အလုပ်သမားတွေဟာ ရောဂါကပ်ဘေးထက် မငတ်ရေးကိုပိုဦးစားပေးနေရတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSM FB /အထည်ချုပ်လုပ်သားများ သမဂ္ဂမှ မမိုးစန္ဒာမြင့်

ဒီအချိန်မှာ အစိုးရအနေနဲ့လည်း ကျဉ်းထဲကျပ်ထဲ ရောက်နေ တယ် ဆိုတာ ကျမတို့သိတယ်။ ကျမတို့ကိုယ်တိုင်လဲ မြင်နေတွေ့နေရတာပဲလေ။ ဒါပေမယ့် ခုအချိန်မှာ …

COVID – 19 ရိုက်ခတ်မှုကြောင့် ကုန်ကြမ်းပြတ်လပ်မှုဖြစ်ပြီး စက်ရုံပိတ်ခြင်း၊ လုပ်သားအင်အားလျော့ချခြင်းများ ဆောင်ရွက်ကြရာ တွင် အလုပ်သမားဥပဒေအရ အငြင်းပွားမှုများဖြစ်ပေါ်ပြီး အလုပ်သမားများဆန္ဒပြသည်အထိ ဖြစ်လာခဲ့ရသည်။ ဆန္ဒပြမှုများဖြစ်ပေါ်နေသည့် လှိုင်သာယာ၊ ရွှေလင်ဗန်းစက် မှုဇုန်ရှိ အထည်ချုပ်လုပ်သားများ အလုပ်သမားသမဂ္ဂမှ မမိုးစန္ဒာမြင့်ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – အခုဖြစ်နေတဲ့အလုပ်သမားဆန္ဒပြမှု ဖြစ် ပွားရတဲ့အဓိကအကြောင်းအရင်းကိုပြောပြပေးပါ။

MMSDM – အခု လှိုင်သာယာ၊ ရွှေလင်ဗန်းစက်မှုဇုန်မှာဖြစ်နေတာက မြန်မု (Myan Mode) အထည်ချုပ်စက်ရုံနဲ့ ရှင်းရီဆိုတဲ့ စက်ရုံနှစ်ရုံမှာဖြစ်နေတာပါ။ အခုလက်ရှိ Covid -19 ပြသနာကြောင့် စက်ရုံအလုပ်ရုံတွေမှာ ကုန်ကြမ်းပြတ်လပ်မှု တွေဖြစ်တယ်။ အဲဒါကြောင့် လုပ်သားလျော့ချတာတွေ၊ စက် ရုံပိတ်တာတွေရှိတယ်။ ဒီအချက်ကို ကျမတို့ အလုပ်သမားတွေကလက်ခံတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အလုပ်သမားဝန်ကြီးဌာဟာ လူပြောင်းပြောင်း မူပြောင်းပြောင်း ကျမတို့အလုပ်သမားထုကြီးအတွက် အကျိုးပြုနိုင်စရာသိပ်မရှိဘူးလို့ထင်ပါတယ်။ အခု …

