အလုပ်သမားတွေက COVID -19 စိန်ခေါ်မှုထဲမှာ ပိတ် မိသလိုဖြစ်သွားတာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဧပြီလ (၁၉) ရက်နေ့က ထုတ်ပြန်ခဲ့သည့် စက်ရုံအလုပ်ရုံများကို လုပ်ငန်းဖွင့်သင့် မဖွင့်သင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်နှင့် ပတ်သက်သည့် အခြေအနေတစ်ချို့ အပေါ် အလုပ်သမားအရေး ဆောင်ရွက်နေသူများ၏ သဘောထားအမြင်ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားသည်။

ရှေ့နေဦးဌေး(အလုပ်သမားအရေးဆောင်ရွက်သူ)

ရှေ့နေဦးဌေး
(အလုပ်သမားအရေးဆောင်ရွက်သူ)

အဲဒါကတော့ ပြောရမှာတော့ နည်းနည်းအခက်အခဲရှိတာပေါ့နော်။ အခက်အခဲရှိတယ်ဆိုတာက မေးခွန်းရဲ့ ကျယ်ပြန့်မှုပေါ့။ လက်တွေ့ကတော့ ကျနော်တို့ပြည်သူပြည်သားတွေဘက်က သိတာတစ်ခုရှိတယ်။ အဲဒါက ဒီ COVID – 19 အိမ်နီးချင်း တရုတ်နိုင်ငံမှာ စဖြစ်ပွားပြီးကပ်ရောပုံစံနဲ့ တဖြေးဖြေးအခြေအနေဆိုးလာကတည်းက ကျနော်တို့နိုင်ငံကပြင်ဆင်ချိန်တွေရခဲ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီလိုအချိန်မှာ ရောဂါကူးစက်မှုအတွက် အရမ်းအန္တရာယ်ကြီးတယ်ဆိုတာ အားလုံးလည်းသိမှာပါ။ ဒါပေမယ့် ဒီနေ့အထိကို ဆက်ဖွင့်နေတဲ့လုပ်ငန်းရှင်တွေက ဆက်ဖွင့်နေတယ် …

