အလုပ်မလုပ်ရလို့ စားဝတ်နေရေး ခက်ခဲနေတဲ့သူတွေကို ပေးမှာပါ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

လူဦးရေအားဖြင့် သုံးသိန်းခုနှစ်သောင်းကျော်ကို ပေးအပ်ခဲ့တယ်။ သို့သော်လည်းပဲ အကြောင်း အမျိုးမျိုး ကြောင့် စာရင်းတွေကျန်တာနဲ့ မရသေးတဲ့ လူတွေလည်း ရှိခဲ့တယ် …

အခြေခံလူတန်းစားများပြားသည့် လှိုင်သာယာမြို့နယ်တွင် ကိုဗစ်ကာလ အတွင်း စားဝတ်နေရေး အခက်အခဲ ရှိနေသူများအား မျှဝေ မည့် အစီအစဉ် အား ဧပြီလ (၅)ရက်နေ့တွင် ပြုလုပ်ရန် လျာထားသော် လည်း ထုပ်ပိုး ပြင်ဆင်နေမှု အချိန် အခက်အခဲ ကြောင့် ဧပြီလ(၆)ရက်နေ့တွင်သာ ပေးဝေတော့ မည် ဟု ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ က ပြောပါတယ်။ လှိုင်သာယာမြို့နယ်ရှိ အခြေခံလူတန်းစာများအား ပေးဝေလှူဒါန်းမှုအခြေအနေများနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းထားပါတယ်။

YGH / လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ

ငြမ်းမီဒီယာ – လှိုင်သာယာမြို့နယ်မှာ ပြုလုပ်နေတဲ့ အခြေခံလူတန်းစားတွေကို ပေးဝေလှူဒါန်းမှု အခြေအနေကို ပြောပြပေးပါဦး။

UMMT – လှိုင်သာယာအတွင်းမှာ ရှိနေတဲ့ အနှေးယာဉ်လုပ်သား (၂၅၀) ကို သုံးရောင်ခြယ် ပြည်သူ့အကျိုးပြု ကွန်ရက်ကနေ ပြီးတော့ ဒီနေ့ လာလှူသွားတယ်။ နောက်တစ်ခုက နိုင်ငံတော်က လှူဒါန်းတဲ့အစီအစဉ်မှာ အကြောင်းအမျိုးမျိုးကြောင့် မရရှိခဲ့ တဲ့သူတွေ ရှိ တယ်။ အဲဒီလူတွေကို ကျနေ်ာတို့ လှိုင်သာယာမြို့နယ်မှာ COVID -19ကာကွယ် ထိန်းချုပ်ရေး ကော်မတီဆိုတာ ရှိတယ်။ ဒီကော်မတီ ကို အများပြည်သူက လှူဒါန်းထားတဲ့ အရာတွေကို စုစည်းပြီးတော့ ဒီလှိုင်သာယာမှာ ရှိတဲ့ အခြေခံ အိမ်ထောင်စု ရှစ်ထောင်ကျော် ကို ပြန်လည် လှူဒါန်းဖို့ လုပ်နေပါပြီ။ နိုင်ငံတော်က ပေးအပ်တဲ့ (၅) မျိုးမှာ ကျနော်တို့ လှိုင်သာယာ မှာ ရှစ်သောင်းကျော် ပေးခဲ့တယ်။ လူဦးရေအားဖြင့် သုံးသိန်းခုနှစ်သောင်းကျော်ကို ပေးအပ်ခဲ့တယ်။ သို့သော်လည်းပဲ အကြောင်း အမျိုးမျိုးကြောင့် စာရင်းတွေကျန်တာနဲ့ မရသေးတဲ့ လူတွေလည်း ရှိခဲ့တယ်။ အဲဒီလူတွေအတွက် လှိုင်သာယာမြို့နယ်မှာရှိတဲ့ COVID -19ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေနဲ့ ကျနော်တို့ကော်မတီကို လှူဒါန်းထားတဲ့ လှူဒါန်းမှုအစုစုတွေကို ပြန်လည် ပေါင်းစုပြီး အခြေခံပြည်သူတွေအတွက် ပေါ့ ။ဒါပေမယ့် အားလုံးတော့ မဟုတ်ဘူးပေါ့ဗျာ။ အဲဒီတော့ လက်ခံရရှိထားတဲ့ အလှူတွေကို ပြန်လည်ခွဲဝေပေးအပ်သွားဖို့ပါ။ အဲဒီမှာ စောစောက ကျနော်ပြောခဲ့တဲ့ နိုင်ငံတော်က ပေးအပ်တာ မရခဲ့တဲ့သူတွေပေါ့။ အဲဒီမှာ မှ နှစ်ပိုင်း ရှိပါတယ်။ တချို့လူတွေက နိုင်ငံတော်က ပေးတာပဲ ငါတို့လည်း လိုချင်တယ် ဒါမျိုးတွေ ရှိတယ်။ သို့သော် ကျနော်တို့ ပေးတာသည် ဒီကာလအတောအတွင်းမှာ အလုပ်မလုပ်ရလို့ စားဝတ်နေရေး ခက်ခဲနေတဲ့သူတွေကို ကျနော်တို့ ပေးမှာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMMT / လှူဒါန်းမှု အား လာရောက် ထုတ်ယူသည့် လှိုင်သာယာမြို့နယ်ရှိ အနှေးယာဉ်လုပ်သားများ