ဒါပေမယ့် အဲဒီလိုစက်ရုံပိတ်တာတွေ၊ လုပ်သားလျော့ချတာတွေ ပြုလုပ်တဲ့အခါ ဥပဒေနဲ့အညီပြုလုပ်ဖို့ ကျမတို့ကဆွေးနွေးညှိနှိုင်း တောင်းဆိုကြတာပါ။ အခုဖြစ်တဲ့ မြန်မုစက်ရုံဆိုရင် ပုံစံ (၇) ကျပြီးသား အခြေခံအလုပ် သမားသမဂ္ဂရှိတယ်။ ရှင်းရီစက်ရုံ ဆိုရင် လည်း မှတ်ပုံတင်ပြီးသား အခြေခံအလုပ်သမားသမဂ္ဂတွေရှိတယ်။ စက်ရုံတွေမှာ ပုံမှန်အလုပ်သမားပြဿနာတွေကို အလုပ်ရှင်၊ အလုပ်သမား၊ WCC တွေနဲ့ စက်ရုံအတွင်းမှာပဲ ညှိနှိုင်းဖြေရှင်းနေခဲ့တာပါ။ အခု လုပ် သားလျော့ချတဲ့ ကိစ္စမှာ ကျတော့ အလုပ်သမားခေါင်းဆောင်တွေကိုလည်း ခေါ်ယူအသိပေးညှိနှိုင်းခြင်းမရှိသ လို၊ WCC တွေကိုလည်း ခေါ်ယူအသိပေး ညှိနှိုင်းမရှိဘဲ ဗြုန်းစားကြီး လူရာချီလျော့ချလိုက်တယ်။ မြန်မုစက်ရုံမှာဆို (၅၇၁) ယောက် လျော့ချလိုက်တယ်။ ရှင်းရီစက်ရုံမှာဆို (၉၄) ယောက်လျော့ချလိုက်တယ်။ လုပ်သားလျော့ချတာဟုတ်ပြီ၊ ဒါပေမယ့် ဥပဒေအရဆိုရင် အခြေခံအလုပ်သမားသမဂ္ဂတွေကို ခေါ်ယူအသိပေးညှိနှိုင်းရမယ်၊ သက်ဆိုင်ရာရုံးတွေကို စာတင်ရမယ်၊ တစ်လကြိုတင်အသိပေးရမယ်။ နောက် တစ်ချက်က လုပ် သားလျော့ချတဲ့အခါ နေ့စားလုပ်သား၊ အစမ်းခန့်လုပ်သား၊ လုပ်သက်တစ်လ၊ လုပ်သက်နှစ်လ၊ လုပ်သက်သုံးလ စသဖြင့် အဆင့်ဆင့် စနစ်တကျ ဥပဒေနဲ့အညီလျော့ချရမယ်။ နောက်တစ်ခါ ကုန်ကြမ်းပြတ်လပ်လို့ လုပ် သားလျော့ချရင်လည်း အလုပ် အခြေအနေပုံမှန်ဖြစ်တဲ့အခါ ဒီလျော့ချလိုက်တဲ့လုပ် သားတွေကို အလုပ်ပြန်လာလျောက် ရင် အလုပ်ခန့်ဖို့ ဒီလို ကတိကဝတ်တွေ လိုတာပေါ့။ ဒါပေမယ့် အဲဒီအချက်တွေတစ်ခုမှမလုပ်ခဲ့ဘူး။ သာမန်ပြဿနာတွေကိုတောင် ခေါ်ယူအသိပေးဆွေးနွေးလာခဲ့ပြီးမှ အခုလိုပြဿနာအကြီးကြီးကျမှ လုံးဝအသိမပေးဘဲ လုပ်ဆောင်သွားတာ အလုပ်ရှင်တွေဘက်က ဥပဒေကိုချိုးဖောက်တာဖြစ်တယ်။

အလုပ်သမားမှားရင်လည်း မှားသလိုအရေးယူ၊ အလုပ်ရှင်မှားရင်လည်း မှားတဲ့အလျောက် တိုင်တဲ့အပေါ်မှာ …

