစ်တွေထဲမှာပဲ ထိန်းသိမ်းခံထားရာကနေ ၊ လွတ်မြောက် လာပြီး တကမ္ဘာလုံးကို ခြိမ်းခြောက်တော့တာ …

မေး – ဒါဖြင့် ရာသီတုပ်ကွေးနဲ့ ပတ်သက်လို့ နှိုင်းယှဉ်ကြတာက အားပျော့နေတယ်လို့ ပြောချင်တာလား။

ရော့ဘ်ဝေါလေ့စ် – ရောဂါဘယနှစ်ခုကို သူတို့ရဲ့ကပ်ဘေးဖြစ်ပုံ မတူခြားနားတဲ့အပိုင်းတွေမှာ နှိုင်းယှဉ်တာက အဓိပ္ပာယ် သိပ်မရှိပါဘူး။ ရာသီတုပ်ကွေးရောဂါဆိုရင် နှစ်စဉ် ကမ္ဘာတဝန်းလူသန်းပေါင်းများစွာကို ကူးစက်တယ်၊ လူတွေသေစေ တာလည်း WHO ခန့်မှန်းချက်အရ တနှစ်ကို ခြောက်သိန်းခွဲ ရှိတယ်။ ဒါပေမယ့် COVID – 19 က အခုမှ သူ့ရဲ့ ကပ်ရောဂါ ခရီးစဉ်ကို စတင်နေတာပါ။ ပြီးတော့ တုပ်ကွေးရောဂါနဲ့ မတူတာက၊ ကျနော်တို့မှာ ဘာကုသဆေး၊ လူအုပ်စုလိုက်ရောဂါပြီးမှုမှ မရှိဘူး ။ ဒါတွေက ကူးစက်မှုကို နှေးကွေးစေဖို့နဲ့ ထိခိုက်မှုအဖြစ်နိုင်ဆုံး လူစုတွေကိုကာကွယ်နိုင်ပါသေးတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မေး – ဆရာက ကပ်ဘေးတွေနဲ့ သူတို့ရဲ့အကြောင်းရင်း တွေကို နှစ်များစွာသုတေသနပြုလာခဲ့တယ်။ ဆရာ့ စာအုပ် Big Farms Make Big Flu မှာလည်း စက်မှုစွမ်းအားသုံး လယ်ယာ စိုက်ပျိုးရေးကျင့်ထုံးတွေ၊ အော်ဂဲနစ်လယ်ယာနဲ့ ကူးစက်ကပ်ဘေးတွေကြားက ဆက်စပ်မှုတွေကို ဆွဲယူပြဖို့ ကြိုးစားထားတယ်။ ဆရာ့အမြင်တွေက ဘယ်လိုမျိုးပါလဲ ။

ရော့ဘ်ဝေါလေ့စ် – ဗိုင်းရပ်စ်တွေ ဖြစ်ပေါ်မှုတိုးလာတာဟာ အစားအစာထုတ်လုပ်မှုနဲ့ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေရဲ့ အမြတ် ရယူမှုတွေနဲ့လည်း နီးနီးကပ်ကပ်ဆက်နွယ်နေပါတယ်။ ဗိုင်းရပ်စ်တွေက ဘာ့ကြောင့် ပိုပြီးအန္တရာယ်ဖြစ် လာတယ်ဆိုတာကို နားလည်ဖို့ ရည်ရွယ်ချက် ရှိသူတိုင်းဟာ၊ စိုက်ပျိုးရေးလုပ်ငန်းမှာ စက်မှုစွမ်းအားသုံးမိုဒယ်ကို စူးစမ်းသင့်ပါတယ်။ အထူးသဖြင့် မွေးမြူရေးကုန်ထုတ်လုပ်ငန်းမှာ ဖြစ် ပါ တယ်။ လက်ရှိမှာ အစိုးရနည်းနည်းနဲ့ သိပ္ပံပညာရှင် အနည်းငယ် လောက်ကပဲ ဒီလိုလုပ်ဖို့ ပြင်ဆင်ထားကြပါတယ်။ ကပ်ရောဂါဖြစ်ပွားမှုအသစ်တခုဖြစ်လာရင်၊ အစိုးရတွေ၊ မီဒီယာနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ အစည်းတွေကလည်း အရေး ပေါ်အခြေအနေတခုချင်းစီကိုပဲ အာရုံစိုက်ကြည့်ကြပြီး၊ လတ်တလောမှာ ဘေးရောက်နေသေးပေမဲ့ ရောဂါဖြစ်စေမယ့်ပစ္စည်းတွေကို၊ ဖြစ်စေတဲ့နောက်ကွယ်က အဆောက်အအုံဆိုင်ရာ အကြောင်းရင်းတွေ structural causes ကို ပယ်ချထားကြပါတယ်။

