အလုပ်ထွက်ပြီးမှပဲ ကျောင်းလာတက်ရမယ့်ပုံစံ ဖြစ်နေတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MTT / ဖဲကြိုးနီ ကျောင်းသားလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ်

အလုပ်လျှောက်တဲ့အခါ ပညာ အရည်အချင်းနေရာမှာ အဝေးသင် ဘယ်နှစ် ပေါ့လေ။ ထည့်တဲ့ အခါ အလုပ်ရှင်တွေက အလုပ်မခန့်ချင်တဲ့ ပြသနာတွေ ကြုံရတယ်။ ဘာ ကြောင့်လဲဆိုတော့ ကျောင်း တက်နေဆဲ ကျောင်းသားသည် …

အဝေးသင် ဝိဇ္ဇာဘာသာရပ် အထူးပြုကျောင်းသားများအား ယခင်က (၁၀) ရက် အနီးကပ် သင်တန်း တစ်ကြိမ်သာ ခေါ်ယူခဲ့ ရာမှ ယခုအခါ မေလတွင် တစ်ကြိမ်၊ အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင်တစ်ကြိမ်၊(၂)ကြိမ်ခွဲ တက်ရောက် ရမည်ဟု အဆင့်မြင့် ပညာဦးစီးဌာနက ထုတ် ပြန်ခဲ့ပြီးနောက် အဆိုပါ စနစ်သစ်သည် အဆင်မပြေကြောင်း အဝေး သင်ကျောင်းသား များက ကန့်ကွက် မှု များ ပြုလုပ်နေကြသည်။အဆိုပါစနစ်သစ်ကို အဝေးသင်ကျောင်းသားများ ကန့်ကွက်ရသည့် အကြောင်းအရင်းနှင့် ပတ်သက် ပြီး ကန့်ကွက်မှုများ ပြုလုပ်ကြမည့် `ဖဲကြိုးနီ ကျောင်းသား လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုမင်းသွေးသစ်ကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်း ထားပါသည်။

ငြမ်းမီဒီယာ – ဖဲကြိုးနီ ကျောင်းသားလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဘယ် သူတွေနဲ့ ဖွဲ့စည်းလိုက်တာလဲ။

MTT – ကော်မတီကို အားလုံးပေါင်း (၁၅) ယောက်နဲ့ မနေ့က ဖွဲ့ လိုက်ပါတယ်။ မနေ့က အစည်းအဝေး လာတက်တာက နယ် ကျောင်းသားတွေလည်း ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား သမဂ္ဂက အဝေးသင် တာဝန်ခံတွေရယ်၊ စိတ်ပါဝင်စားပြီး အကူအညီ ပေးနိုင်တဲ့၊ အချိန်ပေးနိုင်တဲ့ တသီးပုဂ္ဂလ ကျောင်းသားကျောင်းသူတွေ ပါတယ်။ နောက်ပြီးတော့ သမဂ္ဂမဟုတ်တဲ့ အဝေးသင် ကျောင်း သား အဖွဲ့အစည်းတွေလည်း ပါပါတယ်။ နယ်စုံမှာရှိတဲ့ ကျောင်းသား တွေ စုပေါင်းပြီးတော့ ကျွန်တော်တို့ ဖွဲ့လိုက်တာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကော်မတီက ဘာတွေ အဓိက လုပ်ဆောင်သွားမှာလဲ။

MTT – အဓိကကတော့ အခုလက်ရှိမှာ အဝေးသင်အနီးကပ်ကို (၂) ပိုင်းခွဲပြီး (၅) ရက်စီ တက်နေရတဲ့ ကိစ္စ။ အလုပ်တစ်ဖက်နဲ့ တက်ရတဲ့ ကျောင်းသားတွေ အဆင်မပြေဘူးပေါ့။ အဲဒီဥစ္စာကို ပညာရေးဝန်ကြီး ဌာနနဲ့ အစိုးရကို တင်ပြပြီးတော့ ဒီစနစ်သစ်အရ (၂) ကြိမ်ခွဲတက် မယ်ဆိုရင် အလုပ်တဖက်နဲ့ ကျောင်းသားတွေက ကျောင်းထွက်ရမယ့် အခြေအနေလို ဖြစ်လာနိုင်တယ် ဆိုတာ စာတင်ပြီး တောင်း ဆိုမယ်။ အကယ်၍ စာတင်ရုံနဲ့ မလုံလောက်ဘူးဆိုရင် ကျောင်းသားကျောင်း သူတွေရဲ့ ကန့်ကွက်လက်မှတ်တွေ ကောက်ခံပြီးတော့ အဲဒီလက် မှတ်တွေနဲ့ ပူးတွဲထပ်တင်မယ်။ ကျွန်တော်တို့ လမ်းကြောင်း အမျိုးမျိုး တော့ လုပ်ဖို့ စီစဉ်ထားပါတယ်။