ကျမတို့မြန်မာနိုင်ငံကဥပဒေကလဲ သိတဲ့အတိုင်း အားနည်းတယ်။ ဘာမှလုပ်လို့မရတဲ့အခြေအနေပေါ့။ အခုလို လုပ်ငန်းရှင် ထွက်ပြေးနေ တာတောင် ဘာမှဆုံးဖြတ်ချက်မပေးနိုင်တဲ့အခြေအနေပေါ့။ ဒါကြောင့် အလုပ်သမားတွေက အမှန်တရား အတွက် တိုက်ပွဲဝင်ဖို့ဆိုပြီး စက်ရုံရှေ့မှာ (၂၄) ရီ ဆန္ဒပြတောင်းဆိုနေကြတာပါ။ အခု အစိုးရကလူစုလူဝေးမလုပ်ဖို့ တားမြစ်ထားပေမယ့် လူထောင်ချီရှိနေတဲ့ စက်ရုံအလုပ်ရုံတွေကိုကျ မပိတ်ကြဘူး။ ဒီအတွက် ဆွေးနွေးတဲ့အသံတွေလည်း ကျမတို့မကြားရဘူး။ အခုဆိုရင် စက်ရုံရှေ့မှာ ဆန္ဒပြနေကြတဲ့အလုပ်သမားတွေဟာ ဒီစက်ရုံဧရိယာကျဉ်းကျဉ်းလေးမှာ သုံးပေကွာနေဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး။ ပြောရမယ်ဆိုရင် ဒီအလုပ်သမားတွေဟာ ရောဂါကပ်ဘေးထက် မငတ်ရေးကိုပိုဦးစားပေးနေကြရရှာတယ်။ အခုတော့ မြို့နယ်အလုပ် သမားညှိနှိုင်းဖြန် ဖြေရေးရုံးမှာ ဒီညနေ (၃) နာရီချိန်းထားပါတယ်။ ညှိနှိုင်းဖြန် ဖြေရေးရုံးကလည်း ကျမတို့စာသွားတင်တုန်းက သူတို့ရဲ့အလုပ်သမားကိုယ်စားလှယ်တွေ၊ အလုပ်ရှင်ကိုယ်စားလှယ်တွေဟာ COVID – 19 ကိုစိုးရိမ်လို့ သိပ်အလုပ် မလုပ်ရဲကြဘူး လို့ ဆိုတယ်။ ဒါပေမယ့် သူတို့အလုပ်မလုပ်တာက ပြဿနာမဟုတ်ပေမယ့် ကျမတို့အလုပ်သမားတွေရှင်းရမယ့်ပြဿနာက အရေးကြီး တယ်လေ။ သူတို့တစ်ယောက် နှစ်ယောက်ရဲ့အခက်အခဲကြောင့် ကျမတို့ရာချီနေတဲ့အလုပ်သမားတွေ အငတ်ဘေးကို ရင်ဆိုင် ရမယ့် ဒုက္ခကလည်း ပြဿနာတစ်ခုပဲ။ အခုညနေ (၃) နာရီမှာတော့ စက်ရုံနှစ်ရုံလုံးက အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းဖို့တော့ရှိတယ်။ ဒါကတော့အခုလက်ရှိ နောက်ဆုံးအခြေအနေပေါ့။

ငြမ်းမီဒီယာ – အခုလို အလုပ်သမားတွေဆန္ဒပြကြတာ ဘယ်လောက်ကြာပြီလဲ။

MMSDM – အခုဒီစက်ရုံနှစ်ရုံက အလုပ်သမားတွေ သပိတ်စခန်းဖွင့်ဆန္ဒစပြခဲ့တာ မတ်လ (၂၈) ရက်နေ့ ကတည်းကပါ။

ငြမ်းမီဒီယာ – အခု ညနေ (၃) နာရီမှာ တွေ့ဆုံဆွေးနွေးမယ့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကနေ အလုပ်သမားတွေအတွက် မျှတတဲ့ အဖြေတစ်ခုထွက်လာဖို့ မျှော်လင့်လို့ရနိုင်မလား။

MMSDM – မျှော်လင့်ချက်ကတော့မရှိဘူး။ ကျမတို့က အမြဲတမ်းညှိနှိုင်းရေးဝင်နေတယ်ဆိုတော့သိတယ်။ ကျမတို့ အလုပ်သမား တွေ အတွက် မျှတတဲ့အဖြေတစ်ခု ထွက်လာလိမ့်မယ်လို့ ကျမတို့မမျှော်လင့်ဘူး။ ဒါပေမယ့် ရအောင်တိုက်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တော့ ကျမတို့ဆက်သွားမှာပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အလုပ်သမားတွေအတွက် အခုလို အခက်အခဲပြသနာတွေ ပေါ်ပေါက်လာရတဲ့ အဓိကအကြောင်းအရင်းတွေက ဘာတွေများဖြစ်မလဲ။