အခုဟာ က အဲဒီ မရတဲ့ သူတွေအတွက် ဒီဟာကို စီစဉ်ပေးတာပါ။ ကျနော်ပြောချင်တာက ဗျာ အခုကျနော်တို့ ထပ်ပေး တယ် ကျန်ခဲ့ကောင်း ကျန်ခဲ့နိုင်တဲ့ သူတွေ ရှိဦးမှာ …

ငြမ်းမီဒီယာ – ဘယ်နေ့ လောက်ဝေမျှမှုအစီအစဉ်ကို စဖြစ်မှာလဲ။

UMMT – ကျနော်တို့ ဒီနေ့ (ဧပြီ၊၄) စာရင်းတွေ တောင်းတယ်။ တောင်းတော့ ရပ်ကွက်အတော်များများက စာရင်းတွေအများကြီး တက်လာတယ်။ ဒါပေမယ့် အကုန်လုံးတက်လာတဲ့ စာရင်းတွေကို ကျနော်တို့ မပေးနိုင်ဘူးဗျ။ ကျနော်တို့ ခန့်မှန်းထားတာ တစ်သောင်းလောက်ပေးဖို့ခန့်မှန်းထားတယ်။သို့သော်လည်းပဲ တက်လာတဲ့စာရင်းတွေက တစ်သောင်းခွဲလောက် ဖြစ်သွားတဲ့ အခါကျတော့ ကျနော်တို့မှာ ရပ်ကွက် တအား များတယ်။ တချို့ရပ်ကွက်ကြီးတွေ က ကျနော်ပြောတာ ဆက်စပ်မှုရှိတယ်နော်။ နိုင်ငံတော်က ပေးအပ်တဲ့ ဟာမှာ ကျနော်တို့ လှိုင်သာယာတစ်မြို့ထဲမှာတင် အိမ်ထောင်စုပေါင်း ရှစ်သောင်းကျော်ကို ပေးခဲ့ပြီးပြီ။ ကျန်ရင်အနည်းကျဉ်းပဲ ကျန်ရမှာ။တချို့ရပ်ကွက်တွေဆို တစ်ထောင်ကျော်ကျော်တက်လာတယ်ဆိုတော့ အဲဒါတော့ ကျနော်တို့ ပြန်လည်သုံးသပ်ပြီးတော့ ကျနော်တို့ မြို့နယ်မှာ ရှိတဲ့ ကော်မတီတွေရော၊ လွှတ်တော် ကိုယ်စားလှယ်တွေ ရော၊ ဌာနဆိုင်ရာတွေ ရော ဒီကော်မတီကနေ ဒီနေ့ဆုံးဖြတ်ချက် ချပြီးတော့ လုပ်မယ်ပေါ့။ ကျနော်တို့ ဝေခြမ်းရေးလုပ်မယ့် အစီအစဉ်ကတော့ ကျနော်တို့ စပြီးတော့ ဆန်တို့၊ ကြက်သွန်တို့ကိုတော့ စပြီး ထုပ်နေပြီပေါ့ဗျာ။ မနက်ဖြန်(ဧပြီ၊၅)မှာ ပေးဖို့ စီစဉ်ထားပေမယ့် ထုပ်ပိုးမှုတွေ မပြီး သေးတော့ ဧပြီ၊(၆) ရက်နေ့မှာ ကျေးရွာ၊ရပ်ကွက် နှစ်ခုကိုတော့ ပေးဖို့စီစဉ်နေပါပြီ။ ဒီဘက်က ထုပ်ပိုးလို့ ပြီးတာနဲ့ စပေးမှာပါ။

