အသုံးပြုရန် မသင့်သည့် နှာခေါင်းစည်း FDA ကြေညာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တရုတ်စာများဖြင့် ဖော်ပြထားပြီး၊ထုတ်လုပ်သည့် ကုမ္ပဏီအမည် ၊နိုင်ငံနှင့် ကုန်ပစ္စည်း အမှတ်တံဆိပ် များ ဖော်ပြထားမှု မရှိ…

Tai’s Captures o

နှာခေါင်းစည်း (Mask) များတွင် ပြန်ကပ်ထားသည့် ကော်အရာများတွေ့ရခြင်း၊ ကြိုးများ ပြုတ်ထွက်ခြင်း တို့ကြောင့် အသုံးပြုခြင်းမပြုရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA က သတိပေးချက်ထုတ်ပြန်ထားသည်။

FDA / FDA က ထုတ်ပြန်ကြေညာသည့် အသုံးပြုရန်မသင့်သည့် နှာခေါင်းစည်း အမှတ်တံဆိပ်

အဆိုပါ နှာခေါင်းစည်း (Mask) ဘူးတွင် တရုတ်စာများဖြင့် ဖော်ပြထားပြီး၊ထုတ်လုပ်သည့် ကုမ္ပဏီအမည် ၊နိုင်ငံနှင့် ကုန်ပစ္စည်း အမှတ်တံဆိပ် များ ဖော်ပြထားမှု မရှိသည်ကို FDA က စီစစ် တွေ့ရှိခဲ့သည်။

MOHS /ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ

ပြည်သူများအနေဖြင့် နှာခေါင်းစည်း (Mask) ဝယ်ယူအသုံးပြုရာတွင် ကုန်ပစ္စည်း အမျိုးအမည်၊ထုတ်လုပ်သည့် ကုမ္ပဏီ၏ အမည်၊ နိုင်ငံတို့ အား ပြည့်စုံစွာဖော်ပြထားသည့် နှာခေါင်းစည်း (Mask) များကိုသာ ဝယ်ယူအသုံးပြုရန် လိုအပ်သည်ဟု FDA က ကြေညာထုတ်ပြန်ထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

MOHS /ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ

အဝတ်ဖြင့် ပြုလုပ်ထားသော နှာခေါင်းစည်း (Mask) အသုံးပြုခြင်းနှင့်ပတ်သက်၍ ဝတ်ဆင်ပုံ၊ချုပ်လုပ်ခြင်းနှင့် ဆောင်ရန် ၊ရှောင်ရန် များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

MOHS /ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,