MMSDM – ကျမစဉ်းစားမိတာတစ်ခုကို ပြောရမယ်ဆိုရင် ကျမတို့မြန်မာနိုင်ငံမှာ Covid -19 ဖြစ်တဲ့လူဦးရေက အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းသေးတယ်။ သံသယနဲ့ စောင့်ကြည့်နေရတဲ့လူတွေတော့ရှိတာပေါ့နော်။ ဒါပေမယ့် ကျမတို့ စက်ရုံအလုပ်ရုံ တွေမှာ တော့ ရောဂါလက္ခဏာနဲ့ပတ်သက်ပြီး မတွေ့ရသေးဘူး၊ မကြားရသေးဘူးပေါ့နော်။ အဲဒီတော့ အခုလက်ရှိဖြစ်နေတာက COVID – 19 ကိုအကြောင်းပြပြီး ကျမတို့ဆီက အလုပ်ရှင်တွေက ILO Convention (87) ကို ချိုးဖောက်နေသလိုဖြစ်နေတာ။ အဲဒီ ILO Convention (87) က ရှိနေပေမယ့် အဲဒါကို လိုက်နာလုပ်ကိုင်ဆောင်ရွက်တဲ့အလုပ်ရှင် တစ်ဦးမှမရှိဘူး။ အဲဒီတော့ ဂုဏ်သိက္ခာ ရှိတဲ့လုပ်ငန်းရှင်တချို့ရှိသလို အရှက်မရှိတဲ့လုပ်ငန်းရှင်တွေလည်းအများကြီးရှိတယ်။ ပြောရရင် ဂုဏ်သိက္ခာရှိတဲ့လုပ်ငန်းရှင်က နည်းတယ်၊ အရှက်မရှိတဲ့လုပ်ငန်းရှင်ကအများကြီးပဲ။ အဲဒီတော့ COVID – 19 ကိစ္စပေါ်လာတော့ ဒါကို အကြောင်းပြုပြီး အလုပ်သမား သမဂ္ဂတွေကို ဖျက်ချင်ဖြိုချင်နေတဲ့ စက်ရုံတွေအတွက် ရေငတ်တုန်းရေတွင်းထဲကျသလိုဖြစ်သွားတယ်။

အလုပ်ရှင်တွေကို ကျမတို့ရဲ့အလုပ် သမားဝန်ကြီးဌာနက ကြောက်နေရတယ်။ အလုပ်သမားကိုသာ မာန်လိုက်၊ ငေါက်လိုက်၊ ဆူလိုက်လုပ် တာ။ အလုပ်ရှင်တွေကို …

အဲဒီ အပေါ်မှာ အစိုးရကလည်း စက်ရုံပိတ်ရင်ဥပဒေနဲ့အညီပေးရင် မှန်ပါတယ်ဆိုပြီးပြောလာတယ်။ အများနည်းတူ ကုန်ကြမ်း ပြတ်လို့ စက်ရုံပိတ်မယ်၊ လုပ်သားလျော့မယ်ဆိုရင်လည်း ဒါကိုမလုပ်ရဘူးလို့ ကျမတို့မပြောဘူး။ ဒါပေမယ့် ကျမတို့ပြောချင်တာက ဥပဒေနဲ့ အညီလုပ်ကိုင်ဆောင်ရွက်ဖို့ကိုပဲ ကျမတို့တောင်းဆိုတာပါ။ အခု လုပ်သားလျော့တယ်၊ စက်ရုံပိတ်တယ်လုပ်ကြတဲ့အထဲမှာ ဥပဒေနဲ့ အညီလုပ်ကိုင်ဆောင် ရွက်တဲ့စက်ရုံ တစ်ရုံမှမတွေ့ရဘူး။ ဒီအချိန်မှာ အစိုးရအနေနဲ့လည်း ကျဉ်းထဲကျပ်ထဲ ရောက်နေ တယ် ဆိုတာ ကျမတို့သိတယ်။ ကျမတို့ကိုယ်တိုင်လဲ မြင်နေတွေ့နေရတာပဲလေ။ ဒါပေမယ့် ခုအချိန်မှာ ရှိပြီးသားဥပဒေတွေကို အလုပ်ရှင်တွေ၊ အလုပ်သမားတွေ မျှမျှတတလေးစားလိုက်နာ ဆောင်ရွက်ကြဖို့ကိုပဲ ကျမတို့ပြောချင်တယ်။ အခုက ဥပဒေနဲ့ အညီလိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အလုပ်ရှင်တွေက “ငါတို့သက် ဆိုင်ရာကိုတင်ထားပြီးပြီ။ ငါတို့ဖြုတ်မယ်”ဆိုပြီး ပြီးစလွယ် လုပ်ချင်တိုင်းလုပ်နေကြလို့ ခုလိုပြသနာတွေဖြစ်လာရတာ။ သူတို့တင်ထားပြီးပြီဆိုရင် တင်လိုက်တဲ့စာကိုပြနိုင်ရမယ်လေ။