တရုတ်မှာလည်းသေနေကြပြီ၊ ကမ္ဘာမှာလည်းကူးစက်ပြန့်ပွားပြီး အခြေအနေတွေဆိုးလာနေပြီ၊ ဒီအချိန်ကတည်းက ကျနော်တို့ သတင်းအချက်အလက်တွေကို ရနေသိနေ ခဲ့တယ်။ ပြင်ဆင်မယ်ဆို ပြင်ဆင်ချိန်တွေ အများကြီးရခဲ့တယ်။ အဲဒီတော့ ဖြစ်လဲလာရော ကျနော်တို့ အလုပ်သမား အဖွဲ့အစည်းတွေက စည်းဝေးတိုင်ပင်ပြီး မတ်လကတည်းက တောင်းဆိုခဲ့တယ်။ ဧပြီလက အရေးကြီးတယ်၊ ဒါကြောင့် စက်ရုံအလုပ်ရုံတွေနဲ့ လုပ်ငန်းတွေကို ယာယီရပ်နားပိတ်ချပေးဖို့နဲ့ အလုပ်သမား တွေအတွက် လုပ်ခလစာခံစားခွင့်ကို ဆုံးဖြတ်ပေးဖို့၊ အစိုးရအနေနဲ့အချိန်မီဆောင်ရွက်နိုင်အောင် ကျနော်တို့ အသီးသီးတင်ပြခဲ့ကြတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က ဖိတ်တဲ့ အစည်းအဝေးမှာလည်း တင်ပြခဲ့ပါ တယ်။ သို့သော် ဘာမှဖြစ်မလာခဲ့ပါဘူး။ နောက် ဧပြီ (၁၀) ရက်နေ့ကနေ (၁၉) ရက်နေ့အထိ သင်္ကြန်ပိတ်ရက် ကို Stay Home နေဖို့ စာထွက်လာခဲ့တယ်။ အဲဒီမှာရည်ရွယ်ချက်ကိုယ်၌က တာဝန်ခံမှု အားနည်းတာကို စတွေ့ ရတယ်။ တစ်ကမ္ဘာလုံးမှာ အန္တရာယ်ကျရောက်နေတဲ့အချိန်မှာတောင်၊ ဒီဧပြီလဟာအဆုံအဖြတ် ပေးနိုင်တဲ့ အခြေအနေမှာတောင် ဆုံးဖြတ်ချက်မချနိုင်ခဲ့ဘူး။ သင်္ကြန်ပိတ်ရက်ကိုပဲ Stay Home နေဖို့ဆိုတာလောက်ပဲ ထွက်လာ တယ်။ အဲဒီကာလကတည်းက သူတို့မှာပြင်ဆင်ချိန်တွေရှိတယ်။ (၁၉) ရက်နေ့ပြီးလို့ (၂၀) ရက်နေ့ အလုပ်ပြန်ဝင်ကြတဲ့အခါ နောက်ပိုင်း မှာဘာဆက်လုပ်မယ်ဆိုတာ တည်ဆဲအစိုးရရော၊ ဝန်ကြီးဌာနကပါ အကုန်လုံး စဉ်းစားပြင်ဆင်ထားရမှာပေါ့။ ဒါပေမယ့် ဘာမှပြင်ဆင်ထားတာမရှိဘူး။ အဲဒါကိုပြောချင်တာ။ (၁၉) ရက်နေ့ည (၈) နာရီသတင်းမှာပါလာတော့မှ အားလုံးသိကြရတာ။ ဆိုတော့ အလုပ်သမားတွေက (၁၉) ရက်နေ့ကတည်းက နယ်တွေကပြန်လာတဲ့သူကလာ နေကြပြီ။ တချို့ကမလာနိုင်သေးလို့ ဖုန်းဆက်ပြီးအကြံဉာဏ် တောင်းတာတွေလည်းရှိတယ်။ ကျနော်တို့ကလည်း ဖုန်းဆက်ခွင့်တိုင်ဖို့၊ ခွင့်ရက်စေ့တဲ့အထိ လာဖို့အဆင်မပြေ နိုင်သေးရင် ခွင့်ရက်မစေ့မီထပ်ပြီးခွင့်တိုင်ကြားဖို့ စသဖြင့်အလုပ်သ မားဥပဒေအရ အကြံပြုပေးရတာတွေလည်း ရှိတယ်။ ကျနော်တို့လည်း အဲဒီရက်ပိုင်းတောက်လျောက် မအိပ်မနေကို လုပ်နေခဲ့ရတာ။ ဟော (၁၉) ရက်နေ့ညကျမှ အဲဒီထုတ်ပြန်ချက်ကထွက်လာတယ်။ ထွက်လာတော့လည်း မပြည့်မစုံနဲ့။ မပြည့်မစုံဆိုတာ ပိတ်တာကို ပိတ်တယ်လို့ သူကမပါဘူး။ ပြန်လည်ဖွင့်လှစ်ခွင့်ကိုစိစစ်ပြီး သတ်မှတ်ထားတာတွေနဲ့ကိုက် ညီမှဆိုတော့ ပိတ်တယ်ဆိုတဲ့စကားမပါတော့ အဲဒီမှာ အငြင်းပွား ကြရတော့တာပဲ။ တကယ်တော့ ကျနော်တို့နားလည် တာက အဲဒီနေ့ည (၈) နာရီမှထွက်တာဆိုတော့ နောက်ကျတာတော့အမှန်ဘဲ။ တကယ်ဆို နှစ်ရက် သုံးရက်လောက် ကြိုထွက်ထားသင့်တာပါ။ ဒါမှ အလုပ်ရှင်တွေ၊ နယ်ကနေပြန်လာမယ့် အလုပ်သမားတွေ အသီးသီးပြင်ဆင်ချိန် ရှိကြမှာ ပေါ့။ အားလုံးသိကြတဲ့အတိုင်း မတ်လ (၃၀) ရက်နေ့ကတည်းက ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက စက်ရုံအလုပ်ရုံတွေမှာလိုက်နာရမယ့် စည်းကမ်းတွေကို ထုတ်ပြန်ထားတယ်။ အဲဒီအချက်တွေကို အတိအကျ လိုက်နာရမယ်ဆို စက်ရုံတွေက ဘယ်လိုမှဖွင့်လို့မရဘူး။ သာမိုမီတာနဲ့တိုင်းဖို့ကိစ္စတွေ၊ လက်ဆေးဖို့ကိစ္စတွေ၊ တစ်ယောက်နဲ့ တစ်ယောက် သုံးပေအကွာနေရမယ်ဆိုတဲ့ကိစ္စတွေပေါ့။ ဒါတွေက မဖြစ် မနေလိုက်နာရမယ့် အချက်တွေပါ။ ဒါပေမယ့် စက်ရုံတွေ မှာက ပိုးသတ်ဆေးဖြန်းဖို့တောင် အဆင်သင့်မဖြစ်သေးတော့ ကျန်တဲ့ကိစ္စတွေက ဝေးရော။ ဆိုတော့ အဲဒီအခြေအနေက ဒီလို အချိန်မှာ ရောဂါကူးစက်မှုအတွက် အရမ်းအန္တရာယ်ကြီးတယ်ဆိုတာ အားလုံးလည်းသိမှာပါ။ ဒါပေမယ့် ဒီနေ့အထိကို ဆက်ဖွင့်နေတဲ့လုပ်ငန်းရှင်တွေက ဆက်ဖွင့်နေတယ်။ အလုပ်သမားဆိုတာကတော့ အလုပ်မဆင်းရင်အလုပ်ပြုတ် မှာ ကြောက်တော့ သွားကြရတာပေါ့။ ဆိုတော့ COVID – 19 သာ ဒီစက်ရုံတွေကကူးရင် ကုစားလို့မရဘူး။ အလွန် ကြောက်စရာ ကောင်းပါတယ်။ စက်ရုံတွေက ထောင်နဲ့ချီနေတဲ့အလုပ်သမားတွေထဲမှာသာ ကူးစက်သွားရင် ဒါကဖြေရှင်းဖို့ ခက်သွားပြီ။ အီကွေဒေါလိုမျိုး ကျနော်တို့ဆီမှာဖြစ်သွားမယ်။ ကျနော်ပြောချင်တာက အဲဒါတွေအတွက် တည်ဆဲအစိုးရက ဘာလို့ စဉ်းစား မထားတာလဲ။ ဇန်နဝါရီလက မစဉ်းစားခဲ့တာလည်းရတယ်၊ ဖေဖော်ဝါရီလက မစဉ်းစားတာလည်းရတယ်၊ မတ်လမှာ မစဉ်းစား သေးဘူးဆိုလည်း ရသေးတယ်။ ဧပြီလမှာတော့ စဉ်းစားသင့်ပြီ။ ကိန်းဂဏန်းတွေ၊ စာရင်းဇယားတွေအရ ဒီအလုပ်ရုံတွေကို သင်္ကြန်ပိတ်ရက်ပြီးရင် ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာ စဉ်းစားထားသင့်တာပေါ့။ အလုပ်သ မားဆိုတာက အလုပ်ပိတ်ရင် ပြန်ကြမယ်၊ ဖွင့်ပြီဆိုပြန်လာကြမယ်။ ဆိုတော့ ထောင်နဲ့ချီတဲ့ ဒီအလုပ်သမားတွေ သွားကြလာကြ အလုပ်ခွင်ဝင်ကြဆိုတဲ့ အခြေအနေဟာ COVID – 19 ရောဂါကာကွယ်ထိန်းချုပ်မှုအတွက် အရမ်းခက်ခဲသွား နိုင်တယ်။ ဒါတွေကိုစဉ်းစားရမှာပေါ့။ ဒီကြားထဲ ထိုင်းက ပြန်လာကြတဲ့အလုပ်သမားတွေကိစ္စကလည်းရှိသေးတယ်။ အဲဒီလောက်ခက်ခဲအန္တရာယ်များတဲ့ကြားမှာ ဒီစက်ရုံအလုပ်ရုံတွေကို ဖွင့်နေတဲ့ပြသနာပဲ။ အမိန့်စာထုတ်တဲ့အတွက် လိုက်နာဖို့သင့်တယ်။ ဒါအားလုံးလည်း သိနေပြီပဲ။ သို့သော် စက်ရုံတွေက မလိုက်နာဘူး။ ဘာကြောင့်မလိုက်နာဘူးလဲဆိုတော့ ဥပဒေကမစိုးမိုးဘူးဖြစ်နေတယ်။ အုပ်ချုပ်ရေး ယန္တရားရဲ့ ဆောင်ရွက်နိုင်စွမ်းသည် အခြေအနေအရ လုပ်ငန်းရှင်တွေအပေါ်မှာ မသက်ရောက်တော့ဘူး။ လုပ်ငန်းရှင်တချို့က တည်ဆဲ အစိုးရရဲ့အမိန့်ကို ဖီဆန်တဲ့လက္ခဏာမျိုးတွေ့နေရ တယ်။ ဒီနေ့အထိ ဖွင့်နေတာဆိုတော့။ သက်ဆိုင်ရာ အလုပ်သမား ဝန်ကြီးဌာန မှာလည်းဝန်ထမ်းတွေနဲ့ ယန္တရားကရှိပြီးသား။ ဒီဘက်ကလည်းထွေအုပ်ကလည်း သက်ဆိုင်ရာ ရပ်ကွက်တွေ အထိရှိပြီးသား။ (၁၉) ရက်နေ့ ည (၈) နာရီမှာဒီအမိန့်ကိုထုတ်ပြန်တယ်၊ (၂၀) ရက်နေ့မနက်မှာ ဒါကိုကွပ်ကဲမယ်ဆိုရတာပဲ။ ဒါပေမယ့် မဆိုင်သ လိုနေကြတယ်ပေါ့ဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူလူထုရဲ့အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့က နိုင်ငံတော် အစိုးရမှာ တာဝန်ရှိပြီးသား။ အဲဒီတော့ ဒါတာဝန်မကျေ ဘူးခေါ်ရမှာပေါ့။ အစိုးရကမှ တာဝန်မကျေတော့ ဝန်ကြီးဌာန ကလည်း တာဝန်မကျေဘူး။ အဲဒီတော့ လုပ်ငန်းရှင် တွေဘက်လည်း တာဝန်မကျေတော့ဘူး။ အဲဒီတော့ တာဝန်မကျေတဲ့ ဝန်ထမ်းတွေ၊ လုပ်ငန်းရှင်တွေကို ကြပ်မတ်ပြီး အရေးယူသလားဆိုတော့ အရေးယူတာလည်းမတွေ့ဘူး။ ဌာနညွှန်ချုပ်ကတော့ အရေးယူမယ်လို့ ပြောထားတယ်။ ဒါပေမယ့် ဒါက ပါးစပ်ကပြောလို့မရဘူး။ လက်တွေ့ဆောင်ရွက်ရမှာ။ ဘာကြောင့်လည်းဆို ဒီစက်ရုံတွေကို ရောဂါကူးတာနဲ့ ကျနော်တို့တိုင်းပြည်မှာ COVID – 19 ကိုဘယ်လိုမှထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒီလောက် အထိကို သက်ရောက်နိုင်ပါတယ်။ ဖြစ်လာရင်အလွန်ကြောက်စရာကောင်းပါတယ်။ မနေ့ကကတည်းက အလုပ်ဆင်းဖို့ လာကြတာ ကားတွေကကျပ်သိပ်နေတာပဲ။ ဒီနေ့လည်းအဲဒီလိုပဲ။ ကျနော်တို့ လှိုင်သာယာဆို ရောဂါကူး စက်ခံရသူ လည်းတွေ့ထား တယ်။ ဖြစ်သွားခဲ့ရင်တော့မတွေးရဲစရာပေါ့ဗျာ။ အလုပ်သမားတွေအများစုက အဆောင်တွေမှာနေကြရတယ်။ ရှစ်ပေ၊ ဆယ်ပေ အခန်းထဲမှာ လူလေးငါးခြောက် ယောက်နေကြတာဆိုတော့ အလုပ်သမားတစ်ယောက် ကူးစက်သွားခဲ့ရင် ပျံ့နှံ့မှုက အရမ်း အန္တရာယ်ကြီးပါတယ်။ အလုပ် သမားတွေမှာသာ မတော်တဆကူးစက်ပြီဆိုရင် ဒါဟာ တည်ဆဲအစိုးရမှာရော အလုပ်သမားဝန်ကြီးဌာနရော၊ လုပ်ငန်းရှင်တွေမှာပါ တာဝန်ရှိပါတယ်။ ဒါကြောင့်အမြန်ဆုံး စနစ်တ ကျကွပ်ကဲနိုင်ဖို့ လိုအပ် ပါတယ်။