မေး – ဒါဆို ဒီကိစ္စအတွက် ဘယ်သူ့ကို အပြစ်တင်ရမလဲ။

ရော့ဘ်ဝေါလေ့စ် – စက်မှုစိုက်ပျိုးမွေးမြူရေးလုပ်ငန်း industrial agriculture လို့ ကျနော်ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ပိုကျယ်ပြန့်တဲ့ နောက်ခံနယ်ပယ်ရှိပါတယ် ။ အရင်း Capital ကို ရှေ့တန်းထားပြီး ကမ္ဘာတဝန်းမှာ ယာမြေနည်းနည်းပဲပိုင်တဲ့ လယ်သမား တွေရဲ့ မြေကို ရယူတာ၊ အခြေခံကျတဲ့သစ်တောတွေကိုရယူတာမှာ သုံးနေပါတယ်။ ဒီရင်းနှီးမြုပ်နှံမှုတွေက သစ်တောပြုန်းတာနဲ့ ရောဂါတွေဖြစ်ပေါ်လာရေးကို ဦးတည်စေတယ်။ ဒီလိုမြေတွေအများကြီးကို စက်မှုလယ်ယာအတွက်သုံးတာက အရင်က အထဲအောင်း ပိတ်ခံထားရတဲ့ ရောဂါပစ္စည်းတွေကို ဒေသဆိုင်ရာ မွေးမြူရေးသတ္တဝါတွေနဲ့ လူ့ရပ်ရွာတွေထဲ စိမ့်ဝင်လာစေပါတယ်။ အတိုချုပ် ရရင် အရင်းအနှီးတွေ အရင်းတွေရဲ့ ဗဟိုချက်တွေဖြစ်တဲ့ လန်ဒန်၊ နယူးယောက်၊ ဟောင်ကောင်တို့လိုနေရာတွေကို ရောဂါဘယ တွေရဲ့ အဓိကအခြေခံနေရာတွေအဖြစ် စဉ်းစားသင့်ပါတယ်။

မေး – ဒီကိစ္စမှာ ဘယ်လိုရောဂါဘယတွေအတွက် ပြောတာပါလဲခင်ဗျ။

ရော့ဘ်ဝေါလေ့စ် – ဒီနေရာမှာ အရင်းကနေကင်းလွတ် တဲ့ အရင်းမပါတဲ့ ရောဂါပစ္စည်း capital-free pathogens ဆိုတာ လုံးဝ မရှိပါဘူး။ အဝေးဆုံးကနေရာတောင်မှ ကူးစက် ခံခဲ့ရတာပါ။ အီဘိုလာ၊ ဇီကာ၊ ကိုရိုနာဗိုင်းရပ်စ်၊ yellow fever လို့ခေါ်တဲ့ လေထဲက ကူးစက်တဲ့ တုပ်ကွေးတွေ၊ အခြား အဲဒီလို avian influenzas တွေ နဲ့ African swine fever လိုမျိုးတွေဟာ နေရာ အမျိုးမျိုး ကိုရောက်ဖို့ လမ်းရှာနေကြပြီး၊ အဆုံးစွန်အားဖြင့် ကမ္ဘာလုံးဆိုင်ရာခရီးသွားကွန်ရက်ထဲ ဝင်ရောက်နေကြတယ်။ ကွန်ဂိုက လင်းနို့တွေကနေ မီယာမီမှာနေပူစာလှုံနေတဲ့သူတွေအထိကို ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သတ်နေပါတယ်။