UMMT / လှိုင်သာယာမြို့နယ်ရှိ အနှေးယာဉ်လုပ်သားများ အား မျှဝေမှု

ငြမ်းမီဒီယာ – အခု အစီအစဉ်မှာ လူဦးရေးတစ်သောင်း လောက်ကို ပေးသွားမှာပေါ့။

UMMT – လူဦးရေက ရှစ်ထောင်ရှစ်ရာကျော် ဆိုတော့ ကိုးထောင်းနီးပါးပေါ့ဗျာ။ အဲဒါကိုပေးမယ်။

ငြမ်းမီဒီယာ – အဲဒီမှာ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဘယ်သူတွေကို ပေးမယ်ဆိုတဲ့ …

UMMT –  ကျနော်တို့ က မြို့နယ်အဆင့် ။နိုင်ငံတော်က ပေးတဲ့အတိုင်းတော့ ကျနော်တို့ ဘယ်ပေးနိုင်မလဲ။ ကျနော်တို့ ကော်မတီ လက်ဝယ်မှာ ရှိနေတဲ့ ပစ္စည်းတွေပေါ့ဗျာ။အဲဒါတွေကို အကုန်လုံး ပေါ့။ကျနော်တို့ အခုသတ်မှတ်ချက်ကတော့ ဆန် (၄)ပြည်၊ ဆီ (၅၀) သား၊ ကြက်သွန် (၁)ပိသာ အဲလိုပေးမယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMMT / လှိုင်သာယာမြို့နယ်ရှိ အနှေးယာဉ်လုပ်သားများ အား မျှဝေမှု

ငြမ်းမီဒီယာ – အခြေခံလူတန်းစားတွေကို ဒီလို မျှဝေနိုင်အောင် ဘယ်လို အလှူရှင်တွေ က ပံ့ပိုးပေးထာတာလဲ။

UMMT – ပံ့ပိုးပေးတယ်ဆိုတာ လှိုင်သာယာမြို့နယ်မှာ COVID -19 ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဆိုတာ ရှိတယ်။ ဒီကော်မတီကို လှူဒါန်းတာတွေကတော့ အများကြီးပဲ။ အသေးစိတ်စာရင်းကတော့ ရမှာမဟုတ်ဘူး။ ကျနော်တို့ ကော်မတီ ကို လှူဒါန်းထားတဲ့ အလှူရှင်တွေရဲ့ စုပေါင်းလှူဒါန်းမှုတွေကို ကျနော်တို့မြို့နယ်မှာ ရှိတဲ့ ပြည်သူတွေအတွက် ပြန်လည်ပြီး ဆောင်ရွက်ပေးတာပါ။

ငြမ်းမီဒီယာ – တချို့ကျတော့ ဒီကာလမှာ စားဝတ်နေရေးတကယ်အဆင်မပြေဘူး။ ဒါပေမယ့် မရလိုက်တာ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ရောဘယ်လို စီစဉ်ထားလဲ။

UMMT – အခုဟာ က အဲဒီ မရတဲ့ သူတွေအတွက် ဒီဟာကို စီစဉ်ပေးတာပါ။ ကျနော်ပြောချင်တာက ဗျာ အခုကျနော်တို့ ထပ်ပေး တယ် ကျန်ခဲ့ကောင်း ကျန်ခဲ့နိုင်တဲ့ သူတွေ ရှိဦးမှာပဲ။ လှိုင်သာယာမှာ လူဦးရေ ဆယ်သိန်းကျော်ရှိတယ်။ ပထမ မှာ အိမ်ထောင်စု ပေါင်း ရှစ်သောင်းကျော်ပေးပြီး သွားပြီ။အခု ကိုးထောင်နီးပါးဆိုတော့ ကျနော်တို့ တစ်သိန်းနီးပါးလောက်ကို ကပ်သွားတာ ပါ။ လှိုင်သာယာမှာ ရှိတဲ့ ရွှေ့ပြောင်းတွေ၊ စက်မှုဇုန်မှာ ရှိတဲ့ လူတွေကိုလည်း လှူနေတာပဲ။ ခေတ်သစ် ဖောင်ဒေးရှင်းတို့၊ အခြားအဖွဲ့အစည်းတွေကလည်း လှိုင်သာယာမှာ ရှိတဲ့ ရွှေ့ပြောင်းနေထိုင်တဲ့ ကျူးကျော်မှာ နေထိုင်တဲ့ သူတွေကို လှူဒါန်းမှုတွေက ဆက်တိုက် ကို လှူနေကြတာပါ။

ငြမ်းမီဒီယာ – ကျေးဇူးပါ ဦးမြတ်မင်းသူ ။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,