အလုပ်လက်မဲ့ ဖြစ်သည့်နေ့မှ တစ်နှစ်အထိ ခံစားနိုင်ရန် စီမံထား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ၂၀၁၈ က ဖြစ်ပေါ်ခဲ့သည့် အလုပ်သမားအရေး ဆန္ဒထုတ်ဖော်ပွဲ

လူမှုဖူလုံရေးစီမံကိန်းအကျုံးဝင်သည့် အာမခံ အလုပ်သမား အင်အားမှာ ၂၀၂၀၊ ဇန်နဝါရီလ (၂၀) ရက်နေ့အထိ ၁ ဒသမ ၄၆ သန်းကျော် ရှိ …

အလုပ်သမားများအတွက် ကျန်းမာရေး၊ ဆေးဖိုး၊ ခရီးစရိတ် များကို အလုပ်လက်မဲ့ဖြစ်သည့် နေ့မှ တစ်နှစ်အထိ တိုးမြှင့်ခံစား နိုင်ရန် စီမံ ဆောင်ရွက်ထားသည်။

အဆိုပါ စီမံ ဆောင်ရွက်ထားမှုသည် COVID -19 ကပ်ရောဂါနှင့် အထွေထွေရိုက်ခတ်မှုကြောင့် ပိတ်သိမ်းသွားသည့် အလုပ်ဌာန များမှ လူမှုဖူလုံရေး အာမခံကြေးထည့်ဝင်ထားသည့် အလုပ်သမားများ အတွက်ဖြစ်သည်။

” COVID -19 ကပ်ရောဂါနှင့် အထွေထွေရိုက်ခတ်မှုကြောင့် ပိတ်သိမ်းသွားသည့် အလုပ်ဌာနများမှ လူမှုဖူလုံရေး အာမခံကြေး ထည့် ဝင်ထားသည့် အလုပ်သမားများအတွက် ကျန်းမာရေး၊ ဆေးဖိုး၊ ခရီးစရိတ် များကို အလုပ်လက်မဲ့ဖြစ်သည့်နေ့မှ တစ်နှစ် အထိ တိုးမြှင့်ခံစားနိုင်ရန် စီမံ ဆောင်ရွက်ထားသည်” ဟု အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ သဝဏ်လွှာတွင် ပါရှိသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရန်ပုံငွေဖြင့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ နှင့် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို …

လူမှုဖူလုံရေးစီမံကိန်းအကျုံးဝင်သည့် အာမခံ အလုပ်သမား အင်အားမှာ ၂၀၂၀၊ ဇန်နဝါရီလ (၂၀) ရက်နေ့အထိ ၁ ဒသမ ၄၆ သန်းကျော် ရှိသည်ဟု အဆိုပါ သဝဏ်လွှာတွင် ဖော်ပြ ထားသည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံ အလုပ်သမားများအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် များ ထိရောက်က်မြန်ဆန်စွာ ဆောင်ရွက် ပေးနိုင်ရန် လိုအပ်သည့် ကဏ္ဍ အသီးသီးရှိ ပြုပြင်ပြောင်းလဲခြင်း ကိစ္စရပ်များကို ILO နှင့် မိတ်ဖက် အဖွဲ့အစည်းများ ၏ နည်းပညာအကူအညီ ထောက်ပံ့မှုများဖြင့် ဆောင်ရွက်လျက်ရှိသည် ဟု နိုင်ငံတော်သမ္မ၏ သဝဏ်လွှာတွင် ရေးသား ထားသည်။

ယင်းအပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံကို COVID -19 ရန်ပုံငွေ ထူထောင်ရာ တွင် ထည့်သွင်းမတည်ခဲ့သည်။

အဆိုပါရန်ပုံငွေဖြင့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ နှင့် အငယ်စား၊အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးနိုင်ရန် ဆောင်ရွက်ထားသည် ဟု ၂၀၂၀၊မေလ(၁) ရက်နေ့တွင်ကျရောက်သည့် အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် နိုင်ငံတော်သမ္မတ၏သဝဏ်လွှာတွင် ရေးသား ဖော်ပြ ထားသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,