တိုင်းအစိုးရရဲ့ဆုံးဖြတ်ချက်ကိုမနာခံလို့ တရားရုံးမှာအမိန့်ချခံရတာတောင်မှ လုပ်ငန်းရှင်ကိုယ်တိုင်မလာဘဲ မန်နေဂျာကိုပဲလွှတ်ပြီး အပြစ်ရှိကြောင်း ဝန်ခံခိုင်းတယ်ဆိုကတည်းက ကျမတို့မြန်မာနိုင်ငံရဲ့ဥပဒေကဘာလဲ …

အခု ဘယ်သူမှမပြနိုင်ဘူး။ ဘယ်အလုပ်ရှင်ကမှ တင် ထားတဲ့စာမပြနိုင်ဘူး။ ပြတဲ့စာရွက်တွေကကျတော့ လုပ်ကြံဇာတ်ခင်းထားတဲ့ စာတွေချည်းပဲ ကျမတို့ကြုံနေရတယ်။ ဌာနဆိုင်ရာကိုမေးကြည့်လိုက်ရင် တစ်ရုံမှမတင်ရသေးဘူးဆိုတယ်။ အားလုံးက ချော်လဲ ရောထိုင်တွေချည်းပဲ။ ဒီဥပဒေတွေဆိုတာက ခုမှထုတ်ရမှာလဲမဟုတ်ဘူး၊ ခုမှရေးဆွဲရမှာလဲမဟုတ်ဘူး။ ဒီဟာတွေကို ဖိဖိစီးစီး ဆောင်ရွက်ဖို့၊ အလုပ်သမားလျော့တာပဲဖြစ်ဖြစ် စက်ရုံပိတ်တာပဲဖြစ်ဖြစ် တရားဝင် ရုံးကိုစာတင်မယ်၊ ရှိနေတဲ့ WCC တွေကို ပွင့်လင်း မြင်သာမှုရှိရှိချပြမယ်၊ ဥပဒေနဲ့အညီဆောင်ရွက်မယ်ဆိုရင် ကျမတို့ကလည်းအခုလို Complaint တက်စရာမလိုဘူးလေ။ ကျမပြောတာရှင်းလားမသိဘူး။ အခုလိုမျိုး အလုပ်ရှင်တွေရဲ့ ပမာမခန့်လုပ်ရပ်တွေ၊ အလုပ်သမားတွေရဲ့အားနည်းချက်ကိုဖိပြီး ငွေရှိရင်လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုတဲ့စိတ်ဓာတ်တွေကြောင့် ဒီလိုအခြေအနေဖြစ်လာတာ။ နောက်ပြီးအကြံပေးတွေ၊ အကြံပေးတွေ ထဲမှာလည်း အစိုးရပိုင်းတွေပါသလို ပြင်ပပုဂ္ဂိုလ်တွေလည်းပါတယ်။ အဲဒီလူတွေရဲ့ အကြံပေးအလွဲတွေကြောင့် အားလုံးက လမ်းကြောင်း တွေလွဲ၊ အဲဒီလမ်းကြောင်းအလွဲပေါ်မှာပဲ အလုပ်ရှင်တွေက လိုက်ရင်းလိုက်ရင်းက ဒီလိုအခြေအနေတွေဖြစ်လာတာ။ ဒါကို အစိုးရတစ်ရပ် အနေနဲ့ ကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုရင် ဒီအလုပ်ရှင်အလုပ် သမားပြဿနာတွေက ဒီလရှေ့လတွေမှာ ပိုပြီးဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ကျမပြောချင်ပါတယ်။

ငြမ်းမီဒီယာ – အလုပ်ရှင်တွေဘက်က အခြေခံအလုပ် သမားသမဂ္ဂတွေကို ဖြိုဖျက်ချင်နေတာ၊ မရှိစေချင်တာ ဘာကြောင့်ပါလဲ။