အဝေးသင်ပညာရေး စနစ်မှာလည်း အားနည်းချက်တွေ၊ ချို့ယွင်း ချက်တွေ အများကြီး ရှိနေတဲ့အခါမှာ ဒါတွေကိုလည်း ပြုပြင်ပြောင်း လဲချင်တဲ့အတွက် ဦးဆောင် ကော်မတီ ကို ဖွဲ့စည်းရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ …

နောက်တစ်ခုက ကျွန်တော်တို့က (၅) ရက်ကို (၂) ကြိမ်တက်ရတဲ့ ကိစ္စတစ်ခုတည်း မဟုတ်ဘဲနဲ့ အဝေးသင် ကျောင်းသားတွေရဲ့ ကိစ္စ၊ မနေ့က အစည်းအဝေး ဆုံး ဖြတ်ချက်အရ ဆိုရင် တက်လာတဲ့ ကျောင်းသားတွေအားလုံးက ကော်မတီကို Mandate အပ်နှင်း တာက ဘာတွေလဲဆိုတော့ အဝေး သင်ကျောင်းသားတွေရဲ့ အဆင်မပြေတဲ့ ကိစ္စတွေ၊ ကျောင်းအပ်ရာ မှာ စာရေးမတွေအော်ငေါက် တာ ခံနေရတာ၊ နောက်တစ်ခါ စာစဉ် တင်တဲ့အခါမှာ စာနဲ့ နီးကပ်မှုမရှိတဲ့အခါ မှားပြီး တင်မိတာတွေ၊ နောက်တစ်ခု ကတော့ စာမေးပွဲဖြေတဲ့ကာလမှာ နယ်ဝေးကျောင်း သားတွေအတွက် အဆောင်မရတဲ့ ကိစ္စတွေ၊ စာနဲ့ ထိတွေ့မှု မရှိတဲ့ အခါ ပြင်ပ ကျူရှင် တွေကိုပဲ ဈေးကြီးပေး တက်နေရတယ်ပေါ့ လေ။ အဲဒီဥစ္စာကို ပြင်ပကျူရှင် တက်စရာမလိုအောင် တစ်လ စနေ၊ တနင်္ဂနွေမှာ ဝိဇ္ဇာတွဲတွေကိုရော သင်လို့မရဘူးလားဆိုတဲ့ ဟာမျိုး တွေကိုပါ တင်ပြလာတယ်။ အဲဒီကိစ္စတွေကိုလည်း ဖြေရှင်းပေးနိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။

ငြမ်းမီဒီယာ – (၂) ကြိမ်ခွဲတက်ရမယ်ဆိုတာ သက်ဆိုင်ရာ ကျောင်းတွေကို တရားဝင် အကြောင်းကြားစာ ထုတ်ပြန်လိုက်ပြီလား။

MTT – နယ်က တချို့ကျောင်းတွေမှာ စာထုတ်လိုက်ပါပြီ။ ကျွန်တော် တို့ Online Campaign စ လုပ်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပါပဲ။ အခု နောက်ထပ်သတင်းတစ်ခု ထပ်တက်လာ တာ ကတော့ အဲဒီဥစ္စာက ဒီနှစ်မှ စတက်မယ့် ပထမနှစ်တွေအတွက်ပဲ အကျုံးဝင်တယ်၊ သက်ရောက်တယ်လို့ ကျွန်တော်တို့ ထပ်သိရတယ်။ ဒါပေမဲ့ တကယ် တမ်းကျတော့ နောက်နှစ် ကျရင် ဒီ ပထမနှစ်တွေ ဒုတိယနှစ်ရောက် တဲ့ အချိန်ကျရင် စနစ်ကြီးက အသားသေပြီး ဖြစ်သွား မှာပဲဆိုတော့ ဒီစနစ်ကို ပထမနှစ် လာတက်တဲ့ ကျောင်းသားတွေ ကိုယ်တိုင်က လည်း အဆင်မပြေဘူးလို့ ပြောတယ်။ ဘယ်နှစ်မှ အဆင်မပြေဘူးလို့ ပြောရမှာပေါ့။ နောက်တစ်ခုက တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား တွေအတွက် Page တစ်ခုထောင် ထားတယ်။ အဲဒီ Page မှာ တစ်နိုင်ငံလုံး မှာရှိတဲ့ ကျောင်းသား တွေ ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို Page ထဲမှာ ကိုယ်တိုင်လာရေးပြီးတော့ အဲဒီ အချက်အလက် တွေကို စုဆောင်းပြီး အဝေးသင်ပညာရေးနဲ့ ပတ်သက်တဲ့ စစ်တမ်း တစ်စောင် ထုတ်ဖို့လည်း စီစဉ်နေပါတယ်။

