အသံချဲ့စက် ဆူညံမှုနဲ့ လူမှုပတ်ဝန်းကျင်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တချို့လမ်းဘေးမှာ အလှူခံ နေတာတွေရှိတယ်။အဲလို အလှူခံနေတဲ့ဟာတွေမှာ တစ်နေကုန်ေ တာက်လျောက်ကြီး အသံချဲ့စက် ဖွင့်ထားတော့ လူမှုပတ်ဝန်းကျင် ကို ဆူညံမှု
ဖြစ်တာပေါ့ …

ဆူညံသံများနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါတယ်

အောက်တိုဘာ(၂၈)၊၂၀၁၉၊ရန်ကုန်

The Nyang News

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

?ဦးမင်းမင်းထွဋ်(ကျောင်းအုပ်ကြီး၊အခြေခံပညာ၊ ပညာရေးလုပ်သားများသမဂ္ဂ ဗဟိုကော်မတီဝင်)

▪️အသံချဲ့စက်သုံးတဲ့အပိုင်းက နှစ်ပိုင်းရှိမယ်ဗျ။ အကောင်း ဘက်ကေ တွးရင်လည်း အကောင်းပေါ့။ အဆိုးဘက်ကေ တွးရင်လည်း အဆိုးပေါ့။ ဥပမာ မင်္ဂလာဆောင်တစ်ခုဆိုရင် ညကိုးနာရီဆို ပိတ်သိမ်း ရမယ်။အဲဒီထက်ကျော်သွားရင် အများပြည်သူကို ထိခိုက်စေတယ်။တချို့လမ်းဘေးမှာ အလှူခံ နေတာတွေရှိတယ်။အဲလို အလှူခံနေတဲ့ဟာတွေမှာ တစ်နေကုန်ေ တာက်လျောက်ကြီး အသံချဲ့စက် ဖွင့်ထားတော့ လူမှုပတ်ဝန်းကျင် ကို ဆူညံမှုဖြစ်တာပေါ့။ ဥပမာ မတ္တရာဘက်မှာ တောင်ပြုံးပွဲရှိလို့ ဆိုပြီး လမ်းမှာဖြတ်သွားဖြတ်လာမှာ တွေ့ရတာ လမ်းတစ်လျောက် မှာ အလှူခံတဲ့မဏ္ဍပ်တွေ အများကြီးပဲ။ အလှူခံတာကတော့ခံပေါ့ ဒါကတော့ မတားလိုဘူး။ဒါပေမယ့် ဆောင်းဘောက်စ်တွေ အများကြီး သူပြိုင်ကိုယ်ပြိုင်ဖွင့်တဲ့ဟာကတော့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိတယ်။ အခမ်းအနားတွေ၊ မင်္ဂလာဆောင်တွေ၊ သာရေး၊နာရေးရှိတယ်။အလှူအတန်းရှိတယ်။ဒါမျိုးတွေမှာဖွင့်တဲ့ ဆောင်းဘောက်စ်တွေကတော့ သူ့သတ်မှတ်ချက်၊ဒေသန္တအရ ထုတ်ထားတာတွေ ညကိုးနာရီဆို ရပ်ပေးပါဆိုတာ ဒါမျိုးကတော့ အဆင်ပြေပါတယ်။ တချို့ဟာတွေကျတော့လည်း အသံချဲ့စက် မပါလို့ မရတဲ့အပိုင်းလေးတွေရှိတယ်။တချို့ဟာတွေကျတော့လည်း အသံချဲ့စက်မပါလည်း အဆင်ပြေသွားတဲ့ အခမ်းအနား မျိုးတွေလည်းရှိတယ်။ဒါကြောင့်မို့ ဒီအသံချဲ့စက်နဲ့ ပတ်သက်ပြီးတော့ စည်းကမ်းတကျ၊စည်းမျဉ်း စည်းကမ်းနဲ့ သုံးရင်တော့ အဆင်ပြေတယ်။စည်းမျဉ်းစည်းကမ်း မရှိဘူး ဆိုရင်တော့ ပြည်သူလူထု ပတ်ဝန်းကျင်ကို စိတ်အနှောင့် အယှက်ဖြစ်စေပါတယ်။

ဓာတ်ပုံ – KMMH Fb

ဦးမင်းမင်းထွဋ်(ကျောင်းအုပ်ကြီး၊အခြေခံပညာ၊ ပညာရေးလုပ်သားများသမဂ္ဂ ဗဟိုကော်မတီဝင်)


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။