MMSDM – အခြေခံအလုပ်သမားသမဂ္ဂတွေရှိခြင်းအားဖြင့် လုပ်ငန်းခွင်တွေမှာဖြစ်ပေါ်နေတဲ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးတွေ၊ အကျိုးစီးပွားဆိုင်ရာဆိုးကျိုးတွေ ဒီအရာတွေနဲ့ပတ်သက်ပြီး အခြေခံအလုပ်သမားသမဂ္ဂတွေက သိရှိနားလည်နေတာဖြစ်တဲ့အတွက် အလုပ်ရှင်ဘက်ကဥပဒေကိုဖောက်ဖျက်တာရှိရင် အချိန်နဲ့တပြေးညီညှိနှိုင်း ဆွေးနွေးတာတွေလုပ်တယ်။ အလုပ်သမား အခွင့်အရေး ဆုံးရှုံးနစ်နာနေတဲ့ကိစ္စတွေမှာ ရပိုင်ခွင့်တွေရအောင် တောင်းပေးတာမျိုးရှိတယ်။ အလုပ်သမားတွေ ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေ ရနေတာကို အလုပ်ရှင်တွေဘက်ကမဖြစ်စေချင်ဘူး။ အဲဒါကြောင့် အခြေခံအလုပ်သမားသမဂ္ဂတွေကို သူတို့ရဲ့ အလုပ်ရုံတွေ၊ စက်ရုံတွေ၊ ပါတနာအဖွဲ့အစည်းတွေဆီမှာ မထားချင်တာဖြစ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အလုပ်သမားတွေရဲ့ အခွင့်အရေးဆုံးရှုံးနစ်နာမှုတွေရှိခဲ့ရင် ဖြေရှင်း ဆောင်ရွက်ပေးဖို့ဆိုပြီးဖွဲ့စည်းထားတဲ့ အစိုးရရဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကိုယ့်နိုင်ငံထဲမှာ ကိုယ့်နိုင်ငံသားအလုပ်သမားတွေအတွက် လုပ်ကိုင်ဆောင်ရွက်ပေးမှုကို ဘယ်လိုအကဲခတ်မှတ်ချက်ပြုချင်ပါသလဲ။

MMSDM – ဆိုလိုတာက ကျမတို့ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအတွက် ဌာနဆိုင်ရာရုံးကြီး (၄) ရုံးရှိတယ်ပေါ့နော်။ ဖြစ်တဲ့ ပြဿနာတွေ က လည်း ကျမတို့မြန်မာနိုင်ငံသား အလုပ် သမားတွေရဲ့ပြသနာတွေပဲများတယ်။ ဆိုတော့ မြန်မာနိုင်ငံကအလုပ်သမားဥပဒေပေါ့။ လက်ရှိကျမတို့မြန်မာနိုင်ငံက အလုပ်သမားဥပဒေတွေက တခြားနိုင်ငံတွေနဲ့ယှဉ်လိုက်ရင် လေးစားလိုက်နာဆောင်ရွက်မှုအပိုင်းမှာ အားနည်းတယ်။ တခြားနိုင်ငံတွေမှာက ထုတ်လိုက်တဲ့ စည်းမျဉ်းစည်းကမ်း၊ ချုပ်လိုက်တဲ့ Agreement တွေကို မဖြစ်မနေ လိုက်နာ ကြတာများတယ်။ မလိုက်နာရင်လည်း ပြစ်မှုပြစ်ဒဏ်တွေ ကောင်းကောင်းရှိတယ်။ ကျမတို့မြန်မာနိုင်ငံမှာက စာချုပ်ချုပ်ထား တယ်၊ ချုပ်ထားတဲ့စာချုပ်ကို မလိုက်နာလို့တရားစွဲတယ်၊ တရားစွဲလို့ ပြစ်ဒဏ်ခံရတော့မယ်ဆိုရင် အလုပ်ရှင်နေရာမှာ မန်နေဂျာ တွေက လူစားထိုးပြီးပြစ်ဒဏ်ကျခံလို့ရနေတာ ကျမလက်တွေ့ပါပဲ။ အဲဒီတော့ ကျမတို့မြန်မာနိုင်ငံက ဥပဒေက အဲဒီလောက် အထိတောင် အလုပ်ရှင်ကိုကာကွယ်ပေးနေတဲ့ဥပဒေတွေဖြစ်နေတာ။ ကျမတို့အလုပ်သမားသမဂ္ဂတွေမှာလည်း လမ်းကြောင်း လွဲတာ၊ လမ်းကြောင်းမှန်တာတွေရှိတတ် ပါတယ်။ ဆိုတော့ ကျမပြောချင်တာက ဒီအပေါ်မှာ စက်ရုံတွေဘက်ကလည်း ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ပါ၊ လမ်းကြောင်းလွဲခဲ့ရင် EC စာချုပ်အရ အရေးယူဆောင်ရွက်လို့ရနေတာပဲ။ အခုတော့ နစ်နာတဲ့ အလုပ်သမားက သက်ဆိုင်ရာရုံးကိုသွားပြီး အကျိုးအကြောင်းမေးရင် တစ်ခွန်းကနှစ်ခွန်းဆို မပြောချင်ဘူး။ အလုပ်ရှင်များ လာပြီဟေ့ဆိုရင်တော့ ပြောလိုက်တဲ့စကား၊ ပျူငှာလိုက်တဲ့ဧည့်ဝတ်ကျေပွန်မှု၊ ဒါမျိုးတွေကို ကျမတို့ကအများကြီးတွေ့နေရတယ်။ အလုပ်သမားတွေက လက်ဆောင်ခြင်းတွေ၊ စာအိတ်အညိုကြီးတွေမပေးနိုင်ဘူးလေ။ အလုပ်ရှင်တွေက လက်ဆောင်ခြင်းတွေ၊ စာအိတ် အညိုကြီးတွေပေးနိုင်တယ်။ ကျမတို့အလုပ်သမားတွေက အဲဒါမျိုးတွေမပေးနိုင်ဘူးလေ။ အဲဒါတွေကြောင့် ကျမတို့ အလုပ်သမားတွေ အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြတ်ပြတ်သားသား မပြောနိုင်တဲ့အခြေအနေပေါ့။