ကိုနန္ဒစစ်အောင်(We Generation Network)

ကိုနန္ဒစစ်အောင်
(We Generation Network)

ဒီဖြစ်စဉ်ကြီးတစ်ခုလုံးမှာ အလုပ်သမားတွေက အဓိကခံလိုက်ရတာပေါ့နော်။ ဘာလို့လည်းဆိုတော့ နယ်ကပြန်လာတဲ့ အလုပ်သမားတွေ ကို ရန်ကုန်မှာလက်ခံတာ လက်မခံတာတွေကြား နေစရာမရှိတဲ့ အလုပ်သမားတွေ ပေါ်လာတယ်။ နောက် ပြီးတော့ (၂၀) ရက်နေ့ အလုပ်ပြန်ဖွင့်တဲ့အခါ အလုပ် လုပ်ခိုင်းတဲ့လုပ်ငန်းတွေ စက်ရုံ တွေရှိတယ်။ တချို့စက်ရုံတွေကျတော့ အလုပ်သမားတွေကိုတော့ စက်ရုံထဲထည့်ထားတယ်၊ လုပ်ငန်းရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်နဲ့က ပိတ် ရမလား မပိတ်ရ ဘူးလားဆိုတာ လိုက်ပြီး Confirm လုပ်ကြတာတွေရှိတယ်။ နောက်တစ်ခုကတော့ ဘာအကြောင်းနဲ့မှမပိတ်ဘူးဆိုတဲ့ ပိုပြီး သဘောထားတင်းမာတဲ့ အုပ်စုတွေပေါ့။ အလုပ်သမားတွေဘက်ကကျတော့ ဘာဖြစ်သွားသလဲ ဆိုတော့ ဒီရက်ပိုင်း (၁၈) (၁၉) (၂၀) မှာ လုပ်ငန်းရှင်တွေက လှမ်းခေါ်နေတာတွေရှိတယ်။ မနေ့ညကဆို (၄) နာရီလောက် အထိ လှမ်းခေါ်နေကြတာတွေရှိတယ်။

ရွာတွေ၊ နယ်တွေမှာရှိနေတဲ့ အလုပ်သမားတချို့ကို ကြိုတင်ပြင်ဆင်မှုမရှိဘဲ ရန်ကုန်ပြန်ခေါ်လိုက်တာ အန္တရာယ်ကြီးတယ်။ အခု…

