အသုံးမလိုသော စာရွက်စာတမ်းများ ရွေးကော် မီးရှို့ဖျက်ဆီးမှု သတင်းအမှားဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများက အသုံးမလိုတဲ့ စာရွက်စာတမ်းတွေကို သိုလှောင်မှု နေရာအခက်အခဲကြောင့် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

သည်လို မီးရှို့ဖျက်ဆီးခဲ့တဲ့ အခြေအနေ အပေါ်တည်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သက်သေခံပစ္စည်းတွေ ကို အစဖျောက်သယောင် ရေးသားဖြန့်ချိနေမှုတွေကို တွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည်အကြောင်းအရာကို Yezin Phothein အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဇန်နဝါရီ (၃) နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး ပြန်လည်မျှဝေသူတွေ၊ မှတ်ချက်ပေးသူ၊ React ပြုသူတွေ ရှိတာကိုလည်း တွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ သည်အကြောင်းအရာနဲ့ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက် စစ်ဆေးကြည့်ရာမှာ ၂၀၁၅ ခုနှစ်က အသုံးမလို စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးခြင်းသာ ဖြစ်တယ်လို့ သံတွဲခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်သိန်း က အတည်ပြု ပြောပါတယ်။

SS/ ဖေ့စ်ဘွတ် ပေါ်တွင် ပျံ့နှံံ့နေတဲ့ ဓာတ်ပုံများ

” ဒါက မြို့နယ်ရုံးတွေက ဟိုး၂၀၁၅က စာရွက်စာတမ်း အပိုအလျှံတွေ ပုံစံ၁၆ တွေ၊ ၁၉ တွေ မဟုတ်ပါဘူး။ စတိုတွေမှာ လှောင်ထားတဲ့ စာရွက်စာတမ်းတွေ အများကြီး ရှိတယ်။ အဲ့ဒါတွေကြာပြီ UEC ကို ဖျက်သိမ်းခွင့်၊ ဖျက်ဆီး ခွင့် တင်ထားတာကြာပြီ။ ဟို၂၀၁၅ တုန်းက အဟောင်းတွေ။ အဲ့ဒါတွေကိုမြို့နယ်ဦးစီးတွေမြို့နယ်ကော်မတီတွေ ကနေ ဖျက်ဆီး ခွင့်တင်တယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ ဖျက်ဆီး ခွင့်ကျလာတယ်။ မီးရှို့ဖျက်ဆီး ပြီး ဓာတ်ပုံ မှတ်တမ်းပြန်တင်ပြပါ ဆိုပြီး၊ အဲ့ဒါကြောင့်ပါ ” လို့ သံတွဲခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်သိန်း က ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ရွေးကောက်ပွဲ အလွန်ကာလမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အပေါ် တည်ပြီး သတင်းအတု၊ သတင်းအမှား ဖြန့်သူတွေဟာ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေကြတာပါ။

သည်တစ်ခါမှာလည်း ၂၀၁၅ ရွေးကောက်ပွဲ ကာလ က အသုံးမလို စာရွက်စာတမ်းတွေကို ဖျက်ဆီးရာမှာ သတင်းအတု၊ သတင်းအမှား ဖြန့်ချိနေသူတွေက ရွေးကောက်ပွဲ ကော်မရှင် အနေနနဲ့သက်သေခံတွေကို အစဖျောက်သယောင် ရေးသားဖြန့်ချိနေတာဖြစ်ပါတယ်။