ငြမ်းမီဒီယာ – ဆိုတော့ အစိုးရရဲ့အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်က အလုပ်သမား အရေး ဆောင်ရွက်ဖြေရှင်းပေးရတဲ့သူတွေက အလုပ်သမားတွေဆီကတံစိုးလက်ဆောင်မရလို့ အလုပ်သမား တွေကိုလျစ်လျူရှုပြီး အလုပ်ရှင်တွေဆီ က တံစိုးလက်ဆောင် ရလို့ အလုပ်ရှင်တွေကို မျက်နှာသာပေးတယ်လို့ ဆိုလိုချင် တာလား။

MMSDM – ဟုတ်တယ်၊ ကျမအဲဒီလိုပြောချင်တာ။

ငြမ်းမီဒီယာ – လက်ရှိ အလုပ်သမားဥပဒေနဲ့ပတ်သက်ပြီး သုံးသပ်ပြောပြပေးပါ။

MMSDM – ကျမတို့မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေက အရမ်းအားနည်းတဲ့အထဲမှာမပါဘူး။ အဲဒီဥပဒေထဲမှာ ပါတဲ့အတိုင်းသာ တိတိကျကျ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် ဒီလောက်ထိပြဿနာတွေလည်း ဖြစ်စရာအကြောင်းမရှိပါဘူး။ ဒါကကျမအတွေ့အကြုံအရ၊ ကျမတို့ကိုသင်ကြားပေးခဲ့တဲ့ ဆရာတွေရဲ့ အတွေ့အကြုံတွေအရပြောတာ။ အခုကျမတို့အောက်ခြေမှာ ရှင်းနေကြရတဲ့ပြဿနာတွေမှာ အလုပ်ရှင်တွေကို ပြတ်ပြတ်သားသား မပြောနိုင် ဘူးဖြစ်နေတယ်။ ကြောက်နေကြတယ်။ အလုပ်ရှင်တွေကို ကျမတို့ရဲ့အလုပ် သမားဝန်ကြီးဌာနက ကြောက်နေရတယ်။ အလုပ်သမားကိုသာ မာန်လိုက်၊ ငေါက်လိုက်၊ ဆူလိုက်လုပ် တာ။ အလုပ်ရှင်တွေကို ပြတ်ပြတ်သားသားနဲ့ လာကိုလာရမယ်၊ ရှင်းကိုရှင်းရမယ်၊ ပေးကိုပေးရမယ်ဆိုပြီးပြောတာမျိုး ကျမ မတွေ့ဖူးဘူး။ ဒါမျိုးတွေ။ အားလုံးက လက်ညှိုးထောင်ခေါင်းငြိမ့်အခြေအနေတွေပဲ တွေ့နေရတယ်။ အဲဒီတော့ ရှိနေတဲ့ ဥပဒေ အတိုင်းသာ ထိထိရောက်ရောက် တိတိကျကျဆောင်ရွက်ကြဖို့လိုအပ်တာပါ။ အလုပ်သမားမှားရင်လည်း မှားသလိုအရေးယူ၊ အလုပ်ရှင်မှားရင်လည်း မှားတဲ့အလျောက် တိုင်တဲ့အပေါ်မှာ သက်သေသက္ကာယအပြည့်အဝရှိရင် ထိထိရောက်ရောက် အရေးယူ။ ဒါဆိုရင် ဘယ်သူကလုပ်ရဲမှာလဲ။ အခုက တိုင်းအစိုးရရဲ့ဆုံးဖြတ်ချက်ကိုမနာခံလို့ တရားရုံးမှာအမိန့်ချခံရတာတောင်မှ လုပ်ငန်းရှင်ကိုယ်တိုင်မလာဘဲ မန်နေဂျာကိုပဲလွှတ်ပြီး အပြစ်ရှိကြောင်း ဝန်ခံခိုင်းတယ်ဆိုကတည်းက ကျမတို့ မြန်မာနိုင်ငံရဲ့ ဥပဒေကဘာလဲ၊ တရားဥပဒေစိုးမိုးမှုရှိလား မရှိလားဆိုတာ စဉ်းစားကြည့်ပေါ့။ ဆိုလိုတာက ပြစ်ဒဏ်က ငွေဒဏ်မဟုတ်ဘဲ ထောင်ဒဏ် ဆိုရင် အဲဒီမန်နေဂျာက ထောင်ကျခံမှာလား။ ကျမတို့မြန်မာနိုင် ငံကဥပဒေက အဲဒီလို လူစားထိုးလို့ ရသလား။ ကျမဒီလိုပဲ မေးခွန်းထုတ်ချင်ပါတယ်။