ဒါ (၄) နာရီဆိုတာ စက်ရုံပိတ်တဲ့အချိန်။ အဲဒီအချိန်ထိတောင် နယ်ကအလုပ်သမားတွေကို နောက်နှစ်ရက်အတွင်း ရောက်မလာရင် အရေးယူမယ်ဆိုပြီး ဖုန်းဆက်ပြောတာတွေရှိတဲ့အကြောင်း အလုပ်သမားတွေက ကျနော်တို့ ကိုပြောတယ်။ ပြောချင်တာက ဒီဆုံးဖြတ်ချက် ဒီလိုနောက်ကျမှုဟာ COVID -19 အတွက် စောင့်ကြည့်ရမယ့် အခြေအနေတစ်ခုထဲကို ကျနော်တို့ပြန်ရောက် သွားတယ်။ ပြီးခဲ့တဲ့သင်္ကြန်ပိတ်ရက်မှာ လူတွေချဲလိုက်တယ်၊ အခု (၁၈) (၁၉) (၂၀) လဲကျရော ကျပ်ညှပ်နေတဲ့လူအုပ်ကြီးကို လမ်းပေါ်ပြန်တင်လိုက်သလိုဖြစ်သွားတာ။ ဘာလို့ လဲဆိုတော့ ဖယ်ရီမပြင်ဆင်ထားပဲ အလုပ်သွားရတော့ ကား တွေ ကျပ်ညှပ် နေအောင် စီးရရော။ ကြိုတင် ပြင်ဆင်မှုမရှိတော့ လူအုပ်ကြီးတွေက စက်ရုံအပေါက်ဝမှာ ကျပ်ညှပ်နေတာပေါ့။ မနေ့ကလည်း တက်လာတဲ့ ဓာတ်ပုံတွေမှာတွေ့မှာ ပေါ့။ COVID – 19 ရဲ့ စိန်ခေါ်မှုကို သင်္ကြန်ရက်ကထိန်းချုပ် ထားခဲ့သမျှဟာ ဒီ (၁၈) (၁၉) (၂၀) မှာ ပြန်ပြီးစောင့်ကြည့်ရမယ့် အခြေအနေဖြစ်သွားတာပေါ့။ အန္တရာယ် ဘယ်လောက် ရှိသွားနိုင်သလဲပေါ့။ အဲဒါကလည်း သိတဲ့အတိုင်း Quarantine ကာလက ရက် (၂၀) ဆိုတော့ နောက်ရက် (၂၀) လောက် အတွင်းမှာ ရောဂါဖြစ်ပွားနှုန်း ဘယ်လောက် ရှိသလဲဆိုတာ ပြန်စောင့်ကြည့်ရမယ့်အနေအထားမျိုး ဖြစ် သွားတာပေါ့။ သင်္ကြန်ပိတ်ရက်ထဲမှာ ဒီကိစ္စတွေကိုကြိုတင် ညှိနှိုင်းပြီး ဖြစ်လာနိုင်တဲ့အခြေအနေတွေအတွက် စဉ်းစားပြင်ဆင်ဖို့အချိန်ရခဲ့တာပဲ။ အဲဒါတွေဘာမှမလုပ်ဘဲ ခုလိုလုပ် လိုက်တော့ အလုပ်သမားတွေ က COVID -19 စိန်ခေါ်မှုထဲမှာ ပိတ်မိသလိုဖြစ်သွားတာလေ။ အဓိက COVID နဲ့ ဒီအလုပ်သမားကိစ္စမှာ COVID ဘက်ကို Focus လုပ်ကြည့်မယ်ဆိုရင်လည်း အန္တရာယ်တအားကြီးသွားတာပေါ့။ အလုပ်သမား တွေဘက်ကို ကြည့်ရင် လည်း ဒီကာလဘယ်လောက်ကြာမလဲဆိုတာ မသိနိုင်တော့ ရန်ကုန်ကိုပြန်ရောက်လာတဲ့အလုပ် သမားတွေအတွက် နေရေး စားရေးတွေအခက်အခဲဖြစ်လာ နိုင်တယ်။ အလုပ်တွေကပိတ်ထားတော့ လုပ်ခဆိုတာလည်း မသေချာ သလိုဖြစ်နေတာ။

လှိုင်သာယာလို၊ ဒဂုံလို၊ ရွှေပြည် သာလို ဆင်ခြေဖုံးတွေမှာ ဆိုရင် ကူးစက်တာလည်းတအားမြန်နိုင်တော့ တစ်ခုခုဖြစ်သွားရင် …