ငြမ်းမီဒီယာ – အဝေးသင်ပါချုပ်ဆီကိုရော စာပေးပို့ မေးမြန်းတာ၊ တင်ပြ တောင်းဆိုတာ လုပ်ဖို့ရှိလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

MTT – ဒီရက်ပိုင်းအတွင်းမှာ ပညာရေးဝန်ကြီးဌာန၊ သို့မဟုတ် အဝေးသင်ဦးစီးဌာနကို စာတင် ပြီးတော့ ဦးဆောင်ကော်မတီအနေနဲ့ လက်မှတ်ထိုး မေးမြန်းသွားမှာပါ။ စနစ်သစ်အရ ကျောင်းသား ကျောင်းသူတွေ အဆင်မပြေဘူးဆိုတာ စာတင် ကန့်ကွက်သွားမှာပါ။

ငြမ်းမီဒီယာ – ဖဲကြိုးနီ ကျောင်းသားလှုပ်ရှားမှုကရော ဘယ်တော့ စတင် မှာလဲ။

MTT – ကျွန်တော်တို့ ဒီရက်ပိုင်းအတွင်းပဲ လုပ်မှာပါ။ အခုက နယ် ကျောင်းသားတွေ က မနေ့က အစည်းအဝေးတက်ပြီး အသီးသီး နယ်ပြန်သွားကြတယ်ဆိုတော့ ဒီညလောက်မှ သူတို့အိမ်တွေ ပြန် ရောက်ကြမယ်ပေါ့လေ။ အွန်လိုင်းပေါ်မှာ အစည်းအဝေးလုပ်ပြီး၊ တစ်ယောက်နဲ့တစ်ယောက် ဖုန်းတွေနဲ့ ဆက်သွယ်ပြီး စာရေးတင် ဖို့ဟာကို အရင်တိုင်ပင်ပြီးမှ ဖဲကြိုးနီ ကျောင်းသားလှုပ်ရှားမှု ဘယ် နေ့သွားမယ်ဆိုတာ ကျွန်တော်တို့ တိုင်ပင်မှာပါ။

ငြမ်းမီဒီယာ – အဝေးသင် အနီးကပ် (၂) ကြိမ်တက်ရတာဟာ ကျောင်းသား တွေအတွက် ဘယ်လိုဆိုကျိုးတွေ ဖြစ်စေသလဲ။

MTT – အဝေးသင်ကျောင်းသားတွေ ကြုံတွေ့နေရတာက ကျောင်းတက်ဆဲ ကျောင်းသားတွေ က ပြင်ပမှာ အလုပ်လျှောက်တဲ့အခါ ပညာ အရည်အချင်းနေရာမှာ အဝေးသင် ဘယ်နှစ် ပေါ့လေ။ ထည့်တဲ့ အခါ အလုပ်ရှင်တွေက အလုပ်မခန့်ချင်တဲ့ ပြသနာတွေ ကြုံရတယ်။ ဘာ ကြောင့်လဲဆိုတော့ ကျောင်း တက်နေဆဲ ကျောင်းသားသည် တစ်နှစ် တစ်ခါ စာမေးပွဲဖြေဖို့ ရက်ရှည် ခွင့်ပေး ရတော့မယ် ဆိုတဲ့ဟာမျိုး။ အဝေးသင် ကျောင်းသားတွေရဲ့ အလုပ် ရရှိမှုက လည်း အဝေးသင်ဘွဲ့ ဆိုရင် သိပ်အဆင်မပြေ ဘူးပေါ့ လေ။ ကျောင်းတက်နေတဲ့ ကျောင်း သားတွေဆိုရင် သိပ္ပံတွဲ ဖြစ်ဖြစ်၊ ဝိဇ္ဇာတွဲ ဖြစ်ဖြစ်၊ သိပ္ပံတွဲဆို လည်း စနေ တနင်္ဂနွေ အပတ် တိုင်း သွားတက်ရတဲ့ အခါမှာ တချို့ Over Time ဆင်းရတဲ့ အလုပ်တွေ ပျက်ကွက်တဲ့အခါ အလုပ်ထုတ်ခံရ တယ်။ ဝိဇ္ဇာတွဲ ကျောင်းသားတွေဆိုလည်း (၁၀) ရက် ဆက်တိုက်ကြီး ခွင့် တင် ရတဲ့ အခါမှာလည်း အလုပ်ရှင် ငြိုငြင်မှု ခံရတယ်။

အဝေးသင်ကို ဖျက်ချလိုက်ပြန်ရင်လည်း ငွေရေးကြေးရေး အဆင်မပြေ တဲ့သူတွေ၊ ဆယ်တန်း အောင်ပြီး အလုပ်တဖက်နဲ့ ကျောင်းတက် တဲ့သူတွေအတွက် တော်တော်များများ စီစဉ်ရမယ် …

အဲဒီကြားထဲ အခုလို (၅) ရက် နှစ်ခါ ခွဲတက်ရတဲ့ အခါမှာ စာသင်နှစ် တစ်နှစ် ကို ခွင့်နှစ်ကြိမ် ယူရတော့မယ့် ပုံစံဖြစ်လာတယ်။ အိမ်ကနေ ကျောင်းကို အေးအေးဆေးဆေး သွားတက်ရတဲ့ နေရာမျိုးမှာမသိသာဘူး ပြောလို့ ရပေမယ့် နယ်ဝေးကျောင်းသားတွေ အနေနဲ့ ရွာတွေ မှာနေရတဲ့၊ ဒါမှမဟုတ် တခြားနယ်တွေမှာ သွားလုပ်နေရတဲ့ ရွှေ့ ပြောင်း အလုပ်သမားတွေလည်း ရှိနေ တယ်။ သူတို့တွေ အနေနဲ့ ကိုယ့်နေရာကို ပြန်လာပြီး အဆောင် ငှါးနေပြီး တက်ရတာ ဆိုတော့ အလုပ်ထွက်ပြီးမှပဲ ကျောင်းလာ တက် ရမယ့်ပုံစံ ဖြစ်နေတယ်။ ဒီသတင်း ထွက်လာပြီး နောက်ပိုင်းမှာ အလုပ်ရှင် တချို့ကလည်း အဲလိုဆိုရင် လက်မခံဘူး၊ အလုပ်ဖြုတ် ပစ်မှပဲ ရမယ်ဆိုတာ မျိုး ပြောတာ ကြုံလာရတယ်လို့ မနေ့က အစည်းအဝေးကို လာတက်တဲ့ ကျောင်းသားတချို့က ပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခု (၂) ကြိမ်တက်ရမယ့် စနစ်သစ်အပေါ် ကျောင်းသားထု ဘက်ကရော ဘယ်လို သဘော ထားပေးကြလဲ။

MTT – ကျောင်းသားထုဘက်ကတော့ ဒါမျိုးဆို အဆင်မပြေဘူး ပေါ့။ နောက်တစ်ခု က အဝေးသင် ပညာရေးစနစ်ကို တကယ် Quality ကောင်းတဲ့ ပညာရေးစနစ်ဖြစ်ဖို့ ကျောင်းသား ကျောင်းသူတွေ လည်း Day ကျောင်းသားတွေနည်းတူ စာနဲ့အထိ အတွေ့များပြီးတော့ အနည်းဆုံးတော့ ကိုယ့်ရဲ့ မေဂျာက ဘာတွေသင်တယ်ဆိုတာ နှံ့နှံ့ စပ်စပ် သိနေဖို့ ဖြစ်သင့် တယ်ပေါ့။ ကျောင်းတက်ရက်ကို ပြင်တာ ထက် ပညာရေးစနစ်ကြီး တစ်ခုလုံးကို ပြန်စဉ်းစားပြီး ဘာတွေ လို အပ်နေတယ်၊ ဒီထက် ကောင်းအောင် ဘာတွေ လုပ်သင့်တယ်ဆိုတာ ပညာရှင် တွေ၊ ကျောင်းသားကျောင်းသူတွေရဲ့ အကြံဉာဏ်နဲ့ အစိုးရ က သေချာစဉ်းစား သင့်တယ်လို့ မနေ့က အကြံပြုကြပါတယ်။

ငြမ်းမီဒီယာ – အဝေးသင်ပညာရေးစနစ်ကိုက အားနည်းချက်တွေရှိနေတယ်၊ မကောင်းတော့ဘူး၊ မရှိသင့်တော့ဘူးဆိုတဲ့ ဝေဖန်မှုတွေ အပေါ်မှာ ရော ဘယ်လိုမြင်လဲ။

