Edmond Yu / ရန်ကုန်မြစ်တစ်နေရာ
နိုင်ငံတော် အရန်ရိက္ခာအဖြစ် ဆန်နှင့် စားအုန်းဆီ ဝယ်ယူရန် ငွေကျပ် (၃၈) ဘီလီယံ ခွင့်ပြုချက် ရရှိပြီးဖြစ်သည်။
အဆိုပါ ငွေကျပ် (၃၈) ဘီလီယံဖြင့် ဆန်တန်ချိန် (၅၀၀၀၀) နှင့် စားအုန်းဆီ တန်ချိန် (၁၂၀၀၀) ဝယ်ယူရန် ဖြစ်သည်ဟု နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မန္တလေးတိုင်း ဒေသကြီး ကုန်သည်လုပ်ငန်းရှင်များ ဆွေးနွေးပွဲ သတင်း ထုတ်ပြန်ချက် အရ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ အခြေခံ လူတန်းစားများသို့ ကုန်စည် ဖြန့်ဖြူးရာ တွင် အဆင်ပြေ ချောမွေ့စေရေးဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုနှုန်း မြင့်တက်လာပါက အရေးပေါ်ရိက္ခာအဖြစ် အဓိကကျသည့် ဆန်နှင့် ဆီကို ဝယ်ယူရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဧပြီလ၊(၂၂)ရက်နေ့ ၈:၀၀ PM သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID – 19 ရောဂါပိုးတွေ့ရှိသူ (၁၂၃) ဦး ရှိပြီဖြစ်သည်။
ငြမ်းမီဒီယာ