နယ်မှာ နေတဲ့လူအတွက်က သိပ်ပြသနာမရှိဘူး။ နယ်မှာက ကိုယ့်အိမ်မှာကိုယ်နေကြတာဆိုတော့ နေရေး စားရေးက ရန်ကုန် လောက် ဝန္ထုပ္ဝန္ပိုးမျဖစ္ဘူး။ဘယ်လိုပဲဖြစ်ဖြစ် ရွာတွေမှာစားစရာတော့ ရှိနိုင်သေးတယ်။ ရွာကနေ ရန်ကုန် ခေါ်လိုက်တော့ ရန်ကုန်မှာ ဘယ်သူကျွေးထားမလဲ။ ရွာမှာနေတဲ့လူက ခုအချိန်ရွာမှာနေတာ ပိုလုံခြုံတာပေါ့ဗျာ။ ရောဂါ ထိန်းချုပ်နိုင်မှုက လည်း ရွာတွေမှာ က ကိုယ့်ရွာက လူစာရင်း ကိုယ်သိထားတယ်၊ မျက်နှာစိမ်းဝင်တာနဲ့ သိနိုင်တယ်။ ပိုထိန်းချုပ် နိုင်တာပေါ့ဗျာ။ ဧရိယာက လည်း ကျဉ်းတယ်လေ။ အဲဒီလူတွေကို အလုပ်လုပ်ရမယ် ဆိုပြီး ရန်ကုန်ခေါ်လိုက်တာ အကြီးဆုံးအမှား ပဲဗျ။ ကြိုတင်ပြင်ဆင်မှု မရှိဘဲခေါ်လိုက်တာ အကြီးဆုံးအမှားပဲ။ ရန်ကုန်မှာကျတော့ သိတဲ့အတိုင်းပဲ။ ခေါင်းရင်းခန်း ခြေရင်းခန်း လူဦး ရေဘယ်လောက် ရှိလဲ ဘယ်သူမှမသိဘူး။ စားရေးသောက်ရေးဆိုတာလည်း အလုပ် မဆင်း နိုင်ရင် ဘယ်သူက ကျွေးထား မှာလဲ။ နောက် အိမ်လခ၊ အဆောင်လခတွေကရှိသေးတယ်။ အဲဒီတော့ ရွာတွေ၊ နယ်တွေမှာ ရှိနေတဲ့ အလုပ်သမားတချို့ကို ကြိုတင် ပြင်ဆင်မှု မရှိဘဲ ရန်ကုန်ပြန်ခေါ်လိုက်တာ အန္တရာယ်ကြီးတယ်။ အခု လှိုင်သာယာလို၊ ဒဂုံလို၊ ရွှေပြည် သာလို ဆင်ခြေဖုံးတွေမှာ ဆိုရင် ကူးစက်တာလည်းတအားမြန်နိုင်တော့ တစ်ခုခုဖြစ်သွားရင် ဒီဟာတွေအားလုံးဟာ အလုပ်သမား ဝန်ကြီးဌာနရဲ့ ကြိုတင်ပြင်ဆင်မှု မရှိဘဲ အချိန်ကပ်ပြီးထုတ်လိုက်တဲ့ ကြေညာချက်ကြောင့်၊ အဲဒါ အလုပ်သမား ဝန်ကြီးဌာနမှာ တာဝန်ရှိတယ်။

မဖြိုးစန္ဒာစိုး

မဖြိုးစန္ဒာစိုး
(မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် လက်ထောက်အထွေထွေအတွင်းရေးမှူး)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပထမဦးဆုံး ထုတ်ပြန်ချက်နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်ကို ကျမပြောပြချင်တယ်။ ဒီညွှန်ကြားချက်ကလည်း အလုပ်သမား ဝန်ကြီးဌာန တစ်ခုတည်းက လုပ်လို့ရတဲ့ဟာမျိုးတော့မဟုတ် ဘူး။ နိုင်ငံတော်အဆင့် ပြန်လည် ကုစားရေးကော်မတီရှိတယ်။ COVID ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပြန်လည်ကုစားပေးမယ့် ကော်မတီရှိပါတယ်။ သူက ဝန်ကြီးဌာနပေါင်းစုံပါတဲ့ ကော်မတီပေါ့။ ဆိုတော့ အဲဒီ ကော်မတီတွေက အချိန်နဲ့တပြေးညီ လုပ်ပေးရမှာ။ အလုပ် သမားဝန်ကြီးဌာနတစ်ခုတည်းက ဘာမှ လုပ်လို့မရဘူး။ ကျမတို့ အလုပ်သမားအဖွဲ့အစည်းတွေကတော့ ဒါကိုအစောတလျင် မြန်မြန်လေးလုပ်ပေးဖို့ဆိုတာကို သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေမှာ အစဉ်တစိုက်ပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့မှာလည်း အခက်အခဲရှိလို့နေပါလိမ့်မယ်။

ကျမတို့နဂိုရည်ရွယ်ချက် က COVID – 19 မကူးစက်ရေးလေ။ ဆိုတော့ အဲဒီလို ဝရုန်းသုန်းကားအခြေအနေတွေတော့ ဖြစ်သွားတာပေါ့နော်။ ဒါပေမယ့် ကျမတို့ …