MTT – အရင်တုန်းက လုပ်သားကောလိပ်တို့၊ သက်ကြီးတက္ကသိုလ်တို့ ရှိတယ်။ ဒါပေမဲ့ အခုအခြေအနေက လုပ်သားကောလိပ် ပြန် ဖွင့်ပေးပါလို့ တောင်းဆိုလို့လည်း မရဘူး။ ဘာလို့လဲဆိုတော့ နယ် မှာရှိနေတဲ့ ကျောင်းသားတွေ အတွက်က လုပ်သားကောလိပ် ညပိုင်း တက်ဖို့အတွက်ကို အဆင်မပြေဘူး။ သူတို့က နဂိုကတည်းက စာမေးပွဲဖြေချိန် မြို့တက်လာပြီး တက္ကသိုလ် အနီးဝန်းကျင်မှာ အဆောင်ငှါးနေပြီး တက်ရတဲ့ အခြေအနေဖြစ်တဲ့ အတွက် မြို့မှာနေ တဲ့ ကျောင်းသားတွေလို ညဘက်တက်ဖို့အဆင်မပြေဘူး။ တက္ကသိုလ်တွေ တော်တော် များများကလည်း မြို့ပြင်တွေမှာဆိုတော့ သက်ကြီးတက္ကသိုလ် အဆင် မပြေနိုင် ဘူး။ ဒီပညာရေး စနစ်ကြီး တစ်ခုလုံး မရှိသင့်တော့ဘူးဆိုတာတော့ မှန်တယ်။ ဒါပေမဲ့ အဝေးသင်ကို ဖျက်ချလိုက်ပြန်ရင်လည်း ငွေရေးကြေးရေး အဆင်မပြေ တဲ့သူတွေ၊ ဆယ်တန်း အောင်ပြီး အလုပ်တဖက်နဲ့ ကျောင်းတက် တဲ့သူတွေအတွက် တော်တော်များများ စီစဉ်ရမယ်။ အဝေးသင် ကျောင်းသားဦးရေက တနိုင်ငံလုံး ကျောင်းသားဦးရေရဲ့ (၇၀) ရာခိုင် နှုန်းရှိတယ် လို့ ပညာရေးတာဝန်ရှိသူတွေက အင်တာဗျူးတွေမှာ ဖြေ ထားတာ ဖတ်ရပါတယ်။ စနစ်ကြီး တစ်ခုလုံး ဖျက်လိုက်ရင် အဲဒီ (၇၀) ရာခိုင်နှုန်းသော ကျောင်းသား ကျောင်းသူတွေရဲ့ ပညာ သင်ခွင့်ကို ပိတ်ပင်သလို ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့က ဒါကို မကြိုက် ဘူးဆိုရင် ဒီထက်ကောင်း အောင် ဘယ်လိုလုပ်မလဲဆိုတာကို သွား သင့်တယ်။ ဒါမှပဲ ပြဿနာ ကို အပြုသဘောဆောင်တဲ့ ဖြေရှင်းနည်း လို့ မြင်ပါတယ်။

ငြမ်းမီဒီယာ – ဖြည့်စွက်ပြောဆိုချင်တာရှိရင် ပြောပါဦး။

MTT – ကျွန်တော်တို့ အနေနဲ့ကတော့ သက်ဆိုင်ရာ သမဂ္ဂ အသီးသီးမှာလည်း အဝေးသင်နဲ့ သက်ဆိုင်တဲ့ တာဝန်၊ ဒါမှမဟုတ် တခြား တာဝန်တွေ ယူထားပါတယ်။ အခုကိစ္စကတော့ အဝေးသင်ကျောင်း သားတွေလည်း တက္ကသိုလ် ကျောင်းသား ကျောင်းသူ တွေ ဖြစ်တဲ့ အတွက် ကျွန်တော်တို့က ကျောင်းသားထု အကျိုးကို ဆောင်ရွက်တဲ့ အနေနဲ့ပါ။ သူတို့ကိုယ်တိုင် က လည်း သမဂ္ဂကို ဆက်သွယ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အကြိမ်ကြိမ်တောင်းဆိုလာတာ ဖြစ်တဲ့ အတွက်ပါ။ အဝေးသင်ပညာရေး စနစ်မှာလည်း အားနည်းချက်တွေ၊ ချို့ယွင်း ချက်တွေ အများကြီး ရှိနေတဲ့အခါမှာ ဒါတွေကိုလည်း ပြုပြင်ပြောင်း လဲချင်တဲ့အတွက် ဦးဆောင် ကော်မတီ ကို ဖွဲ့စည်းရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဝေးသင် ပညာရေး စနစ် အတွက် အဖြေတစ် ခုရတဲ့အထိ ကျောင်းသားကျောင်းသူတွေရဲ့ အကျိုးကို ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,