ငြမ်းမီဒီယာ – လက်ရှိနိုင်ငံတော်အစိုးရရဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဟာ နိုင်ငံတွင်းက မြန်မာနိုင်ငံသားအလုပ်သမားတွေရဲ့အကျိုးကို ဘယ်လောက်ထိဆောင်ရွက်နိုင်တယ်လို့ သုံးသပ်မပါသလဲ။

MMSDM – ကျမတို့မြန်မာနိုင်ငံမှာက အစိုးရပြောင်းသွားတယ်။ မူသာပြောင်းသွားတာ၊ လူကမပြောင်းဘူးလေ။ အလုပ်သမား ဝန်ကြီးဌာနမှာလည်း ဒီလူတွေပဲလေ။ ဒါပေမယ့် အလုပ်သမားဝန်ကြီးဌာနအနေနဲ့ မူပြောင်းသွားတဲ့အပေါ်မှာ ထိထိရောက်ရောက် တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ပြတ်ပြတ် သားသား ပြောဆိုအကောင်အထည်ဖော်ဖို့ ကျမပြောချင်ပါတယ်။ ဒီလိုမှမဟုတ်ရင် ရှိနေတဲ့အလုပ်သမားဝန်ကြီးဌာဟာ လူပြောင်းပြောင်း မူပြောင်းပြောင်းကျမတို့ အလုပ်သမားထုကြီး အတွက် အကျိုးပြုနိုင်စရာ သိပ်မရှိဘူး လို့ထင်ပါတယ်။ အခုဆိုရင်အားလုံးက မငြိမ်မသက် ဖြစ်နေပြီ။ (၄) လပိုင်းမှာ အလုပ်ပိတ်ခြင်း ဖွင့်ခြင်းကို အားလုံးက စိတ်ဝင်စားနေကြတယ်။ နယ်တွေကလည်း ပြန်လာတဲ့သူတွေကို လက်မခံတာတွေရှိလာပြီ။ အဲဒီအပေါ်မှာ (၄) လပိုင်း စက်ရုံပိတ် ခြင်း ဖွင့်ခြင်းကို သေသေချာချာအကောင်အထည်ဖော် စီစဉ်နိုင်ခြင်းမရှိဘူးဆိုရင်တော့ မလွယ်ဘူး။ အလုပ်သမား တော်တော် များများ က အဲဒီအခြေအနေကြောင့် လမ်းပေါ်ရောက်သွားနိုင်တယ်လို့ ကျမထင်ပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,