SS/ ဖေ့စ်ဘွတ် ပေါ်တွင် ပျံ့နှံံ့နေတဲ့ ဓာတ်ပုံများ

၂၀၁၅ တုန်းက အသုံးပြုခဲ့တဲ့ မဲလက်မှတ်တွေ ကို မီးရှို့ဖျက်ဆီး တာပါ။၂၀၂၀ က ဟာက ၅ နှစ်သက်တမ်း၂၀၂၅ ရွေးကောက်ပွဲပြီးမှ ဖျက်သိမ်းခွင့်ရှိထာပါ။ အခု လက်ရှိ မီးရှို့ဖျက်ဆီးတာကတော့ ၂၀၁၅ရွေးကောက်ပွဲမှာ မဲရုံအလိုက် သုံးခဲ့တဲ့ မဲလက်မှတ်တွေရှိမယ်။မဲလက်မှတ် လက်ကျန်ရှိမယ်။ အသုံးပြုတဲ့ မဲလက်မှတ်တွေ ရှိမယ်။ အသုံးမပြုရသေးတဲ့ မဲလက်မှတ်တွေရှိမယ်။ အဲဒီတုန်းက မဲရုံမှာ သုံးခဲ့တဲ့ မဲစာရင်း စာအုပ်တွေ အဲ့ဒါတွေကို မဲရုံအလိုက် ဖွင့်ဖောက်ပြီးမှ မီးရှို့ဖျက်ဆီး တာပါ လို့ မူဆယ်မြို့နယ်၊ ရွေးကောက်ပွဲ‎ကော်မရှင် အရာရှိ၊ ဦးဇာနည်မြင့်ထွန်း က ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ရွေးကောက်ပွဲ မဲလက်မှတ် အရောင်မတူပါဘူး။၂၀၁၅ တုန်း က အဝါရောင်၊၂၀၂၀ မှာ က အဖြူရောင်၊ အရောင်ဖျော့ ပါတယ် လို့ ဦးဇာနည်မြင့်ထွန်း က မှတ်ချက်ပြုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည် အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ ဖြန့်ချိနေတဲ့ သက်သေခံတွေကို လက်စဖျောက်နေသယောင် ရေးသားထားတဲ့ အကြောင်းအရာ တွေဟာ သတင်းအတု၊ သတင်းအမှား တွေ သာ ဖြစ်တယ် ဆိုတာ သိနိုင်ပါတယ်။

ကျနော်တို့ကရွေးကောက်ပွဲနဲ့ပတ်သက်ရင်တော့ နှစ်ပိုင်းတော့ရှိတယ်။ တစ်ပိုင်းက မီးရှို့ဖျက်ဆီး တဲ့ပုဂ္ဂိုလ်တွေက မီးရှို့ဖျက်ဆီးတာနဲ့ ပတ်သက်လို့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဖျက်ဆီးတာပါလို့ ပွင့်လင်းမြင်သာစွာ သူတို့အသိပေးထားတာ ရှိသလားပေါ့။ သူတို့က ရိုးဖြောင့်စွာနဲ့ UEC ရဲ့ခွင့်ပြုချက်နဲ့ ဒါကို နံပါတ် ၁ အတည်ပြုဖို့ လိုတာပေါ့။ အဲ့ဒါ အတည်ပြုပြီးတော့မှ အဲ့ဒါ တစ်ကယ်ရိုးဖြောင့်စွာတွေ့လျှက်နဲ့ ဆောင်ရွက်တယ် ပေါ်ပေါက်ရင် တစ်ဖက်က မမှန်မကန်ဆောင်ရွက်တာပေါ့။ မမှန်မကန်ဆောင်ရွက်ရင်ရွေးကောက်ပွဲ ဥပဒေမှာပါတဲ့ ပြစ်မှုပြစ်ဒဏ်အတိုင်း အရေးယူလို့ ရတယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ပြောပါတယ်။

အဲဒီတော့ အဓိက ကတော့ ဘာဖြစ်မလဲဆိုတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ဒီလောက်ဝေဖန်မှုတွေမြင့်တက်နေတဲ့ အချိန် ပြည်သူလူထုက စိတ်ဝင်စားနေတယ်။ တစ်ဖက်က ဒါနဲ့ပတ်သက်လို့ပြောမယ်ဆိုရင် ဒါနဲ့ပတ်သက်လို့ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေ ရှိနေရင် ဒါဟာဖျက်ဆီးဖို့ အချိန်ကောင်း အခါကောင်းတော့ မဟုတ်ဘူး။ သို့သော်လည်း ဖျက်ဆီးတယ်ဆိုရင်အဲဒါနဲ့ ပတ်သက်လို့ ခိုင်ခိုင်မာမာပေါ့ လူထုအမြင် ရှင်းအောင်ဘယ်လို ကြိုးစားခဲ့ကြသလဲ။ အဲဒါ အတည်ပြုဖို့ လိုမယ်။ အဲဒါ မှန်ကန်ပြီ မီးရှို့ဖျက်ဆီး ပေမယ့် ဒါတွေဟာ၂၀၂၀ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တာ မဟုတ်ဘူး။၂၀၁၅ တုန်း က မှတ်တမ်းတွေကို ဖျက်ဆီးတာ ဆိုရင် မှန်ကန်တဲ့အတွက် တင်တဲ့သူတွေကို ရွေးကောက်ပွဲ ဥပဒေနဲ့ အရေးယူလို့ရတယ်။ ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ လည်း အရေးယူလို့ ရတယ်။ အဲဒီလိုတော့ အရေးယူလို့ရပါတယ် လို့ ဥပဒေ အကြံပေး ဥိးခင်မောင်မြင့်က မှတ်ချက်ပြုပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , , ,