အသက်စွန့်၍ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းလျက်ရှိသည့် စစ်သည်များကို ဒေါ်စု ချီးကျူးဂုဏ်ပြု

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSCO / နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

အသက်စွန့်၍ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် က ချီးကျူးဂုဏ်ပြုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံရုံးက ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံတစ်ဝှမ်းလုံးရှိ အစိုးရ၊ပြည်သူ၊ စေတနာ့ဝန်ထမ်းများ COVID -19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသနိုင်ရေး အလေးထား ကြိုးပမ်း နေကြချိန်တွင် ULA/AA အကြမ်းဖက် အုပ်စုသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်း အဖျက်အမှောင့် လုပ်ရပ် များ ဆောင်ရွက် နေသဖြင့် ပြည်သူလူထု ၏ အသက်အိုးအိမ်း စည်းစိမ် ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန် တာဝန် ထမ်းဆောင် လျက်ရှိသည့် တပ်မတော်သား အရာရှိ၊စစ်သည်များ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် က ချီးကျူး ဂုဏ်ပြုခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ် အတွင်းဖြစ်ပေါ်ခဲ့သော အရပ်သားများ သေဆုံး၊ဒဏ်ရာရရှိမှု ဖြစ်စဉ်များကြားသိရသည့် အတွက် များစွာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး၊ ယင်းသို့သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့်အရပ်သားများ၊ ၎င်းတို့၏ မိသားစုဝင်များအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် လိုအပ်သည့် ပံ့ပိုးကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံ၏ ကြေညာချက် တွင် ဖော်ပြထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စားနပ်ရိက္ခာပြတ်လပ်၍ အတိဒုက္ခရောက်နေသော ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ပြည်သူများအတွက် ရိက္ခာဆန်များကို ဧပြီလ၊ (၁၉) ရက်နေ့၊နေ့လယ်ပိုင်းတွင် ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြားသိရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည် ဟု နိုင်ငံတော်၏အတိုင်ပင်ခံ က ဆိုသည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် ဆင်းရဲဒုက္ခတွေ့ကြုံနေသည့်ဖြစ်ရပ်များမှ ပြည်သူများ ကင်းဝေးနိုင်စေရန် ငြိမ်းချမ်းရေး ဖြစ်စဉ် ကို အောင်မြင်သည်အထိ မမှိတ်မသုန်ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,