မေး – ဒီဖြစ်စဉ်မှာ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိပါလဲ။

ရော့ဘ်ဝေါလေ့စ် – မြေကမ္ဘာဟာ ဒီနေရာမှာ ကမ္ဘာ့လယ်ယာမြေကြီးဖြစ်နေတယ်၊ ဇီဝအညစ်အကြေးတွေနဲ့ မြေကို အသုံးပြုထား မှု နှစ်ခုစလုံးမှာပါ။ စိုက်ပျိုးထုတ်ကုန်စီးပွားရေးက အစားအစာဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့ ပါ။ ပိုပြီးစက်မှု နည်းပညာ အဆင့်မြင့်တဲ့ နိုင်ငံတွေမှာ အခြေပြုတဲ့ကုမ္ပဏီတွေဟာ နီယိုလစ်ဘရယ်ပရောဂျတ်နဲ့ စုစည်းပြီး၊ အားနည်းတဲ့နိုင်ငံတွေဆီက ရင်းမြစ်တွေနဲ့ မြေယာတွေကို ခိုးယူဖို့ အုပ်စီးဖို့ ကြိုးစားလာကြတယ်။ ရလဒ်ကတော့ အဲဒီရောဂါပစ္စည်းအသစ်တွေဟာ ယခင်က သစ်တောတွေရဲ့ ဂေဟဗေဒစနစ်တွေထဲမှာပဲ ထိန်းသိမ်းခံထားရာကနေ ၊ လွတ်မြောက် လာပြီး တကမ္ဘာလုံးကို ခြိမ်းခြောက်တော့တာပါပဲ။

မေး – နိုင်ငံတခုမှာ ဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိလိုက်တာနဲ့၊ နေရာအနှံ့က အစိုးရတွေဟာ အာဏာရှင်ဆန်တဲ့ အပြစ်ပေး အရေးယူ မှု ဆန်တဲ့ ဥပဒေတွေဖြစ်တဲ့၊ နေရာဒေသတွေတခုလုံးကို ကွာရင်တင်းချ ပိတ်ဆို့တာ၊ မြို့တွေနယ်မြေတွေကို ပိတ်ဆို့တာတွေ လုပ်လာကြ ရပါတယ်။ ဒီလို အတင်းအကြပ် လုပ်ဆောင်ရတာတွေ ဟာ တရားမျှတပါရဲ့လား။

ရော့ဘ်ဝေါလေ့စ် – သွေးစည်းညီညွတ်မှုနဲ့ ဘုံလေးစားမှုရှိခြင်းတို့က ဒီလိုခြိမ်းခြောက်မှုတွေကို အတူတကွရင်ဆိုင်ရာမှာ ပူးပေါင်း ဆောင်ရွက်မှုကို ဖြစ်စေပါတယ်။ လေ့ကျင့်ထားတဲ့တပ်တွေနဲ့ သင့်တော်တဲ့စစ်ဆေးမှုတွေ၊ ထောက်ပံ့မှုတွေကို Self-quarantines လုပ်တာတွေကို ပေးတာ၊ ထရပ်ကား တွေနဲ့ အစားအစာတွေ အိမ်တိုင်ရာရောက်ပို့ပေးတာ၊ အလုပ်ကနေ ခွင့်ပေးတာ၊ အလုပ်လက်မဲ့ အာမခံတွေပေးတာတွေက ဒီလိုပူးပေါင်းဆောင်ရွက်မှုကို ဖြစ်ထွန်းစေပါတယ်။

ဖြေကြားပေးတာ အထူး ကျေးဇူးတင်ပါတယ် ဆရာရော့ဘ် ဝေါလေ့စ်ခင်ဗျား။

Source – Marx21

Capitalist agriculture and Covid-19: A deadly combination ကို မြန်မာဘာသာသို့ ပြန်ဆိုသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,