သူတို့ရဲ့ တရားဝင် ဆုံးဖြတ်ချက်ကတော့ နောက်ကျတယ်ပေါ့။ ကျမတို့နဂိုမူရင်းရည်ရွယ်ချက်က ကျမတို့ဘာဖြစ်လို့ စက်ရုံတွေကို ယာယီ ပိတ်ပေးဖို့ တောင်းဆိုသလဲ၊ နောက်ပြီးတော့ စက်ရုံအလုပ်ရုံတွေမှာ ကျန်းမာရေးဝန်ကြီး ဌာနကထုတ်ပြန်ထားတဲ့ Guide Line တွေနဲ့အညီလုပ်ပေးဖို့လိုအပ်သလဲဆိုတဲ့ မူလကနဦးရည်ရွယ်ချက်က အလုပ်သမားတွေကြားထဲမှာ COVID – 19 ကူးစက်မှု မရှိစေဖို့ရည်ရွယ်ပြီး ကျမတို့အဖွဲ့ချုပ်တွေက အစဉ် တစိုက်ပြောခဲ့တာပါ။ ဒီအမိန့်ညွှန်ကြားချက် နောက်ကျတော့ (၂၀) ရက်နေ့မှာ အလုပ်တွေကို တိတိပပ မပိတ်လိုက်နိုင်ဘဲ ဖွင့်တဲ့လူကဖွင့်၊ အားချင်းပြန်ပိတ်မယ့်လူကပိတ် အဲဒီလိုတွေဖြစ်ကုန်တယ်။ အဲဒီလို မျိုးဖြစ် ကြတဲ့အခါကျတော့ အဲဒီတစ်ရက်ထဲမှာပဲ ကူးစက်မှုက ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ ဒါကခုအခြေအနေမှာ ပြောလို့မရဘူး။ May Be ပေါ့။ အဲဒီမှာများ COVID – 19 ဖြစ်နေသူတစ်ယောက်ယောက်ပါသွားခဲ့ရင် ဒါက ကူးစက်မှုဖြစ်သွားနိုင်တဲ့အခြေအနေပါ။ ဘာလို့လည်းဆို ဝရုန်းသုန်းကားဖြစ်သွားလို့ပဲ။ နဂိုမူရင်း ကနဦးရည် ရွယ် ချက်က မအောင်မြင်တော့ဘူးပေါ့။ ကျမတို့နဂို ရည်ရွယ်ချက် က COVID – 19 မကူးစက်ရေးလေ။ ဆိုတော့ အဲဒီလို ဝရုန်းသုန်းကားအခြေအနေတွေတော့ ဖြစ်သွားတာပေါ့နော်။ ဒါပေမယ့် ကျမတို့က ဒီအချိန်မှာတော့ ဘယ်သူ့ကိုမှ အပြစ်ပြောရမယ့်အချိန်မဟုတ်ဘူး။ အားလုံးပူးပေါင်းဆောင်ရွက်ရမယ့် အချိန်ပါ။ ဒါကြောင့် ကျမတို့လုပ်နိုင်တဲ့အပိုင်းကို ကျမတို့လုပ်တယ်။ အလုပ်ရှင်တွေကို ကျမတို့အချိန်မီအကြောင်းကြားတယ်။ လိုက်ပြောတယ်။ အလုပ်သမားတွေကိုလည်း ကျမတို့အဖွဲ့ချုပ်တွေအားလုံးက လိုက်ပြောကြပါတယ်။ ကျမတို့ကတော့ အချိန်မီသွား စေချင်လို့ပေါ့။ တချို့လုပ်ငန်းရှင်တွေကလည်း အချိန်မီသွားတယ်၊ တချို့ လုပ်ငန်းရှင်တွေကတော့ အားချင်းပိတ်တယ်၊ ပူးပေါင်း ဆောင်ရွက်ပါတယ်။ သူတို့သတင်းသိတာနဲ့ ကျမတို့ကို လှမ်းမေးပြီး ပူးပေါင်းဆောင်ရွက်ပါတယ်။ အဲဒီအတွက်လည်း ကျမတို့ ကျေးဇူးတင်တယ်။ တချို့လုပ်ငန်းရှင်တွေ ကကျတော့လည်း ကပ်တီးကပ်ဖဲ့နဲ့ပေါ့။ အဲဒီကြေညာချက်က အစစ်မဟုတ်ပါဘူး၊ သူတို့ လက်ထဲကိုလည်း ညွှန်ကြားချက်မရောက်သေးပါဘူးဆိုပြီး ကပ်တီးကပ်ဖဲ့ပြောပြီး အလုပ်သမားတွေကို ဖိအားပေးခိုင်းစေနေတဲ့ အလုပ်ရှင်တွေလည်းရှိတယ်။ အဲဒီတော့အလုပ်တွေမှာ ကြောက်ကြောက်နဲ့ အလုပ်ဆင်းနေရတဲ့အနေအထား မျိုးတွေ ဖြစ်သွား တယ်။

မမိုးစန္ဒာမြင့်(အထည်ချုပ်အလုပ်သမားသမဂ္ဂ)

မမိုးစန္ဒာမြင့်
(အထည်ချုပ်အလုပ်သမားသမဂ္ဂ)

အဲဒီလိုအချိန်ကပ်ပြီးကြေညာချက်ထုတ်တော့ အကုန်လုံးပရမ်းပတာတွေဖြစ်ကုန်တာပေါ့။ ခုအချိန်ထိကို ရှင်းလို့ မရဘူးဖြစ်နေတာ။ ကြိုကြိုတင်တင်လေး လုပ်ခဲ့မယ်ဆိုရင် အလုပ်သမားတွေအနေနဲ့ နယ်မှာပဲဆက်နေရမယ့် အခြေအနေမျိုး၊ ရန်ကုန်ကပဲ အလုပ်ကို စောင့်ကြည့်ရမယ့်အခြေအနေမျိုးတွေအတွက် ပြင်ဆင်ထားလို့ရတာ ပေါ့။ အခုကျတော့ ဒီကြေညာချက်မထွက်ခင် ရက်တွေ ကတည်းက စူပါဗိုက်ဆာတွေက (၂၀) ရက်နေ့ကို မဖြစ် မနေ အလုပ်လာဆင်းရမယ်၊ အလုပ်လာမဆင်းရင် အလုပ်က ထုတ်ပယ် မယ်ဆိုတဲ့ ဖိအားပေးပြောဆိုမှုမျိုး၊ ဖိအားပေးခိုင်းစေမှုမျိုး၊ ဖိအားပေးညွှန်ကြားမှုတွေကြောင့် ကျမတို့ အလုပ်သမားတွေ က အခက်အခဲတွေကြား ထဲကနေ စက်ကိုပြန်လာခဲ့ကြရတယ်။ တချို့အလုပ်သမားတွေဆိုရင် အဆောင်တွေကအဝင်မခံလို့ တိုက်ပွဲဝင် ပြီးမှ ပြန်နေကြရတဲ့အလုပ်သမားတွေလည်းရှိတယ်။ အခုအချိန်ထိလည်း လမ်းပေါ်မှာနေနေရတဲ့ အလုပ်သမား တွေ ရှိနေတယ်။

နယ်ကပြန်လာတဲ့အလုပ်သမား၊ ဒီမှာရှိနေတဲ့အလုပ်သမား အကုန်လုံးက ပရန်းပတာတွေဖြစ်ပြီး အဆီအငေါ်မတည့်တဲ့ အခြေအနေမျိုးတွေ ကြုံနေ …

နောက်တစ်ခုက အဆောင်လည်းပြန်နေမရ၊ နယ်လည်း ပြန်မရလို့ သူငယ်ချင်းအိမ်တွေမှာ သောင်တင်နေတဲ့ အလုပ်သမားတွေ လည်းရှိနေတယ်။ အဲဒီတော့ ဆိုလိုတာက ကျမတို့အနေနဲ့ အချိန်ထင်သ လောက်မရဘူးဆိုပေမယ့် စဉ်းစား ဆုံးဖြတ်လို့ရတဲ့ အခြေအနေတစ်ခုမှာ ကျမတို့သဘောထားမှတ်ချက်တွေ ကိုပေးခဲ့တယ်။ ဒါပေမယ့်လည်း အစိုးရအနေနဲ့ အလုပ်သမားတွေ အပေါ်လုပ်လိုက်တဲ့ပုံက တေ့ဖြုတ်သလို ဖြစ်သွားတယ်။ သူတို့အနေနဲ့ ဆုံးဖြတ်ချက်တိတိကျကျမချဘဲ အလုပ်သမားတွေကို တေ့ဖြုတ်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားကို ရန်တိုက်ပေးတဲ့လုပ်ရပ်လို့ ကျမတို့တွေ့ရတယ်။ ဒီလိုအချိန်ကပ်ပြီး ကြေညာချက် ထုတ်လိုက် တော့ နယ်ကပြန်လာတဲ့အလုပ်သမား၊ ဒီမှာရှိနေတဲ့အလုပ်သမား အကုန်လုံးက ပရန်းပတာတွေဖြစ်ပြီး အဆီအငေါ် မတည့်တဲ့ အခြေအနေမျိုးတွေ ကြုံနေကြရတယ်။ နောက်ပြီး ရောဂါကူးစက် ခံရမှာကို စိုးရိမ်ထိတ် လန့်စိတ်တွေနဲ့ စက်ရုံတွေကို သွားပြီး အလုပ်ဆင်းနေကြရတယ်။

ငြမ်း / ၂၀၁၇။အလုပ်သမားအရေးဆန္ဒထုတ်ဖော်ပွဲ

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,